ေမာ္လ္ဒိုက္ႏိုင္ငံတြင္ COVID-19 အသြားအလာကန႔္သတ္ပိတ္ပင္ျခင္းအေပၚ ခ်ိဳးေဖာက္သူမ်ားအား ဒဏ္ေငြ႐ိုက္မည္

(Zawgyi)⤵⤵⤵

    မာေလး၊ မတ္ ၁၉ ရက္ (ဆင္ဟြာ)

    ေမာ္လ္ဒိုက္ႏိုင္ငံ အစိုးရက COVID-19 ထိန္းခ်ဳပ္ရန္ ေၾကညာထားေသာ သီးသန႔္ခြဲေနထိုင္ျခင္းႏွင့္ အသြားအလာကန႔္သတ္ပိတ္ပင္ျခင္း ေဆာင္႐ြက္မႈမ်ားအေပၚ ခ်ိဳးေဖာက္သူမ်ားအား ဒဏ္ေငြ႐ိုက္မည္ျဖစ္ေၾကာင္း မတ္ ၁၉ ရက္တြင္ ေၾကညာလိုက္သည္။

ျပည္သူ႔က်န္းမာေရးဥပေဒအရ COVID-19 ပ်ံ႕ႏွံ႔မႈကာကြယ္ရန္ သီးသန႔္ခြဲေနထိုင္ျခင္းႏွင့္ အသြားအလာကန႔္သတ္ပိတ္ပင္ျခင္း ေဆာင္႐ြက္မႈမ်ား သတ္မွတ္ထားေၾကာင္းႏွင့္ ၎ေဆာင္႐ြက္မႈမ်ားအား ခ်ိဳးေဖာက္သူမ်ားကို ခန႔္မွန္းေျခ အေမရိကန္ေဒၚလာ ၃၂၄ ေဒၚလာ ဒဏ္ေငြ႐ိုက္မည္ျဖစ္ေၾကာင္း ေမာ္လ္ဒိုက္ႏိုင္ငံ က်န္းမာေရးကာကြယ္ေစာင့္ေရွာက္မႈလုပ္ငန္း (HPA) က ေျပာၾကားခဲ့သည္။

ေမာ္လ္ဒိုက္ႏိုင္ငံတြင္ သီးသန႔္ခြဲေနထိုင္ျခင္းႏွင့္ အသြားအလာကန႔္သတ္ပိတ္ပင္ျခင္း ေဆာင္႐ြက္မႈမ်ားအား ခ်ိဳးေဖာက္သူႏွစ္ဦးရွိခဲ့ၿပီးေနာက္ ယခုလိုေၾကညာခ်က္ ထြက္ေပၚလာျခင္း ျဖစ္သည္။

ယင္းကဲ့သို႔ ခ်ိဳးေဖာက္မႈမ်ိဳးသည္ အႏၲရာယ္ျဖစ္ဖြယ္ အေလးမထားမႈအျဖစ္ သတ္မွတ္ႏိုင္ၿပီး ေမာ္လ္ဒိုက္ႏိုင္ငံ၏ ျပစ္မႈဆိုင္ရာဥပေဒအရ ေထာင္ဒဏ္အမ်ားဆုံး ေလးႏွစ္အထိ ခ်မွတ္ခံရႏိုင္ေၾကာင္း ေရွ႕ေနခ်ဳပ္ ဟူစိန္ ရွာမီးမ္ (Hussain Shameem) က ေျပာၾကားခဲ့သည္။

ေမာ္လ္ဒိုက္ႏိုင္ငံတြင္ COVID-19 ကူးစက္ေရာဂါျဖစ္ပြားသူ ၁၃ ဦးရွိေၾကာင္း အတည္ျပဳထားၿပီး ႏိုင္ငံအဆင့္ ျပည္သူ႔က်န္းမာေရး အေရးေပၚအေျခအေနအျဖစ္ ေၾကညာထားေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
---------------
(Unicode)⤵⤵⤵
မော်လ်ဒိုက်နိုင်ငံတွင် COVID-19 အသွားအလာကန့်သတ်ပိတ်ပင်ခြင်းအပေါ် ချိုးဖောက်သူများအား ဒဏ်ငွေရိုက်မည်

မော်လ်ဒိုက်နိုင်ငံရှိ တရုတ်-မော်လ်ဒိုက်ချစ်ကြည်ရေးတံတားအား တွေ့ရစဉ် (ဆင်ဟွာ)
    မာလေး၊ မတ် ၁၉ ရက် (ဆင်ဟွာ)

    မော်လ်ဒိုက်နိုင်ငံ အစိုးရက COVID-19 ထိန်းချုပ်ရန် ကြေညာထားသော သီးသန့်ခွဲနေထိုင်ခြင်းနှင့် အသွားအလာကန့်သတ်ပိတ်ပင်ခြင်း ဆောင်ရွက်မှုများအပေါ် ချိုးဖောက်သူများအား ဒဏ်ငွေရိုက်မည်ဖြစ်ကြောင်း မတ် ၁၉ ရက်တွင် ကြေညာလိုက်သည်။

ပြည်သူ့ကျန်းမာရေးဥပဒေအရ COVID-19 ပျံ့နှံ့မှုကာကွယ်ရန် သီးသန့်ခွဲနေထိုင်ခြင်းနှင့် အသွားအလာကန့်သတ်ပိတ်ပင်ခြင်း ဆောင်ရွက်မှုများ သတ်မှတ်ထားကြောင်းနှင့် ၎င်းဆောင်ရွက်မှုများအား ချိုးဖောက်သူများကို ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၃၂၄ ဒေါ်လာ ဒဏ်ငွေရိုက်မည်ဖြစ်ကြောင်း မော်လ်ဒိုက်နိုင်ငံ ကျန်းမာရေးကာကွယ်စောင့်ရှောက်မှုလုပ်ငန်း (HPA) က ပြောကြားခဲ့သည်။

မော်လ်ဒိုက်နိုင်ငံတွင် သီးသန့်ခွဲနေထိုင်ခြင်းနှင့် အသွားအလာကန့်သတ်ပိတ်ပင်ခြင်း ဆောင်ရွက်မှုများအား ချိုးဖောက်သူနှစ်ဦးရှိခဲ့ပြီးနောက် ယခုလိုကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ချိုးဖောက်မှုမျိုးသည် အန္တရာယ်ဖြစ်ဖွယ် အလေးမထားမှုအဖြစ် သတ်မှတ်နိုင်ပြီး မော်လ်ဒိုက်နိုင်ငံ၏ ပြစ်မှုဆိုင်ရာဥပဒေအရ ထောင်ဒဏ်အများဆုံး လေးနှစ်အထိ ချမှတ်ခံရနိုင်ကြောင်း ရှေ့နေချုပ် ဟူစိန် ရှာမီးမ် (Hussain Shameem) က ပြောကြားခဲ့သည်။

မော်လ်ဒိုက်နိုင်ငံတွင် COVID-19 ကူးစက်ရောဂါဖြစ်ပွားသူ ၁၃ ဦးရှိကြောင်း အတည်ပြုထားပြီး နိုင်ငံအဆင့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာထားကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ေမာ္လ္ဒိုက္ႏိုင္ငံတြင္ COVID-19 အသြားအလာကန႔္သတ္ပိတ္ပင္ျခင္းအေပၚ ခ်ိဳးေဖာက္သူမ်ားအား ဒဏ္ေငြ႐ိုက္မည္ ေမာ္လ္ဒိုက္ႏိုင္ငံတြင္ COVID-19 အသြားအလာကန႔္သတ္ပိတ္ပင္ျခင္းအေပၚ ခ်ိဳးေဖာက္သူမ်ားအား ဒဏ္ေငြ႐ိုက္မည္ Reviewed by THITHTOOLWIN on 20:22 Rating: 5
Powered by Blogger.