ရခိုင္စစ္ေရးကာလမွာ အိမ္ ၁၈ဝ နီးပါး မီးေလာင္ခံရတယ္လို႔ REC ေျပာ

ရေသ့ေတာင္ၿမိဳ႕နယ္က ေက်ာက္တန္း႐ြာကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ေက်ာက္တန္းေက်း႐ြာက ေနအိမ္ ၂၄ လုံးဟာ တပ္မေတာ္က ပစ္တဲ့လက္နက္ႀကီးေတြေၾကာင့္ မေန႔က မီးေလာင္သြားတယ္လို႔ ႐ြာသားေတြက ေျပာပါတယ္။

ရေသ့ေတာင္ၿမိဳ႕နဲ႔ သာစည္ကုန္းေက်း႐ြာ ေနရာႏွစ္ခုက ပစ္ခတ္တဲ့ လက္နက္ႀကီးေတြအျပင္ ညေနပိုင္းမွာ ရဟတ္ယာဥ္ေတြနဲ႔ပါ လာေရာက္ပစ္ခတ္ခံရတာေၾကာင့္ မီးေလာင္သြားတာလို႔ ေက်ာက္တန္းေက်း႐ြာသား တစ္ဦးျဖစ္တဲ့ ဦးေမာင္သန္းေစာက ေျပာပါတယ္။

ေက်ာက္တန္းေက်း႐ြာနဲ႔ ႐ြာရဲ႕အေရွ႕ဘက္ေတာင္တန္းေတြကို မေန႔ မနက္ပိုင္းမွာ လက္နက္ႀကီး ၁၀ ခ်က္ထက္မနည္း ပစ္ခတ္ခဲ့သလို ညေနပိုင္း ရဟတ္ယာဥ္ႏွစ္စီးနဲ႔ လာေရာက္ပစ္ခတ္ရာမွာလည္း ဆယ့္ငါးမိနစ္ခန႔္ၾကာခဲ့တယ္လို႔ဆိုပါတယ္။

တပ္မေတာ္က လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တဲ့တစ္ခ်ိန္တည္းမွာ ႐ြာထဲမွာ အိမ္ေတြမီးေလာင္ေနတာကို အေဝးကေနလွမ္းျမင္ရၿပီး ႐ြာသားအခ်ိဳ႕က ႐ြာထဲကို ဒီေန႔မနက္က သြားၾကည့္ရာမွာ အိမ္ ၂၄ လုံး မီးေလာင္ဆုံးရႈံးသြားတာကို ျမင္ေတြ႕ခဲ့ၾကရတာပါ။

အစိုးရက အင္တာနက္ျဖတ္ေတာက္ထားတဲ့ၿမိဳ႕နယ္ေတြထဲ ရေသ့ေတာင္ၿမိဳ႕နယ္လည္း ပါဝင္တာေၾကာင့္ မေန႔က ေဒသခံေတြ႐ိုက္ကူးထားတဲ့ ဗီဒီယိုမွတ္တမ္းေတြကို RFA က ၾကည့္ရႈခြင့္မရပါဘူး။

႐ြာသားေတြကေတာ့ ၿပီးခဲ့တဲ့ရက္ပိုင္းက နီးစပ္ရာ႐ြာေတြကို ထြက္ေျပးတိမ္းေရွာင္ေနၾကရလို႔ အထိအခိုက္ မရွိခဲ့ပါဘူး။

ၿပီးခဲ့တဲ့ႏွစ္က စတင္လာခဲ့တဲ့ စစ္ေရးပဋိပကၡအတြင္း ဒီေန႔အခ်ိန္အထိ ေက်း႐ြာေပါင္း ၁၇ ႐ြာက  ေနအိမ္ ၁၈၀ ဝန္းက်င္ေလာက္ဟာ မီးေလာင္ ပ်က္စီးသြားရတာဟာ တပ္မေတာ္က လက္နက္ႀကီးနဲ႔ ပစ္ခတ္မႈ ဒါမွမဟုတ္ ရည္႐ြယ္ခ်က္တစ္ခုခုနဲ႔  ဖ်က္ဆီးမႈေၾကာင့္ ျဖစ္တယ္လို႔ REC က စြပ္စြဲပါတယ္။

ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ားအစည္းအ႐ုံး (REC) ရဲ႕အတြင္းေရးမႉး ဦးေဇာ္ေဇာ္ထြန္းက အရပ္သားေတြ ထိခိုက္နစ္နာရတဲ့ကိစၥအေပၚ အစိုးရအေနနဲ႔ တပ္မေတာ္ကိုညႇိႏႈိင္းဖို႔ တာဝန္ရွိတယ္လို႔ေျပာပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ဇူလိုင္လ ၅ ရက္ေန႔ကလည္း ရေသ့ေတာင္ၿမိဳ႕နယ္ အမ်က္ေတာင္ေက်း႐ြာမွာလည္း ေနအိမ္ ၁၂ လုံး မီးရႈိ႕ခံခဲ့ရပါတယ္။

ဒီကိစၥကိုစုံစမ္းၿပီး ေဒသခံေတြကို ထိုက္သင့္တဲ့ေလ်ာ္ေၾကးေတြေပးဖို႔ လႊတ္ေတာ္မွာ ေမးခြန္းေမးဖို႔ႀကိဳးစားခဲ့ေပမယ့္ ခြင့္မျပဳခဲ့ဘူးလို႔ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးခင္ေမာင္လတ္က ေျပာပါတယ္။

ရကၡိဳင့္တပ္ေတာ္(AA)ရဲ႕ေျပာခြင့္ရသူ ဦးခိုင္သုခက မေန႔က ေက်ာက္တန္း႐ြာအနီးမွာ တိုက္ပြဲျဖစ္တာ မရွိတာေၾကာင့္ ေအေအအဖြဲ႕ကို ေထာက္ခံမႈရပ္တန႔္ေအာင္ လုပ္ေဆာင္တဲ့သေဘာမ်ိဳးလို႔ ယူဆပါတယ္။

ဒီလုပ္ရပ္ေတြကို ရပ္တန႔္ဖို႔လိုေၾကာင္းလည္း ဦးခိုင္သုခကေျပာပါတယ္။

အခုလို အရပ္သားေတြရဲ႕ အိုးအိမ္ေတြကို ပ်က္စီးေအာင္လုပ္တာဟာ အမ်ိဳးသားရင္ၾကားေစ့ေရးအတြက္ အလွမ္းေဝးမွာျဖစ္တယ္လို႔ ဦးခိုင္သုခကေျပာပါတယ္။

မေန႔က ေက်ာက္တန္းေက်း႐ြာကိစၥအျပင္ ေအေအဘက္က ေျပာဆိုခ်က္ေတြနဲ႔ပတ္သက္လို႔ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးနဲ႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းတို႔ထံ RFA က ဒီေန႔ အႀကိမ္ႀကိမ္ဆက္သြယ္ခဲ့ေပမယ့္ ဆက္သြယ္လို႔မရခဲ့ပါဘူး။

ၿပီးခဲ့တဲ့ႏွစ္ကေန ဒီေန႔အထိ အခ်ိန္ တစ္ႏွစ္ေက်ာ္ၾကာကာလအတြင္း ေနအိမ္ေတြ မီးေလာင္ဆုံးရႈံးမႈေတြရွိခဲ့တဲ့ ႐ြာ ၁၇ ႐ြာထဲမွာ ဘူးသီးေတာင္၊ ရေသ့ေတာင္၊ မင္းျပား၊ ေျမာက္ဦး၊ ေျမပုံ စတဲ့ၿမိဳ႕နယ္ေတြမွာ အမ်ားဆုံးျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
-----------
(Unicode)⤵⤵⤵
ရခိုင်စစ်ရေးကာလမှာ အိမ် ၁၈ဝ နီးပါး မီးလောင်ခံရတယ်လို့ REC ပြော

ရသေ့တောင်မြို့နယ်က ကျောက်တန်းရွာကို တွေ့ရစဉ်
ဓာတ်ပုံ - မင်းသိန်းအောင်/ RFA

ကျောက်တန်းကျေးရွာက နေအိမ် ၂၄ လုံးဟာ တပ်မတော်က ပစ်တဲ့လက်နက်ကြီးတွေကြောင့် မနေ့က မီးလောင်သွားတယ်လို့ ရွာသားတွေက ပြောပါတယ်။

ရသေ့တောင်မြို့နဲ့ သာစည်ကုန်းကျေးရွာ နေရာနှစ်ခုက ပစ်ခတ်တဲ့ လက်နက်ကြီးတွေအပြင် ညနေပိုင်းမှာ ရဟတ်ယာဉ်တွေနဲ့ပါ လာရောက်ပစ်ခတ်ခံရတာကြောင့် မီးလောင်သွားတာလို့ ကျောက်တန်းကျေးရွာသား တစ်ဦးဖြစ်တဲ့ ဦးမောင်သန်းစောက ပြောပါတယ်။

ကျောက်တန်းကျေးရွာနဲ့ ရွာရဲ့အရှေ့ဘက်တောင်တန်းတွေကို မနေ့ မနက်ပိုင်းမှာ လက်နက်ကြီး ၁၀ ချက်ထက်မနည်း ပစ်ခတ်ခဲ့သလို ညနေပိုင်း ရဟတ်ယာဉ်နှစ်စီးနဲ့ လာရောက်ပစ်ခတ်ရာမှာလည်း ဆယ့်ငါးမိနစ်ခန့်ကြာခဲ့တယ်လို့ဆိုပါတယ်။

တပ်မတော်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့တစ်ချိန်တည်းမှာ ရွာထဲမှာ အိမ်တွေမီးလောင်နေတာကို အဝေးကနေလှမ်းမြင်ရပြီး ရွာသားအချို့က ရွာထဲကို ဒီနေ့မနက်က သွားကြည့်ရာမှာ အိမ် ၂၄ လုံး မီးလောင်ဆုံးရှုံးသွားတာကို မြင်တွေ့ခဲ့ကြရတာပါ။

အစိုးရက အင်တာနက်ဖြတ်တောက်ထားတဲ့မြို့နယ်တွေထဲ ရသေ့တောင်မြို့နယ်လည်း ပါဝင်တာကြောင့် မနေ့က ဒေသခံတွေရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်းတွေကို RFA က ကြည့်ရှုခွင့်မရပါဘူး။

ရွာသားတွေကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက နီးစပ်ရာရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရလို့ အထိအခိုက် မရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့နှစ်က စတင်လာခဲ့တဲ့ စစ်ရေးပဋိပက္ခအတွင်း ဒီနေ့အချိန်အထိ ကျေးရွာပေါင်း ၁၇ ရွာက  နေအိမ် ၁၈၀ ဝန်းကျင်လောက်ဟာ မီးလောင် ပျက်စီးသွားရတာဟာ တပ်မတော်က လက်နက်ကြီးနဲ့ ပစ်ခတ်မှု ဒါမှမဟုတ် ရည်ရွယ်ချက်တစ်ခုခုနဲ့  ဖျက်ဆီးမှုကြောင့် ဖြစ်တယ်လို့ REC က စွပ်စွဲပါတယ်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ရဲ့အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက အရပ်သားတွေ ထိခိုက်နစ်နာရတဲ့ကိစ္စအပေါ် အစိုးရအနေနဲ့ တပ်မတော်ကိုညှိနှိုင်းဖို့ တာဝန်ရှိတယ်လို့ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင်လ ၅ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ် အမျက်တောင်ကျေးရွာမှာလည်း နေအိမ် ၁၂ လုံး မီးရှို့ခံခဲ့ရပါတယ်။

ဒီကိစ္စကိုစုံစမ်းပြီး ဒေသခံတွေကို ထိုက်သင့်တဲ့လျော်ကြေးတွေပေးဖို့ လွှတ်တော်မှာ မေးခွန်းမေးဖို့ကြိုးစားခဲ့ပေမယ့် ခွင့်မပြုခဲ့ဘူးလို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။

ရက္ခိုင့်တပ်တော်(AA)ရဲ့ပြောခွင့်ရသူ ဦးခိုင်သုခက မနေ့က ကျောက်တန်းရွာအနီးမှာ တိုက်ပွဲဖြစ်တာ မရှိတာကြောင့် အေအေအဖွဲ့ကို ထောက်ခံမှုရပ်တန့်အောင် လုပ်ဆောင်တဲ့သဘောမျိုးလို့ ယူဆပါတယ်။

ဒီလုပ်ရပ်တွေကို ရပ်တန့်ဖို့လိုကြောင်းလည်း ဦးခိုင်သုခကပြောပါတယ်။

အခုလို အရပ်သားတွေရဲ့ အိုးအိမ်တွေကို ပျက်စီးအောင်လုပ်တာဟာ အမျိုးသားရင်ကြားစေ့ရေးအတွက် အလှမ်းဝေးမှာဖြစ်တယ်လို့ ဦးခိုင်သုခကပြောပါတယ်။

မနေ့က ကျောက်တန်းကျေးရွာကိစ္စအပြင် အေအေဘက်က ပြောဆိုချက်တွေနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးနဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့ထံ RFA က ဒီနေ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

ပြီးခဲ့တဲ့နှစ်ကနေ ဒီနေ့အထိ အချိန် တစ်နှစ်ကျော်ကြာကာလအတွင်း နေအိမ်တွေ မီးလောင်ဆုံးရှုံးမှုတွေရှိခဲ့တဲ့ ရွာ ၁၇ ရွာထဲမှာ ဘူးသီးတောင်၊ ရသေ့တောင်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ စတဲ့မြို့နယ်တွေမှာ အများဆုံးဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
ရခိုင္စစ္ေရးကာလမွာ အိမ္ ၁၈ဝ နီးပါး မီးေလာင္ခံရတယ္လို႔ REC ေျပာ ရခိုင္စစ္ေရးကာလမွာ အိမ္ ၁၈ဝ နီးပါး မီးေလာင္ခံရတယ္လို႔ REC ေျပာ Reviewed by THITHTOOLWIN on 19:51 Rating: 5
Powered by Blogger.