Emirates ေလေၾကာင္းလိုင္း ရပ္နားမယ့္ အစီအစဥ္ ေရႊ႕ဆိုင္း

ခ်ီကာဂိုေလဆိပ္တြင္ ရပ္နားထားသည့္ Emirates ေလေၾကာင္းလုိင္း ေလယာဥ္တစီး။ (ဇူလုိင္ ၁၉၊ ၂၀၁၆)

(Zawgyi / Unicode)

ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္မႈ အႏၱရာယ္ေၾကာင့္ အာရပ္ေစာ္ဘြားမ်ားႏိုင္ငံ (UAE) ပုိင္ Emirates ေလေၾကာင္းလိုင္း ေျပးဆြဲမႈေတြကို မတ္လ ၂၅ ရက္ေန႔ကစလို႔ ရပ္ဆိုင္းသြားဖို႔ အရင္က စဥ္းစားထားေပမယ့္ အဲဒီဆုံးျဖတ္ခ်က္ကို ေနာက္ျပန္ဆုတ္ဖို႔ Emirates ေလေၾကာင္းလိုင္းက တနဂၤေႏြေန႔မွာ ဆုံးျဖတ္ ေၾကညာလုိက္ပါတယ္။

အခုလိုဆုံးျဖတ္တာဟာ ေနရပ္ျပန္မယ့္ ခရီးသည္ေတြကို အကူအညီေပးဖို႔ဆိုတဲ့ UAE အစိုးရနဲ႔ ခရီးသည္ေတြရဲ႕ ေမတၱာရပ္ခံခ်က္ေၾကာင့္ ျဖစ္တယ္လို႔ ဆိုပါတယ္။

ဒါေပမယ့္ Emirates ေလယာဥ္လိုင္းဟာ အၿမဲတမ္း ေျပးဆြဲေပးေနက် ေလဆိပ္ ၁၅၉ ခုစလုံးကို ေျပးဆြဲႏိုင္မွာမဟုတ္ဘဲ ေလဆိပ္ ၁၃ ခုကိုသာ ခရီးသည္ေလယာဥ္ေတြ ေျပးဆြဲေပးမွာ ျဖစ္တယ္လို႔ ဆုိပါတယ္။

မတ္လ ၂၅ ရက္မွာ Emirates လိုင္းရဲ႕ ခရီးသည္တင္ ေလယာဥ္ခရီးစဥ္ အားလုံးကို ယာယီရပ္ဆိုင္းေတာ့မယ္လုိ႔ ေၾကညာခဲ့ၿပီး နာရီပိုင္းအတြင္းမွာပဲ အခုလို ျပင္ဆင္ဆုံးျဖတ္လိုက္တာ ျဖစ္ပါတယ္။

---------------------------------

(Unicode)

Emirates လေကြောင်းလိုင်း ရပ်နားမယ့် အစီအစဉ် ရွှေ့ဆိုင်း

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အန္တရာယ်ကြောင့် အာရပ်စော်ဘွားများနိုင်ငံ (UAE) ပိုင် Emirates လေကြောင်းလိုင်း ပြေးဆွဲမှုတွေကို မတ်လ ၂၅ ရက်နေ့ကစလို့ ရပ်ဆိုင်းသွားဖို့ အရင်က စဉ်းစားထားပေမယ့် အဲဒီဆုံးဖြတ်ချက်ကို နောက်ပြန်ဆုတ်ဖို့ Emirates လေကြောင်းလိုင်းက တနင်္ဂနွေနေ့မှာ ဆုံးဖြတ် ကြေညာလိုက်ပါတယ်။

အခုလိုဆုံးဖြတ်တာဟာ နေရပ်ပြန်မယ့် ခရီးသည်တွေကို အကူအညီပေးဖို့ဆိုတဲ့ UAE အစိုးရနဲ့ ခရီးသည်တွေရဲ့ မေတ္တာရပ်ခံချက်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။


ဒါပေမယ့် Emirates လေယာဉ်လိုင်းဟာ အမြဲတမ်း ပြေးဆွဲပေးနေကျ လေဆိပ် ၁၅၉ ခုစလုံးကို ပြေးဆွဲနိုင်မှာမဟုတ်ဘဲ လေဆိပ် ၁၃ ခုကိုသာ ခရီးသည်လေယာဉ်တွေ ပြေးဆွဲပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မတ်လ ၂၅ ရက်မှာ Emirates လိုင်းရဲ့ ခရီးသည်တင် လေယာဉ်ခရီးစဉ် အားလုံးကို ယာယီရပ်ဆိုင်းတော့မယ်လို့ ကြေညာခဲ့ပြီး နာရီပိုင်းအတွင်းမှာပဲ အခုလို ပြင်ဆင်ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

VOA (Burmese)
https://burmese.voanews.com
Emirates ေလေၾကာင္းလိုင္း ရပ္နားမယ့္ အစီအစဥ္ ေရႊ႕ဆိုင္း Emirates ေလေၾကာင္းလိုင္း ရပ္နားမယ့္ အစီအစဥ္ ေရႊ႕ဆိုင္း Reviewed by THITHTOOLWIN on 01:30 Rating: 5
Powered by Blogger.