ရခိုင္ေျမာက္ပိုင္း ကို႐ိုနာဗိုင္းရပ္စ္သတင္း သိႏိုင္ေရး အင္တာနက္ဖြင့္ေပးဖို႔ ေတာင္းဆို

(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္နဲ႔ပတ္သက္ၿပီး သတင္းအခ်က္အလက္ေတြ သိရွိႏိုင္ဖို႔အတြက္ ရခိုင္နဲ႔ ခ်င္းျပည္နယ္က ကိုးၿမိဳ႕ နယ္မွာ အင္တာနက္ျဖတ္ေတာက္ထားတာကို ျပန္ဖြင့္ေပးပါလို႔ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္စုမ်ား အစည္းအ႐ုံး REC က မတ္လ ၁၈ ရက္ မေန႔က ေၾကညာခ်က္ထုတ္ၿပီး ေတာင္းဆိုလိုက္ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ကို ကမာၻ႔ကပ္ေရာဂါအျဖစ္ ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က မတ္လ ၁၂ ရက္ေန႔က သတ္မွတ္ လိုက္ၿပီး ႏိုင္ငံတိုင္းလိုလို ကူးစက္ပ်ံ႕ႏွံ႔ေနေပမယ့္ ဒါကို စိုးရိမ္ရေကာင္းမွန္း မသိတဲ့သူေတြထဲမွာ သတင္းစီးဆင္းမႈ ကန႔္သတ္ခံထားရတဲ့ ရခိုင္က စစ္ေျပးဒုကၡသည္ အမ်ားအျပားလည္း ပါဝင္ေနပါတယ္။

စစ္ေဘးဒုကၡသည္ေတြမွာ လွ်ပ္စစ္မီးမရွိ၊ ႐ုပ္ျမင္သံၾကား မရွိ ၊ ေရဒီယိုလည္း ေသေသခ်ာခ်ာ နားမေထာင္ႏိုင္တဲ့ အတြက္ ကို႐ိုနာဗိုင္းရပ္စ္နဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြရဖို႔ ခက္ခဲေနသလို ဘယ္လိုကာကြယ္ရမယ္ ဆိုတာလည္း မသိၾကဘူးလို႔ REC အတြင္းေရးမႉး  ဦးေဇာ္ေဇာ္ထြန္း က ေျပာပါတယ္။

"လူတစ္ေယာက္ကူးလိုက္ၿပီဆိုတာနဲ႔ စခန္းမွာရွိတဲ့ ေထာင္နဲ႔ခ်ီတဲ့လူေတြကို တစ္ရက္ ႏွစ္ရက္အတြင္း ကူးစက္ ခံရမယ့္ အေျခအေနမွာရွိတယ္။ ဒါဆို အဲစခန္းေတြသာမကဘဲ ေဒသတစ္ခုလုံးကို ၿခိမ္းေျခာက္ၿပီး အစုလိုက္ အၿပဳံလိုက္ ေသႏိုင္တာမ်ိဳးရွိတယ္။ ဒီလိုအေျခအေနေတြေၾကာင့္ အင္တာနက္ကို ဘယ္လိုအေၾကာင္းျပခ်က္ နဲ႔ျဖစ္ျဖစ္ ျပန္ဖြင့္ေပးဖို႔ ထုတ္ျပန္ျခင္းျဖစ္တယ္။"

တပ္မေတာ္နဲ႔ AA တို႔ တိုက္ပြဲေတြျဖစ္ေနၾကတဲ့  ရခိုင္ျပည္နယ္ေျမာက္ပိုင္း ရွစ္ၿမိဳ႕နယ္နဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္တို႔မွာ အစိုးရက လုံၿခဳံေရးအေၾကာင္းျပခ်က္နဲ႔ အင္တာနက္ ျဖတ္ေတာက္ထားတာ ကိုးလရွိလာပါၿပီ။

ရခိုင္ျပည္နယ္မွာ စစ္ေဘးဒုကၡသည္ တစ္သိန္း သုံးေသာင္းေက်ာ္ရွိေနၿပီး ေရာဂါပိုးရွိလာၿပီဆိုရင္ ဒုကၡသည္ စခန္းေတြဟာ အႏၲရာယ္ရွိလာႏိုင္တယ္လို႔ ရခိုင္ျပည္နယ္လႊတ္ေတာ္ ဥကၠ႒ ဦးစံေက်ာ္လွ က သုံးသပ္ပါတယ္။

"အခုက ပညာေပးတယ္ဆိုတာ ေနရာတကာကိုေရာက္ႏိုင္ဖို႔ဆိုတာ မျဖစ္ႏိုင္ဘူး၊ ေနရာတကာေရာက္ႏိုင္ဖို႔က အင္တာနက္လိုတာကိုး၊ သူတို႔ေတာင္းဆိုတာ ေတာင္းဆိုသင့္ပါတယ္။ မျဖစ္ရင္ ကံေကာင္းတယ္ ျဖစ္ရင္ ေသၿပီ သာမွတ္ သူတို႔မွာ ဘယ္လိုကာကြယ္ရမယ္ဆိုတာမသိဘူး။ ဘယ္သူလာေျပာမလဲ၊ ဘယ္သူမွလည္း လာမေျပာ ရဲဘူး။ ဒုကၡသည္စခန္းဆိုတာ အစုလိုက္ အၿပဳံလိုက္ေနၾကရတာ အဲဒီဒုကၡသည္စခန္းထဲကို ဒီေရာဂါပိုးေရာက္ သြားရင္ ဘယ္လိုလုပ္ၾကမလဲ။"

အင္တာနက္ျဖတ္ေတာက္ထားတာေၾကာင့္ သတင္းအခ်က္အလက္ေတြ မရႏိုင္တဲ့  ျပႆနာအျပင္  ျပည္ပမွာ အလုပ္လုပ္ေနတဲ့သူေတြ မိသားစုဝင္ေတြနဲ႔ အဆက္အသြယ္ေတြပါ ျပတ္ေတာက္ကုန္တယ္လို႔ဆိုပါတယ္။

အင္တာနက္ျပန္ဖြင့္ေပးဖို႔ ေတာင္းဆိုေနၾကေပမယ့္ ဘာမွအေၾကာင္းထူးလာတာမ်ိဳးမရွိဘူးလို႔ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြက ေျပာပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး ရခိုင္ျပည္နယ္အစိုးရေျပာေရးဆိုခြင့္ရွိသူ စည္ပင္ဝန္ႀကီး ဦးဝင္းျမင့္ ပို႔ေဆာင္ေရးနဲ႔ ဆက္သြယ္ေရးဝန္ႀကီးဌာနက တာဝန္ရွိသူေတြထံ ဆက္သြယ္ေမးျမန္းခဲ့ေပမယ့္ ျပန္လည္ေျဖၾကားတာမရွိပါဘူး။

ကို႐ိုနာဗိုင္းရပ္စ္ဟာ ႏိုင္ငံနဲ႔ ေဒသေပါင္း ၁၅၈ ႏိုင္ငံမွာ ကူးစက္ျဖစ္ပြားေနတာပါ။ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ဒီေန႔ မနက္ ၁၀ နာရီအထိ လူ ၈၈၁၀ ေသဆုံးခဲ့တယ္လို႔ အေမရိကန္ ျပည္ေထာင္စု Johns Hopkins တကၠသိုလ္ရဲ႕ ေလ့လာခ်က္မွာ ေဖၚျပထားပါတယ္။

ျမန္မာႏိုင္ငံမွာေတာ့ မတ္ ၁၈ ရက္ေန႔အထိ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္စာရင္းေတြအရ  သံသယနဲ႔ ေစာင့္ၾကည့္လူနာ ရန္ကုန္ၿမိဳ႕မွာ ၆၄ ဦး၊ ရွမ္းျပည္နယ္မွာ ၂၅ ဦး၊ မႏၲေလးမွာ ၃၁ ဦးနဲ႔  တျခားျပည္နယ္တိုင္းေတြ မွာ ၃၇ ဦး စုစုေပါင္း ၁၅၇ ေယာက္ရွိပါတယ္။ ဒါေပမဲ့ ကူးစက္ခံရတယ္ဆိုၿပီး အတည္ျပဳႏိုင္တဲ့လူနာတစ္ေယာက္မွ မရွိေသးဘူးလို႔ ထုတ္ျပန္ခ်က္က ဆိုပါတယ္။

ေစာင့္ၾကည့္လူနာေတြထဲက တခ်ိဳ႕ ေသဆုံးသြားၾကတာဟာ တျခားေရာဂါေတြေၾကာင့္ျဖစ္တယ္လို႔လည္း က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

ကူးစက္မခံရေအာင္ လူစုလူေဝးကို ေရွာင္ဖို႔၊ လက္ကို မၾကာခဏ ေဆးေၾကာသန႔္စင္ဖို႔ က်န္းမာေရးဌာန တာဝန္ရွိသူေတြက တိုက္တြန္းထားပါတယ္။

RFA Burmese
https://www.rfa.org
---------------
(Unicode)⤵⤵⤵
ရခိုင်မြောက်ပိုင်း ကိုရိုနာဗိုင်းရပ်စ်သတင်း သိနိုင်ရေး အင်တာနက်ဖွင့်ပေးဖို့ တောင်းဆို

ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး သတင်းအချက်အလက်တွေ သိရှိနိုင်ဖို့အတွက် ရခိုင်နဲ့ ချင်းပြည်နယ်က ကိုးမြို့ နယ်မှာ အင်တာနက်ဖြတ်တောက်ထားတာကို ပြန်ဖွင့်ပေးပါလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံး REC က မတ်လ ၁၈ ရက် မနေ့က ကြေညာချက်ထုတ်ပြီး တောင်းဆိုလိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မတ်လ ၁၂ ရက်နေ့က သတ်မှတ် လိုက်ပြီး နိုင်ငံတိုင်းလိုလို ကူးစက်ပျံ့နှံ့နေပေမယ့် ဒါကို စိုးရိမ်ရကောင်းမှန်း မသိတဲ့သူတွေထဲမှာ သတင်းစီးဆင်းမှု ကန့်သတ်ခံထားရတဲ့ ရခိုင်က စစ်ပြေးဒုက္ခသည် အများအပြားလည်း ပါဝင်နေပါတယ်။

စစ်ဘေးဒုက္ခသည်တွေမှာ လျှပ်စစ်မီးမရှိ၊ ရုပ်မြင်သံကြား မရှိ ၊ ရေဒီယိုလည်း သေသေချာချာ နားမထောင်နိုင်တဲ့ အတွက် ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေရဖို့ ခက်ခဲနေသလို ဘယ်လိုကာကွယ်ရမယ် ဆိုတာလည်း မသိကြဘူးလို့ REC အတွင်းရေးမှူး  ဦးဇော်ဇော်ထွန်း က ပြောပါတယ်။

"လူတစ်ယောက်ကူးလိုက်ပြီဆိုတာနဲ့ စခန်းမှာရှိတဲ့ ထောင်နဲ့ချီတဲ့လူတွေကို တစ်ရက် နှစ်ရက်အတွင်း ကူးစက် ခံရမယ့် အခြေအနေမှာရှိတယ်။ ဒါဆို အဲစခန်းတွေသာမကဘဲ ဒေသတစ်ခုလုံးကို ခြိမ်းခြောက်ပြီး အစုလိုက် အပြုံလိုက် သေနိုင်တာမျိုးရှိတယ်။ ဒီလိုအခြေအနေတွေကြောင့် အင်တာနက်ကို ဘယ်လိုအကြောင်းပြချက် နဲ့ဖြစ်ဖြစ် ပြန်ဖွင့်ပေးဖို့ ထုတ်ပြန်ခြင်းဖြစ်တယ်။"

တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေဖြစ်နေကြတဲ့  ရခိုင်ပြည်နယ်မြောက်ပိုင်း ရှစ်မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ အစိုးရက လုံခြုံရေးအကြောင်းပြချက်နဲ့ အင်တာနက် ဖြတ်တောက်ထားတာ ကိုးလရှိလာပါပြီ။

ရခိုင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည် တစ်သိန်း သုံးသောင်းကျော်ရှိနေပြီး ရောဂါပိုးရှိလာပြီဆိုရင် ဒုက္ခသည် စခန်းတွေဟာ အန္တရာယ်ရှိလာနိုင်တယ်လို့ ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှ က သုံးသပ်ပါတယ်။

"အခုက ပညာပေးတယ်ဆိုတာ နေရာတကာကိုရောက်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ နေရာတကာရောက်နိုင်ဖို့က အင်တာနက်လိုတာကိုး၊ သူတို့တောင်းဆိုတာ တောင်းဆိုသင့်ပါတယ်။ မဖြစ်ရင် ကံကောင်းတယ် ဖြစ်ရင် သေပြီ သာမှတ် သူတို့မှာ ဘယ်လိုကာကွယ်ရမယ်ဆိုတာမသိဘူး။ ဘယ်သူလာပြောမလဲ၊ ဘယ်သူမှလည်း လာမပြော ရဲဘူး။ ဒုက္ခသည်စခန်းဆိုတာ အစုလိုက် အပြုံလိုက်နေကြရတာ အဲဒီဒုက္ခသည်စခန်းထဲကို ဒီရောဂါပိုးရောက် သွားရင် ဘယ်လိုလုပ်ကြမလဲ။"

အင်တာနက်ဖြတ်တောက်ထားတာကြောင့် သတင်းအချက်အလက်တွေ မရနိုင်တဲ့  ပြဿနာအပြင်  ပြည်ပမှာ အလုပ်လုပ်နေတဲ့သူတွေ မိသားစုဝင်တွေနဲ့ အဆက်အသွယ်တွေပါ ပြတ်တောက်ကုန်တယ်လို့ဆိုပါတယ်။

အင်တာနက်ပြန်ဖွင့်ပေးဖို့ တောင်းဆိုနေကြပေမယ့် ဘာမှအကြောင်းထူးလာတာမျိုးမရှိဘူးလို့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးဝင်းမြင့် ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေထံ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားတာမရှိပါဘူး။

ကိုရိုနာဗိုင်းရပ်စ်ဟာ နိုင်ငံနဲ့ ဒေသပေါင်း ၁၅၈ နိုင်ငံမှာ ကူးစက်ဖြစ်ပွားနေတာပါ။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒီနေ့ မနက် ၁၀ နာရီအထိ လူ ၈၈၁၀ သေဆုံးခဲ့တယ်လို့ အမေရိကန် ပြည်ထောင်စု Johns Hopkins တက္ကသိုလ်ရဲ့ လေ့လာချက်မှာ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံမှာတော့ မတ် ၁၈ ရက်နေ့အထိ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်စာရင်းတွေအရ  သံသယနဲ့ စောင့်ကြည့်လူနာ ရန်ကုန်မြို့မှာ ၆၄ ဦး၊ ရှမ်းပြည်နယ်မှာ ၂၅ ဦး၊ မန္တလေးမှာ ၃၁ ဦးနဲ့  တခြားပြည်နယ်တိုင်းတွေ မှာ ၃၇ ဦး စုစုပေါင်း ၁၅၇ ယောက်ရှိပါတယ်။ ဒါပေမဲ့ ကူးစက်ခံရတယ်ဆိုပြီး အတည်ပြုနိုင်တဲ့လူနာတစ်ယောက်မှ မရှိသေးဘူးလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

စောင့်ကြည့်လူနာတွေထဲက တချို့ သေဆုံးသွားကြတာဟာ တခြားရောဂါတွေကြောင့်ဖြစ်တယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကူးစက်မခံရအောင် လူစုလူဝေးကို ရှောင်ဖို့၊ လက်ကို မကြာခဏ ဆေးကြောသန့်စင်ဖို့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက တိုက်တွန်းထားပါတယ်။

RFA Burmese
https://www.rfa.org
ရခိုင္ေျမာက္ပိုင္း ကို႐ိုနာဗိုင္းရပ္စ္သတင္း သိႏိုင္ေရး အင္တာနက္ဖြင့္ေပးဖို႔ ေတာင္းဆို ရခိုင္ေျမာက္ပိုင္း ကို႐ိုနာဗိုင္းရပ္စ္သတင္း သိႏိုင္ေရး အင္တာနက္ဖြင့္ေပးဖို႔ ေတာင္းဆို Reviewed by THITHTOOLWIN on 20:44 Rating: 5
Powered by Blogger.