ထုိင္းႏိုင္ငံက ျပန္လာသူေတြ လက္ခံေစာင့္ၾကည့္ေရး တုိင္းနဲ႔ ျပည္နယ္ေတြကုိ တာ၀န္ေပး

မတ္လ ၃၀ရက္ေန႔ ေနရပ္ျပန္သူမ်ား (သတင္းဓာတ္ပံု - ျမ၀တီခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေတဇာေအာင္)

(Zawgyi/Unicode)

ထိုင္းႏိုင္ငံကေန ျမန္မာႏိုင္ငံေနရပ္ျပန္ၾကတဲ့ ျမန္မာအလုပ္သမားေတြကို နယ္စပ္မွာပဲ ေရာဂါ ေစာင့္ၾကည့္ဖို႔ မျဖစ္ႏိုင္တာေၾကာင့္ သက္ဆိုင္ရာ တိုင္းနဲ႔ ျပည္နယ္ကို ျပန္ခိုင္းၿပီး ေစာင့္ၾကည့္ရတာျဖစ္တယ္လို႔ အစိုးရတာ၀န္ရိွသူ တဦးက ေျပာပါတယ္။ ျမန္မာႏိုင္ငံတြင္း ထိုင္းကေန ျပန္၀င္လာသူ ၂၀,၀၀၀ ေက်ာ္ရိွတာေၾကာင့္ ျမန္မာႏိုင္ငံမွာ ကပ္ေဘးအသြင္ျဖစ္ဖို႔ အလားအလာ မ်ားေနတယ္လို႔ က်န္းမာေရး၀န္ႀကီးက သတိေပးထားတာပါ။ ဒီအေၾကာင္း ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာ သတင္းေပးပို႔ထားပါတယ္။

ကိုဗစ္ကူးစက္ေရာဂါ ပ်ံ႕နွ႔ံေနတဲ့ ထိုင္းႏိုင္ငံတြင္းက တရား၀င္ ျပန္လာတဲ့ ျမန္မာအလုပ္သမားဦးေရ ၂၀,၀၀၀ ေက်ာ္ရိွၿပီဆိုေပမဲ့ ထိုင္းႏိုင္ငံထဲမွာကို ျမန္မာအလုပ္သမား အေတာ္မ်ားမ်ား က်န္ရိွေနေသးသလို အခုအခ်ိန္အထိလည္း နယ္စပ္ကေန ၀င္ေရာက္ေနဆဲ ရိွပါတယ္။ အခုလို ၀င္ေရာက္လာသူကို ကရင္ျပည္နယ္တြင္းမွာပဲ ေစာင့္ၾကည့္ထားဖို႔ အခက္အခဲ ရိွတာေၾကာင့္ သက္ဆိုင္ရာတိုင္းနဲ႔ ျပည္နယ္အစိုးရအဖဲြ႔ေတြကပါ တာ၀န္ယူေဆာင္ရြက္ဖို႔ ညိွႏိႈင္းထားၿပီးျဖစ္ေၾကာင္း ျမ၀တီၿမိဳ႕ကို မၾကာခင္က လာေရာက္တဲ့ ရန္ကုန္တုိင္းအစိုးရ ကရင္တိုင္းရင္းသားေရး၀န္ႀကီး ေနာ္ပန္းသဥၨာမ်ဳိးက ေျပာပါတယ္။

"လာသမ်ွကုိ ကရင္ျပည္နယ္မွာ Quarantine ေစာင့္ၾကည့္ဖို႔ဆိုတာ တေန႔တေန႔ ၀င္လာတဲ့ အေရအတြက္ နည္းတာ မဟုတ္ဘူး ရာဂဏန္း ေထာင္ဂဏန္းေလာက္ လုပ္ဖို႔က နည္းတာ မဟုတ္ဘူး ၁၄ ရက္ဆိုတာက နည္းနည္းေနာေနာ ျဖစ္သြားမွာ မဟုတ္ဘူး အဲဒါကုိ ကရင္ျပည္နယ္ တခုတည္းကေန တာ၀န္ယူျပီး ထမင္းေက်ြးထားဖို႔နဲ႔ Quarantine ေစာင့္ၾကည့္ဖို႔က ကရင္ျပည္နယ္မွာလည္း ေနရာ မရွိဘူး။ သက္ဆုိင္ရာ တိုင္းနဲ႔ ျပည္နယ္ကုိ သူ ျပည္နယ္ကို သူ ့အစုိးရ လက္ထဲကို တန္းတန္းမတ္မတ္ ေရာက္ဖို႔က အဓိက က်တယ္။ အဲဒါေၾကာင့္ က်မတုိ႔က အပင္ပန္းခံျပီးလူေတြကို ခဲြထုတ္တယ္။ ပဲခူးဆုိ ပဲခူး၊ မေကြးဆုိ မေကြး၊ ပဲခူးအေနာက္ျခမ္းဆို အေနာက္ျခမ္း ခဲြထုတ္တယ္။ သက္ဆုိင္ရာအစုိးရအဖဲြ႔ကို ဖုန္းဆက္တယ္။ ဒီကားနဲ႔ ပါလာတယ္။ သက္ဆုိင္ရာကားဂိတ္ေတြမွာ ဒီလူေတြကို ျပန္ေခၚျပီးေတာ့ ေနာက္ဆံုး သူတို႔ ရပ္ရြာအုပ္ခ်ဳပ္ေရးအဖဲြ႔ေတြထိ သက္ဆုိင္ရာ အစိုးရက အေၾကာင္းၾကားေပးတဲ့အထိ ပူးေပါင္းေဆာက္ရြက္မႈေတြ က်မတို႔က လုပ္ပါတယ္။"

ထိုင္းႏိုင္ငံတြင္းမွာ ျမန္မာေရႊ႕ေျပာင္းအလုပ္သမား ၃ သန္းထက္ မနည္း အလုပ္လုပ္ကုိင္ေနႀကတာျဖစ္ေပမဲ့ အခု ေနရပ္ျပန္သူေတြဟာ ေသာင္းဂဏန္းေလာက္ပဲ ရွိေနတာပါ။ ကရင္ျပည္နယ္ဟာ ထိုင္းႏို္င္ငံကို အဓိက ၀င္ေပါက္ ထြက္ေပါက္လို ျဖစ္ေနတာေၾကာင့္ ကရင္ျပည္နယ္ တခုတည္းအေနနဲ႔ ေနရပ္ျပန္ေတြအတြက္ ၁၄ ရက္တာ ေစာင့္ၾကည့္စီမံေဆာင္ရြက္ဖို႔ မျဖစ္ႏိုင္ဘူးလို႔လည္း ၀န္ႀကီး ေနာ္ပန္းသဥာမ်ိဳးက ေျပာပါတယ္။

"တႏိုင္လံုးရဲ့ ၀င္ေပါက္က ျပည္နယ္တခုတည္းက အကုန္လံုး facilitate ေပးဖို႔ဆိုတာက အဆင္မေျပဘူး ကရင္ျပည္နယ္မွာ အဲဒီေလာက္လဲ facilitate အျပည့္အစံုမရွိဘူး။"

ဒီကေန႔ မတ္လ ၃၀ ရက္ေန႔မွာပဲ ေကာ့ကရိတ္ၿမိဳ႕ေလးတိုင္ႏွင့္ ငါးတိုင္ၾကား ဘားအံကုိသြားတဲ့ မွန္လုံကားႀကီးေပၚမွာ ထိုင္းႏိုင္ငံက ျပန္လာတဲ့ ခရီးသြား ၂ ဦး အသက္ရႉ မြန္းၾကပ္တဲ့ ျပႆနာကုိႀကံဳရတာေၾကာင့္ နီးစပ္ရာေဆး႐ုံသို႔ ေခၚေဆာင္သြားေႀကာင္း ဒီကားေပၚမွာေတာ့ ခရီးသည္ ၅၀ နီးပါးပါ၀င္ေၾကာင္း ေနရပ္ျပန္ေတြကို ကူညီမႈေပးေနတဲ့ အန္အယ္ဒီအဖဲြ႕၀င္ေတြက ဆုိပါတယ္။

တာ့ခရိုင္ထဲမွာေတာ့ ျမန္မာေရႊ႕ေျပာင္းအလုပ္သမား ၅ သိန္းထက္မနည္း အလုပ္လုပ္ကုိင္ေနၾကတာ ျဖစ္ျပီး တာ့ခရိုင္ထဲကေန ျမန္မာႏိုင္ငံဘက္ကုိ ေနရပ္ျပန္ေနသူေတြလည္း ရွိေနဆဲျဖစ္ပါတယ္။

[Unicode Version]

ထိုင်းနိုင်ငံက ပြန်လာသူတွေ လက်ခံစောင့်ကြည့်ရေး တိုင်းနဲ့ပြည်နယ်တွေကို တာဝန်ပေး

ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံနေရပ်ပြန်ကြတဲ့ မြန်မာအလုပ်သမားတွေကို နယ်စပ်မှာပဲ ရောဂါ စောင့်ကြည့်ဖို့ မဖြစ်နိုင်တာကြောင့် သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်ကို ပြန်ခိုင်းပြီး စောင့်ကြည့်ရတာဖြစ်တယ်လို့ အစိုးရတာဝန်ရှိသူ တဦးက ပြောပါတယ်။ မြန်မာနိုင်ငံတွင်း ထိုင်းကနေ ပြန်ဝင်လာသူ ၂၀,၀၀၀ ကျော်ရှိတာကြောင့် မြန်မာနိုင်ငံမှာ ကပ်ဘေးအသွင်ဖြစ်ဖို့ အလားအလာ များနေတယ်လို့ ကျန်းမာရေးဝန်ကြီးက သတိပေးထားတာပါ။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ကိုဗစ်ကူးစက်ရောဂါ ပျံ့နှံ့နေတဲ့ ထိုင်းနိုင်ငံတွင်းက တရားဝင် ပြန်လာတဲ့ မြန်မာအလုပ်သမားဦးရေ ၂၀,၀၀၀ ကျော်ရှိပြီဆိုပေမဲ့ ထိုင်းနိုင်ငံထဲမှာကို မြန်မာအလုပ်သမား အတော်များများ ကျန်ရှိနေသေးသလို အခုအချိန်အထိလည်း နယ်စပ်ကနေ ဝင်ရောက်နေဆဲ ရှိပါတယ်။ အခုလို ဝင်ရောက်လာသူကို ကရင်ပြည်နယ်တွင်းမှာပဲ စောင့်ကြည့်ထားဖို့ အခက်အခဲ ရှိတာကြောင့် သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေကပါ တာဝန်ယူဆောင်ရွက်ဖို့ ညှိနှိုင်းထားပြီးဖြစ်ကြောင်း မြဝတီမြို့ကို မကြာခင်က လာရောက်တဲ့ ရန်ကုန်တိုင်းအစိုးရ ကရင်တိုင်းရင်းသားရေးဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောပါတယ်။

"လာသမျှကို ကရင်ပြည်နယ်မှာ Quarantine စောင့်ကြည့်ဖို့ဆိုတာ တနေ့တနေ့ ဝင်လာတဲ့ အရေအတွက် နည်းတာ မဟုတ်ဘူး ရာဂဏန်း ထောင်ဂဏန်းလောက် လုပ်ဖို့က နည်းတာ မဟုတ်ဘူး ၁၄ ရက်ဆိုတာက နည်းနည်းနောနော ဖြစ်သွားမှာ မဟုတ်ဘူး အဲဒါကို ကရင်ပြည်နယ် တခုတည်းကနေ တာဝန်ယူပြီး ထမင်းကျွေးထားဖို့နဲ့ Quarantine စောင့်ကြည့်ဖို့က ကရင်ပြည်နယ်မှာလည်း နေရာ မရှိဘူး။ သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်ကို သူ ပြည်နယ်ကို သူ့အစိုးရ လက်ထဲကို တန်းတန်းမတ်မတ် ရောက်ဖို့က အဓိက ကျတယ်။ အဲဒါကြောင့် ကျမတို့က အပင်ပန်းခံပြီးလူတွေကို ခွဲထုတ်တယ်။ ပဲခူးဆို ပဲခူး၊ မကွေးဆို မကွေး၊ ပဲခူးအနောက်ခြမ်းဆို အနောက်ခြမ်း ခွဲထုတ်တယ်။ သက်ဆိုင်ရာအစိုးရအဖွဲ့ကို ဖုန်းဆက်တယ်။ ဒီကားနဲ့ ပါလာတယ်။ သက်ဆိုင်ရာကားဂိတ်တွေမှာ ဒီလူတွေကို ပြန်ခေါ်ပြီးတော့ နောက်ဆုံး သူတို့ ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့တွေထိ သက်ဆိုင်ရာ အစိုးရက အကြောင်းကြားပေးတဲ့အထိ ပူးပေါင်းဆောက်ရွက်မှုတွေ ကျမတို့က လုပ်ပါတယ်။"

ထိုင်းနိုင်ငံတွင်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ သန်းထက် မနည်း အလုပ်လုပ်ကိုင်နေကြတာဖြစ်ပေမဲ့ အခု နေရပ်ပြန်သူတွေဟာ သောင်းဂဏန်းလောက်ပဲ ရှိနေတာပါ။ ကရင်ပြည်နယ်ဟာ ထိုင်းနိုင်ငံကို အဓိက ဝင်ပေါက် ထွက်ပေါက်လို ဖြစ်နေတာကြောင့် ကရင်ပြည်နယ် တခုတည်းအနေနဲ့ နေရပ်ပြန်တွေအတွက် ၁၄ ရက်တာ စောင့်ကြည့်စီမံဆောင်ရွက်ဖို့ မဖြစ်နိုင်ဘူးလို့လည်း ဝန်ကြီး နော်ပန်းသဉာမျိုးက ပြောပါတယ်။

"တနိုင်လုံးရဲ့ ဝင်ပေါက်က ပြည်နယ်တခုတည်းက အကုန်လုံး facilitate ပေးဖို့ဆိုတာက အဆင်မပြေဘူး ကရင်ပြည်နယ်မှာ အဲဒီလောက်လဲ facilitate အပြည့်အစုံမရှိဘူး။"

ဒီကနေ့ မတ်လ ၃၀ ရက်နေ့မှာပဲ ကော့ကရိတ်မြို့လေးတိုင်နှင့် ငါးတိုင်ကြား ဘားအံကိုသွားတဲ့ မှန်လုံကားကြီးပေါ်မှာ ထိုင်းနိုင်ငံက ပြန်လာတဲ့ ခရီးသွား ၂ ဦး အသက်ရှူ မွန်းကြပ်တဲ့ ပြဿနာကိုကြုံရတာကြောင့် နီးစပ်ရာဆေးရုံသို့ ခေါ်ဆောင်သွားကြောင်း ဒီကားပေါ်မှာတော့ ခရီးသည် ၅၀ နီးပါးပါဝင်ကြောင်း နေရပ်ပြန်တွေကို ကူညီမှုပေးနေတဲ့ အန်အယ်ဒီအဖွဲ့ဝင်တွေက ဆိုပါတယ်။

တာ့ခရိုင်ထဲမှာတော့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၅ သိန်းထက်မနည်း အလုပ်လုပ်ကိုင်နေကြတာ ဖြစ်ပြီး တာ့ခရိုင်ထဲကနေ မြန်မာနိုင်ငံဘက်ကို နေရပ်ပြန်နေသူတွေလည်း ရှိနေဆဲဖြစ်ပါတယ်။

မေအးေအးမာ/VOA (Burmese)
https://burmese.voanews.com
ထုိင္းႏိုင္ငံက ျပန္လာသူေတြ လက္ခံေစာင့္ၾကည့္ေရး တုိင္းနဲ႔ ျပည္နယ္ေတြကုိ တာ၀န္ေပး ထုိင္းႏိုင္ငံက ျပန္လာသူေတြ လက္ခံေစာင့္ၾကည့္ေရး တုိင္းနဲ႔ ျပည္နယ္ေတြကုိ တာ၀န္ေပး Reviewed by THITHTOOLWIN on 20:30 Rating: 5
Powered by Blogger.