ရခိုင္ဒုကၡသည္ေတြကို အကူအညီေပးေရးလုပ္ငန္း တိုးျမႇင့္ခြင့္ျပဳမည္


(Zawgyi)⤵⤵⤵

ရခိုင္ျပည္နယ္မွာ ႏိုင္ငံတကာအဖြဲ႕ေတြကို လူသားခ်င္းစာနမႈလုပ္ငန္းေတြ ေဆာင္႐ြက္ႏိုင္ဖို႔ တိုးျမႇင့္ခြင့္ျပဳေပး သြားမယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက မေန႔က ထုတ္ျပန္ထားပါတယ္။

အစိုးရအေနနဲ႔ ICRC အပါအဝင္ ႏိုင္ငံတကာ လူသားခ်င္းစာနာမႈ ေဆာင္႐ြက္ေနတဲ့ အဖြဲ႕ေတြကို ရခိုင္ျပည္နယ္မွာ လုပ္ငန္းေဆာင္႐ြက္ခြင့္ ပိုေပးသြားမယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

ဒီလိုအစိုးရက ႏိုင္ငံတကာအဖြဲ႕ေတြကို ကူညီခြင့္ပိုေပးမယ္ဆိုတာကို ရခိုင္မွာရွိတဲ့ အရပ္ဖက္အဖြဲ႕ေတြ၊ ေဒသခံေတြက ႀကိဳဆိုၾကပါတယ္။

အခုလို ႏိုင္ငံတကာအဖြဲ႕ေတြ ပိုလုပ္ခြင့္ေပးလိုက္တာေၾကာင့္ ႏိုင္ငံတကာအကူညီကို လိုအပ္ေနတဲ့ ေဒသခံေတြ အတြက္ ပိုေကာင္းေစတယ္လို႔ ေျမာက္ဦးၿမိဳ႕နယ္ တိမ္ညိဳေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ဦးေဝလွေအာင္က ေျပာပါတယ္။

“လူသားခ်င္းစာနာမႈက ပိုလုပ္ဖို႔လိုအပ္သလို သတင္းရယူခြင့္လည္း ရယူဖို႔အေရးႀကီးတာေပါ့ေနာ္၊ ဥပမာ သတင္းသမားေတြ လြတ္လပ္ခြင့္၊ ရယူခြင့္ရွိဖို႔ရယ္၊ အရပ္ဖက္အဖြဲ႕အစည္းေတြရယ္၊ ႏိုင္ငံတကာအဖြဲ႕ေတြရယ္ လြတ္လပ္စြာသြားလာ ကူညီခြင့္ရဖို႔ရယ္၊ ေနာက္တစ္ခုက အင္တာနက္ ပိတ္ထားတာေပါ့၊ အဲဒါကိုလည္း ဖြင့္ေပးဖို႔လိုတယ္၊ အင္တာနက္ ပိတ္ထားတဲ့အတြက္ သူတို႔မွာ ရရမယ့္အခြင့္အေရးေတြ ဆုံးရႈံးေနတယ္၊ သတင္းအခ်က္လက္ ရယူခြင့္မွာလည္း ေႏွးေကြးေနတာေပါ့”

ရခိုင္ျပည္နယ္မွာရွိတဲ့ စစ္ေဘးေရွာင္ေတြဟာ ေႏြရာသီမွာ ေရအခက္အခဲရွိသလို က်န္းမာေရးအပါအဝင္ ေနထိုင္ေရးမွာလည္း လုံၿခဳံမႈမရွိဘဲျဖစ္ေနတယ္လို႔ ေဒသအေျခစိုက္ အရပ္ဖက္အဖြဲ႕ေတြက ဆိုပါတယ္။

ဒုကၡသည္ေတြဟာ စားေသာက္ေရးအတြက္ ႏိုင္ငံတကာအဖြဲ႕ေတြကိုပဲ မွီခိုေနရၿပီး ေနထိုင္ေရးမွာလည္း အခက္အခဲေတြရွိေနပါတယ္။

ႏိုင္ငံတကာအဖြဲ႕ေတြက အကူညီေပးရာမွာလည္း အစိုးရက အကန႔္အသတ္ေတြနဲ႔သာ ခြင့္ျပဳထားၿပီး အကူအညီမေရာက္တဲ့ ေနရာေတြလည္း အမ်ားႀကီးရွိပါတယ္။

အရပ္ဖက္အဖြဲ႕ေတြ သြားေရာက္ကူညီတဲ့အခါမွာလည္း တပ္မေတာ္နဲ႔ ျပည္ထဲေရးဝန္ႀကီးဌာနက ကန႔္သတ္တာေတြ ရွိခဲ့ပါတယ္။

အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးကေတာ့ အစိုးရခြင့္ျပဳခ်က္နဲ႔ ေပးပို႔တဲ့ အကူအညီေတြကို တပ္မေတာ္က တားဆီးကန႔္သတ္တာေတြ မရွိေၾကာင္း ေျပာပါတယ္။

ဒုကၡသည္ေတြကို ရိကၡာေထာက္ပံ့ ကူညီရာမွာ ကန႔္သတ္တားဆီးခံရတာေတြလည္းရွိတယ္လို႔ ရခိုင္အမ်ိဳးသားကြန္ရက္ ဥကၠ႒ ဦးတင္ထူးေအာင္က ေျပာပါတယ္။

“ပိုေကာင္းတာေပါ့ဗ်ာ၊ ဘာေျပာေျပာ စစ္ေဘးေရွာင္ ရခိုင္ျပည္သူေတြအတြက္၊ စစ္ေဘးေရွာင္ေတြ အဓိကမွီခိုအားထားေနရတာက ICRC ေပါ့၊ သူတို႔ ႏိုင္ငံတကာအဖြဲ႕အစည္းေတြကို အစိုးရကေနၿပီး ပိုကူညီႏိုင္ေအာင္ လုပ္ေပးမယ္ဆိုတာက ဝမ္းသာစရာသတင္းေပါ့ဗ်ာ”

ႏိုင္ငံတကာအဖြဲ႕ေတြကို ကူညီေဆာင္႐ြက္ခြင့္ တိုးျမႇင့္ေပးမယ္ဆိုတာနဲ႔ ပတ္သက္ၿပီး ႏိုင္ငံျခားေရးဝန္ႀကီးဌာနနဲ႔ ရခိုင္ျပည္နယ္အစိုးရအဖြဲ႕ကို RFA က ဆက္သြယ္ေပမယ့္ လက္ခံေျဖၾကားတာ မရွိပါဘူး။

အစိုးရဝန္ႀကီးဌာနေတြ ညႇိႏႈိင္းေဆြးခ်က္ေတြအရ လူသားခ်င္းစာနာမႈ အကူညီေပးေနတဲ့ အျပည္ျပည္ဆိုင္ရာ ၾကက္ေျခနီေကာ္မတီ (ICRC) အပါအဝင္ ႏိုင္ငံတကာ လူသားခ်င္းစာနာမႈဆိုင္ရာ မဟာမိတ္အဖြဲ႕ေတြကို လုပ္ငန္းေဆာင္႐ြက္ခြင့္ေတြ ပိုေပးဖို႔ဆုံးျဖတ္ထားတယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

အစိုးရအေနနဲ႔လည္း ရခိုင္ျပည္နယ္မွာ တိုက္ပြဲေတြေၾကာင့္ ေနရပ္စြန႔္ခြာသူေတြကို လူသားခ်င္းစာနာ ေထာက္ထားမႈ အကူညီေတြေပးတာေတြကို အရွိန္ဟုန္ျမင့္ ေဆာင္႐ြက္သြားဖို႔ရွိတယ္လို႔လည္း ဆိုပါတယ္။

ICRC အဖြဲ႕ကို ဒီကိစၥနဲ႔ ပတ္သက္ၿပီး ဆက္သြယ္ေမးျမန္ထားေပမယ့္ ညေန ၆ နာရီအထိ ျပန္လည္ေျဖၾကား တာေတာ့ မရွိေသးပါဘူး။

အစိုးရအေနနဲ႔ ဒုကၡသည္ေတြကို ေထာက္ပံ့ကူညီမႈေတြ တိုးျမႇင့္ေဆာင္႐ြက္ေပးတာအျပင္ အင္တာနက္လိုင္းေတြကို ျပန္ဖြင့္ေပးမွ ဒုကၡသည္ေတြရဲ႕ အခက္အခဲေတြကို အခ်ိန္နဲ႔တေျပးညီ ကူညီႏိုင္မယ္လို႔ ဝံလက္ေဖာင္ေဒးရွင္းက ခိုင္ေကာင္းစံက ေျပာပါတယ္။

“စားနပ္ရိကၡာ ေထာက္ပံ့တဲ့အခါ အဓိက အခက္အခဲႀကဳံရတာက ဘာလဲဆိုေတာ့ တိုင္းရင္းသား လက္နက္ကိုင္ေတြဆီ ေရာက္သြားသလားဆိုတဲ့ သံသယအခ်က္ေပါ့၊ ဒီသံသယအခ်က္ဟာ စစ္တပ္ရဲ႕ တားဆီးမႈေတြရွိသလို ေထြအုပ္ရဲ႕ တားဆီးမႈလည္းရွိတယ္၊ ျပည္ထဲေရးဝန္ႀကီးဌာနေအာက္ရွိ ရဲလိုအဖြဲ႕အစည္းကအစ သံသယမ်က္စိနဲ႔ ၾကည့္တာခံရတယ္၊ ဒီအခက္အခဲေတြကို ေျဖေလ်ာ့ေပးမယ္ ဆိုရင္ေတာ့ ဝမ္းသာတာေပါ”

ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွာ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ AA တို႔ရဲ႕ တစ္ႏွစ္ေက်ာ္ရွိလာၿပီျဖစ္တဲ့ တိုက္ပြဲ ေတြေၾကာင့္ ေနရပ္စြန႔္ခြာ ထြက္ေျပးတိမ္းေရွာင္ေနရတဲ့ စစ္ေဘးဒုကၡသည္ တစ္သိန္းသုံးေသာင္းနီးပါး ရွိေနၿပီျဖစ္ပါတယ္။

စစ္ေဘးဒုကၡသည္ေတြဟာ စားနပ္ရိကၡာအတြက္ ႏိုင္ငံတကာအကူအညီနဲ႔ ျပင္ပအလႉရွင္ေတြရဲ႕ ေထာက္ပံ့ကူညီမႈေတြကို အားကိုးေနရပါတယ္။

ရခိုင္ျပည္နယ္က စစ္ေဘးဒုကၡသည္ေတြကို ႏိုင္ငံတကာ အဖြဲ႕ေတြျဖစ္တဲ့ ကမာၻ႔စားနပ္ရိကၡာအစီအစဥ္ WFP နဲ႔ ႏိုင္ငံတကာ ၾကက္ေျခနီအဖြဲ႕ ICRC တို႔က စားနပ္ရိကၡာ အကူအညီေပးေနတာပါ။

အဲဒီအဖြဲ႕ေတြရဲ႕ အကူညီေပးေရးအစီစဥ္ေတြကို ကန႔္သတ္ခံရတာေတြ၊ တိုက္ခိုက္ခံရတာ တခ်ိဳ႕ရွိခဲ့ပါတယ္။

RFA Burmese
https://www.rfa.org
--------------
(Unicode)⤵⤵⤵
ရခိုင်ဒုက္ခသည်တွေကို အကူအညီပေးရေးလုပ်ငန်း တိုးမြှင့်ခွင့်ပြုမည်


ရခိုင်ပြည်နယ်မှာ နိုင်ငံတကာအဖွဲ့တွေကို လူသားချင်းစာနမှုလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ တိုးမြှင့်ခွင့်ပြုပေး သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ထားပါတယ်။

အစိုးရအနေနဲ့ ICRC အပါအဝင် နိုင်ငံတကာ လူသားချင်းစာနာမှု ဆောင်ရွက်နေတဲ့ အဖွဲ့တွေကို ရခိုင်ပြည်နယ်မှာ လုပ်ငန်းဆောင်ရွက်ခွင့် ပိုပေးသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒီလိုအစိုးရက နိုင်ငံတကာအဖွဲ့တွေကို ကူညီခွင့်ပိုပေးမယ်ဆိုတာကို ရခိုင်မှာရှိတဲ့ အရပ်ဖက်အဖွဲ့တွေ၊ ဒေသခံတွေက ကြိုဆိုကြပါတယ်။

အခုလို နိုင်ငံတကာအဖွဲ့တွေ ပိုလုပ်ခွင့်ပေးလိုက်တာကြောင့် နိုင်ငံတကာအကူညီကို လိုအပ်နေတဲ့ ဒေသခံတွေ အတွက် ပိုကောင်းစေတယ်လို့ မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝေလှအောင်က ပြောပါတယ်။

“လူသားချင်းစာနာမှုက ပိုလုပ်ဖို့လိုအပ်သလို သတင်းရယူခွင့်လည်း ရယူဖို့အရေးကြီးတာပေါ့နော်၊ ဥပမာ သတင်းသမားတွေ လွတ်လပ်ခွင့်၊ ရယူခွင့်ရှိဖို့ရယ်၊ အရပ်ဖက်အဖွဲ့အစည်းတွေရယ်၊ နိုင်ငံတကာအဖွဲ့တွေရယ် လွတ်လပ်စွာသွားလာ ကူညီခွင့်ရဖို့ရယ်၊ နောက်တစ်ခုက အင်တာနက် ပိတ်ထားတာပေါ့၊ အဲဒါကိုလည်း ဖွင့်ပေးဖို့လိုတယ်၊ အင်တာနက် ပိတ်ထားတဲ့အတွက် သူတို့မှာ ရရမယ့်အခွင့်အရေးတွေ ဆုံးရှုံးနေတယ်၊ သတင်းအချက်လက် ရယူခွင့်မှာလည်း နှေးကွေးနေတာပေါ့”

ရခိုင်ပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်တွေဟာ နွေရာသီမှာ ရေအခက်အခဲရှိသလို ကျန်းမာရေးအပါအဝင် နေထိုင်ရေးမှာလည်း လုံခြုံမှုမရှိဘဲဖြစ်နေတယ်လို့ ဒေသအခြေစိုက် အရပ်ဖက်အဖွဲ့တွေက ဆိုပါတယ်။

ဒုက္ခသည်တွေဟာ စားသောက်ရေးအတွက် နိုင်ငံတကာအဖွဲ့တွေကိုပဲ မှီခိုနေရပြီး နေထိုင်ရေးမှာလည်း အခက်အခဲတွေရှိနေပါတယ်။

နိုင်ငံတကာအဖွဲ့တွေက အကူညီပေးရာမှာလည်း အစိုးရက အကန့်အသတ်တွေနဲ့သာ ခွင့်ပြုထားပြီး အကူအညီမရောက်တဲ့ နေရာတွေလည်း အများကြီးရှိပါတယ်။

အရပ်ဖက်အဖွဲ့တွေ သွားရောက်ကူညီတဲ့အခါမှာလည်း တပ်မတော်နဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ကန့်သတ်တာတွေ ရှိခဲ့ပါတယ်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ အစိုးရခွင့်ပြုချက်နဲ့ ပေးပို့တဲ့ အကူအညီတွေကို တပ်မတော်က တားဆီးကန့်သတ်တာတွေ မရှိကြောင်း ပြောပါတယ်။

ဒုက္ခသည်တွေကို ရိက္ခာထောက်ပံ့ ကူညီရာမှာ ကန့်သတ်တားဆီးခံရတာတွေလည်းရှိတယ်လို့ ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦးတင်ထူးအောင်က ပြောပါတယ်။

“ပိုကောင်းတာပေါ့ဗျာ၊ ဘာပြောပြော စစ်ဘေးရှောင် ရခိုင်ပြည်သူတွေအတွက်၊ စစ်ဘေးရှောင်တွေ အဓိကမှီခိုအားထားနေရတာက ICRC ပေါ့၊ သူတို့ နိုင်ငံတကာအဖွဲ့အစည်းတွေကို အစိုးရကနေပြီး ပိုကူညီနိုင်အောင် လုပ်ပေးမယ်ဆိုတာက ဝမ်းသာစရာသတင်းပေါ့ဗျာ”

နိုင်ငံတကာအဖွဲ့တွေကို ကူညီဆောင်ရွက်ခွင့် တိုးမြှင့်ပေးမယ်ဆိုတာနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို RFA က ဆက်သွယ်ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

အစိုးရဝန်ကြီးဌာနတွေ ညှိနှိုင်းဆွေးချက်တွေအရ လူသားချင်းစာနာမှု အကူညီပေးနေတဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) အပါအဝင် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ မဟာမိတ်အဖွဲ့တွေကို လုပ်ငန်းဆောင်ရွက်ခွင့်တွေ ပိုပေးဖို့ဆုံးဖြတ်ထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အစိုးရအနေနဲ့လည်း ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာသူတွေကို လူသားချင်းစာနာ ထောက်ထားမှု အကူညီတွေပေးတာတွေကို အရှိန်ဟုန်မြင့် ဆောင်ရွက်သွားဖို့ရှိတယ်လို့လည်း ဆိုပါတယ်။

ICRC အဖွဲ့ကို ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်ထားပေမယ့် ညနေ ၆ နာရီအထိ ပြန်လည်ဖြေကြား တာတော့ မရှိသေးပါဘူး။

အစိုးရအနေနဲ့ ဒုက္ခသည်တွေကို ထောက်ပံ့ကူညီမှုတွေ တိုးမြှင့်ဆောင်ရွက်ပေးတာအပြင် အင်တာနက်လိုင်းတွေကို ပြန်ဖွင့်ပေးမှ ဒုက္ခသည်တွေရဲ့ အခက်အခဲတွေကို အချိန်နဲ့တပြေးညီ ကူညီနိုင်မယ်လို့ ဝံလက်ဖောင်ဒေးရှင်းက ခိုင်ကောင်းစံက ပြောပါတယ်။

“စားနပ်ရိက္ခာ ထောက်ပံ့တဲ့အခါ အဓိက အခက်အခဲကြုံရတာက ဘာလဲဆိုတော့ တိုင်းရင်းသား လက်နက်ကိုင်တွေဆီ ရောက်သွားသလားဆိုတဲ့ သံသယအချက်ပေါ့၊ ဒီသံသယအချက်ဟာ စစ်တပ်ရဲ့ တားဆီးမှုတွေရှိသလို ထွေအုပ်ရဲ့ တားဆီးမှုလည်းရှိတယ်၊ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ ရဲလိုအဖွဲ့အစည်းကအစ သံသယမျက်စိနဲ့ ကြည့်တာခံရတယ်၊ ဒီအခက်အခဲတွေကို ဖြေလျော့ပေးမယ် ဆိုရင်တော့ ဝမ်းသာတာပေါ”

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ရဲ့ တစ်နှစ်ကျော်ရှိလာပြီဖြစ်တဲ့ တိုက်ပွဲ တွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် တစ်သိန်းသုံးသောင်းနီးပါး ရှိနေပြီဖြစ်ပါတယ်။

စစ်ဘေးဒုက္ခသည်တွေဟာ စားနပ်ရိက္ခာအတွက် နိုင်ငံတကာအကူအညီနဲ့ ပြင်ပအလှူရှင်တွေရဲ့ ထောက်ပံ့ကူညီမှုတွေကို အားကိုးနေရပါတယ်။

ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေကို နိုင်ငံတကာ အဖွဲ့တွေဖြစ်တဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP နဲ့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC တို့က စားနပ်ရိက္ခာ အကူအညီပေးနေတာပါ။

အဲဒီအဖွဲ့တွေရဲ့ အကူညီပေးရေးအစီစဉ်တွေကို ကန့်သတ်ခံရတာတွေ၊ တိုက်ခိုက်ခံရတာ တချို့ရှိခဲ့ပါတယ်။

RFA Burmese
https://www.rfa.org
ရခိုင္ဒုကၡသည္ေတြကို အကူအညီေပးေရးလုပ္ငန္း တိုးျမႇင့္ခြင့္ျပဳမည္ ရခိုင္ဒုကၡသည္ေတြကို အကူအညီေပးေရးလုပ္ငန္း တိုးျမႇင့္ခြင့္ျပဳမည္ Reviewed by THITHTOOLWIN on 20:27 Rating: 5
Powered by Blogger.