COVID-19 သီးျခားေစာင့္ၾကည့္ခံေနရသူ ေဝဘာဂီေဆး႐ုံအေတြ႕အၾကံဳ

ဇန္န၀ါရီ ၃၁ ရက္တုန္းက ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရသူဟု သံသရရွိသူကို ေဝဘာဂီေဆး႐ုံ ပို႔ေဆာင္စဥ္ (Photo by Sai Aung Main / AFP)

(Zawgyi/Unicode)

ရန္ကုန္ေလဆိပ္မွာ ၀င္လာတဲ့ခရီးသည္ေတြကို COVID-19 ကူးစက္မႈရွိမရွိ ေစာင့္ၾကည့္စစ္ေဆးတဲ့ က်န္းမာေရး၀န္ထမ္းေတြကိုယ္တိုင္ ေရာဂါကာကြယ္ေရးလိုက္နာရမယ့္ စည္းမ်ဥ္းစည္းကမ္းေတြကို လိုက္နာဖို႔ လိုေနေၾကာင္း ျပည္ပႏိုင္ငံကေနျပန္လာၿပီး ေ၀ဘာဂီေဆးရံုမွာ ေစာင့္ၾကည့္ခံေနရသူတဦးက ဗီြအိုေအကိုေျပာပါတယ္။

လက္ရွိ ေ၀ဘာဂီေဆးရံုမွာလည္း က်န္းမာေရး၀န္ႀကီးဌာနက တနလၤာေန႔က ထုတ္ျပန္ခ်က္အရ ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါ ကူးစက္ခံရသူ ႏွစ္ဦးထဲက အဂၤလန္ႏိုင္ငံက လာတဲ့သူတဦးကလည္း ေစာင္ၾကည့္ကုသခံေနရတာျဖစ္ပါတယ္။ ေ၀ဘာဂီေဆးရံုမွာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရမႈ ရွိမရွိေစာင့္ၾကည့္ခံေနရသူေတြရဲ႕ အေျခအေနကို မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္းထားပါတယ္။

ေမး။ ။ အခု ေ၀ဘာဂီေဆးရံုမွာ COVID-19 ကူးစက္ခံထားရတဲ့ အဂၤလန္ႏိုင္ငံက လာတဲ့ လူနဲ႔ ပတ္သက္ၿပီးေတာ့ ညီမတို႔ ဘာေတြ သိထားရသလဲ။

ေျဖ။ ။အဲဒါမ်ိဳးေတာ့ တိတိက်က် သိထားတာမရွိဘူးေပါ့ေနာ္ ေ၀ဘာဂီ အေဆာင္ ၂ ေဆာင္ထဲမွာမွ က်မတို႔ အေဆာင္မဟုတ္တာ ေသခ်ာတယ္။ ဟိုဘက္ တေဆာင္က ျဖစ္တာပါရွင့္ ဟိုဘက္ကေန ျဖစ္ေတာ့ ၾကားသိရတာကေတာ့ အရမ္းႀကီး ၿပီးခဲ့တဲ့ ေန႔ေတြက ဖ်ားနာတာေတြ ရွိတယ္ေပါ့ေနာ္ အခုကေတာ့ ဒီလိုအေျခအေနကေန နည္းနည္း သက္သာလာၿပီလို႔ ၾကားရတယ္။

ေမး။ ။ ဆိုေတာ့ အခု ဘယ္လိုေစာင့္ၾကည့္ေနသလဲရွင့္ ။

ေျဖ။ ။အခုလက္ရွိ က်မတို႔ ေ၀ဘာဂီေဆးရံုမွာ အေဆာင္ ၂ ေဆာင္ရွိတယ္ေပါ့ေနာ္။ က်မက အခုလက္ရွိ အသစ္ေဆာက္ထားတဲ့ အေဆာင္ အခန္းထဲမွာ တျခားႏိုင္ငံျခားက ျပန္လာတဲ့ ညီမ တေယာက္နဲ႔ တြဲၿပီးေတာ့ ေနေနရပါတယ္။

ေမး။ ။ အဲဒီေတာ့ ညီမတိို႔အေဆာင္မွာ ဘယ္ႏွစ္ခန္းရွိၿပီးေတာ့ လူေပါင္း ဘယ္ႏွစ္ေယာက္ေလာက္ကို သူတို႔ ေစာင့္ၾကည့္ေနတာလဲရွင့္။

ေျဖ။ ။ အားလံုး ဘယ္ႏွစ္ေယာက္ေစာင့္ၾကည့္ေနသလဲဆိုတာကေတာ့ က်မ အတိအက်မသိဘူး ။ အခုလက္ရွိ က်မတို႔ ေနတဲ့အေဆာင္မွာေတာ့ ၁၀ ေယာက္ေက်ာ္ေလာက္ေတာ့ ရွိတယ္။

ေမး။ ။ ညီမတို႔ စားေရးေသာက္ေရးေတြ သူတို႔ ဘယ္လိုလုပ္ေပးသလဲရွင့္။

ေျဖ။ ။အခန္းကေတာ့ အဆင္ေျပတယ္ေပါ့ေနာ္ ။ ေနာက္တေယာက္နဲ႔ တြဲၿပီးေတာ့ ေနရတယ္ ကုတင္ေတြ ထားေပးတယ္။ ၿပီးေတာ့ အခန္းမွာက ေရခ်ိဳးခန္းနဲ႔ အိမ္သာ တြဲထားတယ္ေပါ့ေနာ္။ စားေရးေသာက္ေရးက ၃ နပ္ေကၽြးတယ္။ မနက္၊ ေန႔၊ ည ဆိုၿပီးေတာ့ ေကၽြးပါတယ္။ မနက္စာကေတာ့ ေပါ့ေပါ့ပါးပါးပဲ က်မတို႔ အျပင္မွာစားသလို မနက္ဆိုရင္ မုန္႔ဟင္းခါးနဲ႔ လဘက္ရည္ေတြ ေကၽြးတယ္။ ေန႔လည္၊ ညကေတာ့ ထမင္းနဲ႔ ဟင္းနဲ႔ အဲဒါက ထမင္းဘူးေလးေတြနဲ႔ ေကၽြးတယ္။

ေမး။ ။ ညီမတို႔ကို ေလဆိပ္မွာ ကိုရိုနာဗိုင္းရပ္စ္နဲ႔ ပတ္သက္ၿပီးေတာ့ ေစာင့္ၾကည့္မယ္ဆိုတဲ့ အေျခအေနက ဘယ္လိုျဖစ္လာပါသလဲ။ ညီမတို႔ စ၀င္တဲ့ ရက္မွာ ညီမတို႔ ႏိုင္ငံက သတ္မွတ္ထားတဲ့ စာရင္းထဲမွာ ပါသြားလို႔ တခါတည္း ပါသြားတာလား။ ညီမတို႔ကို ေလဆိပ္မွာ ေခၚသြားတဲ့ အေျခအေနကို ေျပာျပပါရွင့္။

ေျဖ။ ။ က်မတို႔ကို ေလဆိပ္ေရာက္ေရာက္ခ်င္းမွာ ေလယာဥ္မယ္ေလးေတြ ျဖည့္ခိုင္းထားတဲ့ declaration form ေပါ့ေနာ္ အဲဒါေလးေတြ ေတာင္းၾကည့္တယ္ ။ ဖ်ားလား၊ နာလား အဲလိုမ်ိဳးေလးေတြ စစ္ေဆးေမးျမန္းတာေလးေတြ လုပ္တယ္ ။ျမန္မာႏိုင္ငံ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ သတ္မွတ္ႏိုင္ငံေတြ ထဲက အျဖစ္မ်ားတဲ့ႏိုင္ငံေတြထဲက ျပန္လာတဲ့ ႏိုင္ငံ တႏိုင္ငံ ျဖစ္တဲ့အတြက္ Home quarantine နဲ႔ Hospital quarantine ၂ မ်ိဳးရွိတယ္လို႔ ေျပာတယ္။ ဘယ္လိုပံုစံနဲ႔ quarantine လုပ္ရမယ္ဆိုတာ သူတို႔က ဆရာ၀န္ႀကီးေတြနဲ႔ တိုင္ပင္တာ ၿပီးေတာ့ က်မတို႔ကို Hospital quarantine ၀င္ရမယ္ဆိုၿပီးေတာ့ ေျပာပါတယ္။ အဲလိုေျပာတဲ့အထဲမွာမွ ေလဆိပ္ေရာက္တဲ့အခ်ိန္ က်မတို႔နဲ႔ လိုက္လာတဲ့ တခ်ိဳ႕ေသာ ခရီးသည္ေတြကလည္း High risk ႏိုင္ငံထဲက ျပန္လာတဲ့ ခရီးသည္ေတြ ပါတယ္ေပါ့ေနာ္ ။ အဲလိုခရီးသည္ေတြကိုဆိုရင္ quarantine မ၀င္ရတဲ့ ခရီးသည္ေတြလည္း ေတြ႔ရတယ္ေပါေ့နာ္။ ဆိုေတာ့ အဲလိုလုပ္တာက ေခၚခ်င္တဲ့ သူေတြပဲ ေခၚတာလား ၊ မဟုတ္ရင္လည္း ဘာလို႔လဲေပါ့ေနာ္ သူတို႔ သတ္မွတ္ထားတဲ့ ႏိုင္ငံကေန ျပန္လာရက္နဲ႔ သူတို႔ကိုေတာ့ quarantine မေခၚတာလဲဆိုတဲ့ ေမးခြန္းေလးေတြ အမ်ားႀကီးထုတ္စရာရွိတယ္။ ေလဆိပ္ေရာက္တဲ့အခ်ိန္မွာ က်မတို႔ကို လူစုလူေ၀းေတြ ေရွာင္လို႔ေျပာတယ္။ အဲဒါ က်မတို႔ကို စစ္တာေမးတာက တေယာက္ခ်င္းမလုပ္ပဲနဲ႔ အံုလိုက္ က်န္းမာေရး၀န္ထမ္းေတြဆိုရင္ ၅ေယာက္အထက္ရွိတယ္ အဲလိုမ်ိဳး လာ၀ုိင္းအံုၿပီးေတာ့ ေမးတယ္။ ေမးေတာ့ ကိုယ့္အတြက္လည္း အဆင္မေျပဘူးေပါ့ေနာ္။ ဒီလိုမ်ိဳးေလးေတြေတာ့ ေရွာင္ေစခ်င္တယ္ေပါေ့နာ္။ ေနာက္တခုကေတာ့ က်မတို႔ကို ေလဆိပ္မွာ အဲလိုမ်ိဳးေမးၿပီးေတာ့ ဟုတ္ၿပီ ေ၀ဘာဂီေဆးရံုမွာ ၁၄ ရက္ quarantine ေနရမယ္လို႔ သူတို႔က ေျပာတယ္။ ေျပာတာနဲ႔ ခ်က္ခ်င္း က်မတို႔ကို ေ၀ဘာဂီကို တန္းေခၚတာမဟုတ္ပဲနဲ႔ ေလဆိပ္မွာကို ေနာက္ထပ္ နာရီ၀က္ေလာက္ ေနရေသးတယ္။ ေနရေတာ့ ေနတဲ့အေတာအတြင္းမွာ တျခားသူေတြ က်န္းမာေရး၀န္ထမ္းျဖစ္ေစ၊ ေလဆိပ္မွာ တာ၀န္က်ေနတဲ့ ၀န္ထမ္းေတြျဖစ္ေစ က်မတို႔ကို ၾကည့္ၿပီးေတာ့ လက္သြားေဆးတာမ်ိဳး ၊ Hand gel ေတြထုတ္သံုးတာမ်ိဳးေတြ ၊ လက္အိတ္ေကာက္၀တ္တာေတြ ၊ Mask ေတြ ေကာက္တပ္တာေတြ က်မတို႔ကို အဲလိုမ်ိဳးေတြ လုပ္ျပေတာ့ က်မတို႔ အေနနဲ႔ စိတ္ပိုင္းဆိုင္ရာ လံုး၀အဆင္ေျပမေနဘူးေပါ့ေနာ္။ ေဆးရံုသြားမယ္ဆိုေတာ့ က်မတု႔ိကို Ambulance နဲ႔ ေခၚသြားတယ္ ။ Ambulance ထဲမွာ က်မအျပင္ ႏိုင္ငံျခားက ျပန္လာတဲ့ ညီမေလးတေယာက္ပါတယ္ေပါ့ေနာ္ ၂ ေယာက္ရွိေတာ့ အဆင္ေျပေသးတယ္ေပါ့ေနာ္။ Ambulance အေနာက္ခန္းမွာက အရမ္းပူၿပီးေတာ့ ေမွာင္ေမွာင္မဲမဲေပါ့ေနာ္၊ ေဆးရံုကို အဲလိုမ်ိဳး လုိက္လာရတယ္။

ဒါကေတာ့ ရန္ကုန္ ေ၀ဘာဂီေဆးရံုမွာ ႏွစ္ပတ္ၾကာေစာင့္ၾကည့္ခံေနရတဲ့ အမ်ဳိးသမီတဦးကို မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္းခဲ့တာျဖစ္ပါတယ္။

.......................

COVID-19 ကြောင့် သီးခြားစောင့်ကြည့်ခံနေရတဲ့ ဝေဘာဂီဆေးရုံက လူနာတဦးရဲ့ အတွေ့အကြုံ

(Unicode)

ရန်ကုန်လေဆိပ်မှာ ဝင်လာတဲ့ခရီးသည်တွေကို COVID-19 ကူးစက်မှုရှိမရှိ စောင့်ကြည့်စစ်ဆေးတဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုယ်တိုင် ရောဂါကာကွယ်ရေးလိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ လိုနေကြောင်း ပြည်ပနိုင်ငံကနေပြန်လာပြီး ဝေဘာဂီဆေးရုံမှာ စောင့်ကြည့်ခံနေရသူတဦးက ဗွီအိုအေကိုပြောပါတယ်။

လက်ရှိ ဝေဘာဂီဆေးရုံမှာလည်း ကျန်းမာရေးဝန်ကြီးဌာနက တနင်္လာနေ့က ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ခံရသူ နှစ်ဦးထဲက အင်္ဂလန်နိုင်ငံက လာတဲ့သူတဦးကလည်း စောင်ကြည့်ကုသခံနေရတာဖြစ်ပါတယ်။ ဝေဘာဂီဆေးရုံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု ရှိမရှိစောင့်ကြည့်ခံနေရသူတွေရဲ့ အခြေအနေကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ အခု ဝေဘာဂီဆေးရုံမှာ COVID-19 ကူးစက်ခံထားရတဲ့ အင်္ဂလန်နိုင်ငံက လာတဲ့ လူနဲ့ ပတ်သက်ပြီးတော့ ညီမတို့ ဘာတွေ သိထားရသလဲ။

ဖြေ။ ။အဲဒါမျိုးတော့ တိတိကျကျ သိထားတာမရှိဘူးပေါ့နော် ဝေဘာဂီ အဆောင် ၂ ဆောင်ထဲမှာမှ ကျမတို့ အဆောင်မဟုတ်တာ သေချာတယ်။ ဟိုဘက် တဆောင်က ဖြစ်တာပါရှင့် ဟိုဘက်ကနေ ဖြစ်တော့ ကြားသိရတာကတော့ အရမ်းကြီး ပြီးခဲ့တဲ့ နေ့တွေက ဖျားနာတာတွေ ရှိတယ်ပေါ့နော် အခုကတော့ ဒီလိုအခြေအနေကနေ နည်းနည်း သက်သာလာပြီလို့ ကြားရတယ်။

မေး။ ။ ဆိုတော့ အခု ဘယ်လိုစောင့်ကြည့်နေသလဲရှင့် ။

ဖြေ။ ။အခုလက်ရှိ ကျမတို့ ဝေဘာဂီဆေးရုံမှာ အဆောင် ၂ ဆောင်ရှိတယ်ပေါ့နော်။ ကျမက အခုလက်ရှိ အသစ်ဆောက်ထားတဲ့ အဆောင် အခန်းထဲမှာ တခြားနိုင်ငံခြားက ပြန်လာတဲ့ ညီမ တယောက်နဲ့ တွဲပြီးတော့ နေနေရပါတယ်။

မေး။ ။ အဲဒီတော့ ညီမတို့အဆောင်မှာ ဘယ်နှစ်ခန်းရှိပြီးတော့ လူပေါင်း ဘယ်နှစ်ယောက်လောက်ကို သူတို့ စောင့်ကြည့်နေတာလဲရှင့်။

ဖြေ။ ။ အားလုံး ဘယ်နှစ်ယောက်စောင့်ကြည့်နေသလဲဆိုတာကတော့ ကျမ အတိအကျမသိဘူး ။ အခုလက်ရှိ ကျမတို့ နေတဲ့အဆောင်မှာတော့ ၁၀ ယောက်ကျော်လောက်တော့ ရှိတယ်။

မေး။ ။ ညီမတို့ စားရေးသောက်ရေးတွေ သူတို့ ဘယ်လိုလုပ်ပေးသလဲရှင့်။

ဖြေ။ ။အခန်းကတော့ အဆင်ပြေတယ်ပေါ့နော် ။ နောက်တယောက်နဲ့ တွဲပြီးတော့ နေရတယ် ကုတင်တွေ ထားပေးတယ်။ ပြီးတော့ အခန်းမှာက ရေချိုးခန်းနဲ့ အိမ်သာ တွဲထားတယ်ပေါ့နော်။ စားရေးသောက်ရေးက ၃ နပ်ကျွေးတယ်။ မနက်၊ နေ့၊ ည ဆိုပြီးတော့ ကျွေးပါတယ်။ မနက်စာကတော့ ပေါ့ပေါ့ပါးပါးပဲ ကျမတို့ အပြင်မှာစားသလို မနက်ဆိုရင် မုန့်ဟင်းခါးနဲ့ လဘက်ရည်တွေ ကျွေးတယ်။ နေ့လည်၊ ညကတော့ ထမင်းနဲ့ ဟင်းနဲ့ အဲဒါက ထမင်းဘူးလေးတွေနဲ့ ကျွေးတယ်။

မေး။ ။ ညီမတို့ကို လေဆိပ်မှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီးတော့ စောင့်ကြည့်မယ်ဆိုတဲ့ အခြေအနေက ဘယ်လိုဖြစ်လာပါသလဲ။ ညီမတို့ စဝင်တဲ့ ရက်မှာ ညီမတို့ နိုင်ငံက သတ်မှတ်ထားတဲ့ စာရင်းထဲမှာ ပါသွားလို့ တခါတည်း ပါသွားတာလား။ ညီမတို့ကို လေဆိပ်မှာ ခေါ်သွားတဲ့ အခြေအနေကို ပြောပြပါရှင့်။

ဖြေ။ ။ ကျမတို့ကို လေဆိပ်ရောက်ရောက်ချင်းမှာ လေယာဉ်မယ်လေးတွေ ဖြည့်ခိုင်းထားတဲ့ declaration form ပေါ့နော် အဲဒါလေးတွေ တောင်းကြည့်တယ် ။ ဖျားလား၊ နာလား အဲလိုမျိုးလေးတွေ စစ်ဆေးမေးမြန်းတာလေးတွေ လုပ်တယ် ။မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ သတ်မှတ်နိုင်ငံတွေ ထဲက အဖြစ်များတဲ့နိုင်ငံတွေထဲက ပြန်လာတဲ့ နိုင်ငံ တနိုင်ငံ ဖြစ်တဲ့အတွက် Home quarantine နဲ့ Hospital quarantine ၂ မျိုးရှိတယ်လို့ ပြောတယ်။ ဘယ်လိုပုံစံနဲ့ quarantine လုပ်ရမယ်ဆိုတာ သူတို့က ဆရာဝန်ကြီးတွေနဲ့ တိုင်ပင်တာ ပြီးတော့ ကျမတို့ကို Hospital quarantine ဝင်ရမယ်ဆိုပြီးတော့ ပြောပါတယ်။ အဲလိုပြောတဲ့အထဲမှာမှ လေဆိပ်ရောက်တဲ့အချိန် ကျမတို့နဲ့ လိုက်လာတဲ့ တချို့သော ခရီးသည်တွေကလည်း High risk နိုင်ငံထဲက ပြန်လာတဲ့ ခရီးသည်တွေ ပါတယ်ပေါ့နော် ။ အဲလိုခရီးသည်တွေကိုဆိုရင် quarantine မဝင်ရတဲ့ ခရီးသည်တွေလည်း တွေ့ရတယ်ပေါေ့နာ်။ ဆိုတော့ အဲလိုလုပ်တာက ခေါ်ချင်တဲ့ သူတွေပဲ ခေါ်တာလား ၊ မဟုတ်ရင်လည်း ဘာလို့လဲပေါ့နော် သူတို့ သတ်မှတ်ထားတဲ့ နိုင်ငံကနေ ပြန်လာရက်နဲ့ သူတို့ကိုတော့ quarantine မခေါ်တာလဲဆိုတဲ့ မေးခွန်းလေးတွေ အများကြီးထုတ်စရာရှိတယ်။ လေဆိပ်ရောက်တဲ့အချိန်မှာ ကျမတို့ကို လူစုလူဝေးတွေ ရှောင်လို့ပြောတယ်။ အဲဒါ ကျမတို့ကို စစ်တာမေးတာက တယောက်ချင်းမလုပ်ပဲနဲ့ အုံလိုက် ကျန်းမာရေးဝန်ထမ်းတွေဆိုရင် ၅ယောက်အထက်ရှိတယ် အဲလိုမျိုး လာဝိုင်းအုံပြီးတော့ မေးတယ်။ မေးတော့ ကိုယ့်အတွက်လည်း အဆင်မပြေဘူးပေါ့နော်။ ဒီလိုမျိုးလေးတွေတော့ ရှောင်စေချင်တယ်ပေါေ့နာ်။ နောက်တခုကတော့ ကျမတို့ကို လေဆိပ်မှာ အဲလိုမျိုးမေးပြီးတော့ ဟုတ်ပြီ ဝေဘာဂီဆေးရုံမှာ ၁၄ ရက် quarantine နေရမယ်လို့ သူတို့က ပြောတယ်။ ပြောတာနဲ့ ချက်ချင်း ကျမတို့ကို ဝေဘာဂီကို တန်းခေါ်တာမဟုတ်ပဲနဲ့ လေဆိပ်မှာကို နောက်ထပ် နာရီဝက်လောက် နေရသေးတယ်။ နေရတော့ နေတဲ့အတောအတွင်းမှာ တခြားသူတွေ ကျန်းမာရေးဝန်ထမ်းဖြစ်စေ၊ လေဆိပ်မှာ တာဝန်ကျနေတဲ့ ဝန်ထမ်းတွေဖြစ်စေ ကျမတို့ကို ကြည့်ပြီးတော့ လက်သွားဆေးတာမျိုး ၊ Hand gel တွေထုတ်သုံးတာမျိုးတွေ ၊ လက်အိတ်ကောက်ဝတ်တာတွေ ၊ Mask တွေ ကောက်တပ်တာတွေ ကျမတို့ကို အဲလိုမျိုးတွေ လုပ်ပြတော့ ကျမတို့ အနေနဲ့ စိတ်ပိုင်းဆိုင်ရာ လုံးဝအဆင်ပြေမနေဘူးပေါ့နော်။ ဆေးရုံသွားမယ်ဆိုတော့ ကျမတု့ိကို Ambulance နဲ့ ခေါ်သွားတယ် ။ Ambulance ထဲမှာ ကျမအပြင် နိုင်ငံခြားက ပြန်လာတဲ့ ညီမလေးတယောက်ပါတယ်ပေါ့နော် ၂ ယောက်ရှိတော့ အဆင်ပြေသေးတယ်ပေါ့နော်။ Ambulance အနောက်ခန်းမှာက အရမ်းပူပြီးတော့ မှောင်မှောင်မဲမဲပေါ့နော်၊ ဆေးရုံကို အဲလိုမျိုး လိုက်လာရတယ်။

ဒါကတော့ ရန်ကုန် ဝေဘာဂီဆေးရုံမှာ နှစ်ပတ်ကြာစောင့်ကြည့်ခံနေရတဲ့ အမျိုးသမီတဦးကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

အင္ၾကင္းႏုုိင္/VOA (Burmese)
https://burmese.voanews.com
COVID-19 သီးျခားေစာင့္ၾကည့္ခံေနရသူ ေဝဘာဂီေဆး႐ုံအေတြ႕အၾကံဳ COVID-19 သီးျခားေစာင့္ၾကည့္ခံေနရသူ ေဝဘာဂီေဆး႐ုံအေတြ႕အၾကံဳ Reviewed by THITHTOOLWIN on 21:28 Rating: 5
Powered by Blogger.