COVID-19 လူနာေဆးရံုတက္ေနတဲ့ တီးတိန္ၿမိဳ႕က ေဆးရံုအေျခအေန

ရန္ကုန္ၿမိဳ႕တြင္ COVID-19 ေရာဂါ သံသယရွိသူမ်ားကိုထားမည့္ ယာယီအေဆာင္ကို ေဆးျဖန္းေနသည့္ က်န္းမာေရးဝန္ထမ္းမ်ား။ (မတ္ ၂၂၊ ၂၀၂၀)

(Zawgyi/Unicode)

ခ်င္းျပည္နယ္ ၊ တီးတိန္ၿမိဳ႕နယ္ ေဆးရံုမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံ အတည္ျပဳ လူနာ တေယာက္ကို သီးျခားခြဲထား ေစာင့္ၾကည့္ထားတဲ႔ အေျခအေနကို ေဒသခံ တဦးျဖစ္တဲ႔ Michael Suantak ကို တနလာၤေန႔ည သန္းေခါင္ေက်ာ္ အခ်ိန္ မသိဂၤ ီထုိက္ ဆက္သြယ္ေမးျမန္းတာမွာ သူက အခုလို စၿပီး ေျပာပါတယ္။

Michael Suantak။ ။ သူတို႔ ေထြအုပ္ကေန ေျပာထားတာေတာ့ရွိတယ္ ။ ေဆးရံု၀န္ထမ္းအေဆာင္အသစ္မွာ သူ႔ကို သီးသန္႔ထားထာတယ္ေပါ့။ သူ႔က်န္းမာေရးကေတာ့ ဆိုး၀ါးတဲ့ ပံုစံမ်ိဳးမဟုတ္ဘူး။ သက္လည္းသက္သာလာၿပီေပါ့။ ေနာက္တခုက သူျပန္လာတဲ့အခ်ိန္မွာ သူေလယာဥ္နဲ႔ ျပန္လာတယ္လို႔ ေျပာတယ္ ရက္ကေတာ့ က်ေနာ္အတိအက် မရေသးဘူး။ သူက မဂၤလာေဆာင္ဖို႔ ျပန္လာတာျဖစ္တဲ့အတြက္ေၾကာင့္ Pre-wedding ဓါတ္ပံု၊ ဗီြဒီယိုရိုက္တာေတြကို ဒီကေလးၿမိဳ႕မွာ ရိုက္သြားတယ္လို႔ ေျပာတယ္။

မသိဂၤ ီထုိက္။ ။ လူနာနဲ႔ ထိေတြ႔ဆက္ဆံတဲ့ေနရာမွာ အကာအကြယ္ လံုလံုေလာက္ေလာက္ ရွိပါသလား။ ေဆးရံုအေျခအေနေရာ ကို Michael တို႔ ဘာေတြ သိထားပါသလဲ။

Michael Suantak။ ။ ေဆးရံုကေတာ့ အရင္တုန္းက ပံုစံအတိုင္းပဲ ျဖစ္မွာပါ။ အရင္တုန္းကဆိုရင္ ကူးစက္တဲ့ေရာဂါေတြ ကာကြယ္တဲ့၀တ္စံုေတြမရွိဘူး Facility ေတြမရွိဘူး။ လွ်ပ္စစ္မီးဆိုရင္လည္း တီးတိန္က ၅ ရက္ကို တႀကိမ္ ၊ တလွည့္ေပါ့ေနာ္ အဲလိုမ်ိဳး ေပးေနတဲ့အေနအထားမွာရွိတယ္။ လွ်ပ္စစ္မီး လံုလံုေလာက္ေလာက္ မရတဲ့အေနအထားရွိတယ္ ။ ဒီအခ်ိန္မွာက ရာသီဥတုက နည္းနည္းေအးတယ္ေပါ့ေနာ္ ၊ ေတာ္ေတာ္ေလးေအးေသးတယ္။ မေန႔ကဆိုရင္ မိုးနည္းနည္း ရြာေသးတယ္ေပါ့။

ျမန္မာႏုိင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၂ ဦး ပထမဆံုး အႀကိမ္ ေတြ႔ရွိခဲ႔ရၿပီးေနာက္ စိုးရိမ္ေနၾကတဲ႔ ျပည္သူေတြ၊ ေနာက္ သူတို႔နဲ႔ ထိေတြ႔ခဲ႔ၾကတဲ႔ လူမႈ အသိုင္းအ၀ိုင္း အေနနဲ႔ ဘယ္လို သတိထား ေနထိုင္သင့္သလဲ ဆိုတာကို လက္ရွိမွာ COVID 19 လူနာေတြကို ကုသေပးေနတဲ႔ အေမရိကန္ျပည္ေထာင္စု၊ နယူးေယာက္ၿမိဳ႕ Wyckoff Heights ေဆး၀ါးကုသမႈဌာန ဒုတိယဥကၠဌ ကူးစက္ေရာဂါ အထူးကု ေဒါက္တာ ေဇယ်ာသက္ကို ေမးျမန္းတာမွာေတာ့ သူက အခုလို အႀကံျပဳပါတယ္။

ေဒါက္တာ ေဇယ်ာသက္။ ။ သူနဲ႔ ထိိေတြ႔ခဲ့တဲ့ လူေတြေပါ့ေနာ္ ၊ ေဆြမ်ိဳးေတြ အေပါင္းအသင္းေတြ သူသြားခဲ့တဲ့ေနရာက လူေတြကို စစ္ဖို႔လိုလားဆိုေတာ့ စစ္လိုက္ရင္ ေတြ႔လာမယ့္ chance က ေတာ္ေတာ္ေလးမ်ားပါတယ္ ဒါက အမွန္တရား က်ေနာ္ေျပာျပတာပါ။ ေနာက္တခုက အဲဒီလူေတြမွာ က်ေနာ္တို႔ လက္ရွိ New York မွာ ျဖစ္ေနတဲ့ အေနအထားအရ ဆိုရင္ အဖ်ားမရွိရင္ မစစ္ပါနဲ႔ ။ ဒါကေတာ့ က်ေန္ာတို႔ရဲ႕ အခုလက္ရွိအေျခအေနအရ Department က ဒီလိုလုပ္ပါတယ္။ အခုဘယ္ေလာက္အထိ က်ေနာ္တို႔ဒုကၡေရာက္သလဲဆိုေတာ့ က်ေနာ္တို႔မွာ စစ္ဖို႔ ပစၥည္းေတာင္မရွိေတာ့ပါဘူး။ အမ်ိဳးမ်ိဳးစမ္းေနတာေပါ့ေနာ္ ဒီေန႔ဆိုရင္ က်ေနာ္တို႔ လက္ေတြ႔လုပ္တဲ့အခါမွာ က်ေနာ္တို႔စီမွာ စစ္ဖို႔က ၁၅၀ ပဲ က်န္ပါေတာ့တယ္ စစ္ဖို႔ပစၥည္းက က်ေနာ္တို႔ ေဆးရံုတရံုလံုးမွာ အဲဒီေတာ့ က်ေနာ္တို႔ ေဆးရံုတက္တဲ့လူကိုပဲ စစ္ဖို႔ဘ၀ေရာက္သြားပါတယ္။ ဒါက တကယ့္ကို အေရးႀကံဳလာတဲ့အေျခအေနမ်ိဳးမွာ က်ေနာ္ေနာ္တို႔ ၾကံဳေနရတာေပါ့ေလ။ ဆိုေတာ့ က်ေနာ္ေျပာခ်င္တာကေတာ့ စစ္သင့္လားဆိုေတာ့ သူ႔ေဆြမ်ိဳးသားခ်င္းေတြမွာ ဖ်ားတယ္ဆိုရင္ေတာ့ စစ္သင့္ပါတယ္။ မဖ်ားပဲနဲ႔ ငါတို႔မွာ ဒီေရာဂါရွိ၊ မရွိသိခ်င္လို႔ စစ္ခ်င္တယ္ဆိုရင္ေတာ့ က်ေနာ္တို႔ ႏိုင္ငံအေနအထားအရ လုပ္ေပးႏိုင္သလားေပါ့ ။ စစ္ရင္ေတာ့ က်ေနာ့္အေနနဲ႔က အားေပးပါတယ္။ ဒါေပမယ့္ တခါတေလက်ေတာ့ ကိုယ့္ဆရာ၀န္ ရႈေထာင့္ကေန အားေပးေပမယ့္ ျပည္သူ႔က်န္းမာေရးရႈေထာင့္ဘက္ကေတာ့ တခါတေလ လုပ္ကိုင္ရတာ ခက္ခဲတဲ့အပိုင္းေတြရွိပါတယ္။ အိမ္မွာရွိတဲ့ မိသားစုေတြ အကုန္လံုးကေတာ့ ဘာပဲ လုပ္ရမလဲဆိုေတာ့ အဖ်ားတိုင္းပါ တေန႔ကို အဖ်ား ၂ ခါတိုင္းပါ လူတိုင္းက ဖ်ားတယ္ဆိုတာသိပါတယ္။ ဒီေရာဂါမွာ ၈၀ ရာခိုင္ႏႈန္းက ဖ်ားပါတယ္။ ဆိုေတာ့ က်ေနာ္တို႕လည္း ဒီဂရီနံပတ္နဲ႔ သြားတာပဲ။ တကယ္လို႔ ဖ်ားတယ္ဆိုရင္ေတာ့ အဲဒီလူကို စစ္ရပါလိမ့္မယ္ ၊ ဖ်ားၿပီဆိုရင္ေတာ့ စစ္ပါ။ မဖ်ားေသးဘူးဆိုရင္ေတာ့ သူနဲ႔ ထိေတြ႔ထားတာ ၁၈ ရက္တုန္းက ဒီေန႔က ၂၃ ရက္ဆိုေတာ့ ၅ ရက္ေတာ့ ရွိေနၿပီေပါ့ေနာ္။ ဆိုေတာ့ ဒီ ၁၃ ရက္ေန႔က ထိေတြ႔ထားတဲ့လူဆိုရင္ ၁ ပတ္ေတာင္ျပည့္သြားၿပီ ။ က်ေနာ္ေျပာခ်င္တဲ့သေဘာကေတာ့ ေနာက္ထပ္ ၁ ပတ္ေလာက္အတြင္းမွာ ဘာမွ မျဖစ္ေတာ့ဘူးဆိုရင္ေတာ့ အေျခအေနေကာင္းပါတယ္။ သူကေနတဆင့္ မျပန္႔သြားႏိုင္ဘူးလို႔ေတာ့ က်ေနာ္ထင္ပါတယ္။

မသိဂၤ ီထုိက္။ ။ အဲဒီေတာ့ သူနဲ႔ မထိေတြ႔ပဲနဲ႔ သူက တီးတိန္တို႔ ကေလးလည္း ေရာက္တယ္ေျပာပါတယ္ ။ တီးတိန္၊ ကေလး၊ ရန္ကုန္ေပါ့ေနာ္ သူ ျဖတ္သြားျဖတ္လာရွိခဲ့မယ့္ ေနရာေတြက လူေတြအတြက္ေရာ ဘာမ်ား အၾကံေပးခ်င္ပါသလဲ။

ေဒါက္တာ ေဇယ်ာသက္။ ။ က်ေနာ့္အေနနဲ႔ကေတာ့ ဖ်ားတယ္၊ ေခ်ာင္းဆိုးတယ္ဆိုရင္ မေပါ့ပါနဲ႔။ က်ေနာ္ေျပာခ်င္တဲ့ သေဘာက ဒီေရာဂါက လူမ်ားေတြ ပံုႀကီးခ်ဲ႕ၿပီးေတာ့ ေျပာေနတာမဟုတ္ပါဘူး။ က်ေနာ္တို႔ တကယ္ အလုပ္လုပ္တဲ့လူေတြ တကယ္လက္ေတြျဖစ္လာရင္ အရမ္း ဒုကၡေရာက္ပါတယ္။ ေျပာရရင္ နယူးေယာက္ ၿမိဳ႕ေတာ္၀န္ေျပာသြားတဲ့စကားလံုးလည္း ၾကားမွာပါ။ “This is not a joke” ဒီေရာဂါက ေနာက္ေျပာင္လို႔ ေကာင္းတဲ့အရာ မဟုတ္ပါဘူး။ ပံုႀကီးခ်ဲ႕ၿပီးေတာ့ ေျပာေနတာမဟုတ္ပါဘူး။ ဒီေန႔ ေန႔လည္က က်ေနာ့္ကို လူတေယာက္လာျပလို႔ ေတြ႔လိုက္တယ္ ဘယ္သူမွ က်ေနာ္တို႔ တကယ္လက္ေတြ႔လုပ္ေနတဲ့လူေတြက ပံုႀကီးခ်ဲ႕ၿပီးေတာ့ ေျပာေနတာမဟုတ္ပါဘူး ကိုယ့္အသက္ကို ရင္းၿပီးေတာ့ လုပ္ေနရတာ ။ တကယ္ျဖစ္လာရင္ ဆရာ၀န္ေတြ ၊ Nurse ေတြ ေဆးရံုမွာ လုပ္ေနရတဲ့လူေတြ အကုန္လံုး အသက္နဲ႔ ရင္းၿပီးေတာ့ က်ေနာ္တို႔ ဒီအလုပ္ကို လုပ္ေနတာပါ။ ဆိုေတာ့ မျဖစ္ေသးတာ အေကာင္းဆံုးေပါ့ေနာ္ ၊ ရေအာင္ကာကြယ္ပါ ျမန္မာျပည္မွာ အဲဒါကို အဓိက က်ေနာ္ေျပာခ်င္တာပါ။

တီးတိန္ ေဒသခံနဲ႔ ေဒါက္တာ ေဇယ်ာသက္တို႔ကို မသိဂၤ ီထုိက္က ေမးျမန္းတင္ျပခဲ႔တာပါ။

.................

COVID-19 လူနာဆေးရုံတက်နေတဲ့ တီးတိန်မြို့က ဆေးရုံအခြေအနေ

(Unicode)

ချင်းပြည်နယ် တီးတိန်မြို့နယ် ဆေးရုံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ အတည်ပြု လူနာ တယောက်ကို သီးခြားခွဲထား စောင့်ကြည့်ထားတဲ့ အခြေအနေကို ဒေသခံ တဦးဖြစ်တဲ့ Michael Suantak ကို တနလာၤနေ့ည သန်းခေါင်ကျော် အချိန်မသိင်္ဂ ီထိုက် ဆက်သွယ်မေးမြန်းတာမှာ သူက အခုလို စပြီး ပြောပါတယ်။

Michael Suantak။ ။ သူတို့ ထွေအုပ်ကနေ ပြောထားတာတော့ရှိတယ် ။ ဆေးရုံဝန်ထမ်းအဆောင်အသစ်မှာ သူ့ကို သီးသန့်ထားထာတယ်ပေါ့။ သူ့ကျန်းမာရေးကတော့ ဆိုးဝါးတဲ့ ပုံစံမျိုးမဟုတ်ဘူး။ သက်လည်းသက်သာလာပြီပေါ့။ နောက်တခုက သူပြန်လာတဲ့အချိန်မှာ သူလေယာဉ်နဲ့ ပြန်လာတယ်လို့ ပြောတယ် ရက်ကတော့ ကျနော်အတိအကျ မရသေးဘူး။ သူက မင်္ဂလာဆောင်ဖို့ ပြန်လာတာဖြစ်တဲ့အတွက်ကြောင့် Pre-wedding ဓါတ်ပုံ၊ ဗွီဒီယိုရိုက်တာတွေကို ဒီကလေးမြို့မှာ ရိုက်သွားတယ်လို့ ပြောတယ်။

မသိင်္ဂ ီထိုက်။ ။ လူနာနဲ့ ထိတွေ့ဆက်ဆံတဲ့နေရာမှာ အကာအကွယ် လုံလုံလောက်လောက် ရှိပါသလား။ ဆေးရုံအခြေအနေရော ကို Michael တို့ ဘာတွေ သိထားပါသလဲ။

Michael Suantak။ ။ ဆေးရုံကတော့ အရင်တုန်းက ပုံစံအတိုင်းပဲ ဖြစ်မှာပါ။ အရင်တုန်းကဆိုရင် ကူးစက်တဲ့ရောဂါတွေ ကာကွယ်တဲ့ဝတ်စုံတွေမရှိဘူး Facility တွေမရှိဘူး။ လျှပ်စစ်မီးဆိုရင်လည်း တီးတိန်က ၅ ရက်ကို တကြိမ် ၊ တလှည့်ပေါ့နော် အဲလိုမျိုး ပေးနေတဲ့အနေအထားမှာရှိတယ်။ လျှပ်စစ်မီး လုံလုံလောက်လောက် မရတဲ့အနေအထားရှိတယ် ။ ဒီအချိန်မှာက ရာသီဥတုက နည်းနည်းအေးတယ်ပေါ့နော် ၊ တော်တော်လေးအေးသေးတယ်။ မနေ့ကဆိုရင် မိုးနည်းနည်း ရွာသေးတယ်ပေါ့။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂ ဦး ပထမဆုံး အကြိမ် တွေ့ရှိခဲ့ရပြီးနောက် စိုးရိမ်နေကြတဲ့ ပြည်သူတွေ၊ နောက် သူတို့နဲ့ ထိတွေ့ခဲ့ကြတဲ့ လူမှု အသိုင်းအဝိုင်း အနေနဲ့ ဘယ်လို သတိထား နေထိုင်သင့်သလဲ ဆိုတာကို လက်ရှိမှာ COVID 19 လူနာတွေကို ကုသပေးနေတဲ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ Wyckoff Heights ဆေးဝါးကုသမှုဌာန ဒုတိယဥက္ကဌ ကူးစက်ရောဂါ အထူးကု ဒေါက်တာ ဇေယျာသက်ကို မေးမြန်းတာမှာတော့ သူက အခုလို အကြံပြုပါတယ်။

ဒေါက်တာ ဇေယျာသက်။ ။ သူနဲ့ ထိတွေ့ခဲ့တဲ့ လူတွေပေါ့နော် ၊ ဆွေမျိုးတွေ အပေါင်းအသင်းတွေ သူသွားခဲ့တဲ့နေရာက လူတွေကို စစ်ဖို့လိုလားဆိုတော့ စစ်လိုက်ရင် တွေ့လာမယ့် chance က တော်တော်လေးများပါတယ် ဒါက အမှန်တရား ကျနော်ပြောပြတာပါ။ နောက်တခုက အဲဒီလူတွေမှာ ကျနော်တို့ လက်ရှိ New York မှာ ဖြစ်နေတဲ့ အနေအထားအရ ဆိုရင် အဖျားမရှိရင် မစစ်ပါနဲ့ ။ ဒါကတော့ ကျနေ်ာတို့ရဲ့ အခုလက်ရှိအခြေအနေအရ Department က ဒီလိုလုပ်ပါတယ်။ အခုဘယ်လောက်အထိ ကျနော်တို့ဒုက္ခရောက်သလဲဆိုတော့ ကျနော်တို့မှာ စစ်ဖို့ ပစ္စည်းတောင်မရှိတော့ပါဘူး။ အမျိုးမျိုးစမ်းနေတာပေါ့နော် ဒီနေ့ဆိုရင် ကျနော်တို့ လက်တွေ့လုပ်တဲ့အခါမှာ ကျနော်တို့စီမှာ စစ်ဖို့က ၁၅၀ ပဲ ကျန်ပါတော့တယ် စစ်ဖို့ပစ္စည်းက ကျနော်တို့ ဆေးရုံတရုံလုံးမှာ အဲဒီတော့ ကျနော်တို့ ဆေးရုံတက်တဲ့လူကိုပဲ စစ်ဖို့ဘဝရောက်သွားပါတယ်။ ဒါက တကယ့်ကို အရေးကြုံလာတဲ့အခြေအနေမျိုးမှာ ကျနော်နော်တို့ ကြုံနေရတာပေါ့လေ။ ဆိုတော့ ကျနော်ပြောချင်တာကတော့ စစ်သင့်လားဆိုတော့ သူ့ဆွေမျိုးသားချင်းတွေမှာ ဖျားတယ်ဆိုရင်တော့ စစ်သင့်ပါတယ်။ မဖျားပဲနဲ့ ငါတို့မှာ ဒီရောဂါရှိ၊ မရှိသိချင်လို့ စစ်ချင်တယ်ဆိုရင်တော့ ကျနော်တို့ နိုင်ငံအနေအထားအရ လုပ်ပေးနိုင်သလားပေါ့ ။ စစ်ရင်တော့ ကျနော့်အနေနဲ့က အားပေးပါတယ်။ ဒါပေမယ့် တခါတလေကျတော့ ကိုယ့်ဆရာဝန် ရှုထောင့်ကနေ အားပေးပေမယ့် ပြည်သူ့ကျန်းမာရေးရှုထောင့်ဘက်ကတော့ တခါတလေ လုပ်ကိုင်ရတာ ခက်ခဲတဲ့အပိုင်းတွေရှိပါတယ်။ အိမ်မှာရှိတဲ့ မိသားစုတွေ အကုန်လုံးကတော့ ဘာပဲ လုပ်ရမလဲဆိုတော့ အဖျားတိုင်းပါ တနေ့ကို အဖျား ၂ ခါတိုင်းပါ လူတိုင်းက ဖျားတယ်ဆိုတာသိပါတယ်။ ဒီရောဂါမှာ ၈၀ ရာခိုင်နှုန်းက ဖျားပါတယ်။ ဆိုတော့ ကျနော်တို့လည်း ဒီဂရီနံပတ်နဲ့ သွားတာပဲ။ တကယ်လို့ ဖျားတယ်ဆိုရင်တော့ အဲဒီလူကို စစ်ရပါလိမ့်မယ် ၊ ဖျားပြီဆိုရင်တော့ စစ်ပါ။ မဖျားသေးဘူးဆိုရင်တော့ သူနဲ့ ထိတွေ့ထားတာ ၁၈ ရက်တုန်းက ဒီနေ့က ၂၃ ရက်ဆိုတော့ ၅ ရက်တော့ ရှိနေပြီပေါ့နော်။ ဆိုတော့ ဒီ ၁၃ ရက်နေ့က ထိတွေ့ထားတဲ့လူဆိုရင် ၁ ပတ်တောင်ပြည့်သွားပြီ ။ ကျနော်ပြောချင်တဲ့သဘောကတော့ နောက်ထပ် ၁ ပတ်လောက်အတွင်းမှာ ဘာမှ မဖြစ်တော့ဘူးဆိုရင်တော့ အခြေအနေကောင်းပါတယ်။ သူကနေတဆင့် မပြန့်သွားနိုင်ဘူးလို့တော့ ကျနော်ထင်ပါတယ်။

မသိင်္ဂ ီထိုက်။ ။ အဲဒီတော့ သူနဲ့ မထိတွေ့ပဲနဲ့ သူက တီးတိန်တို့ ကလေးလည်း ရောက်တယ်ပြောပါတယ် ။ တီးတိန်၊ ကလေး၊ ရန်ကုန်ပေါ့နော် သူ ဖြတ်သွားဖြတ်လာရှိခဲ့မယ့် နေရာတွေက လူတွေအတွက်ရော ဘာများ အကြံပေးချင်ပါသလဲ။

ဒေါက်တာ ဇေယျာသက်။ ။ ကျနော့်အနေနဲ့ကတော့ ဖျားတယ်၊ ချောင်းဆိုးတယ်ဆိုရင် မပေါ့ပါနဲ့။ ကျနော်ပြောချင်တဲ့ သဘောက ဒီရောဂါက လူများတွေ ပုံကြီးချဲ့ပြီးတော့ ပြောနေတာမဟုတ်ပါဘူး။ ကျနော်တို့ တကယ် အလုပ်လုပ်တဲ့လူတွေ တကယ်လက်တွေဖြစ်လာရင် အရမ်း ဒုက္ခရောက်ပါတယ်။ ပြောရရင် နယူးယောက် မြို့တော်ဝန်ပြောသွားတဲ့စကားလုံးလည်း ကြားမှာပါ။ “This is not a joke” ဒီရောဂါက နောက်ပြောင်လို့ ကောင်းတဲ့အရာ မဟုတ်ပါဘူး။ ပုံကြီးချဲ့ပြီးတော့ ပြောနေတာမဟုတ်ပါဘူး။ ဒီနေ့ နေ့လည်က ကျနော့်ကို လူတယောက်လာပြလို့ တွေ့လိုက်တယ် ဘယ်သူမှ ကျနော်တို့ တကယ်လက်တွေ့လုပ်နေတဲ့လူတွေက ပုံကြီးချဲ့ပြီးတော့ ပြောနေတာမဟုတ်ပါဘူး ကိုယ့်အသက်ကို ရင်းပြီးတော့ လုပ်နေရတာ ။ တကယ်ဖြစ်လာရင် ဆရာဝန်တွေ ၊ Nurse တွေ ဆေးရုံမှာ လုပ်နေရတဲ့လူတွေ အကုန်လုံး အသက်နဲ့ ရင်းပြီးတော့ ကျနော်တို့ ဒီအလုပ်ကို လုပ်နေတာပါ။ ဆိုတော့ မဖြစ်သေးတာ အကောင်းဆုံးပေါ့နော် ၊ ရအောင်ကာကွယ်ပါ မြန်မာပြည်မှာ အဲဒါကို အဓိက ကျနော်ပြောချင်တာပါ။

တီးတိန် ဒေသခံနဲ့ ဒေါက်တာ ဇေယျာသက်တို့ကို မသိင်္ဂ ီထိုက်က မေးမြန်းတင်ပြခဲ့တာပါ။

သိဂႌထုိက္/VOA (Burmese)
https://burmese.voanews.com
COVID-19 လူနာေဆးရံုတက္ေနတဲ့ တီးတိန္ၿမိဳ႕က ေဆးရံုအေျခအေန COVID-19 လူနာေဆးရံုတက္ေနတဲ့ တီးတိန္ၿမိဳ႕က ေဆးရံုအေျခအေန Reviewed by THITHTOOLWIN on 21:26 Rating: 5
Powered by Blogger.