ကမာၻလွည့္အေပ်ာ္စီးသေဘၤာ ျမန္မာမွာ ဆိုက္ကပ္ခြင့္မျပဳ

(Zawgyi)⤵⤵⤵
Covid-19 လို႔ေခၚတဲ့ ကို႐ိုနာဗိုင္းရပ္စ္ အႏၲရာယ္ေၾကာင့္ ကမာၻလွည့္ခရီးသြားေတြ ပါဝင္တဲ့ NV- Silver Spirit အေပ်ာ္စီးသေဘၤာကို ျမန္မာပိုင္နက္ထဲ ဝင္ခြင့္မျပဳဖို႔ ဟိုတယ္ႏွင့္ ခရီးသြားလာေရးဝန္ႀကီးဌာနက ဆုံးျဖတ္လိုက္ပါတယ္။

မတ္လ ေလးရက္ေန႔မွာ ျမန္မာႏိုင္ငံကို ဆိုက္ကပ္ဖို႔ စီစဥ္ထားတဲ့ Silver Spirit ကမာၻလွည့္အေပ်ာ္စီးသေဘၤာကို တကမာၻလုံးစိုးရိမ္ေနၾကတဲ့ ကို႐ိုနာဗိုင္းရပ္ အႏၲရာယ္ေၾကာင့္ ျမန္မာႏိုင္ငံကို လာခြင့္မေပးဖို႔ ဆုံးျဖတ္လိုက္တယ္လို႔ ဟိုတယ္ႏွင့္ ခရီးသြားလာေရးဝန္ႀကီးဌာန ဒုတိယ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးျမင့္ေထြးက RFA ကို အတည္ျပဳေျပာပါတယ္။

ႏိုင္ငံတကာ လုပ္ထုံးလုပ္နည္းေတြနဲ႔အညီ ကြၽန္ေတာ္တို႔ ႏိုင္ငံမွာလည္း ေရာဂါေတြ ပါလာႏိုင္တဲ့ ဧည့္သည္ေတြ ပါလာႏိုင္တဲ့အတြက္ ေဆာင္႐ြက္ရျခင္းျဖစ္ပါတယ္။ က်န္းမာေရးဝန္ႀကီးဌာနနဲ႔ ညႇိႏႈိင္းၿပီးေတာ့။

အေမရိကန္ျပည္ေထာင္စု အေျခစိုက္ Silver Spirit သေဘၤာဟာ ခရီးသည္ ၈၀၀ ေက်ာ္ တင္ေဆာင္လာၿပီး ရန္ကုန္ၿမိဳ႕ သီလဝါ ဆိပ္ကမ္းကို ကပ္ဖို႔ စီစဥ္ထားတာပါ။ အဂၤလန္၊ အေမရိကန္နဲ႔ ၾသစေၾတးလ် ႏိုင္ငံကလူေတြ အမ်ားဆုံးပါဝင္ပါတယ္။

ဒီသေဘၤာဟာ စကၤာပူကေနတစ္ဆင့္ ထိုင္းႏိုင္ငံ ဖူးခက္ကမ္းေျခကို အခုေရာက္ေနပါၿပီ။

Silver Spirit  သေဘၤာ ျမန္မာႏိုင္ငံကို လာေရာက္ေရးစီစဥ္တာက Myanmar Voyages International Tourism (ျမန္မာ ဗြိဳက္ေရးဂ်က္ အင္တာေနရွင္နယ္ ခရီးသြားလုပ္ငန္း) က ျဖစ္ၿပီး ျမန္မာျပည္ ခရီးစဥ္ကိုဖ်က္ဖို႔ အစိုးရက ၫႊန္ၾကားခ်က္ကို ရထားၿပီလို႔ ကုမၸဏီပိုင္ရွင္ ဦးသက္လြင္တိုးက ေျပာပါတယ္။

က်န္းမာေရးဝန္ႀကီးဌာနက အဓိကပါ သူတို႔က ဘက္စုံစဥ္းစားၿပီးေတာ့ ဟိုတယ္ခရီးကိုၫႊန္ၾကားတာ မေန႔ထဲကပါ မလာသင့္ေတာ့ပါဘူး အေျခအေနက အရမ္းရႈပ္ေထြးေနေတာ့ေလ ဒါကို ကြၽန္ေတာ္တို႔လည္း ဖ်က္သိမ္း လိုက္ပါတယ္။

အဲဒီသေဘၤာဟာ ၿပီးခဲ့တဲ့ ၂၀၁၉ ႏိုဝင္ဘာလက ျမန္မာႏိုင္ငံကို တစ္ႀကိမ္ဆိုက္ကပ္ခဲ့ၿပီး ျဖစ္ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ အႏၲရာယ္ေၾကာင့္ အေပ်ာ္စီးသေဘၤာ ဆိုက္ကပ္တာေတြကို ႏိုင္ငံအသီးသီးက တားျမစ္တာေတြ ရွိေနပါတယ္။

ၿပီးခဲ့တဲ့ လကုန္ပိုင္းကပဲ ထိုင္ဝမ္က လာတဲ့အေပ်ာ္စီးသေဘၤာမွာ ကို႐ိုနာဗိုင္းရပ္စ္ သံသယရွိသူေတြ ပါလာတယ္ဆိုတဲ့ သတင္းေတြေၾကာင့္ ေဟာင္ေကာင္ႏိုင္ငံက ကမ္းကပ္ခြင့္ မျပဳခဲ့ပါဘူး။

ေဖေဖာ္ဝါရီလက ဂ်ပန္ႏိုင္ငံကို ဆိုက္ေရာက္တဲ့ အေပ်ာ္စီးသေဘၤာေပၚက ခရီးသည္ ၇၀၀ ေက်ာ္မွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရတဲ့အျပင္ ေသဆုံးသူ ‌‌ေျခာက္ဦးရွိခဲ့ပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
ကမ္ဘာလှည့်အပျော်စီးသင်္ဘော မြန်မာမှာ ဆိုက်ကပ်ခွင့်မပြု

Covid-19 လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် ကမ္ဘာလှည့်ခရီးသွားတွေ ပါဝင်တဲ့ NV- Silver Spirit အပျော်စီးသင်္ဘောကို မြန်မာပိုင်နက်ထဲ ဝင်ခွင့်မပြုဖို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ဆုံးဖြတ်လိုက်ပါတယ်။

မတ်လ လေးရက်နေ့မှာ မြန်မာနိုင်ငံကို ဆိုက်ကပ်ဖို့ စီစဉ်ထားတဲ့ Silver Spirit ကမ္ဘာလှည့်အပျော်စီးသင်္ဘောကို တကမ္ဘာလုံးစိုးရိမ်နေကြတဲ့ ကိုရိုနာဗိုင်းရပ် အန္တရာယ်ကြောင့် မြန်မာနိုင်ငံကို လာခွင့်မပေးဖို့ ဆုံးဖြတ်လိုက်တယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက RFA ကို အတည်ပြုပြောပါတယ်။

နိုင်ငံတကာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ကျွန်တော်တို့ နိုင်ငံမှာလည်း ရောဂါတွေ ပါလာနိုင်တဲ့ ဧည့်သည်တွေ ပါလာနိုင်တဲ့အတွက် ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းပြီးတော့။

အမေရိကန်ပြည်ထောင်စု အခြေစိုက် Silver Spirit သင်္ဘောဟာ ခရီးသည် ၈၀၀ ကျော် တင်ဆောင်လာပြီး ရန်ကုန်မြို့ သီလဝါ ဆိပ်ကမ်းကို ကပ်ဖို့ စီစဉ်ထားတာပါ။ အင်္ဂလန်၊ အမေရိကန်နဲ့ သြစတြေးလျ နိုင်ငံကလူတွေ အများဆုံးပါဝင်ပါတယ်။

ဒီသင်္ဘောဟာ စင်္ကာပူကနေတစ်ဆင့် ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေကို အခုရောက်နေပါပြီ။

Silver Spirit  သင်္ဘော မြန်မာနိုင်ငံကို လာရောက်ရေးစီစဉ်တာက Myanmar Voyages International Tourism (မြန်မာ ဗွိုက်ရေးဂျက် အင်တာနေရှင်နယ် ခရီးသွားလုပ်ငန်း) က ဖြစ်ပြီး မြန်မာပြည် ခရီးစဉ်ကိုဖျက်ဖို့ အစိုးရက ညွှန်ကြားချက်ကို ရထားပြီလို့ ကုမ္ပဏီပိုင်ရှင် ဦးသက်လွင်တိုးက ပြောပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက အဓိကပါ သူတို့က ဘက်စုံစဉ်းစားပြီးတော့ ဟိုတယ်ခရီးကိုညွှန်ကြားတာ မနေ့ထဲကပါ မလာသင့်တော့ပါဘူး အခြေအနေက အရမ်းရှုပ်ထွေးနေတော့လေ ဒါကို ကျွန်တော်တို့လည်း ဖျက်သိမ်း လိုက်ပါတယ်။

အဲဒီသင်္ဘောဟာ ပြီးခဲ့တဲ့ ၂၀၁၉ နိုဝင်ဘာလက မြန်မာနိုင်ငံကို တစ်ကြိမ်ဆိုက်ကပ်ခဲ့ပြီး ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် အပျော်စီးသင်္ဘော ဆိုက်ကပ်တာတွေကို နိုင်ငံအသီးသီးက တားမြစ်တာတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ လကုန်ပိုင်းကပဲ ထိုင်ဝမ်က လာတဲ့အပျော်စီးသင်္ဘောမှာ ကိုရိုနာဗိုင်းရပ်စ် သံသယရှိသူတွေ ပါလာတယ်ဆိုတဲ့ သတင်းတွေကြောင့် ဟောင်ကောင်နိုင်ငံက ကမ်းကပ်ခွင့် မပြုခဲ့ပါဘူး။

ဖေဖော်ဝါရီလက ဂျပန်နိုင်ငံကို ဆိုက်ရောက်တဲ့ အပျော်စီးသင်္ဘောပေါ်က ခရီးသည် ၇၀၀ ကျော်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့အပြင် သေဆုံးသူ ‌‌ခြောက်ဦးရှိခဲ့ပါတယ်။

RFA Burmese
https://www.rfa.org
ကမာၻလွည့္အေပ်ာ္စီးသေဘၤာ ျမန္မာမွာ ဆိုက္ကပ္ခြင့္မျပဳ ကမာၻလွည့္အေပ်ာ္စီးသေဘၤာ ျမန္မာမွာ ဆိုက္ကပ္ခြင့္မျပဳ Reviewed by THITHTOOLWIN on 19:48 Rating: 5
Powered by Blogger.