ျမန္မာႏိုင္ငံ ၏ ျပည္တြင္းေဈးကြက္တြင္ လက္က်န္ဆန္စပါး လုံေလာက္စြာရွိေၾကာင္း ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္ ထုတ္ျပန္

ျမန္မာႏိုင္ငံ ဆန္စပါး အသင္းခ်ဳပ္ ၏ ထုတ္ျပန္ခ်က္အားေတြ႕ရစဥ္ (ဓာတ္ပံုံ--ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္)
(Zawgyi)⤵⤵⤵
    ရန္ကုန္၊ မတ္ ၂၄ ရက္ (ဆင္ဟြာ)

    လက္ရွိအေျခအေနတြင္ ျမန္မာႏိုင္ငံ ၏ ျပည္တြင္းေဈးကြက္တြင္ လက္က်န္ဆန္စပါး လုံေလာက္စြာရွိေၾကာင္း၊ ျပည္သူလူထုအေနျဖင့္ သတင္းအမွားမ်ား၊ ဝါဒျဖန႔္မႈမ်ား ကိုေရွာင္ၾကဥ္ ႏိုင္ပါရန္ ႏွင့္ လိုအပ္ပါက ကုန္သည္စက္မႈအသင္းခ်ဳပ္ ႏွင့္ ေသာ္လည္းေကာင္း၊ အသင္းခ်ဳပ္၏ ညီေနာင္အသင္းမ်ား ႏွင့္ ကုန္စည္ဒိုင္ မ်ား အားတိုက္႐ိုက္ဆက္သြယ္ေမးျမန္းရန္ ေမတၱာရပ္ခံခ်က္အား ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္က မတ္ ၂၄ ရက္တြင္ ထုတ္ျပန္ခဲ့သည္။

အသင္းခ်ဳပ္ ၏ လုပ္ငန္းရွင္မ်ား အေနျဖင့္ မိမိတို႔ထံတြင္ ပစၥည္းမွန္၊ ေဈးမွန္ျဖင့္ ဆန္ဝယ္ယူရရွိႏိုင္သည္ဆို သည့္သတင္းအား လူမႈကြန္ယက္မွ ေန႔စဥ္တင္ေပးရန္၊ ကုန္စည္ဒိုင္ ႏွင့္ အေရာင္းဆိုင္မ်ား အားလုံးမွ လႈပ္ရွားမႈ တစ္ရပ္အေနျဖင့္ ပါဝင္ေစလိုေၾကာင္း ေမတၱာရပ္ခံခ်က္ထဲတြင္ပါရွိသည္။ထို႔ျပင္ စက္ပိုင္၊ ကုန္သည္ႀကီးမ်ား ႏွင့္ ကုမၸဏီႀကီးမ်ား အေနျဖင့္ မိမိလက္ဝယ္ရွိဆန္ကို ကုန္စင္ေအာင္ ေရာင္းခ်ျခင္းမျပဳဘဲ မိမိေဒသအတြက္ တာဝန္သိစြာျဖင့္  ထိုက္သင့္ေသာပမာဏ ကို အရန္ဆန္အျဖစ္ သိမ္းဆည္း ထားရွိေပးရန္၊ ေက်းလက္ေဒသဆန္စပါးစိုက္ပ်ိဳးေသာ ေတာင္သူလယ္သမားမ်ား ႏွင့္ ေက်း႐ြာမ်ား တြင္ ေနထိုင္သူမ်ားအေနျဖင့္ လူစုလူေဝးမ်ား၊ အလႉမဂၤလာပြဲမ်ား ျပဳလုပ္ျခင္း မျပဳလုပ္ရန္ ႏွင့္ မိမိတို႔႐ြာတြင္ ႏိုင္ငံျခားျပန္မ်ားရွိပါက က်န္းမာေရးဌာန ႏွင့္ အုပ္ခ်ဳပ္ေရးဌာန မ်ား ၏ ၫႊန္ၾကားခ်က္အတိုင္း တိက်စြာ လိုက္နာေဆာင္႐ြက္ေရး အေလးထားေပးရန္ ေမတၱာရပ္ခံခ်က္ထဲတြင္ ပါရွိသသည္။

အသင္းခ်ဳပ္ အသင္းဝင္ကုမၸဏီမ်ားမွ  ေငြေၾကးလႉဒါန္းမႈမ်ား ႏွင့္ ဆန္အိတ္လႉဒါန္းမႈမ်ား ကို ပါဝင္အားျဖည့္ ေထာက္ပံ့ေပးရန္ စီစဥ္လ်က္ရွိၿပီး၊ လိုအပ္လ်က္ရွိေသာ ေနရာမ်ား သို႔ ေပးပို႔ေထာက္ပံ့ေပးႏိုင္ရန္ စီစဥ္လ်က္ရွိေၾကာင္း အေသးစိတ္ထပ္မံေၾကညာေပးမည္ျဖစ္ေၾကာင္း သိရသည္။ကုန္သည္စက္မႈအသင္းခ်ဳပ္ (႐ုံးခ်ဳပ္) တြင္ လုပ္ငန္းမ်ား စဥ္ဆက္မျပတ္ေစရန္ Contingency & Service Continuity Plan ခ်မွတ္ထားၿပီး MRF COVID-19 Response Task Force ကိုဖြဲ႕စည္းကာလုပ္ငန္းမ်ား စီမံေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ အစည္းအေဝးမ်ား ႏွင့္ လူပုဂၢိဳလ္အခ်င္းခ်င္း ထိေတြ႕မႈမ်ား ကို မျပဳလုပ္ဘဲဖုန္း၊အြန္လိုင္းစနစ္တို႔ ျဖင့္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ေမတၱာရပ္ခံခ်က္တြင္ ပါရွိသည္။

(Xinhua)
http://www.xinhuamyanmar.com
-------------
(Unicode)⤵⤵⤵
မြန်မာနိုင်ငံ ၏ ပြည်တွင်းဈေးကွက်တွင် လက်ကျန်ဆန်စပါး လုံလောက်စွာရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ထုတ်ပြန်

မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ၏ ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံံ--မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်)

    ရန်ကုန်၊ မတ် ၂၄ ရက် (ဆင်ဟွာ)

    လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ ၏ ပြည်တွင်းဈေးကွက်တွင် လက်ကျန်ဆန်စပါး လုံလောက်စွာရှိကြောင်း၊ ပြည်သူလူထုအနေဖြင့် သတင်းအမှားများ၊ ဝါဒဖြန့်မှုများ ကိုရှောင်ကြဉ် နိုင်ပါရန် နှင့် လိုအပ်ပါက ကုန်သည်စက်မှုအသင်းချုပ် နှင့် သော်လည်းကောင်း၊ အသင်းချုပ်၏ ညီနောင်အသင်းများ နှင့် ကုန်စည်ဒိုင် များ အားတိုက်ရိုက်ဆက်သွယ်မေးမြန်းရန် မေတ္တာရပ်ခံချက်အား မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က မတ် ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အသင်းချုပ် ၏ လုပ်ငန်းရှင်များ အနေဖြင့် မိမိတို့ထံတွင် ပစ္စည်းမှန်၊ ဈေးမှန်ဖြင့် ဆန်ဝယ်ယူရရှိနိုင်သည်ဆို သည့်သတင်းအား လူမှုကွန်ယက်မှ နေ့စဉ်တင်ပေးရန်၊ ကုန်စည်ဒိုင် နှင့် အရောင်းဆိုင်များ အားလုံးမှ လှုပ်ရှားမှု တစ်ရပ်အနေဖြင့် ပါဝင်စေလိုကြောင်း မေတ္တာရပ်ခံချက်ထဲတွင်ပါရှိသည်။ထို့ပြင် စက်ပိုင်၊ ကုန်သည်ကြီးများ နှင့် ကုမ္ပဏီကြီးများ အနေဖြင့် မိမိလက်ဝယ်ရှိဆန်ကို ကုန်စင်အောင် ရောင်းချခြင်းမပြုဘဲ မိမိဒေသအတွက် တာဝန်သိစွာဖြင့်  ထိုက်သင့်သောပမာဏ ကို အရန်ဆန်အဖြစ် သိမ်းဆည်း ထားရှိပေးရန်၊ ကျေးလက်ဒေသဆန်စပါးစိုက်ပျိုးသော တောင်သူလယ်သမားများ နှင့် ကျေးရွာများ တွင် နေထိုင်သူများအနေဖြင့် လူစုလူဝေးများ၊ အလှူမင်္ဂလာပွဲများ ပြုလုပ်ခြင်း မပြုလုပ်ရန် နှင့် မိမိတို့ရွာတွင် နိုင်ငံခြားပြန်များရှိပါက ကျန်းမာရေးဌာန နှင့် အုပ်ချုပ်ရေးဌာန များ ၏ ညွှန်ကြားချက်အတိုင်း တိကျစွာ လိုက်နာဆောင်ရွက်ရေး အလေးထားပေးရန် မေတ္တာရပ်ခံချက်ထဲတွင် ပါရှိသသည်။

အသင်းချုပ် အသင်းဝင်ကုမ္ပဏီများမှ  ငွေကြေးလှူဒါန်းမှုများ နှင့် ဆန်အိတ်လှူဒါန်းမှုများ ကို ပါဝင်အားဖြည့် ထောက်ပံ့ပေးရန် စီစဉ်လျက်ရှိပြီး၊ လိုအပ်လျက်ရှိသော နေရာများ သို့ ပေးပို့ထောက်ပံ့ပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း အသေးစိတ်ထပ်မံကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။ကုန်သည်စက်မှုအသင်းချုပ် (ရုံးချုပ်) တွင် လုပ်ငန်းများ စဉ်ဆက်မပြတ်စေရန် Contingency & Service Continuity Plan ချမှတ်ထားပြီး MRF COVID-19 Response Task Force ကိုဖွဲ့စည်းကာလုပ်ငန်းများ စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အစည်းအဝေးများ နှင့် လူပုဂ္ဂိုလ်အချင်းချင်း ထိတွေ့မှုများ ကို မပြုလုပ်ဘဲဖုန်း၊အွန်လိုင်းစနစ်တို့ ဖြင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မေတ္တာရပ်ခံချက်တွင် ပါရှိသည်။

(Xinhua)
http://www.xinhuamyanmar.com
ျမန္မာႏိုင္ငံ ၏ ျပည္တြင္းေဈးကြက္တြင္ လက္က်န္ဆန္စပါး လုံေလာက္စြာရွိေၾကာင္း ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္ ထုတ္ျပန္ ျမန္မာႏိုင္ငံ ၏ ျပည္တြင္းေဈးကြက္တြင္ လက္က်န္ဆန္စပါး လုံေလာက္စြာရွိေၾကာင္း ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္ ထုတ္ျပန္ Reviewed by THITHTOOLWIN on 21:21 Rating: 5
Powered by Blogger.