COVID-19 အတြက္ ခပ္ခြာခြာေနၾကဖုိ႔ ေဆးပညာရွင္ေတြ တုိက္တြန္း

ဗိုင္းရပ္စ္ ပ်ံ႕ႏွ႔ံမႈကို ကာကြယ္ဖို႔ လူတေယာက္နဲ႔ တေယာက္ အကြာအေ၀းတခု ျခားၿပီး ခပ္ခြာခြာရပ္ေနၾကတဲ့ လူတခ်ိဳ႕ (သတင္းဓာတ္ပံု - မတ္ ၁၁၊ ၂၀၂၀)

(Zawgyi/Unicode)

ကမၻာတ၀န္းမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရသူေပါင္း ၃၀၀,၀၀၀ ေက်ာ္သြားၿပီး ေသဆံုးသူ ၁၃,၀၀၀ ေက်ာ္ထိ ေရာက္ရွိလာတာနဲ႔ အတူပဲ ကိုရိုနာဗိုင္းရပ္စ္ ကမၻာ့ကပ္ေရာဂါေၾကာင့္ လူေနမႈ ပံုစံေတြပါ ေျပာင္းလဲလာရပါတယ္။ ဗီြအိုေအ အေမရိကန္ အသံက က်င္းပခဲ႔တဲ႔ ကိုရိုနာဗိုင္းရပ္စ္အေရး အေမးအေျဖ ေဆြးေႏြးပြဲမွာေတာ့ ကမၻာ႔က်န္းမာေရးဆိုင္ရာ ကြ်မ္းက်င္သူေတြက Social Distancing လို႔ ေခၚတဲ့ လူေတြ တဦးနဲ႔ တဦးၾကား သိပ္ၿပီး နီးနီးကပ္ကပ္ မေနဘဲ အကြာအေ၀း တခုျခားၿပီး ခပ္ခြာခြာ ေနဖို႔ ကိစၥကိုလည္း အဓိကထား ေဆြးေႏြးခဲ႔ၾကပါတယ္။ Mariama Diallo ရဲ႕ သတင္းေဆာင္းပါးကို မသိဂၤ ီထုိက္က တင္ျပ ေပးထားပါတယ္။


ဗီြအိုေအရဲ႔ Town Hall မွာလည္း Social Distancing - လူေတြၾကား ခပ္ခြာခြာ ေနေရးဆိုတဲ႔ အတိုင္း တေယာက္ တေနရာစီကေန ေဆြးေႏြးခဲ့ၾကပါတယ္။ လူထုရဲ႕ ေနထိုင္မႈ ပံုစံ တဆစ္ခ်ိဳး ေျပာင္းလဲဖို႔ လိုၿပီလုိ႔လည္း က်န္းမာေရးဆိုင္ရာ ကြ်မ္းက်င္သူေတြက အခိုင္အမာ ေျပာပါတယ္။

Johns Hopkins တကၠသိုလ္က ကူးစက္ေရာဂါဆိုင္ရာ ကြ်မ္းက်င္သူ Jason Farley ကေတာ့ အသက္ ၆၀ ေအာက္ လူေတြမွာ ဒီ ကူးစက္ေရာဂါ အႏၱရာယ္ နည္းပါတယ္တဲ႔ ဒါေပမယ့္ က်န္းမာေရး မေကာင္းသူေတြ၊ ကိုယ္ခံအား က်ေနသူေတြ အတြက္ေတာ့ ပိုၿပီး အႏၱရာယ္ ရွိေစတယ္လို႔ ေျပာသြားတာပါ။

ႏုိင္ငံတကာ က်န္းမာေရး အင္စတီက်ဴက ေဒါက္တာ Kamiar Alaei ကေတာ့ ေရာဂါထိန္းခ်ဳပ္ေရး အတြက္ လူထု ယံုၾကည္မႈရေအာင္လုပ္ဖို႔ အေရးႀကီးတယ္လို႔ တိုက္တြန္းပါတယ္။

လူထုရဲ႕ ပူးေပါင္းပါ၀င္မႈ မရွိရင္ ေရာဂါ ထိန္းခ်ဳပ္လို႔ မရပါဘူး။ လူထုရဲ႕ ယံုၾကည္မႈ ရေအာင္ လုပ္ဖို႔က ပိုၿပီး အေရးႀကီးပါတယ္။ ပညာေပး လုပ္ငန္းေတြ ပိုလုပ္၊ ပြင့္လင္းျမင္သာမႈ ပိုၿပီး ရွိဖို႔နဲ႔ ဒီကိစၥဟာ ထိခိုက္လြယ္တဲ႔ လူတစု တဖြဲ႔နဲ႔ပဲ သက္ဆိုင္တာ မဟုတ္ဘဲ အားလံုးနဲ႔ သက္ဆိုင္လာႏုိင္တယ္ဆိုတာကို ျပသႏုိင္ဖို႔က တခုတည္းေသာ နည္းလမ္းအျဖစ္ ယူဆေၾကာင္း ေျပာသြားတာပါ။

ကိုရိုနာဗိုင္းရပ္စ္ အစပ်ိဳးကာလက ၂ ရက္ကေန ၁၄ ရက္ၾကား ၾကာျမင့္တယ္လို႔ ေဆးဘက္ဆိုင္ရာ ကြ်မ္းက်င္သူေတြက ေျပာဆိုထားတာပါ။ ဒီအခ်က္က ကမၻာတလႊား ႀကံဳေတြ႔ေနရတဲ႔ အႀကီးဆံုး အခက္အခဲ တခုျဖစ္ၿပီး ဒါေၾကာင့္လည္း လူေတြၾကားမွာ အကြာအေ၀း တခု ခပ္ခြာခြာ ေနဖို႔က အေရးႀကီးလာတာ ျဖစ္တယ္လို႔ ေျပာသူကေတာ့ Harvard Global Health Institute က Ingrid Katz ျဖစ္ပါတယ္။

SARS နဲ႔ Ebola - ေနာက္ တျခား ကူးစက္ ေရာဂါႀကီးေတြမွာ ဒီအဆက္အစပ္နဲ႔ပဲ စဥ္းစားခဲ႔ၾကၿပီး မတူတဲ႔ အခ်က္ကေတာ့ ဒီ ေရာဂါေတြမွာက ေစာေစာစီးစီး ေရာဂါလကၡဏာျပေပမဲ့ COVID ကေတာ့ ကူးစက္ခံရၿပီး ကာလတခု အထိ ေရာဂါလကၡဏာ မျပတာမ်ိဳး ဒါမွမဟုတ္လည္း သိပ္ၿပီး သိသိသာသာ မေတြ႔ရတာမ်ိဳး ျဖစ္ၿပီး ဆက္လက္ ကူးစက္ေစတာ ျဖစ္တယ္လို႔ ေျပာသြားတာပါ။

ဒါေၾကာင့္လည္း ကိုရိုနာဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔ကူးစက္မႈကို ထိန္းခ်ဳပ္ေရးက တကယ့္ ျပႆနာႀကီး ျဖစ္ေနတယ္လို႔လည္း ေဒါက္တာ Katz က ေျပာပါတယ္။


[Unicode Version]

COVID-19 အတွက် ခပ်ခွာခွာနေကြဖို့ ဆေးပညာရှင်တွေ တိုက်တွန်း

ကမ္ဘာတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူပေါင်း ၃၀၀,၀၀၀ ကျော်သွားပြီး သေဆုံးသူ ၁၃,၀၀၀ ကျော်ထိ ရောက်ရှိလာတာနဲ့ အတူပဲ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါကြောင့် လူနေမှု ပုံစံတွေပါ ပြောင်းလဲလာရပါတယ်။ ဗွီအိုအေ အမေရိကန် အသံက ကျင်းပခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်အရေး အမေးအဖြေ ဆွေးနွေးပွဲမှာတော့ ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက Social Distancing လို့ ခေါ်တဲ့ လူတွေ တဦးနဲ့ တဦးကြား သိပ်ပြီး နီးနီးကပ်ကပ် မနေဘဲ အကွာအဝေး တခုခြားပြီး ခပ်ခွာခွာ နေဖို့ ကိစ္စကိုလည်း အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။ Mariama Diallo ရဲ့ သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက်က တင်ပြ ပေးထားပါတယ်။

ဗွီအိုအေရဲ့ Town Hall မှာလည်း Social Distancing - လူတွေကြား ခပ်ခွာခွာ နေရေးဆိုတဲ့ အတိုင်း တယောက် တနေရာစီကနေ ဆွေးနွေးခဲ့ကြပါတယ်။ လူထုရဲ့ နေထိုင်မှု ပုံစံ တဆစ်ချိုး ပြောင်းလဲဖို့ လိုပြီလို့လည်း ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက အခိုင်အမာ ပြောပါတယ်။

Johns Hopkins တက္ကသိုလ်က ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူ Jason Farley ကတော့ အသက် ၆၀ အောက် လူတွေမှာ ဒီ ကူးစက်ရောဂါ အန္တရာယ် နည်းပါတယ်တဲ့ ဒါပေမယ့် ကျန်းမာရေး မကောင်းသူတွေ၊ ကိုယ်ခံအား ကျနေသူတွေ အတွက်တော့ ပိုပြီး အန္တရာယ် ရှိစေတယ်လို့ ပြောသွားတာပါ။

နိုင်ငံတကာ ကျန်းမာရေး အင်စတီကျူက ဒေါက်တာ Kamiar Alaei ကတော့ ရောဂါထိန်းချုပ်ရေး အတွက် လူထု ယုံကြည်မှုရအောင်လုပ်ဖို့ အရေးကြီးတယ်လို့ တိုက်တွန်းပါတယ်။

လူထုရဲ့ ပူးပေါင်းပါဝင်မှု မရှိရင် ရောဂါ ထိန်းချုပ်လို့ မရပါဘူး။ လူထုရဲ့ ယုံကြည်မှု ရအောင် လုပ်ဖို့က ပိုပြီး အရေးကြီးပါတယ်။ ပညာပေး လုပ်ငန်းတွေ ပိုလုပ်၊ ပွင့်လင်းမြင်သာမှု ပိုပြီး ရှိဖို့နဲ့ ဒီကိစ္စဟာ ထိခိုက်လွယ်တဲ့ လူတစု တဖွဲ့နဲ့ပဲ သက်ဆိုင်တာ မဟုတ်ဘဲ အားလုံးနဲ့ သက်ဆိုင်လာနိုင်တယ်ဆိုတာကို ပြသနိုင်ဖို့က တခုတည်းသော နည်းလမ်းအဖြစ် ယူဆကြောင်း ပြောသွားတာပါ။

ကိုရိုနာဗိုင်းရပ်စ် အစပျိုးကာလက ၂ ရက်ကနေ ၁၄ ရက်ကြား ကြာမြင့်တယ်လို့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောဆိုထားတာပါ။ ဒီအချက်က ကမ္ဘာတလွှား ကြုံတွေ့နေရတဲ့ အကြီးဆုံး အခက်အခဲ တခုဖြစ်ပြီး ဒါကြောင့်လည်း လူတွေကြားမှာ အကွာအဝေး တခု ခပ်ခွာခွာ နေဖို့က အရေးကြီးလာတာ ဖြစ်တယ်လို့ ပြောသူကတော့ Harvard Global Health Institute က Ingrid Katz ဖြစ်ပါတယ်။

SARS နဲ့ Ebola - နောက် တခြား ကူးစက် ရောဂါကြီးတွေမှာ ဒီအဆက်အစပ်နဲ့ပဲ စဉ်းစားခဲ့ကြပြီး မတူတဲ့ အချက်ကတော့ ဒီ ရောဂါတွေမှာက စောစောစီးစီး ရောဂါလက္ခဏာပြပေမဲ့ COVID ကတော့ ကူးစက်ခံရပြီး ကာလတခု အထိ ရောဂါလက္ခဏာ မပြတာမျိုး ဒါမှမဟုတ်လည်း သိပ်ပြီး သိသိသာသာ မတွေ့ရတာမျိုး ဖြစ်ပြီး ဆက်လက် ကူးစက်စေတာ ဖြစ်တယ်လို့ ပြောသွားတာပါ။

ဒါကြောင့်လည်း ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်မှုကို ထိန်းချုပ်ရေးက တကယ့် ပြဿနာကြီး ဖြစ်နေတယ်လို့လည်း ဒေါက်တာ Katz က ပြောပါတယ်။

သိဂႌထုိက္/VOA (Burmese)
https://burmese.voanews.com
COVID-19 အတြက္ ခပ္ခြာခြာေနၾကဖုိ႔ ေဆးပညာရွင္ေတြ တုိက္တြန္း COVID-19 အတြက္ ခပ္ခြာခြာေနၾကဖုိ႔ ေဆးပညာရွင္ေတြ တုိက္တြန္း Reviewed by THITHTOOLWIN on 01:33 Rating: 5
Powered by Blogger.