တပ္နဲ႔ပတ္သက္တဲ့ NLD ရဲ႕ အေျခခံဥပေဒ ျပင္ဆင္ေရး ႀကိဳးပမ္းခ်က္ ဆက္လက္အေရးနိမ့္

(Zawgyi)⤵⤵⤵
ႏိုင္ငံတြင္းမွာရွိတဲ့ လက္နက္ကိုင္အဖြဲ႕အစည္းအားလုံးဟာ တပ္မေတာ္ကြပ္ကဲမႈေအာက္မွာပဲရွိရမယ္လို႔ ျပဌာန္း ထားတဲ့ ဖြဲ႕စည္းပုံပါပုဒ္မကို ပယ္ဖ်က္ဖို႔  NLD ဘက္က တင္ျပထားတဲ့ ျပင္ဆင္ခ်က္ကို ဒီေန႔ လႊတ္ေတာ္မွာ မဲခြဲ ရာမွာ တပ္မေတာ္က ေထာက္ခံမႈမရွိတဲ့အတြက္ ရႈံးနိမ့္သြားပါတယ္။ ဒီေန႔ မဲခြဲတဲ့ ျပင္ဆင္ခ်က္ ပုဒ္မနဲ႔ပုဒ္ခြဲ ၁၄ ခု ထဲက “မသန္မစြမ္းကေန မသန္စြမ္း”ဆိုတဲ့ စကားရပ္ျပင္ဆင္တဲ့ ပုဒ္မတစ္ခုသာ ေထာက္ခံမဲ ၇၅ ရာခိုင္ႏႈန္းေက်ာ္ ရၿပီး ျပင္ဆင္ႏိုင္ခဲ့ပါတယ္။

တပ္မေတာ္နဲ႔ သက္ဆိုင္တဲ့ပုဒ္မေတြျဖစ္တဲ့ ပုဒ္မ  ၃၃၈ နဲ႔ ပုဒ္မ ၃၃၉ တို႔မွာ ႏိုင္ငံအတြင္းမွာရွိတဲ့ လက္နက္ကိုင္ အဖြဲ႕အစည္းအားလုံးဟာ တပ္မေတာ္ရဲ႕ ကြပ္ကဲမႈေအာက္ရွိရမယ္၊ ႏိုင္ငံေတာ္ကို ျပည္တြင္း၊ ျပည္ပအႏၲရာယ္ေတြ က ကာကြယ္ေရးအတြက္ တပ္မေတာ္က ဦးေဆာင္ရမယ္လို႔ ျပဌာန္းထားပါတယ္။

အဲဒီပုဒ္မ ႏွစ္ခုစလုံးကိုေတာ့ NLD ပါတီက ပယ္ဖ်က္ဖို႔ ျပင္ဆင္ခ်က္ကို ဒီေန႔ ျပည္ေထာင္စုလႊတ္ေတာ္မွာ မဲခြဲ ရာမွာ တပ္မေတာ္ဘက္က ေထာက္ခံမႈမရွိတဲ့အတြက္ လိုအပ္တဲ့ မဲ ၇၅ ရာခိုင္ႏႈန္းမေက်ာ္ဘဲ ရႈံးနိမ့္ခဲ့တာျဖစ္ ပါတယ္။

NLD အပါအဝင္ တိုင္းရင္းသားပါတီေတြနဲ႔ တိုင္းရင္းသားအမ်ားစုကေတာ့ လက္နက္အကိုင္အဖြဲ႕အစည္းအားလုံး ဟာ တပ္မေတာ္ရဲ႕ ကြပ္ကဲမႈေအာက္မွာ ရွိရမယ္ဆိုတဲ့အခ်က္ကို  သေဘာမတူၾကပါဘူး။  ဒီေန႔ မဲေပးရာမွာ ပါဝင္တဲ့ ဇိုမီးဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီက ခ်င္းလႊတ္ေတာ္ကိုယ္စားလွယ္  ဦးခမ္ခန႔္ထန္က တပ္မေတာ္ရဲ႕ လက္ေအာက္မွာ တိုင္းရင္းသားလက္နက္ကိုင္ေတြရွိေနမွသာ ျပည္တြင္းၿငိမ္းခ်မ္းေရးရမယ္လို႔ တပ္မေတာ္အေနနဲ႔ ယူဆတာေၾကာင့္  ဒီပုဒ္မကို မျပင္ႏိုင္တာလို႔ သုံးသပ္ပါတယ္။

"တပ္မေတာ္ကေတာ့ လက္နက္ကိုင္အားလုံးကို သူတို႔လက္ေအာက္မွာ သူတို႔ အႀကီးဆုံးျဖစ္မယ္ေပါ့ေလ၊ ဒါေပမဲ့ တိုင္းရင္းသားလက္နက္ကိုင္ေတြကလည္း သူတို႔ ခံယူခ်က္နဲ႔ သူတို႔ေလ ဥပမာ ေတာင္ေပၚမွာ အိမ္ေသးေသး ေလးနဲ႔ ေနရင္လည္း အိမ္ေထာင္ဦးစီးက အိမ္ေထာင္ဦးစီးပဲေလ၊ ရန္ကုန္မွာ တိုက္နဲ႔ကားနဲ႔ေနတဲ့သူကလည္း အိမ္ေထာင္ဦးစီးပဲ၊ ေတာင္ေပၚေဒသမွာရွိတဲ့ တိုင္းရင္းသားေတြပဲျဖစ္ျဖစ္ ဒီမိသားစုအငယ္ေလးပဲျဖစ္ျဖစ္ အိမ္ေထာင္ဦးစီးက အိမ္ေထာင္ဦးစီးပဲ၊ ဒါေတာ့ တိုင္းရင္းသားေတြလည္း လက္ခံမွာ မဟုတ္ဘူး၊ သေဘာက ဒီလက္နက္ကိုင္ေတြ သူတို႔လက္ေအာက္မွာေနမွ ၿငိမ္းခ်မ္းေရးရမယ္လို႔ သူတို႔ယူဆမွာေပါ့ ဒါေပမဲ့ တိုင္းရင္း သားေတြကေတာ့ အဲလိုမဟုတ္ဘူး ဒီ ၂၀၀၈ ဥပေဒကို ဥပေဒနည္းလမ္းအတိုင္း ႏိုင္ငံေရးအရ ေဆြးေႏြးမယ္ ဒါ တက႑ေပါ့၊ တခ်ိဳ႕ကေတာ့ ဒီတိုင္းေဆြးေႏြးလို႔မရဘူး၊ ၂၁ ရာစုညီလာခံလည္းလုပ္တယ္ ဒီမွာလည္း ဥပေဒ ျပင္ဆင္ျခင္းကိစၥကို လုပ္တယ္ အဲဒီဟာနဲ႔မေအာင္ျမင္ဘူးဆိုရင္ နည္းလမ္းတစ္ခုအေနနဲ႔ သူတို႔ဆႏၵအတိုင္း ေပါ့ေလ လက္နက္ကိုင္အဖြဲ႕အစည္းအားလုံးက တည္ၿမဲတာေပါ့"

ႀကံ့ခိုင္ဖြံ႕ၿဖိဳးေရးပါတီက လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာေမာင္သင္း ကေတာ့ ဒီပုဒ္မေတြကို ပယ္ဖ်က္ဖို႔ ေစာေနေသးတယ္လို႔ သူ႔အျမင္ကို  ေျပာပါတယ္။

"အဲဒါႀကီးကေတာ့ေလ၊ လက္ရွိအေျခအေန တိုင္းျပည္ရဲ႕ ဘာေခၚမလဲဆိုလို႔ရွိရင္ ၿငိမ္းခ်မ္းမႈအေျခအေန၊ တရား ဥပေဒစိုးမိုးမႈအေျခအေန၊ ေနာက္ၿပီးေတာ့ ဒီမိုကေရစီေရခ်ိန္ေတြေပါ့။ အဲဒီအေျခအေနအရေတာ့ ဒီဥစၥာက ပယ္ဖ်က္ဖို႔ဆိုတာက ေစာေနေသးတယ္။ ကာကြယ္ေရးဦးစီးခ်ဳပ္ကလည္း အရင္ကလည္း ေျပာခဲ့ၿပီးၿပီေလ၊ ဒီမိုကေရစီေရခ်ိန္နဲ႔ တိုင္းျပည္ရဲ႕ အေျခအေနေပၚမူတည္ၿပီး သူတို႔ဆုတ္ခြာေပးမယ္ဆိုတဲ့အေၾကာင္း အႀကိမ္ ႀကိမ္ေျပာခဲ့ၿပီးၿပီေလ။ အဲဒီရလဒ္ပဲလို႔ အန္ကယ္ကေတာ့ ျမင္တာပဲ"

ရေသ့ေတာင္ မဲဆႏၵနယ္က ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခင္ေစာေဝ ကေတာ့ ဒီမိုကေရစီသက္တမ္း ဆယ္ႏွစ္အတြင္းမွာ ဘာမွေျပာင္းလဲမႈမရွိဘဲ ေနာက္လာမယ့္ သက္တမ္းမွာ  ဖြဲ႕စည္းပုံျပင္မယ္ဆိုရင္ အရင္ဆုံး ေခါင္းေဆာင္ေတြ ယုံၾကည္မႈတည္ေဆာက္ဖို႔က ပိုအေရးႀကီးတယ္လို႔ ျမင္မိေၾကာင္း ေျပာပါတယ္။



"အခုက ဒီမိုကေရစီသက္တမ္း ၁၀ ႏွစ္ရွိသြားပါၿပီ ဆယ္ႏွစ္သက္တမ္းမွာလည္း ဘာမွ ထူးျခားမႈေတြကို မေတြ႕ ခဲ့ရဘူး အခ်ိန္ေတြပဲ ကုန္သြားပါတယ္၊ အဲဒါေၾကာင့္ ေနာင္လာမယ့္ ေနာက္ထပ္ ငါးႏွစ္ ဥပေဒျပဳလႊတ္ေတာ္ ျဖစ္တဲ့အတြက္ ဒီဖြဲ႕စည္းပုံကေတာ့ ျပည္ေထာင္စုကပဲ အၿမဲတမ္းလုပ္သြားရမွာျဖစ္ပါတယ္။ ဘယ္သူပဲ တက္ တက္ပါ၊ ဒီဖြဲ႕စည္းပုံကေတာ့ လုပ္သြားရမယ္၊ ဒီဖြဲ႕စည္းပုံကိုလုပ္ဖို႔အတြက္ ေခါင္းေဆာင္ႀကီးေတြရဲ႕ သဟာ ဇတျဖစ္မႈ တစ္ေယာက္နဲ႔တစ္ေယာက္ ယုံၾကည္မႈတည္ေဆာက္ဖို႔က ပိုၿပီးအေရးႀကီးတယ္လို႔ေျပာခ်င္ပါတယ္"

ဒီေန႔ မဲခြဲဆုံးျဖတ္တဲ့  ပုဒ္မ၊ ပုဒ္မခြဲ ၁၄ ခုမွာ တပ္မေတာ္နဲ႔ဆိုင္တဲ့ ပုဒ္မ ပုဒ္မခြဲ ေလးခုပါရွိၿပီး အဲဒီထဲက ပုဒ္မ ၂၄၄ ပါ "မသန္မစြမ္းျဖစ္သြားေသာ တပ္မေတာ္သား" ဆိုတဲ့ စကားရပ္ကို "မသန္စြမ္းျဖစ္သြားေသာ တပ္မေတာ္သား"  လို႔  ျပင္ဆင္တဲ့ ျပင္ဆင္ခ်က္ကိုေတာ့ NLD ေရာ တပ္မေတာ္သားေတြ အပါအဝင္ အကုန္လုံးက ေထာက္ခံတဲ့ အတြက္ ေထာက္ခံမဲ ၇၅ ရာခိုင္ႏႈန္းေက်ာ္နဲ႔ ျပင္ဆင္ႏိုင္ခဲ့ပါတယ္။

ဒီအထဲမွာ Right to Recall လို႔ ေခၚတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ကို မဲဆႏၵရွင္ေတြက မဲနဲ႔ရာထူးက ဖယ္ရွား ခြင့္ဆိုင္ရာပုဒ္မလည္း ပါဝင္ခဲ့ၿပီး NLD ဘက္က တင္ျပတဲ့ မဲဆႏၵရွင္ရာခိုင္ႏႈန္းနဲ႔ တပ္မေတာ္နဲ႔ ႀကံ့ခိုင္ေရးပါတီက ေထာက္ခံတဲ့ရာခိုင္ႏႈန္း ကြာျခားတဲ့အတြက္ အဆိုရႈံးနိမ့္ခဲ့ပါတယ္။

ဖြဲ႕စည္းပုံအေျခခံဥပေဒကို ျပင္ဆင္တဲ့ ဥပေဒၾကမ္းကို မဲခြဲဆုံးျဖတ္တာ ဒီေန႔ ရွစ္ရက္ေျမာက္ေန႔ျဖစ္ၿပီး ျပည္ေထာင္စုလႊတ္ေတာ္မွာ မဲေပးပိုင္ခြင့္ရွိသူ ကိုယ္စားလွယ္ ၆၅၄ ဦးရွိၿပီး၊ ဒီေန႔ လႊတ္ေတာ္တက္ေရာက္တဲ့ ကိုယ္စားလွယ္က ၆၃၂ ဦးရွိပါတယ္။စုစုေပါင္း ကိုယ္စားလွယ္အေရအတြက္ရဲ႕ ၇၅ ရာခိုင္ႏႈန္းေက်ာ္ျဖစ္တဲ့ ၄၉၁ ဦးက ေထာက္ခံမဲရမွ ဒီပုဒ္မ ပုဒ္မခြဲေတြကို ျပင္ဆင္ႏိုင္မွာျဖစ္ပါတယ္။

မနက္ျဖန္ ၉ ရက္ေျမာက္ေန႔ ေနာက္ဆုံး မဲခြဲမယ့္ပုဒ္မေတြထဲမွာေတာ့ ႏိုင္ငံေတာ္အလံနဲ႔ဆိုင္တဲ့ ပုဒ္မ ၄၃၇(က) လည္းပါဝင္ၿပီး စစ္အစိုးရလက္ထက္ေျပာင္းလဲျပင္ဆင္ခဲ့တဲ့ လက္ရွိ ဝါစိမ္းနီ သုံးေရာင္ခ်ယ္အလံရဲ႕ေနရာမွာ အနီေရာင္ေအာက္ခံမွာ ၾကယ္ျဖဴႀကီးတစ္လုံးကို ၾကယ္ျဖဴငယ္ ၁၄ ခုက ဝန္းရံထားတဲ့ အလံသစ္နဲ႔ အစားထိုး ျပင္ဆင္ဖို႔ NLD ကတင္ျပထားပါတယ္။

ဒါ့အျပင္ ႏိုင္ငံေတာ္ေအးခ်မ္းသာယာေရးနဲ႔ ဖြံ႕ၿဖိဳးေရးေကာင္စီရဲ႕ လုပ္ပိုင္ခြင့္အာဏာကို ဆက္လက္ခြင့္ျပဳထားတဲ့ ပုဒ္မ ၄၄၃၊ ၄၄၄၊ ၄၄၅ အပါအဝင္စုစုေပါင္း ပုဒ္မ ပုဒ္မခြဲ ၁၄ ခုကို မဲခြဲဆုံးျဖတ္ၾကမွာျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
---------------
(Unicode)⤵⤵⤵
တပ်နဲ့ပတ်သက်တဲ့ NLD ရဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး ကြိုးပမ်းချက် ဆက်လက်အရေးနိမ့်


နိုင်ငံတွင်းမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးဟာ တပ်မတော်ကွပ်ကဲမှုအောက်မှာပဲရှိရမယ်လို့ ပြဌာန်း ထားတဲ့ ဖွဲ့စည်းပုံပါပုဒ်မကို ပယ်ဖျက်ဖို့  NLD ဘက်က တင်ပြထားတဲ့ ပြင်ဆင်ချက်ကို ဒီနေ့ လွှတ်တော်မှာ မဲခွဲ ရာမှာ တပ်မတော်က ထောက်ခံမှုမရှိတဲ့အတွက် ရှုံးနိမ့်သွားပါတယ်။ ဒီနေ့ မဲခွဲတဲ့ ပြင်ဆင်ချက် ပုဒ်မနဲ့ပုဒ်ခွဲ ၁၄ ခု ထဲက “မသန်မစွမ်းကနေ မသန်စွမ်း”ဆိုတဲ့ စကားရပ်ပြင်ဆင်တဲ့ ပုဒ်မတစ်ခုသာ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော် ရပြီး ပြင်ဆင်နိုင်ခဲ့ပါတယ်။

တပ်မတော်နဲ့ သက်ဆိုင်တဲ့ပုဒ်မတွေဖြစ်တဲ့ ပုဒ်မ  ၃၃၈ နဲ့ ပုဒ်မ ၃၃၉ တို့မှာ နိုင်ငံအတွင်းမှာရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်းအားလုံးဟာ တပ်မတော်ရဲ့ ကွပ်ကဲမှုအောက်ရှိရမယ်၊ နိုင်ငံတော်ကို ပြည်တွင်း၊ ပြည်ပအန္တရာယ်တွေ က ကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင်ရမယ်လို့ ပြဌာန်းထားပါတယ်။

အဲဒီပုဒ်မ နှစ်ခုစလုံးကိုတော့ NLD ပါတီက ပယ်ဖျက်ဖို့ ပြင်ဆင်ချက်ကို ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲ ရာမှာ တပ်မတော်ဘက်က ထောက်ခံမှုမရှိတဲ့အတွက် လိုအပ်တဲ့ မဲ ၇၅ ရာခိုင်နှုန်းမကျော်ဘဲ ရှုံးနိမ့်ခဲ့တာဖြစ် ပါတယ်။

NLD အပါအဝင် တိုင်းရင်းသားပါတီတွေနဲ့ တိုင်းရင်းသားအများစုကတော့ လက်နက်အကိုင်အဖွဲ့အစည်းအားလုံး ဟာ တပ်မတော်ရဲ့ ကွပ်ကဲမှုအောက်မှာ ရှိရမယ်ဆိုတဲ့အချက်ကို  သဘောမတူကြပါဘူး။  ဒီနေ့ မဲပေးရာမှာ ပါဝင်တဲ့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ချင်းလွှတ်တော်ကိုယ်စားလှယ်  ဦးခမ်ခန့်ထန်က တပ်မတော်ရဲ့ လက်အောက်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေရှိနေမှသာ ပြည်တွင်းငြိမ်းချမ်းရေးရမယ်လို့ တပ်မတော်အနေနဲ့ ယူဆတာကြောင့်  ဒီပုဒ်မကို မပြင်နိုင်တာလို့ သုံးသပ်ပါတယ်။

"တပ်မတော်ကတော့ လက်နက်ကိုင်အားလုံးကို သူတို့လက်အောက်မှာ သူတို့ အကြီးဆုံးဖြစ်မယ်ပေါ့လေ၊ ဒါပေမဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း သူတို့ ခံယူချက်နဲ့ သူတို့လေ ဥပမာ တောင်ပေါ်မှာ အိမ်သေးသေး လေးနဲ့ နေရင်လည်း အိမ်ထောင်ဦးစီးက အိမ်ထောင်ဦးစီးပဲလေ၊ ရန်ကုန်မှာ တိုက်နဲ့ကားနဲ့နေတဲ့သူကလည်း အိမ်ထောင်ဦးစီးပဲ၊ တောင်ပေါ်ဒေသမှာရှိတဲ့ တိုင်းရင်းသားတွေပဲဖြစ်ဖြစ် ဒီမိသားစုအငယ်လေးပဲဖြစ်ဖြစ် အိမ်ထောင်ဦးစီးက အိမ်ထောင်ဦးစီးပဲ၊ ဒါတော့ တိုင်းရင်းသားတွေလည်း လက်ခံမှာ မဟုတ်ဘူး၊ သဘောက ဒီလက်နက်ကိုင်တွေ သူတို့လက်အောက်မှာနေမှ ငြိမ်းချမ်းရေးရမယ်လို့ သူတို့ယူဆမှာပေါ့ ဒါပေမဲ့ တိုင်းရင်း သားတွေကတော့ အဲလိုမဟုတ်ဘူး ဒီ ၂၀၀၈ ဥပဒေကို ဥပဒေနည်းလမ်းအတိုင်း နိုင်ငံရေးအရ ဆွေးနွေးမယ် ဒါ တကဏ္ဍပေါ့၊ တချို့ကတော့ ဒီတိုင်းဆွေးနွေးလို့မရဘူး၊ ၂၁ ရာစုညီလာခံလည်းလုပ်တယ် ဒီမှာလည်း ဥပဒေ ပြင်ဆင်ခြင်းကိစ္စကို လုပ်တယ် အဲဒီဟာနဲ့မအောင်မြင်ဘူးဆိုရင် နည်းလမ်းတစ်ခုအနေနဲ့ သူတို့ဆန္ဒအတိုင်း ပေါ့လေ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးက တည်မြဲတာပေါ့"

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်း ကတော့ ဒီပုဒ်မတွေကို ပယ်ဖျက်ဖို့ စောနေသေးတယ်လို့ သူ့အမြင်ကို  ပြောပါတယ်။

"အဲဒါကြီးကတော့လေ၊ လက်ရှိအခြေအနေ တိုင်းပြည်ရဲ့ ဘာခေါ်မလဲဆိုလို့ရှိရင် ငြိမ်းချမ်းမှုအခြေအနေ၊ တရား ဥပဒေစိုးမိုးမှုအခြေအနေ၊ နောက်ပြီးတော့ ဒီမိုကရေစီရေချိန်တွေပေါ့။ အဲဒီအခြေအနေအရတော့ ဒီဥစ္စာက ပယ်ဖျက်ဖို့ဆိုတာက စောနေသေးတယ်။ ကာကွယ်ရေးဦးစီးချုပ်ကလည်း အရင်ကလည်း ပြောခဲ့ပြီးပြီလေ၊ ဒီမိုကရေစီရေချိန်နဲ့ တိုင်းပြည်ရဲ့ အခြေအနေပေါ်မူတည်ပြီး သူတို့ဆုတ်ခွာပေးမယ်ဆိုတဲ့အကြောင်း အကြိမ် ကြိမ်ပြောခဲ့ပြီးပြီလေ။ အဲဒီရလဒ်ပဲလို့ အန်ကယ်ကတော့ မြင်တာပဲ"

ရသေ့တောင် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ ကတော့ ဒီမိုကရေစီသက်တမ်း ဆယ်နှစ်အတွင်းမှာ ဘာမှပြောင်းလဲမှုမရှိဘဲ နောက်လာမယ့် သက်တမ်းမှာ  ဖွဲ့စည်းပုံပြင်မယ်ဆိုရင် အရင်ဆုံး ခေါင်းဆောင်တွေ ယုံကြည်မှုတည်ဆောက်ဖို့က ပိုအရေးကြီးတယ်လို့ မြင်မိကြောင်း ပြောပါတယ်။



"အခုက ဒီမိုကရေစီသက်တမ်း ၁၀ နှစ်ရှိသွားပါပြီ ဆယ်နှစ်သက်တမ်းမှာလည်း ဘာမှ ထူးခြားမှုတွေကို မတွေ့ ခဲ့ရဘူး အချိန်တွေပဲ ကုန်သွားပါတယ်၊ အဲဒါကြောင့် နောင်လာမယ့် နောက်ထပ် ငါးနှစ် ဥပဒေပြုလွှတ်တော် ဖြစ်တဲ့အတွက် ဒီဖွဲ့စည်းပုံကတော့ ပြည်ထောင်စုကပဲ အမြဲတမ်းလုပ်သွားရမှာဖြစ်ပါတယ်။ ဘယ်သူပဲ တက် တက်ပါ၊ ဒီဖွဲ့စည်းပုံကတော့ လုပ်သွားရမယ်၊ ဒီဖွဲ့စည်းပုံကိုလုပ်ဖို့အတွက် ခေါင်းဆောင်ကြီးတွေရဲ့ သဟာ ဇတဖြစ်မှု တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုတည်ဆောက်ဖို့က ပိုပြီးအရေးကြီးတယ်လို့ပြောချင်ပါတယ်"

ဒီနေ့ မဲခွဲဆုံးဖြတ်တဲ့  ပုဒ်မ၊ ပုဒ်မခွဲ ၁၄ ခုမှာ တပ်မတော်နဲ့ဆိုင်တဲ့ ပုဒ်မ ပုဒ်မခွဲ လေးခုပါရှိပြီး အဲဒီထဲက ပုဒ်မ ၂၄၄ ပါ "မသန်မစွမ်းဖြစ်သွားသော တပ်မတော်သား" ဆိုတဲ့ စကားရပ်ကို "မသန်စွမ်းဖြစ်သွားသော တပ်မတော်သား"  လို့  ပြင်ဆင်တဲ့ ပြင်ဆင်ချက်ကိုတော့ NLD ရော တပ်မတော်သားတွေ အပါအဝင် အကုန်လုံးက ထောက်ခံတဲ့ အတွက် ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော်နဲ့ ပြင်ဆင်နိုင်ခဲ့ပါတယ်။

ဒီအထဲမှာ Right to Recall လို့ ခေါ်တဲ့ လွှတ်တော်ကိုယ်စားလှယ်ကို မဲဆန္ဒရှင်တွေက မဲနဲ့ရာထူးက ဖယ်ရှား ခွင့်ဆိုင်ရာပုဒ်မလည်း ပါဝင်ခဲ့ပြီး NLD ဘက်က တင်ပြတဲ့ မဲဆန္ဒရှင်ရာခိုင်နှုန်းနဲ့ တပ်မတော်နဲ့ ကြံ့ခိုင်ရေးပါတီက ထောက်ခံတဲ့ရာခိုင်နှုန်း ကွာခြားတဲ့အတွက် အဆိုရှုံးနိမ့်ခဲ့ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို မဲခွဲဆုံးဖြတ်တာ ဒီနေ့ ရှစ်ရက်မြောက်နေ့ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်မှာ မဲပေးပိုင်ခွင့်ရှိသူ ကိုယ်စားလှယ် ၆၅၄ ဦးရှိပြီး၊ ဒီနေ့ လွှတ်တော်တက်ရောက်တဲ့ ကိုယ်စားလှယ်က ၆၃၂ ဦးရှိပါတယ်။စုစုပေါင်း ကိုယ်စားလှယ်အရေအတွက်ရဲ့ ၇၅ ရာခိုင်နှုန်းကျော်ဖြစ်တဲ့ ၄၉၁ ဦးက ထောက်ခံမဲရမှ ဒီပုဒ်မ ပုဒ်မခွဲတွေကို ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။

မနက်ဖြန် ၉ ရက်မြောက်နေ့ နောက်ဆုံး မဲခွဲမယ့်ပုဒ်မတွေထဲမှာတော့ နိုင်ငံတော်အလံနဲ့ဆိုင်တဲ့ ပုဒ်မ ၄၃၇(က) လည်းပါဝင်ပြီး စစ်အစိုးရလက်ထက်ပြောင်းလဲပြင်ဆင်ခဲ့တဲ့ လက်ရှိ ဝါစိမ်းနီ သုံးရောင်ချယ်အလံရဲ့နေရာမှာ အနီရောင်အောက်ခံမှာ ကြယ်ဖြူကြီးတစ်လုံးကို ကြယ်ဖြူငယ် ၁၄ ခုက ဝန်းရံထားတဲ့ အလံသစ်နဲ့ အစားထိုး ပြင်ဆင်ဖို့ NLD ကတင်ပြထားပါတယ်။

ဒါ့အပြင် နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီရဲ့ လုပ်ပိုင်ခွင့်အာဏာကို ဆက်လက်ခွင့်ပြုထားတဲ့ ပုဒ်မ ၄၄၃၊ ၄၄၄၊ ၄၄၅ အပါအဝင်စုစုပေါင်း ပုဒ်မ ပုဒ်မခွဲ ၁၄ ခုကို မဲခွဲဆုံးဖြတ်ကြမှာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
တပ္နဲ႔ပတ္သက္တဲ့ NLD ရဲ႕ အေျခခံဥပေဒ ျပင္ဆင္ေရး ႀကိဳးပမ္းခ်က္ ဆက္လက္အေရးနိမ့္ တပ္နဲ႔ပတ္သက္တဲ့ NLD ရဲ႕ အေျခခံဥပေဒ ျပင္ဆင္ေရး ႀကိဳးပမ္းခ်က္ ဆက္လက္အေရးနိမ့္ Reviewed by THITHTOOLWIN on 20:42 Rating: 5
Powered by Blogger.