ေပၚတူဂီႏိုင္ငံ၌ COVID-19 ေရာဂါဆိုင္ရာ စည္းမ်ဥ္းစည္းကမ္းမလိုက္နာသူ ၇ ဦး အဖမ္းခံရ

ေပၚတူဂီႏိုင္ငံ လစၥဘြန္းၿမိဳ႕တြင္ ႏွာေခါင္းစည္းတပ္၍ သြားလာေနသူတစ္ဦးအားေတြ႕ရစဥ္(ဆင္ဟြာ)
(Zawgyi)⤵⤵⤵
    ေပၚတို ၊ မတ္ ၂၃ ရက္(ဆင္ဟြာ)

    COVID-19 ကူးစက္မႈျဖစ္ပြားေနျခင္းေၾကာင့္ ႏိုင္ငံေတာ္အေရးေပၚအေျခအေနေၾကညာထားရသည့္ ေပၚတူဂီႏိုင္ငံ၌ ေရာဂါကာကြယ္ေရး စည္းမ်ဥ္းစည္းကမ္း မလိုက္နာသည့္ျပစ္မႈအတြက္ လူ ၇ ဦးအား ေပၚတူဂီလုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးအေရးယူလိုက္ေၾကာင္း ေပၚတူဂီအစိုးရအဖြဲ႕ဝန္ႀကီးတစ္ဦးက မတ္ ၂၂ ရက္တြင္ ေျပာၾကားလိုက္သည္။

အဖမ္းခံရသူမ်ားအနက္ တစ္ဦးမွာ “ တာဝန္အရ မျဖစ္မေန သူေနထိုင္ရမယ့္ ေနရာမွာမေနတဲ့ ျပစ္မႈက်ဴးလြန္ခဲ့တဲ့ COVID-19 လူနာ တစ္ေယာက္ေပါ့ ၊ သူ႔အတြက္ ကန႔္သတ္ထားတဲ့ေနရာမွာ ေနထိုင္ဖို႔ ပ်က္ကြက္မႈနဲ႔ အေရးယူခံရတာပါ” ဟု ေပၚတူဂီႏိုင္ငံ ျပည္တြင္းစီမံခန႔္ခြဲေရးဝန္ႀကီးဌာန ဝန္ႀကီး Eduardo Cabrita က သတင္းစာရွင္းလင္းပြဲတစ္ခုတြင္ေျပာၾကားခဲ့သည္။

အဆိုပါ လူနာအား ေပၚတူဂီႏိုင္ငံ၏ ဒုတိယအႀကီးဆုံးၿမိဳ႕ျဖစ္ေသာ ေပၚတိုၿမိဳ႕ေပၚရွိ လမ္းမထက္တြင္ ဖမ္းဆီးလိုက္ျခင္းျဖစ္ေၾကာင္း ၊ ၎သည္ အမွန္စင္စစ္ ေနအိမ္တြင္ ေစာင့္ၾကပ္ၾကည့္ရႈမႈလူနာအျဖစ္ ေနထိုင္ရမည့္သူျဖစ္ေၾကာင္း ဝန္ႀကီးက ရွင္းလင္းေျပာၾကားခဲ့သည္။အျခားလူ ၆ ဦးမွာ “ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြရဲ႕ ၫႊန္ၾကားခ်က္ကို မလိုက္နာမႈနဲ႔ အဖမ္းခံရတာျဖစ္ပါတယ္ ” ဟု ၎က ျဖည့္စြက္ေျပာၾကားခဲ့သည္။ႏိုင္ငံေတာ္အေရးေပၚအေျခအေနၾကညာခ်က္အား လိုက္နာရန္ ပ်က္ကြက္သူမ်ားအေနျဖင့္ အနည္းဆုံးေထာင္ဒဏ္ ၁ ႏွစ္ ျပစ္ဒဏ္ သို႔မဟုတ္ ရက္ေပါင္း ၁၂၀ ထိ ေပးေဆာင္ရမည့္ တစ္ရက္ဝင္ေငြ ျပစ္ဒဏ္ က်ခံရမည္ျဖစ္ေၾကာင္း ေပၚတူဂီဥပေဒအရ သိရသည္။ တစ္ရက္တာဝင္ေငြျပစ္ဒဏ္သည္ ျပစ္မႈက်ဴးလြန္သူ၏ တစ္ရက္ဝင္ေငြပမာဏေပၚမူတည္၍ ထြက္ခ်က္ေပးေဆာင္ရျခင္းျဖစ္ေၾကာင္း သိရသည္။ေပၚတူဂီႏိုင္ငံသမၼတ Marcelo Rebelo က COVID-19 ကူးစက္ပ်ံ႕ႏွံ႔မႈအားထိန္းခ်ဳပ္ရန္အတြက္ မတ္ ၁၈ ရက္တြင္ ႏိုင္ငံေတာ္အေရးေပၚအေျခအေနေၾကညာခဲ့သည္။ လက္ရွိတြင္ေပၚတူဂီႏိုင္ငံ၌ COVID-19 ေရာဂါကူးစက္ခံထားရသူ ၁,၆၀၀ ရွိၿပီး ၁၄ ဦးေသဆုံးခဲ့ေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
------------
(Unicode)⤵⤵⤵
ပေါ်တူဂီနိုင်ငံ၌ COVID-19 ရောဂါဆိုင်ရာ စည်းမျဉ်းစည်းကမ်းမလိုက်နာသူ ၇ ဦး အဖမ်းခံရ

ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့တွင် နှာခေါင်းစည်းတပ်၍ သွားလာနေသူတစ်ဦးအားတွေ့ရစဉ်(ဆင်ဟွာ)

    ပေါ်တို ၊ မတ် ၂၃ ရက်(ဆင်ဟွာ)

    COVID-19 ကူးစက်မှုဖြစ်ပွားနေခြင်းကြောင့် နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာထားရသည့် ပေါ်တူဂီနိုင်ငံ၌ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်း မလိုက်နာသည့်ပြစ်မှုအတွက် လူ ၇ ဦးအား ပေါ်တူဂီလုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးအရေးယူလိုက်ကြောင်း ပေါ်တူဂီအစိုးရအဖွဲ့ဝန်ကြီးတစ်ဦးက မတ် ၂၂ ရက်တွင် ပြောကြားလိုက်သည်။

အဖမ်းခံရသူများအနက် တစ်ဦးမှာ “ တာဝန်အရ မဖြစ်မနေ သူနေထိုင်ရမယ့် နေရာမှာမနေတဲ့ ပြစ်မှုကျူးလွန်ခဲ့တဲ့ COVID-19 လူနာ တစ်ယောက်ပေါ့ ၊ သူ့အတွက် ကန့်သတ်ထားတဲ့နေရာမှာ နေထိုင်ဖို့ ပျက်ကွက်မှုနဲ့ အရေးယူခံရတာပါ” ဟု ပေါ်တူဂီနိုင်ငံ ပြည်တွင်းစီမံခန့်ခွဲရေးဝန်ကြီးဌာန ဝန်ကြီး Eduardo Cabrita က သတင်းစာရှင်းလင်းပွဲတစ်ခုတွင်ပြောကြားခဲ့သည်။

အဆိုပါ လူနာအား ပေါ်တူဂီနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော ပေါ်တိုမြို့ပေါ်ရှိ လမ်းမထက်တွင် ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း ၊ ၎င်းသည် အမှန်စင်စစ် နေအိမ်တွင် စောင့်ကြပ်ကြည့်ရှုမှုလူနာအဖြစ် နေထိုင်ရမည့်သူဖြစ်ကြောင်း ဝန်ကြီးက ရှင်းလင်းပြောကြားခဲ့သည်။အခြားလူ ၆ ဦးမှာ “ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ညွှန်ကြားချက်ကို မလိုက်နာမှုနဲ့ အဖမ်းခံရတာဖြစ်ပါတယ် ” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။နိုင်ငံတော်အရေးပေါ်အခြေအနေကြညာချက်အား လိုက်နာရန် ပျက်ကွက်သူများအနေဖြင့် အနည်းဆုံးထောင်ဒဏ် ၁ နှစ် ပြစ်ဒဏ် သို့မဟုတ် ရက်ပေါင်း ၁၂၀ ထိ ပေးဆောင်ရမည့် တစ်ရက်ဝင်ငွေ ပြစ်ဒဏ် ကျခံရမည်ဖြစ်ကြောင်း ပေါ်တူဂီဥပဒေအရ သိရသည်။ တစ်ရက်တာဝင်ငွေပြစ်ဒဏ်သည် ပြစ်မှုကျူးလွန်သူ၏ တစ်ရက်ဝင်ငွေပမာဏပေါ်မူတည်၍ ထွက်ချက်ပေးဆောင်ရခြင်းဖြစ်ကြောင်း သိရသည်။ပေါ်တူဂီနိုင်ငံသမ္မတ Marcelo Rebelo က COVID-19 ကူးစက်ပျံ့နှံ့မှုအားထိန်းချုပ်ရန်အတွက် မတ် ၁၈ ရက်တွင် နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာခဲ့သည်။ လက်ရှိတွင်ပေါ်တူဂီနိုင်ငံ၌ COVID-19 ရောဂါကူးစက်ခံထားရသူ ၁,၆၀၀ ရှိပြီး ၁၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ေပၚတူဂီႏိုင္ငံ၌ COVID-19 ေရာဂါဆိုင္ရာ စည္းမ်ဥ္းစည္းကမ္းမလိုက္နာသူ ၇ ဦး အဖမ္းခံရ ေပၚတူဂီႏိုင္ငံ၌ COVID-19 ေရာဂါဆိုင္ရာ စည္းမ်ဥ္းစည္းကမ္းမလိုက္နာသူ ၇ ဦး အဖမ္းခံရ Reviewed by THITHTOOLWIN on 01:27 Rating: 5
Powered by Blogger.