ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ အီတလီမွာ တေန႔တည္းေသဆုံးမႈ စံခ်ိန္တင္ျမင့္တက္ခဲ့

အီတလီတလႊားကၿမိဳ႕ေတာ္ေတာ္မ်ားမ်ားမွာ ၿမိဳ႕ေတြကိုပိတ္ခ်ထားတာ သီတင္းပတ္ ၂ ပတ္နီးပါးရွိသြားပါၿပီ
(Zawgyi)⤵⤵⤵
အီတလီမွာ တေန႔တာကာလအတြင္း လူေပါင္း ၄၇၅ ဦး ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ဆုံးပါးသြားတဲ့အတြက္ ဒီႏႈန္းဟာ ကမာၻတလႊားမွာ ျဖစ္ခဲ့သမွ်ထဲ စံခ်ိန္တင္ျမင့္တက္တာ ျဖစ္ပါတယ္။

ႏိုင္ငံတလႊား ေရာဂါကူးစက္ခံထားရသူေပါင္း ၃၅၇၁၃ ေယာက္ရွိေနၿပီး အဲဒီထဲက လူေပါင္း ၄၀၀၀ ေက်ာ္ျပန္ၿပီး က်န္းမာလာခဲ့ပါတယ္။

ကမာၻမွာတ႐ုတ္ႏိုင္ငံၿပီးရင္ ကို႐ိုနာဗိုင္းရပ္စ္ပိုး အထိခိုက္ဆုံး ႏိုင္ငံက အီတလီပါ။

ဒီဗိုင္းရပ္စ္ေၾကာင့္ ကမာၻတလႊားက လူေပါင္း ၈၇၅၈ ေယာက္ေသဆုံးခဲ့ရၿပီျဖစ္ၿပီး အမ်ားစုက တ႐ုတ္ႏိုင္ငံမွာ ဆုံးပါးခဲ့တာပါ။

အခုအခ်ိန္မွာ ေရာဂါကူးစက္ခံထားရတယ္လို႔ အတည္ျပဳႏိုင္တဲ့လူနာေပါင္း ၂သိန္းေက်ာ္ရွိလာေနၿပီး ၈၀ ရာခိုင္ႏႈန္းက ဥေရာပတိုက္ နဲ႔ အာရွေဒသအမ်ားစုပါဝင္တဲ့ ပိစိဖိတ္အေနာက္ပိုင္း ရပ္ဝန္းေဒသ တို႔မွာ ရွိေနတာပါ။
Getty Images

ကမာၻတလႊားက ႏိုင္ငံအမ်ားအျပားမွာလည္း လူေတြ လူစုလူေဝးေတြကိုေရွာင္ဖို႔၊ ပြဲလမ္းသဘင္ေတြ မလုပ္ဖို႔ တင္းက်ပ္တာေတြအပါအဝင္ ကန္႔သတ္တာေတြကို အက်ယ္အျပန္႔လုပ္ေနၾကကာ ဗိုင္းရပ္စ္ပိုး မျပန္႔ပြားေရးအတြက္ ႀကိဳးပမ္းေနၾကပါတယ္။

ကမာၻ႔က်န္းမာေရးအဖြဲ႕ အႀကီးအကဲ ေဒါက္တာ တက္ဒ႐ိုစ္ ဂီဘယာရက္စ္ဆို က " ေရာဂါျပန္႔ပြားမႈကို ေလ်ာ့ခ်ဖို႔၊ ထိန္းခ်ဳပ္ဖို႔ဆိုရင္ ႏိုင္ငံေတြအေနနဲ႔ လူေတြကို မစုေဝးေစပဲ သီးျခားခြဲေနေစတာ၊ စမ္းသပ္စစ္ေဆးတာ၊ ကုသေပးတာ၊ ကူးစက္သြားႏိုင္သူေတြဆီကို လိုက္လံစစ္ေဆးတာေတြ လုပ္ဖို႔လိုတယ္" လို႔ သတိေပးေနပါတယ္။

အီတလီမွာ ၿမိဳ႕ေတြကို သီတင္းပတ္ ၂ ပတ္ေလာက္ပိတ္ခ်ထားခဲ့ပါတယ္၊ လူေတြလည္း အိမ္ထဲမွာေနၾကဖို႔ တိုက္တြန္းခဲ့ၾကပါတယ္၊ ဒါေပမဲ့ ဒီလိုလုပ္ေနတဲ့ၾကားက ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးမႈ က ထိုးတက္ လာခဲ့တာပါ။

အေမရိကန္ႏိုင္ငံ ဆီယက္တဲလ္ၿမိဳ႕ က Kaiser Permanente သုေတသနဌာနမွာ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးကို ပထမဆုံးအႀကိမ္အျဖစ္ လူသားနဲ႔ စမ္းသပ္မႈ ဒီသီတင္းပတ္အတြင္းမွာ လုပ္ခဲ့ပါတယ္။

ေဒါက္တာ တက္ဒ႐ိုစ္က ပထမဆုံးေသာ ကာကြယ္ေဆး စမ္းသပ္မႈအတြက္ အေရးႀကီးတဲ့ ေအာင္ျမင္မႈျဖစ္တယ္လို႔ ခ်ီးမြမ္းေျပာၾကားခဲ့ပါတယ္။

BBC Burmese
https://www.bbc.com
---------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီတလီမှာ တနေ့တည်းသေဆုံးမှု စံချိန်တင်မြင့်တက်ခဲ့


Image caption အီတလီတလွှားကမြို့တော်တော်များများမှာ မြို့တွေကိုပိတ်ချထားတာ သီတင်းပတ် ၂ ပတ်နီးပါးရှိသွားပါပြီ

အီတလီမှာ တနေ့တာကာလအတွင်း လူပေါင်း ၄၇၅ ဦး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆုံးပါးသွားတဲ့အတွက် ဒီနှုန်းဟာ ကမ္ဘာတလွှားမှာ ဖြစ်ခဲ့သမျှထဲ စံချိန်တင်မြင့်တက်တာ ဖြစ်ပါတယ်။

နိုင်ငံတလွှား ရောဂါကူးစက်ခံထားရသူပေါင်း ၃၅၇၁၃ ယောက်ရှိနေပြီး အဲဒီထဲက လူပေါင်း ၄၀၀၀ ကျော်ပြန်ပြီး ကျန်းမာလာခဲ့ပါတယ်။

ကမ္ဘာမှာတရုတ်နိုင်ငံပြီးရင် ကိုရိုနာဗိုင်းရပ်စ်ပိုး အထိခိုက်ဆုံး နိုင်ငံက အီတလီပါ။

ဒီဗိုင်းရပ်စ်ကြောင့် ကမ္ဘာတလွှားက လူပေါင်း ၈၇၅၈ ယောက်သေဆုံးခဲ့ရပြီဖြစ်ပြီး အများစုက တရုတ်နိုင်ငံမှာ ဆုံးပါးခဲ့တာပါ။

အခုအချိန်မှာ ရောဂါကူးစက်ခံထားရတယ်လို့ အတည်ပြုနိုင်တဲ့လူနာပေါင်း ၂သိန်းကျော်ရှိလာနေပြီး ၈၀ ရာခိုင်နှုန်းက ဥရောပတိုက် နဲ့ အာရှဒေသအများစုပါဝင်တဲ့ ပိစိဖိတ်အနောက်ပိုင်း ရပ်ဝန်းဒေသ တို့မှာ ရှိနေတာပါ။

ဓာတ်ပုံ မူပိုင် Getty Images

ကမ္ဘာတလွှားက နိုင်ငံအများအပြားမှာလည်း လူတွေ လူစုလူဝေးတွေကိုရှောင်ဖို့၊ ပွဲလမ်းသဘင်တွေ မလုပ်ဖို့ တင်းကျပ်တာတွေအပါအဝင် ကန့်သတ်တာတွေကို အကျယ်အပြန့်လုပ်နေကြကာ ဗိုင်းရပ်စ်ပိုး မပြန့်ပွားရေးအတွက် ကြိုးပမ်းနေကြပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ ဒေါက်တာ တက်ဒရိုစ် ဂီဘယာရက်စ်ဆို က " ရောဂါပြန့်ပွားမှုကို လျော့ချဖို့၊ ထိန်းချုပ်ဖို့ဆိုရင် နိုင်ငံတွေအနေနဲ့ လူတွေကို မစုဝေးစေပဲ သီးခြားခွဲနေစေတာ၊ စမ်းသပ်စစ်ဆေးတာ၊ ကုသပေးတာ၊ ကူးစက်သွားနိုင်သူတွေဆီကို လိုက်လံစစ်ဆေးတာတွေ လုပ်ဖို့လိုတယ်" လို့ သတိပေးနေပါတယ်။

အီတလီမှာ မြို့တွေကို သီတင်းပတ် ၂ ပတ်လောက်ပိတ်ချထားခဲ့ပါတယ်၊ လူတွေလည်း အိမ်ထဲမှာနေကြဖို့ တိုက်တွန်းခဲ့ကြပါတယ်၊ ဒါပေမဲ့ ဒီလိုလုပ်နေတဲ့ကြားက ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှု က ထိုးတက် လာခဲ့တာပါ။

အမေရိကန်နိုင်ငံ ဆီယက်တဲလ်မြို့ က Kaiser Permanente သုတေသနဌာနမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ပထမဆုံးအကြိမ်အဖြစ် လူသားနဲ့ စမ်းသပ်မှု ဒီသီတင်းပတ်အတွင်းမှာ လုပ်ခဲ့ပါတယ်။

ဒေါက်တာ တက်ဒရိုစ်က ပထမဆုံးသော ကာကွယ်ဆေး စမ်းသပ်မှုအတွက် အရေးကြီးတဲ့ အောင်မြင်မှုဖြစ်တယ်လို့ ချီးမွမ်းပြောကြားခဲ့ပါတယ်။

BBC Burmese
https://www.bbc.com
ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ အီတလီမွာ တေန႔တည္းေသဆုံးမႈ စံခ်ိန္တင္ျမင့္တက္ခဲ့ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ အီတလီမွာ တေန႔တည္းေသဆုံးမႈ စံခ်ိန္တင္ျမင့္တက္ခဲ့ Reviewed by THITHTOOLWIN on 20:27 Rating: 5
Powered by Blogger.