COVID-19 ကပ္ေရာဂါ မႀကံဳဖုိ႔ ျမန္မာက်န္းမာေရးပညာရွင္ သတိေပး

ရန္ကုန္ၿမိဳ႕ ဘတ္စ္ကားေပၚမွာ ႏွာေခါင္းစည္းတပ္ထားတဲ့ အမ်ိဳးသမီး တဦး (ဇန္န၀ါရီ ၂၉၊ ၂၀၂၀)

(Zawgyi/Unicode)

COVID-19 ေရာဂါျဖစ္ပြားေနတဲ့ႏိုင္ငံေတြက ျပန္လာသူေတြ ျမန္မာႏိုင္ငံေနရာအႏွံ႔အျပားကို ေရာက္ရိွခဲ့တဲ့ေနာက္ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈဟာ ကပ္ေရာဂါႀကီးအသြင္ ျဖစ္လာဖို႔ အလားအလာ အလြန္မ်ားေနၿပီလို႔ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက တနဂၤေႏြေန႔ ညက ေၾကညာလိုက္ပါတယ္။

ဒီ ကပ္ေရာဂါဆိုးကို ေက်ာ္လႊားႏိုင္ဖုိ႔ဆုိရင္ ျပည္သူေတြအေနနဲ႔ အေရးတၾကီး ဘာေတြ လုပ္ေဆာင္ဖို႔ လိုအပ္ေနပါသလဲဆိုတာကို က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနရဲ့ အႀကံေပးပုဂၢိဳလ္၊ ၫႊန္ၾကားေရးမႉးခ်ဳပ္ (ၿငိမ္း) ပါေမာကၡ ေဒါက္တာစိုးလြင္ၿငိမ္းကို ေမးျမန္းၾကည့္ပါတယ္။

ေဒါက္တာစိုးလြင္ၿငိမ္း။ ။ ျပည္သူလူထုအေနနဲ႔ကေတာ့ တဦးခ်င္း တဦးခ်င္းက မိမိကိုယ္ကို ေရာဂါ မကူးစက္ေအာင္ ေဆာင္ရြက္ရမယ္။ ဒီလက္ေဆးတာတို႔၊ မလိုအပ္ဘဲနဲ႔ မ်က္ႏွာနဲ႔ မ်က္ေစ့ကို ကိုင္တြယ္တာတို႔၊ လူထူထပ္တဲ့ေနရာေတြ မသြားတာတုိ႔၊ တကယ္လုိ႔ ကိုယ္က ဖ်ားနာလုိ႔ရိွရင္လည္း မိမိအိမ္မွာဘဲေနဖို႔၊ က်န္းမာေရးဌာနကို သတင္းပို႔ဖို႔၊ စသည္ျဖင့္ ကိုယ္ကေနၿပီးေတာ့ မိသားစုထဲကိုလည္းပဲ မကူးစက္ေအာင္လုိ႔ ဆင္ျခင္ၿပီးေနရမွာေပါ့။ အဓိကကေတာ့ ဒီေရာဂါျဖစ္ပြားတဲ့ႏိုင္ငံက ျပန္လာတဲ့ မိသားစုေတြေပါ့။ သူတုိ႔က ပိုၿပီးေတာ့ Risk ရိွတာေပါ့။ သူတို႔က ပိုၿပီး ကူးစက္ႏိုင္တယ္။ Social Distancing ေပါ့။ ကိုယ့္ဖာကိုယ္ တေယာက္နဲ႔တစ္ေယာက္ အနည္းဆံုး ၃ ေပ အကြာအေ၀းမွာေနၿပီးေတာ့ ေျပာဆိုဆက္ဆံတာတို႔ ဒါမ်ိဳးေတြ က်န္းမာေရး၀န္ၾကီးဌာနက ထုတ္ျပန္ထားတဲ့ ညႊန္ၾကားခ်က္ေတြကို လိုက္နာရမယ္။ ေနာက္ ကိုယ့္အိမ္မွာ ေရာဂါရိွတယ္။ ဒါမွမဟုတ္ ႏိုင္ငံျခားက ျပန္လာတဲ့လူရိွရင္လည္း ခ်က္ခ်င္း က်န္းမာေရးနဲ႔ အုပ္ခ်ဳပ္ေရးအဖဲြ႔ေတြကို သတင္းေပးပို႔ၿပီး လုိအပ္တာေတြကို ေဆာင္ရြက္ရမွာေပါ့။ ဒီလို တဦးခ်င္း တဦးခ်င္းလုပ္ႏိုင္မွသာ ကပ္ေရာဂါျဖစ္ပြားမႈကို အခိ်န္မီွ ထိန္းခ်ဳပ္ႏိုင္မွာ ျဖစ္ပါတယ္။

ကိုမိုးေဇာ္။ ။ ရပ္ရြာေတြအတြင္းမွာ လုပ္ေဆာင္ေနၾကတဲ့ ကလုိရိုကြင္း ငွက္ဖ်ားေဆးေသာက္ရင္၊ တမာရြက္ျပဳတ္ရည္ ေသာက္ရင္ ေရာဂါေပ်ာက္တယ္၊ ေနာက္ ရွမ္းျပည္နယ္အေရွ႔ပိုင္းမွာ ဘိန္းရႈရင္ေရာဂါမကူးဘူးဆုိ လုပ္ေဆာင္ေနတဲ့အေပၚ ဆရာအျမင္ ဘယ္လုိရွိပါသလဲခင္ဗ်။

ေဒါက္တာစိုးလြင္ၿငိမ္း- တိတိက်က်မဟုတ္တဲ့ ကုသမႈေတြေပ့ါ။ ဒါေတြလည္းပဲ လူထုက ပိုၿပီး ဂရုစုိက္ရမွာေပါ့။ ဘာျဖစ္လုိ႔လည္း ဆုိေတာ့ ဗိုင္းရပ္စ္ေၾကာင့္ ျဖစ္တဲ့ေရာဂါျဖစ္တယ္။ ေနာက္လက္ေတြ႔မွာလည္းပဲ တကယ့္ Developing Countries ေတြေတာင္မွ ကုသရမယ့္ ေဆးေတြက မေပၚေသးတဲ့အတြက္ေၾကာင့္၊ ဒီဗိုင္းရပ္စ္ေၾကာင့္ျဖစ္တဲ့ ေရာဂါေတြက က်ေနာ္တုိ႔က လုိအပ္တဲ့ အေထာက္အကူျပဳကုသနည္းေတြကိုပဲ ေဆာင္ရြက္ရတာေပါ့။ ဒါေၾကာင့္မုိ႔လို႔ ဒီအခ်ိန္မွာေတာ့ က်န္းမာေရးအဖဲြ႔က ထုတ္ျပန္တဲ့ တိက်တဲ့ Standard Treatment [DD1] ကုထံုေတြသာလွ်င္ လုိက္နာေဆာင္ရြက္ဖို႔ လိုအပ္ပါလိမ့္မယ္။

ကိုမိုးေဇာ္။ ။ ေဆးရံုေတြမွာ လိုအပ္တဲ့ေဆး၀ါးနဲ႔ စစ္ေဆး၊ကုသေရးပစၥည္းေတြ မလံုေလာက္ဘူးဆုိ ေ၀ဖန္တာေတြ၊ ဒီအခ်က္ေတြကို ျပည္သူေတြက ယံုၾကည္မႈက်ဆင္းေနတာေတြအေပၚမွာေကာ ဆရာအေနနဲ႔ ဘယ္လုိ တံု႔ျပန္ဖုိ႔ ရိွပါမလဲ။

ေဒါက္တာစိုးလြင္ၿငိမ္း။ ။ ၂၀၁၇ - PDM 2009 ေပါ့။ လူတုပ္ေကြးျဖစ္ကတည္းက စစဦးဆံုးမွာ ဒီလုိ အခက္အခဲေတြ ရိွတဲ့အတြက္ေၾကာင့္ ကာကြယ္ေရးနဲ႔ ကုသေရးမွာ ဒီလုိ သင္ခန္းစာေတြ ရခဲ့ၿပီးၿပီေလ။ ဒါေၾကာင့္မို႔လို႔လည္း အဲဒီေနာက္ပိုင္းမွာ ၾကိဳတင္ျပင္ဆင္မႈေတြ လုပ္လာတဲ့အခါမွာ လက္ရိွမွာေတာ့ တခ်ိဳ႕ေနရာေတြမွာ လိုအပ္ခ်က္ ရိွေကာင္းရိွမယ္။ ဒါေပမဲ့ ခု က်န္းမာေရးနဲ႔ အားကစား၀န္ၾကီးဌာနက သက္ဆုိင္ရာ ေဆးရံုေတြနဲ႔ ဆက္သြယ္ၿပီးေတာ့ ေဆးရံုအုပ္ၾကီးေတြ၊ သမားေတာ္ေတြနဲ႔ ဆက္သြယ္ၿပီးေတာ့ေပါ့ သူတုိ႔လုိအပ္မယ့္ amount ေတြကို အခုကေတာ့ ေသခ်ာျဖည့္ဆည္းထားၿပီး ျဖစ္ပါတယ္။ သက္ဆိုင္ရာေဆးရံုေတြ၊ က်န္းမာေရးဌာနေတြကို ျဖန္႔ေ၀ထားတဲ့ စာရင္းေတြကိုလည္း သူတုိ႔ တရား၀င္ေဖာ္ျပေနပါတယ္။ အလႈရွင္ေတြေရာ၊ ပံ့ပိုးတဲ့ အဖဲြ႔အစည္းေတြ၊ ႏိုင္ငံေတြလည္းပဲ အေတာ္ေလး ရိွေနတဲ့အတြက္ေၾကာင့္ ပထမပိုင္းမွာ အခက္အခဲရိွေပမဲ့လည္းပဲ အခုခ်ိန္မွာ Readiness Position မွာေတာ့ ရိွပါတယ္။

ေဒါက္တာစိုးလြင္ၿငိမ္းက ေနာက္ဆံုးအေနနဲ႔ အခုလုိ မွာၾကားထားပါေသးတယ္။

ေဒါက္တာ စိုးလြင္ၿငိမ္း။ ။ ဒီေရာဂါက ျဖစ္ပြားလုိ႔ရိွရင္လည္း သာမန္ျဖစ္ပြားမႈက ၈၀ ရာခုိင္ႏႈန္းရိွတယ္။ ျဖစ္တဲ့လူရဲ့ ၂၀ ရာခိုင္ႏႈန္းေပါ့။ အဲဒီထဲမွာမွ သက္ၾကီးရြယ္အုိနဲ႔ ႏွလံုးေရာဂါ၊ ေသြးတုိးေရာဂါ၊ ဆီးခ်ိဳေရာဂါ ေနာက္ အဆုတ္၊ အသက္ရႈလမ္းေၾကာင္း ေရာဂါ၊ ကင္ဆာေရာဂါ စသည့္ျဖင့္ ဒီေရာဂါရိွသူေတြကူးစက္ရင္ေတာ့ သူက ေရာဂါျပင္းထန္ၿပီး ေသဆံုးမႈရိွတဲ့အတြက္ေၾကာင့္ ဒီအုပ္စုေတြကေတာ့ ပိုၿပီးေတာ့ ေရာဂါမကူးစက္ႏိုင္ေအာင္ မိသားစု၀င္တစ္ခုခ်င္းကေနၿပီးေတာ့ ၀န္ၾကီးဌာနရဲ့ ထုတ္ျပန္ခ်က္ေတြကို လုိက္နာ ေဆာင္ရြက္ဖုိ႔ လုိအပ္ပါတယ္။

[Unicode Version]

COVID-19 ကပ်ရောဂါ မကြုံဖို့ မြန်မာကျန်းမာရေးပညာရှင် သတိပေး

COVID-19 ရောဂါဖြစ်ပွားနေတဲ့နိုင်ငံတွေက ပြန်လာသူတွေ မြန်မာနိုင်ငံနေရာအနှံ့အပြားကို ရောက်ရှိခဲ့တဲ့နောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုဟာ ကပ်ရောဂါကြီးအသွင် ဖြစ်လာဖို့ အလားအလာ အလွန်များနေပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တနင်္ဂနွေနေ့ ညက ကြေညာလိုက်ပါတယ်။

ဒီ ကပ်ရောဂါဆိုးကို ကျော်လွှားနိုင်ဖို့ဆိုရင် ပြည်သူတွေအနေနဲ့ အရေးတကြီး ဘာတွေ လုပ်ဆောင်ဖို့ လိုအပ်နေပါသလဲဆိုတာကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ အကြံပေးပုဂ္ဂိုလ်၊ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ပါမောက္ခ ဒေါက်တာစိုးလွင်ငြိမ်းကို မေးမြန်းကြည့်ပါတယ်။

ဒေါက်တာစိုးလွင်ငြိမ်း။ ။ ပြည်သူလူထုအနေနဲ့ကတော့ တဦးချင်း တဦးချင်းက မိမိကိုယ်ကို ရောဂါ မကူးစက်အောင် ဆောင်ရွက်ရမယ်။ ဒီလက်ဆေးတာတို့၊ မလိုအပ်ဘဲနဲ့ မျက်နှာနဲ့ မျက်စေ့ကို ကိုင်တွယ်တာတို့၊ လူထူထပ်တဲ့နေရာတွေ မသွားတာတို့၊ တကယ်လို့ ကိုယ်က ဖျားနာလို့ရှိရင်လည်း မိမိအိမ်မှာဘဲနေဖို့၊ ကျန်းမာရေးဌာနကို သတင်းပို့ဖို့၊ စသည်ဖြင့် ကိုယ်ကနေပြီးတော့ မိသားစုထဲကိုလည်းပဲ မကူးစက်အောင်လို့ ဆင်ခြင်ပြီးနေရမှာပေါ့။ အဓိကကတော့ ဒီရောဂါဖြစ်ပွားတဲ့နိုင်ငံက ပြန်လာတဲ့ မိသားစုတွေပေါ့။ သူတို့က ပိုပြီးတော့ Risk ရှိတာပေါ့။ သူတို့က ပိုပြီး ကူးစက်နိုင်တယ်။ Social Distancing ပေါ့။ ကိုယ့်ဖာကိုယ် တယောက်နဲ့တစ်ယောက် အနည်းဆုံး ၃ ပေ အကွာအဝေးမှာနေပြီးတော့ ပြောဆိုဆက်ဆံတာတို့ ဒါမျိုးတွေ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို လိုက်နာရမယ်။ နောက် ကိုယ့်အိမ်မှာ ရောဂါရှိတယ်။ ဒါမှမဟုတ် နိုင်ငံခြားက ပြန်လာတဲ့လူရှိရင်လည်း ချက်ချင်း ကျန်းမာရေးနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေကို သတင်းပေးပို့ပြီး လိုအပ်တာတွေကို ဆောင်ရွက်ရမှာပေါ့။ ဒီလို တဦးချင်း တဦးချင်းလုပ်နိုင်မှသာ ကပ်ရောဂါဖြစ်ပွားမှုကို အချိန်မှီ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။

ကိုမိုးဇော်။ ။ ရပ်ရွာတွေအတွင်းမှာ လုပ်ဆောင်နေကြတဲ့ ကလိုရိုကွင်း ငှက်ဖျားဆေးသောက်ရင်၊ တမာရွက်ပြုတ်ရည် သောက်ရင် ရောဂါပျောက်တယ်၊ နောက် ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ ဘိန်းရှုရင်ရောဂါမကူးဘူးဆို လုပ်ဆောင်နေတဲ့အပေါ် ဆရာအမြင် ဘယ်လိုရှိပါသလဲခင်ဗျ။

ဒေါက်တာစိုးလွင်ငြိမ်း- တိတိကျကျမဟုတ်တဲ့ ကုသမှုတွေပေ့ါ။ ဒါတွေလည်းပဲ လူထုက ပိုပြီး ဂရုစိုက်ရမှာပေါ့။ ဘာဖြစ်လို့လည်း ဆိုတော့ ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ရောဂါဖြစ်တယ်။ နောက်လက်တွေ့မှာလည်းပဲ တကယ့် Developing Countries တွေတောင်မှ ကုသရမယ့် ဆေးတွေက မပေါ်သေးတဲ့အတွက်ကြောင့်၊ ဒီဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါတွေက ကျနော်တို့က လိုအပ်တဲ့ အထောက်အကူပြုကုသနည်းတွေကိုပဲ ဆောင်ရွက်ရတာပေါ့။ ဒါကြောင့်မို့လို့ ဒီအချိန်မှာတော့ ကျန်းမာရေးအဖွဲ့က ထုတ်ပြန်တဲ့ တိကျတဲ့ Standard Treatment [DD1] ကုထုံတွေသာလျှင် လိုက်နာဆောင်ရွက်ဖို့ လိုအပ်ပါလိမ့်မယ်။

ကိုမိုးဇော်။ ။ ဆေးရုံတွေမှာ လိုအပ်တဲ့ဆေးဝါးနဲ့ စစ်ဆေး၊ကုသရေးပစ္စည်းတွေ မလုံလောက်ဘူးဆို ဝေဖန်တာတွေ၊ ဒီအချက်တွေကို ပြည်သူတွေက ယုံကြည်မှုကျဆင်းနေတာတွေအပေါ်မှာကော ဆရာအနေနဲ့ ဘယ်လို တုံ့ပြန်ဖို့ ရှိပါမလဲ။

ဒေါက်တာစိုးလွင်ငြိမ်း။ ။ ၂၀၁၇ - PDM 2009 ပေါ့။ လူတုပ်ကွေးဖြစ်ကတည်းက စစဦးဆုံးမှာ ဒီလို အခက်အခဲတွေ ရှိတဲ့အတွက်ကြောင့် ကာကွယ်ရေးနဲ့ ကုသရေးမှာ ဒီလို သင်ခန်းစာတွေ ရခဲ့ပြီးပြီလေ။ ဒါကြောင့်မို့လို့လည်း အဲဒီနောက်ပိုင်းမှာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်လာတဲ့အခါမှာ လက်ရှိမှာတော့ တချို့နေရာတွေမှာ လိုအပ်ချက် ရှိကောင်းရှိမယ်။ ဒါပေမဲ့ ခု ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သက်ဆိုင်ရာ ဆေးရုံတွေနဲ့ ဆက်သွယ်ပြီးတော့ ဆေးရုံအုပ်ကြီးတွေ၊ သမားတော်တွေနဲ့ ဆက်သွယ်ပြီးတော့ပေါ့ သူတို့လိုအပ်မယ့် amount တွေကို အခုကတော့ သေချာဖြည့်ဆည်းထားပြီး ဖြစ်ပါတယ်။ သက်ဆိုင်ရာဆေးရုံတွေ၊ ကျန်းမာရေးဌာနတွေကို ဖြန့်ဝေထားတဲ့ စာရင်းတွေကိုလည်း သူတို့ တရားဝင်ဖော်ပြနေပါတယ်။ အလှုရှင်တွေရော၊ ပံ့ပိုးတဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံတွေလည်းပဲ အတော်လေး ရှိနေတဲ့အတွက်ကြောင့် ပထမပိုင်းမှာ အခက်အခဲရှိပေမဲ့လည်းပဲ အခုချိန်မှာ Readiness Position မှာတော့ ရှိပါတယ်။

ဒေါက်တာစိုးလွင်ငြိမ်းက နောက်ဆုံးအနေနဲ့ အခုလို မှာကြားထားပါသေးတယ်။

ဒေါက်တာ စိုးလွင်ငြိမ်း။ ။ ဒီရောဂါက ဖြစ်ပွားလို့ရှိရင်လည်း သာမန်ဖြစ်ပွားမှုက ၈၀ ရာခိုင်နှုန်းရှိတယ်။ ဖြစ်တဲ့လူရဲ့ ၂၀ ရာခိုင်နှုန်းပေါ့။ အဲဒီထဲမှာမှ သက်ကြီးရွယ်အိုနဲ့ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ နောက် အဆုတ်၊ အသက်ရှုလမ်းကြောင်း ရောဂါ၊ ကင်ဆာရောဂါ စသည့်ဖြင့် ဒီရောဂါရှိသူတွေကူးစက်ရင်တော့ သူက ရောဂါပြင်းထန်ပြီး သေဆုံးမှုရှိတဲ့အတွက်ကြောင့် ဒီအုပ်စုတွေကတော့ ပိုပြီးတော့ ရောဂါမကူးစက်နိုင်အောင် မိသားစုဝင်တစ်ခုချင်းကနေပြီးတော့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာ ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

ကိုမိုးေဇာ္/VOA (Burmese)
https://burmese.voanews.com
COVID-19 ကပ္ေရာဂါ မႀကံဳဖုိ႔ ျမန္မာက်န္းမာေရးပညာရွင္ သတိေပး COVID-19 ကပ္ေရာဂါ မႀကံဳဖုိ႔ ျမန္မာက်န္းမာေရးပညာရွင္ သတိေပး Reviewed by THITHTOOLWIN on 20:28 Rating: 5
Powered by Blogger.