Silver Cruise အေပ်ာ္စီးသေဘၤာ ျမန္မာကမ္းကပ္ခြင့္မေပး

ရန္ကုန္အျပည္ျပည္ဆိုင္ရာ သီလ၀ါ (MITT) ဆိပ္ကမ္း (မွတ္တမ္းဓာတ္ပံု - ဇြန္၊ ၂၄၊ ၂၀၀၉)
(Zawgyi/Unicode)

ျမန္မာႏုိင္ငံတြင္း ဝင္ေရာက္ဖို႔ စီစဥ္ထားတဲ့ Silver Cruise အေပ်ာ္စီးသေဘၤာဟာ COVID- 19 ေရာဂါပိုး ကူးစက္ခံေနရတဲ့ ႏိုင္ငံေတြကေန လာေရာက္တာ ျဖစ္တဲ့အတြက္ ျမန္မာ့ဆိပ္ကမ္းကို ကပ္ခြင့္မျပဳပဲ ျငင္းပယ္လိုက္တယ္လို႔ က်န္းမာေရးဌာန တာဝန္ရွိသူကေျပာပါတယ္။ ဒါ့အျပင္ ျမန္မာႏုိင္ငံမွာ COVID- 19 ေစာင့္ၾကည့္နဲ႔ သံသယလူနာအသစ္ ထပ္မေတြ႔တာ ႏွစ္ရက္ရွိၿပီလို႔လည္း ဆုိပါတယ္။ အျပည့္အစံုကို ဗီြအိုေအသတင္းေထာက္ စုစုက ေျပာျပသြားမွာပါ။

ျမန္မာႏုိင္ငံထဲကို လာမယ့္ မတ္လ ၄ ရက္ေန႔မွာ ေရာက္ရွိမယ့္ အေပ်ာ္စီးသေဘၤာအတြက္ ကမ္းကပ္ခြင့္ကုိ ျငင္းပယ္လိုက္ၿပီလို႔ ဗဟုိကူးစက္ေရာဂါ တုိက္ဖ်က္ေရးဌာန ဒုတိယညႊန္ၾကားေရးမွဴး ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။


“ျမန္မာႏုိင္ငံကို ဝင္ေရာက္လာမယ့္ Silver Cruise အေပ်ာ္စီးသေဘၤာကုိ ျမန္မာႏုိင္ငံဆိပ္ကမ္းမွာ ကပ္ခြင့္ကို ျငင္းပယ္လုိက္ပါတယ္။”

အဲဒီအေပ်ာ္စီးသေဘၤာမွာ ခရီးသည္ ၅၀၀ နီးပါးနဲ႔ သေဘၤာအမႈထမ္းေပါင္း ၄၀၀ နီးပါး လိုက္ပါလာတာ ျဖစ္ၿပီး ထုိင္းႏုိင္ငံ ဖူးခက္ကမ္းေျခကေန ျမန္မာႏုိင္ငံထဲကုိ ဝင္ေရာက္ဖို႔ စီစဥ္ထားတာပါ။ ျပည္ေထာင္စု ဝန္ႀကီးေဒါက္တာျမင့္ေထြးက အခုေရာက္ရွိမယ့္ အေပ်ာ္စီးသေဘၤာဟာ COVID- 19 ျဖစ္ပြားေနတဲ့ ႏုိင္ငံေတြထဲ ဝင္ေရာက္ခဲ့ၿပီးျဖစ္လို႔ ျမန္မာႏုိင္ငံတြင္းကို ဝင္ေရာက္ခြင့္မျပဳသင့္ေၾကာင္း သက္ဆိုင္ရာကို အၾကံျပဳတင္ျပထားတယ္လို႔ မေန႔က အစည္းအေဝးမွာ ေျပာခဲ့ပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက မေန႔က တနဂၤေႏြမွာ ျပဳလုပ္ခဲ့တဲ့ COVID-19 ေရာဂါ ေစာင့္ၾကပ္ၾကည့္ရႈေရးနဲ႔ ကာကြယ္ထိ္န္းခ်ဳပ္ေရး ဗဟုိအဆင့္ ေန႔စဥ္ ညွိႏႈိင္းအစည္းအေဝးအၿပီး အဲဒီအေပ်ာ္စီးသေဘၤာ ကမ္းကပ္ခြင့္ကို ျငင္းပယ္လိုက္ေၾကာင္း ဒီကေန႔မွာ ေျပာဆိုလိုက္တာပါ။

ျမန္မာႏုိင္ငံမွာ COVID- 19 ေစာင့္ၾကည့္နဲ႔ သံသယလူနာ အသစ္ထပ္မေတြ႕တာ ႏွစ္ရက္ရွိၿပီလို႔ ေဒါက္တာခင္ခင္ႀကီးက ဆက္ေျပာပါတယ္။

“မေန႔က ၈ နာရီအထိကေတာ့ သံသယနဲ႔ ေစာင့္ၾကည့္လူနာ အသစ္ထပ္မေတြ႕တာေတာ့ ႏွစ္ရက္ရွိၿပီေပါ့ေနာ္။ သံသယနဲ႔ ေစာင့္ၾကည့္လူနာ ၄၅ ေယာက္ ရွိခဲ့တယ္။ သံသယလူနာ ၂ ေယာက္၊ ေစာင့္ၾကည့္လူနာ ၄၃ ေယာက္။ အဲဒီ ၄၅ ေယာက္လံုးရဲ႕ အေျဖက Negative ပါပဲ။ ဒါေပမယ့္ က်မတို႔က Negative ျဖစ္တာနဲ႔ ေဆးရံုတန္းေပးဆင္းတာ မဟုတ္ဘဲနဲ႔ ေဆးရံုမွာတင္ ၄၈နာရီေပါ့၊ ႏွစ္ရက္ဆက္ေစာင့္ၾကည့္တဲ့ အတြက္ေၾကာင့္မုိ႔လို႔ ၃ ေယာက္ကေတာ့ ေဝဘာဂီေဆးရံုမွာ မဆင္းရေသဘူးေပါ့ေနာ္၊ ရွိေနပါေသးတယ္။”

ျမန္မာႏုိင္ငံမွာ ခုခ်ိန္ထိ COVID- 19 ဓာတ္ခြဲအတည္ျပဳ လူနာ မရွိေသးေပမဲ့ ေရာဂါေစာင့္ၾကပ္ၾကည့္ရႈေရး လုပ္ငန္းေတြကို တိုးျမွင့္ေဆာင္ရြက္ေနတယ္လို႔လည္း ေျပာပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ျပည္သူေတြအေနနဲ႔ လူစုလူေဝးနဲ႔ ပြဲလမ္းသဘင္ေတြကို ေရွာင္ၾကဥ္ၾကဖို ႔အပါအဝင္ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ ေရာဂါကာကြယ္ေရး က်န္းမာေရးအသိပညာေပး ႏိႈးေဆာ္ခ်က္ေတြကို လိုက္နာေဆာင္ရြက္ၾကဖို႔ တိုက္တြန္းထားပါတယ္။

လက္ကုိ ဆပ္ျပာနဲ႔ စနစ္တက် မၾကာခဏေဆးေပးဖုိ႔၊ ေခ်ာင္းဆိုး ႏွာေခ်ရင္ ပါးစပ္အုပ္ဖုိ႔၊ တကိုယ္ေရသန္႔ရွင္းေရးကို အေလးထားၿပီး၊ အာဟာရျပည့္ဝေအာင္ စားေသာက္ေနထုိင္ဖုိ႔နဲ႔ ေနမေကာင္းျဖစ္ေနသူေတြနဲ႔ အနီးကပ္ေနထုိင္တာ ေရွာင္ၾကဥ္ဖုိ႔ကို ႏိႈးေဆာ္ထားပါတယ္။

တရုတ္ႏုိ္င္ငံ၊ ဟူေဘးျပည္နယ္၊ ဝူဟန္ၿမိဳ႕ကေန စတင္ျဖစ္ပြားခဲ့တဲ့ COVID- 19 ကိုရုိနာေရာဂါပုိးဟာ အျခားႏုိင္ငံေပါင္း ၆၇ႏိုင္ငံကုိ ကူးစက္ခဲ့ၿပီး ဒီကေန႔ မတ္လ ၂ရက္ ေန႔လည္ခင္းစာရင္းအရ လူေပါင္း ၈၉,၂၁၉ ကူးစက္ခံေနရတာပါ။ ဒါဟာ ကမာၻလွည့္အေပ်ာ္စီး သေဘၤာ Diamond Princess ေပၚက ကူးစက္ခံရသူ ၇၀၅ ေယာက္နဲ႔ ေသဆံုးသူ ၇ ဦးရဲ႕ စာရင္းကိုပါ ထည့္တြက္ထားတာျဖစ္ၿပီး ေသဆံုးသူကေတာ့ စုစုေပါင္း ၃,၀၅၈ အထိရွိေနၿပီး တရုတ္ႏုိင္ငံမွာ အမ်ားဆံုးျဖစ္ပါတယ္။

[Unicode Version]

Silver Cruise အပျော်စီးသင်္ဘော မြန်မာကမ်းကပ်ခွင့်မပေး

မြန်မာနိုင်ငံတွင်း ဝင်ရောက်ဖို့ စီစဉ်ထားတဲ့ Silver Cruise အပျော်စီးသင်္ဘောဟာ COVID- 19 ရောဂါပိုး ကူးစက်ခံနေရတဲ့ နိုင်ငံတွေကနေ လာရောက်တာ ဖြစ်တဲ့အတွက် မြန်မာ့ဆိပ်ကမ်းကို ကပ်ခွင့်မပြုပဲ ငြင်းပယ်လိုက်တယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူကပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ COVID- 19 စောင့်ကြည့်နဲ့ သံသယလူနာအသစ် ထပ်မတွေ့တာ နှစ်ရက်ရှိပြီလို့လည်း ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် စုစုက ပြောပြသွားမှာပါ။

မြန်မာနိုင်ငံထဲကို လာမယ့် မတ်လ ၄ ရက်နေ့မှာ ရောက်ရှိမယ့် အပျော်စီးသင်္ဘောအတွက် ကမ်းကပ်ခွင့်ကို ငြင်းပယ်လိုက်ပြီလို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

“မြန်မာနိုင်ငံကို ဝင်ရောက်လာမယ့် Silver Cruise အပျော်စီးသင်္ဘောကို မြန်မာနိုင်ငံဆိပ်ကမ်းမှာ ကပ်ခွင့်ကို ငြင်းပယ်လိုက်ပါတယ်။”

အဲဒီအပျော်စီးသင်္ဘောမှာ ခရီးသည် ၅၀၀ နီးပါးနဲ့ သင်္ဘောအမှုထမ်းပေါင်း ၄၀၀ နီးပါး လိုက်ပါလာတာ ဖြစ်ပြီး ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေကနေ မြန်မာနိုင်ငံထဲကို ဝင်ရောက်ဖို့ စီစဉ်ထားတာပါ။ ပြည်ထောင်စု ဝန်ကြီးဒေါက်တာမြင့်ထွေးက အခုရောက်ရှိမယ့် အပျော်စီးသင်္ဘောဟာ COVID- 19 ဖြစ်ပွားနေတဲ့ နိုင်ငံတွေထဲ ဝင်ရောက်ခဲ့ပြီးဖြစ်လို့ မြန်မာနိုင်ငံတွင်းကို ဝင်ရောက်ခွင့်မပြုသင့်ကြောင်း သက်ဆိုင်ရာကို အကြံပြုတင်ပြထားတယ်လို့ မနေ့က အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မနေ့က တနင်္ဂနွေမှာ ပြုလုပ်ခဲ့တဲ့ COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနဲ့ ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ် ညှိနှိုင်းအစည်းအဝေးအပြီး အဲဒီအပျော်စီးသင်္ဘော ကမ်းကပ်ခွင့်ကို ငြင်းပယ်လိုက်ကြောင်း ဒီကနေ့မှာ ပြောဆိုလိုက်တာပါ။

မြန်မာနိုင်ငံမှာ COVID- 19 စောင့်ကြည့်နဲ့ သံသယလူနာ အသစ်ထပ်မတွေ့တာ နှစ်ရက်ရှိပြီလို့ ဒေါက်တာခင်ခင်ကြီးက ဆက်ပြောပါတယ်။

“မနေ့က ၈ နာရီအထိကတော့ သံသယနဲ့ စောင့်ကြည့်လူနာ အသစ်ထပ်မတွေ့တာတော့ နှစ်ရက်ရှိပြီပေါ့နော်။ သံသယနဲ့ စောင့်ကြည့်လူနာ ၄၅ ယောက ်ရှိခဲ့တယ်။ သံသယလူနာ ၂ ယောက်၊ စောင့်ကြည့်လူနာ ၄၃ ယောက်။ အဲဒီ ၄၅ ယောက်လုံးရဲ့ အဖြေက Negative ပါပဲ။ ဒါပေမယ့် ကျမတို့က Negative ဖြစ်တာနဲ့ ဆေးရုံတန်းပေးဆင်းတာ မဟုတ်ဘဲနဲ့ ဆေးရုံမှာတင် ၄၈နာရီပေါ့၊ နှစ်ရက်ဆက်စောင့်ကြည့်တဲ့ အတွက်ကြောင့်မို့လို့ ၃ ယောက်ကတော့ ဝေဘာဂီဆေးရုံမှာ မဆင်းရသေဘူးပေါ့နော်၊ ရှိနေပါသေးတယ်။”

မြန်မာနိုင်ငံမှာ ခုချိန်ထိ COVID- 19 ဓာတ်ခွဲအတည်ပြု လူနာ မရှိသေးပေမဲ့ ရောဂါစောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းတွေကို တိုးမြှင့်ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြည်သူတွေအနေနဲ့ လူစုလူဝေးနဲ့ ပွဲလမ်းသဘင်တွေကို ရှောင်ကြဉ်ကြဖို့အပါအဝင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ရောဂါကာကွယ်ရေး ကျန်းမာရေးအသိပညာပေး နှိုးဆော်ချက်တွေကို လိုက်နာဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။

လက်ကို ဆပ်ပြာနဲ့ စနစ်တကျ မကြာခဏဆေးပေးဖို့၊ ချောင်းဆိုး နှာချေရင် ပါးစပ်အုပ်ဖို့၊ တကိုယ်ရေသန့်ရှင်းရေးကို အလေးထားပြီး၊ အာဟာရပြည့်ဝအောင် စားသောက်နေထိုင်ဖို့နဲ့ နေမကောင်းဖြစ်နေသူတွေနဲ့ အနီးကပ်နေထိုင်တာ ရှောင်ကြဉ်ဖို့ကို နှိုးဆော်ထားပါတယ်။

တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ်၊ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ COVID- 19 ကိုရိုနာရောဂါပိုးဟာ အခြားနိုင်ငံပေါင်း ၆၇နိုင်ငံကို ကူးစက်ခဲ့ပြီး ဒီကနေ့ မတ်လ ၂ရက် နေ့လည်ခင်းစာရင်းအရ လူပေါင်း ၈၉,၂၁၉ ကူးစက်ခံနေရတာပါ။ ဒါဟာ ကမ္ဘာလှည့်အပျော်စီး သင်္ဘော Diamond Princess ပေါ်က ကူးစက်ခံရသူ ၇၀၅ ယောက်နဲ့ သေဆုံးသူ ၇ ဦးရဲ့ စာရင်းကိုပါ ထည့်တွက်ထားတာဖြစ်ပြီး သေဆုံးသူကတော့ စုစုပေါင်း ၃,၀၅၈ အထိရှိနေပြီး တရုတ်နိုင်ငံမှာ အများဆုံးဖြစ်ပါတယ်။

စုစု/VOA (Burmese)
https://burmese.voanews.com
Silver Cruise အေပ်ာ္စီးသေဘၤာ ျမန္မာကမ္းကပ္ခြင့္မေပး Silver Cruise အေပ်ာ္စီးသေဘၤာ ျမန္မာကမ္းကပ္ခြင့္မေပး Reviewed by THITHTOOLWIN on 19:55 Rating: 5
Powered by Blogger.