Coronavirus ေၾကာင့္ စီးပြားထိခုိက္မႈကုိ ကုစားမယ့္ ဥပေဒၾကမ္း ကန္ လႊတ္ေတာ္အတည္ျပဳ


(Zawgyi/Unicode)

ကိုရုိနာဗိုင္းရပ္စ္ ကူးစက္ ပ်ံ႕ႏွံ႔မွဳေၾကာင့္ ထိခိုက္ ဆုံးရွဳံးေနရတာေတြကို ကုစားေပးဖို႔ စီးပြားေရး ျပန္လည္ ႏုိးထေရး ဥပေဒ တစ္ရပ္ ကို အေမရိကန္အထက္လႊတ္ေတာ္က ဗုဒၶဟူးေန႔မွာ အတည္ျပဳလိုက္ၿပီ ျဖစ္ပါတယ္။ အဲဒီ ဥပေဒအရ အေမရိကန္ ျပည္သူတစ္ဦးခ်င္းစီကို ေငြသား တိုက္ရုိက္ ေထာက္ပံ့ေပးတာ ပါ၀င္မွာ ျဖစ္ၿပီး အေမရိကန္ ေဒၚလာ ၁ ထရီလီယံ သုံးစြဲသြားမွာပါ။

အေမရိကန္ႏိုင္ငံအတြင္း ကိုရိုနာ ဗုိင္းရပ္စ္ ပ်ံ႕ႏွံ႔ ေနတာေၾကာင့္ ေျမာက္ဘက္ ကေနဒါႏိုင္ငံ နယ္စပ္ အ၀င္အထြက္ေတြကိုလည္း မျဖစ္မေနသြားလာရတာကလြဲလို႔ ပိတ္ပင္လိုက္ၿပီ ျဖစ္ပါတယ္။ ဗုဒၶဟူးေန႔ မြန္းလြဲပိုင္း သတင္းအရ အေမရိကန္ ႏိုင္ငံ အတြင္း ကူးစက္မႈေပါင္း ၇၈၀၀ ေက်ာ္ရွိၿပီး ဗိုင္းရပ္စ္ေၾကာင့္ ၁၄၁ ဦး အသက္ေသဆုံးခဲ့ပါတယ္။

ကမၻာတစ္၀ွမ္းမွာေတာ့ ကိုရိုနာဗုိင္းရပ္စ္ ေရာဂါ ကူးစက္မွဳေပါင္း ၂ သိန္း ေက်ာ္သြားသလို တရုတ္ျပည္ျပင္ပ ေသဆုံးသူ ဦးေရ ဟာလည္း ၈၀၀၀ ေက်ာ္သြားခဲ့ပါတယ္။ အီတလီႏုိ္င္ငံမွာ ဗုဒၶဟူးေန႔ တစ္ေန႔တည္း လူ ၄၇၅ ဦး ေသဆုံးခဲ့တာေၾကာင့္ အီတလီႏုိင္ငံ အတြင္း ဒီေရာဂါေၾကာင့္ တစ္ေန႔တည္း လူ အမ်ားဆုံး အသက္ဆုံးရွဳံးခဲ့တာလည္း ျဖစ္ပါတယ္။ အီတလီႏုိင္ငံဟာ တရုတ္ႏုိင္ငံ ၿပီးရင္ ကိုရုိနာ ဗိုင္းရပ္စ္ ကူးစက္ေရာဂါ ဒဏ္ အျပင္းထန္ဆုံး ခံစားေနရတာပါ။

အာရွေဒသမွာေတာ့ မေလးရွားႏုိင္ငံအတြင္း ေရာဂါ ကူးစက္မႈေပါင္း ၇၉၀ ေရာက္သြားရွိခဲ့ၿပီး ေရာဂါစတင္ျဖစ္ပြားခဲ့တဲ့ တရုတ္ ႏုိင္ငံမွာ ေရာဂါကူးစက္မွဳအသစ္ အနည္းငယ္ သာ ေတြ႔ရွိရပါတယ္။ ၾသစေၾတးလ်ႏုိင္ငံကလည္း တစ္ျခား ႏုိင္ငံေတြနည္းတူ လူအမ်ား စုေ၀းမွဳနဲ႔ ေရာဂါ ေျခခ်ဳပ္ထားေရး အစီအစဥ္ေတြကို ေၾကညာခဲ့ ပါတယ္။ဥေရာပက အီတလီ၊စပိန္နဲ႔ ျပင္သစ္ႏုိင္ငံေတြက ေတာ့ ၀င္ထြက္သြားလာခြင့္ေတြ တင္းတင္းက်ပ္က်ပ္ ပိတ္ပင္ထားလိုက္ျပီျဖစ္ပါတယ္။

.........................

Coronavirus ကြောင့် စီးပွားထိခိုက်မှုကို ကုစားမယ့် ဥပဒေကြမ်း ကန် လွှတ်တော်အတည်ပြု

(Unicode)

ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှုကြောင့် ထိခိုက် ဆုံးရှုံးနေရတာတွေကို ကုစားပေးဖို့ စီးပွားရေး ပြန်လည် နိုးထရေး ဥပဒေ တစ်ရပ် ကို အမေရိကန်အထက်လွှတ်တော်က ဗုဒ္ဓဟူးနေ့မှာ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ အဲဒီ ဥပဒေအရ အမေရိကန် ပြည်သူတစ်ဦးချင်းစီကို ငွေသား တိုက်ရိုက် ထောက်ပံ့ပေးတာ ပါဝင်မှာ ဖြစ်ပြီး အမေရိကန် ဒေါ်လာ ၁ ထရီလီယံ သုံးစွဲသွားမှာပါ။

အမေရိကန်နိုင်ငံအတွင်း ကိုရိုနာ ဗိုင်းရပ်စ် ပျံ့နှံ့ နေတာကြောင့် မြောက်ဘက် ကနေဒါနိုင်ငံ နယ်စပ် အဝင်အထွက်တွေကိုလည်း မဖြစ်မနေသွားလာရတာကလွဲလို့ ပိတ်ပင်လိုက်ပြီ ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်း သတင်းအရ အမေရိကန် နိုင်ငံ အတွင်း ကူးစက်မှုပေါင်း ၇၈၀၀ ကျော်ရှိပြီး ဗိုင်းရပ်စ်ကြောင့် ၁၄၁ ဦး အသက်သေဆုံးခဲ့ပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာတော့ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်မှုပေါင်း ၂ သိန်း ကျော်သွားသလို တရုတ်ပြည်ပြင်ပ သေဆုံးသူ ဦးရေ ဟာလည်း ၈၀၀၀ ကျော်သွားခဲ့ပါတယ်။ အီတလီနိုင်ငံမှာ ဗုဒ္ဓဟူးနေ့ တစ်နေ့တည်း လူ ၄၇၅ ဦး သေဆုံးခဲ့တာကြောင့် အီတလီနိုင်ငံ အတွင်း ဒီရောဂါကြောင့် တစ်နေ့တည်း လူ အများဆုံး အသက်ဆုံးရှုံးခဲ့တာလည်း ဖြစ်ပါတယ်။ အီတလီနိုင်ငံဟာ တရုတ်နိုင်ငံ ပြီးရင် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ရောဂါ ဒဏ် အပြင်းထန်ဆုံး ခံစားနေရတာပါ။

အာရှဒေသမှာတော့ မလေးရှားနိုင်ငံအတွင်း ရောဂါ ကူးစက်မှုပေါင်း ၇၉၀ ရောက်သွားရှိခဲ့ပြီး ရောဂါစတင်ဖြစ်ပွားခဲ့တဲ့ တရုတ် နိုင်ငံမှာ ရောဂါကူးစက်မှုအသစ် အနည်းငယ် သာ တွေ့ရှိရပါတယ်။ သြစတြေးလျနိုင်ငံကလည်း တစ်ခြား နိုင်ငံတွေနည်းတူ လူအများ စုဝေးမှုနဲ့ ရောဂါ ခြေချုပ်ထားရေး အစီအစဉ်တွေကို ကြေညာခဲ့ ပါတယ်။ဥရောပက အီတလီ၊စပိန်နဲ့ ပြင်သစ်နိုင်ငံတွေက တော့ ဝင်ထွက်သွားလာခွင့်တွေ တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားလိုက်ပြီဖြစ်ပါတယ်။

VOA (Burmese)
https://burmese.voanews.com
Coronavirus ေၾကာင့္ စီးပြားထိခုိက္မႈကုိ ကုစားမယ့္ ဥပေဒၾကမ္း ကန္ လႊတ္ေတာ္အတည္ျပဳ Coronavirus ေၾကာင့္ စီးပြားထိခုိက္မႈကုိ ကုစားမယ့္ ဥပေဒၾကမ္း ကန္ လႊတ္ေတာ္အတည္ျပဳ Reviewed by THITHTOOLWIN on 20:19 Rating: 5
Powered by Blogger.