လက္နက္မႈနဲ႔ တရားစြဲခံထားရသူ ဦးၿဖိဳးကိုကိုတင့္ဆန္းကို ေထာင္ ႏွစ္ ၃၀ ေက်ာ္ခ်မွတ္

(Zawgyi)⤵⤵⤵
၂၀၁၇ ခုႏွစ္ ေအာက္တိုဘာလက ေနျပည္ေတာ္ ေလဆိပ္မွာ လက္နက္၊ မူးယစ္ေဆးဝါးေတြနဲ႔ အတူ ဖမ္းဆီးမိခဲ့တဲ့ ဦးၿဖိဳးကိုကိုတင့္ဆန္းကို လက္နက္မႈ၊ မူးယစ္ေဆးဝါးမႈ၊ တရားမဝင္ ပို႔ကုန္သြင္းကုန္နဲ႔ ဆိုင္တဲ့ ပုဒ္မ စတဲ့ အမႈ ၁၄ မႈနဲ႔ ေနျပည္ေတာ္ ဒကၡိဏခ႐ိုင္တရား႐ုံးမွာ တရား႐ုံးမွာ စစ္ေဆးခဲ့ၿပီး ႏွစ္ႏွစ္ေက်ာ္ အၾကာမွာ ေထာင္ဒဏ္ ႏွစ္ေပါင္း ၃၀ ေက်ာ္က်ခံဖို႔ အမိန႔္ခ်ခဲ့တာပါ။

ဦးၿဖိဳးကိုကိုတင့္ဆန္းရဲ႕ ေရွ႕ေန ဦးျမင့္ေအာင္က စြဲခ်က္တင္ထားတဲ့ အမႈ ၁၄ မႈအတြက္ ျပစ္ဒဏ္ ႏွစ္ ၃၀ ေက်ာ္ ခ်မွတ္ခံရတယ္လို႔ ေျပာပါတယ္။

"သာေကတ၊ ACE ကုမၸဏီ႐ုံးမွာ မူးယစ္ေဆးဝါးေတြ႕တဲ့ျဖစ္စဥ္၊ လက္နက္ေတြ႕တဲ့ျဖစ္စဥ္၊ ဆက္သြယ္ေရး စကားေျပာတဲ့စက္ေတြ႕တဲ့ျဖစ္စဥ္ ေနာက္ကားမွာ တံဆိက္ကပ္တဲ့ျဖစ္စဥ္ အဲဒီအေပၚမွာ အမိန႔္ခ်တယ္။ အားလုံး ၁၄ မႈ ဒီေန႔ အမိန႔္ခ်တယ္။ ၿဖိဳးကိုကိုတင့္ဆန္းအေပၚမွာ လႊတ္တာေတာ့ တစ္ခုမွ မရွိဘူး။ ေထာင္ဒဏ္စုစုေပါင္း အားလုံးခ်လိုက္တဲ့အမႈ ၁၄ မႈဆိုရင္ ျပစ္ဒဏ္ေပါင္း ႏွစ္ ၃၀ နဲ႔  ခုႏွစ္လေလာက္ ရွိမယ္ထင္တယ္။"

ဦးၿဖိဳးကိုကိုတင့္ဆန္းတို႔ကို စြဲဆိုထားတဲ့ အမႈေတြကေတာ့ မူးယစ္ ဥပေဒ၊ လက္နက္ဥပေဒ ၊ ၁၉၂၃ ျမန္မာႏိုင္ငံအစိုးရ လွ်ိဳ႕ဝွက္ခ်က္ဥပေဒ၊ ႏိုင္ငံေတာ္ အထိမ္းအမွတ္ တံဆိပ္၊ ဆက္သြယ္ေရး ဥပေဒ စတဲ့ ပုဒ္မေတြနဲ႔ ျဖစ္ပါတယ္။

ဒကၡိဏခ႐ိုင္တရားသူႀကီးက အမႈ စီရင္ဆုံးျဖတ္ခ်က္အေပၚ လက္ခံသူရွိႏိုင္သလို၊ လက္မခံႏိုင္သူ လည္းရွိႏိုင္လို႔ အထက္တရား႐ုံးကို အယူခံတက္ႏိုင္ေၾကာင္း တရားခြင္မွာ ေျပာပါတယ္။

သူ႔အေနနဲ႔ ဒီအမႈကို ခ်စ္ျခင္း၊ မုန္းျခင္းကင္းကင္းနဲ႔ ဆုံးျဖတ္ခဲ့တယ္လို႔ ေျပာပါတယ္။ ဒီအမႈကို တရားခံျပ သက္ေသ စုစုေပါင္း ၉၀ နီးပါး၊ တရားလိုျပသက္ေသ ၂၀၀ ေက်ာ္ကို ႏွစ္ ႏွစ္ေက်ာ္ၾကာ စစ္ေဆးခဲ့တာ ျဖစ္ပါတယ္။

ဦးၿဖိဳးကိုကိုတင့္ဆန္းက ဒီအမႈကို အယူခံဆက္တက္ေပးဖို႔ သူ႔ရဲ႕ ေရွ႕ေနကို မွာၾကားလိုက္တယ္လို႔ ဦးျမင့္ေအာင္က ေျပာပါတယ္။

"သူက အယူခံတက္ေပးဖို႔ေတာင္းဆိုတယ္။ ရတယ္ က်ေတာ္တို႔ ခ်က္ခ်င္းပဲ အယူခံ ခု တရား႐ုံး အမိန႔္ေတြ ကူးမယ္။ ကူးၿပီးေတာ့ ခ်က္ခ်င္းပဲ အဆင့္ဆင့္ အယူခံတက္မယ္ေပါ့ေနာ္။ တရား႐ုံးက အမိန႔္ခ်ၿပီး ေျခာက္လအတြင္း အယူခံတက္ခြင့္ရွိတယ္ အဆင့္ျမင့္႐ုံးကို။"

အမႈ ၁၄ မႈထဲက လက္နက္ေတြ႕ရွိမႈအတြက္ ေထာင္ဒဏ္ သုံးႏွစ္၊ ငါးႏွစ္ ၊ ေျခာက္လ စတဲ့ ျပစ္ဒဏ္ေတြ ခ်မွတ္ခံရတာကိုေတြ႕ရၿပီး ေသနတ္ဒင္ထဲမွာ မူးယစ္ေဆးဝါး ICE ေတြ ဖမ္းဆီးမိခဲ့တဲ့အမႈကို ေထာင္ဒဏ္ ၁၀ ႏွစ္ ခ်မွတ္ခဲ့ပါတယ္။

အမႈတြဲပါ ၁၂ ဦးထဲက အမႈတြဲပါ ေထာင္ဒဏ္ ရွစ္ႏွစ္စီ ခ်မွတ္ခံရတဲ့ ျမႇားပစ္ လက္ေ႐ြးစင္ကစားသမား ႏွစ္ဦးကလည္း အယူခံတက္ဖို႔ ရွိတယ္လို႔ ေရွ႕ေနေတြက ေျပာပါတယ္။ တျခား ႏွစ္ဦးကေတာ့ ခ်ဳပ္ရက္ေစ့ၿပီ ျဖစ္တဲ့အတြက္ ျပစ္ဒဏ္ကေန လြတ္ေျမာက္ခဲ့ပါတယ္။ ႏိုင္ငံေတာ္ အထိမ္းအမွတ္ တံဆိပ္နဲ႔ ပတ္သက္လို႔ တရားစြဲခံရသူ တစ္ဦးကေတာ့ ခ်ဳပ္ရက္ေစ့လို႔ လြတ္ေျမာက္လာၿပီး၊ ဆက္သြယ္ေရး စက္ေရာင္းခ်တဲ့အမႈအတြက္ အမ်ိဳးသမီးတစ္ဦးလည္း ေငြဒဏ္နဲ႔ လြတ္ေျမာက္လာပါတယ္။

၂၀၁၇ ခုႏွစ္ ေအာက္တိုဘာလက ေနျပည္ေတာ္ ေလဆိပ္မွာ ဦးၿဖိဳးကိုကိုတင့္ဆန္း အပါအဝင္ သုံးဦးဆီက ပစၥတို ေသနတ္ ႏွစ္လက္နဲ႔ က်ည္ဆန္ေတြ၊ မူးယစ္ေဆးေတြ ေတြ႕ရွိခဲ့ၿပီး သူပိုင္ဆိုင္တဲ့ ေနျပည္ေတာ္နဲ႔ ရန္ကုန္က ACE ဟိုတယ္ ထပ္မံရွာေဖြခဲ့ရာမွာ ေသနတ္ေတြ ထပ္မံေတြ႕ရွိခဲ့လို႔ ပုဒ္မ ၁၄ ခုနဲ႔ တရားစြဲဆို ခံခဲ့ရပါတယ္။

ေနျပည္ေတာ္နဲ႔ ရန္ကုန္ၿမိဳ႕မွာရွိတဲ့ ဦးၿဖိဳးကိုကိုတင့္ဆန္းရဲ႕ ေနအိမ္၊ ႐ုံးခန္းနဲ႔ ဟိုတယ္ ေတြကို ရွာေဖြရာမွာ သုံးရက္အတြင္း ပစၥတိုနဲ႔ ေမာင္းျပန္ ႐ိုင္ဖယ္စတဲ့ ေသနတ္စုစုေပါင္း ၂၁ လက္၊ က်ည္ဆန္ေပါင္း ၁,၀၀၀ နီးပါး ရွာေဖြေတြ႕ရွိခဲ့ပါတယ္။

ဦးၿဖိဳးကိုကိုတင့္ဆန္းဟာ ၂၀၁၂ ၾကားျဖတ္ေ႐ြးေကာက္ေ႐ြးေကာက္ပြဲမွာ ေျမာင္းျမၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္းအျဖစ္ ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီ ကိုယ္စားျပဳ ယွဥ္ၿပိဳင္ရာမွာ ရႈံးနိမ့္ခဲ့သူလည္း ျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
--------------
(Unicode)⤵⤵⤵
လက်နက်မှုနဲ့ တရားစွဲခံထားရသူ ဦးဖြိုးကိုကိုတင့်ဆန်းကို ထောင် နှစ် ၃၀ ကျော်ချမှတ်

၂၀၁၇ ခုနှစ် အောက်တိုဘာလက နေပြည်တော် လေဆိပ်မှာ လက်နက်၊ မူးယစ်ဆေးဝါးတွေနဲ့ အတူ ဖမ်းဆီးမိခဲ့တဲ့ ဦးဖြိုးကိုကိုတင့်ဆန်းကို လက်နက်မှု၊ မူးယစ်ဆေးဝါးမှု၊ တရားမဝင် ပို့ကုန်သွင်းကုန်နဲ့ ဆိုင်တဲ့ ပုဒ်မ စတဲ့ အမှု ၁၄ မှုနဲ့ နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ တရားရုံးမှာ စစ်ဆေးခဲ့ပြီး နှစ်နှစ်ကျော် အကြာမှာ ထောင်ဒဏ် နှစ်ပေါင်း ၃၀ ကျော်ကျခံဖို့ အမိန့်ချခဲ့တာပါ။

ဦးဖြိုးကိုကိုတင့်ဆန်းရဲ့ ရှေ့နေ ဦးမြင့်အောင်က စွဲချက်တင်ထားတဲ့ အမှု ၁၄ မှုအတွက် ပြစ်ဒဏ် နှစ် ၃၀ ကျော် ချမှတ်ခံရတယ်လို့ ပြောပါတယ်။

"သာကေတ၊ ACE ကုမ္ပဏီရုံးမှာ မူးယစ်ဆေးဝါးတွေ့တဲ့ဖြစ်စဉ်၊ လက်နက်တွေ့တဲ့ဖြစ်စဉ်၊ ဆက်သွယ်ရေး စကားပြောတဲ့စက်တွေ့တဲ့ဖြစ်စဉ် နောက်ကားမှာ တံဆိက်ကပ်တဲ့ဖြစ်စဉ် အဲဒီအပေါ်မှာ အမိန့်ချတယ်။ အားလုံး ၁၄ မှု ဒီနေ့ အမိန့်ချတယ်။ ဖြိုးကိုကိုတင့်ဆန်းအပေါ်မှာ လွှတ်တာတော့ တစ်ခုမှ မရှိဘူး။ ထောင်ဒဏ်စုစုပေါင်း အားလုံးချလိုက်တဲ့အမှု ၁၄ မှုဆိုရင် ပြစ်ဒဏ်ပေါင်း နှစ် ၃၀ နဲ့  ခုနှစ်လလောက် ရှိမယ်ထင်တယ်။"

ဦးဖြိုးကိုကိုတင့်ဆန်းတို့ကို စွဲဆိုထားတဲ့ အမှုတွေကတော့ မူးယစ် ဥပဒေ၊ လက်နက်ဥပဒေ ၊ ၁၉၂၃ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်ဥပဒေ၊ နိုင်ငံတော် အထိမ်းအမှတ် တံဆိပ်၊ ဆက်သွယ်ရေး ဥပဒေ စတဲ့ ပုဒ်မတွေနဲ့ ဖြစ်ပါတယ်။

ဒက္ခိဏခရိုင်တရားသူကြီးက အမှု စီရင်ဆုံးဖြတ်ချက်အပေါ် လက်ခံသူရှိနိုင်သလို၊ လက်မခံနိုင်သူ လည်းရှိနိုင်လို့ အထက်တရားရုံးကို အယူခံတက်နိုင်ကြောင်း တရားခွင်မှာ ပြောပါတယ်။

သူ့အနေနဲ့ ဒီအမှုကို ချစ်ခြင်း၊ မုန်းခြင်းကင်းကင်းနဲ့ ဆုံးဖြတ်ခဲ့တယ်လို့ ပြောပါတယ်။ ဒီအမှုကို တရားခံပြ သက်သေ စုစုပေါင်း ၉၀ နီးပါး၊ တရားလိုပြသက်သေ ၂၀၀ ကျော်ကို နှစ် နှစ်ကျော်ကြာ စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

ဦးဖြိုးကိုကိုတင့်ဆန်းက ဒီအမှုကို အယူခံဆက်တက်ပေးဖို့ သူ့ရဲ့ ရှေ့နေကို မှာကြားလိုက်တယ်လို့ ဦးမြင့်အောင်က ပြောပါတယ်။

"သူက အယူခံတက်ပေးဖို့တောင်းဆိုတယ်။ ရတယ် ကျတော်တို့ ချက်ချင်းပဲ အယူခံ ခု တရားရုံး အမိန့်တွေ ကူးမယ်။ ကူးပြီးတော့ ချက်ချင်းပဲ အဆင့်ဆင့် အယူခံတက်မယ်ပေါ့နော်။ တရားရုံးက အမိန့်ချပြီး ခြောက်လအတွင်း အယူခံတက်ခွင့်ရှိတယ် အဆင့်မြင့်ရုံးကို။"

အမှု ၁၄ မှုထဲက လက်နက်တွေ့ရှိမှုအတွက် ထောင်ဒဏ် သုံးနှစ်၊ ငါးနှစ် ၊ ခြောက်လ စတဲ့ ပြစ်ဒဏ်တွေ ချမှတ်ခံရတာကိုတွေ့ရပြီး သေနတ်ဒင်ထဲမှာ မူးယစ်ဆေးဝါး ICE တွေ ဖမ်းဆီးမိခဲ့တဲ့အမှုကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပါတယ်။

အမှုတွဲပါ ၁၂ ဦးထဲက အမှုတွဲပါ ထောင်ဒဏ် ရှစ်နှစ်စီ ချမှတ်ခံရတဲ့ မြှားပစ် လက်ရွေးစင်ကစားသမား နှစ်ဦးကလည်း အယူခံတက်ဖို့ ရှိတယ်လို့ ရှေ့နေတွေက ပြောပါတယ်။ တခြား နှစ်ဦးကတော့ ချုပ်ရက်စေ့ပြီ ဖြစ်တဲ့အတွက် ပြစ်ဒဏ်ကနေ လွတ်မြောက်ခဲ့ပါတယ်။ နိုင်ငံတော် အထိမ်းအမှတ် တံဆိပ်နဲ့ ပတ်သက်လို့ တရားစွဲခံရသူ တစ်ဦးကတော့ ချုပ်ရက်စေ့လို့ လွတ်မြောက်လာပြီး၊ ဆက်သွယ်ရေး စက်ရောင်းချတဲ့အမှုအတွက် အမျိုးသမီးတစ်ဦးလည်း ငွေဒဏ်နဲ့ လွတ်မြောက်လာပါတယ်။

၂၀၁၇ ခုနှစ် အောက်တိုဘာလက နေပြည်တော် လေဆိပ်မှာ ဦးဖြိုးကိုကိုတင့်ဆန်း အပါအဝင် သုံးဦးဆီက ပစ္စတို သေနတ် နှစ်လက်နဲ့ ကျည်ဆန်တွေ၊ မူးယစ်ဆေးတွေ တွေ့ရှိခဲ့ပြီး သူပိုင်ဆိုင်တဲ့ နေပြည်တော်နဲ့ ရန်ကုန်က ACE ဟိုတယ် ထပ်မံရှာဖွေခဲ့ရာမှာ သေနတ်တွေ ထပ်မံတွေ့ရှိခဲ့လို့ ပုဒ်မ ၁၄ ခုနဲ့ တရားစွဲဆို ခံခဲ့ရပါတယ်။

နေပြည်တော်နဲ့ ရန်ကုန်မြို့မှာရှိတဲ့ ဦးဖြိုးကိုကိုတင့်ဆန်းရဲ့ နေအိမ်၊ ရုံးခန်းနဲ့ ဟိုတယ် တွေကို ရှာဖွေရာမှာ သုံးရက်အတွင်း ပစ္စတိုနဲ့ မောင်းပြန် ရိုင်ဖယ်စတဲ့ သေနတ်စုစုပေါင်း ၂၁ လက်၊ ကျည်ဆန်ပေါင်း ၁,၀၀၀ နီးပါး ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဦးဖြိုးကိုကိုတင့်ဆန်းဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ရွေးကောက်ပွဲမှာ မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ယှဉ်ပြိုင်ရာမှာ ရှုံးနိမ့်ခဲ့သူလည်း ဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
လက္နက္မႈနဲ႔ တရားစြဲခံထားရသူ ဦးၿဖိဳးကိုကိုတင့္ဆန္းကို ေထာင္ ႏွစ္ ၃၀ ေက်ာ္ခ်မွတ္ လက္နက္မႈနဲ႔ တရားစြဲခံထားရသူ ဦးၿဖိဳးကိုကိုတင့္ဆန္းကို ေထာင္ ႏွစ္ ၃၀ ေက်ာ္ခ်မွတ္ Reviewed by THITHTOOLWIN on 20:25 Rating: 5
Powered by Blogger.