တ႐ုတ္ႏိုင္ငံက ထိုင္းႏိုင္ငံ၏COVID-19 ေရာဂါတိုက္ဖ်က္ေရး အခက္အခဲမ်ားကို အစြမ္းကုန္ ကူညီေဆာင္႐ြက္သြားလို

တ႐ုတ္ႏိုင္ငံမွ ျပည္ပသို႔ ပို႔ေဆာင္ေနသည့္ ေဆးကုသေရး အေထာက္အပံ့ပစၥည္းမ်ားအား ေတြ႕ရစဥ္ (ဆင္ဟြာ)
(Zawgyi)⤵⤵⤵
    ဘန္ေကာက္၊ မတ္ ၁၉ ရက္(ဆင္ဟြာ)

    ထိုင္းႏိုင္ငံ၏ COVID-19 ေရာဂါတိုက္ဖ်က္ေရးတြင္ တ႐ုတ္ႏိုင္ငံက တက္ႂကြစြာ ကူညီေဆာင္႐ြက္သြားလိုေၾကာင္းကို ထိုင္းႏိုင္ငံဆိုင္ရာ တ႐ုတ္ႏိုင္ငံ သံ႐ုံး ယာယီတာဝန္ခံ ရန္ရွန္း(Yang Xin)သည္ ထိုင္းႏိုင္ငံ ဝန္ႀကီးခ်ဳပ္ ပရာယြတ္ ခ်န္အိုခ်ာ (Prayut Chan-o-cha)ႏွင့္ မတ္ ၁၇ ရက္က ဖုန္းျဖင့္ဆက္သြယ္စဥ္ ေျပာၾကားခဲ့ေၾကာင္း သိရသည္။ သက္ဆိုင္ရာ လုပ္ငန္းစဥ္မ်ားကိုေဆာင္႐ြက္ရန္လည္း ရန္ရွန္း(Yang Xin)က  မတ္ ၁၈ ရက္တြင္ ထိုင္းႏိုင္ငံ ဒုတိယဝန္ႀကီးခ်ဳပ္၊ ျပည္သူ႔ က်န္းမာေရး ဝန္ႀကီး Anutin Charnvirakulႏွင့္ ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

COVID-19ေရာဂါကို ရင္ဆိုင္ေျဖရွင္းရာ၌ တ႐ုတ္-ထိုင္း ႏွစ္ႏိုင္ငံသည္ လက္ရွိအခက္အခဲမ်ားကို ေက်ာ္လႊားကာ အျပန္အလွန္႐ိုင္းပင္းကူညီခဲ့ၾကသည္မွာ အၾကပ္အတည္းအခက္အခဲမ်ားတြင္ တစ္ေလွတည္းစီးတစ္ခရီးတည္းသြား အျပန္အလွန္ ကူညီေဖးမၾကသည့္ အစဥ္အလာ ခ်စ္ၾကည္ေရးကို ေပၚလြင္ထင္ရွားေစခဲ့ေၾကာင္း၊ ယခုကာလမ်ားတြင္ ထိုင္းႏိုင္ငံ၏ ကပ္ေရာဂါအေျခအေန ဆိုးဝါးလာရာ တ႐ုတ္ႏိုင္ငံ ျပည္သူမ်ားအေနျဖင့္ ထပ္တူ စာနာမိေၾကာင္း ၊မိမိတို႔ကိုယ္တိုင္ ႀကဳံေတြ႕ေနရသည့္ အခက္အခဲႀကီးမ်ားကို  ရင္ဆိုင္ေျဖရွင္းေနသည့္ တစ္ခ်ိန္တည္းတြင္ပင္ ထိုင္းႏိုင္ငံအား တတ္ႏိုင္သ၍ အစြမ္းကုန္ ကူညီေဆာင္႐ြက္ေပးလိုေၾကာင္း ရန္ရွန္း(Yang Xin)က ေျပာၾကားခဲ့သည္။

တ႐ုတ္ႏိုင္ငံ အစိုးရက  ထိုင္းႏိုင္ငံသို႔ ေရာဂါစမ္းသပ္ေရးပစၥည္းႏွင့္ ေရာဂါကာကြယ္ေရးဝတ္စုံစသည့္ ေထာက္ပံ့ေရးပစၥည္းမ်ား ကူညီေထာက္ပံ့သြားမည္ျဖစ္ၿပီး သက္ဆိုင္ရာ ေဆးဝါးပစၥည္းမ်ား ထိုင္းႏိုင္ငံသို႔ တင္ပို႔ႏိုင္ရန္လည္း ကုမၸဏီလုပ္ငန္းမ်ားကို ညႇိႏႈိင္းေဆာင္႐ြက္ေပးသြားမည္ ျဖစ္ေၾကာင္း ၊ ထိုင္းႏိုင္ငံရွိ တ႐ုတ္ကုမၸဏီလုပ္ငန္းမ်ားႏွင့္ ခ်စ္ၾကည္ေရးအသင္းမ်ားကလည္း ေဆးကုသေရး ေထာက္ပံ့ပစၥည္းမ်ားကို လႉဒါန္းႏိုင္ရန္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း ၎က ေျပာၾကားခဲ့သည္။

ဝန္ႀကီးခ်ဳပ္ ပရာယြတ္ ခ်န္အိုခ်ာကလည္း  ထိုင္းႏိုင္ငံႏွင့္ျပည္သူလူထုကိုယ္စား တ႐ုတ္ႏိုင္ငံ၏ကူညီေထာက္ပံ့အားေပးမႈမ်ားကို ေက်းဇူးတင္ရွိေၾကာင္း ၊ ၎မွာ တ႐ုတ္ႏိုင္ငံအစိုးရက ထိုင္း-တ႐ုတ္ႏွစ္ႏိုင္ငံ ဆက္ဆံေရးကို အထူးအေလးထားသည့္ပုံရိပ္ကို အျပည့္အဝ ထင္ဟပ္ေစေၾကာင္း ၊ ႏွစ္ႏိုင္ငံ လက္တြဲကာ ကပ္ေရာဂါကို ေအာင္ႏိုင္ေအာင္ တိုက္ဖ်က္ႏိုင္မည္ဟု ယုံၾကည္သလို ႏွစ္ႏိုင္ငံ ဆက္ဆံေရးသည္ ထိုမွတစ္ဆင့္ ပို၍ နက္ရႈိင္းလာေစမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

ဒုတိယဝန္ႀကီးခ်ဳပ္ႏွင့္ ျပည္သူ႔ က်န္းမာေရး ဝန္ႀကီး Anutin Charnvirakulကလည္း မိမိတို႔ႏိုင္ငံ အခက္အခဲဆုံးအခ်ိန္တြင္ ေႏြးေထြးသည့္ လက္ကမ္းေဖးမမႈကို တန္ဖိုးထား ခ်ီးက်ဴးပါေၾကာင္း ၊ ၎မွာ ထိုင္း-တ႐ုတ္ မိသားစုသဖြယ္ ရင္းႏွီးသည့္ ခ်စ္ၾကည္ကို ထပ္ေလာင္း ေဖာ္ျပျခင္းျဖစ္ေၾကာင္း ၊ ကပ္ေရာဂါအတူတိုက္ဖ်က္မႈမွတစ္ဆင့္ ႏွစ္ႏိုင္ငံ ဆက္ဆံေရး ပိုမိုရင္းႏွီးခိုင္မာလာမည္ဟု ယုံၾကည္ေၾကာင္း ေျပာၾကားခဲ့သည္။

(Xinhua)
http://www.xinhuamyanmar.com
-------------
(Unicode)⤵⤵⤵
တရုတ်နိုင်ငံက ထိုင်းနိုင်ငံ၏COVID-19 ရောဂါတိုက်ဖျက်ရေး အခက်အခဲများကို အစွမ်းကုန် ကူညီဆောင်ရွက်သွားလို

    Xinhua

တရုတ်နိုင်ငံမှ ပြည်ပသို့ ပို့ဆောင်နေသည့် ဆေးကုသရေး အထောက်အပံ့ပစ္စည်းများအား တွေ့ရစဉ် (ဆင်ဟွာ)

    ဘန်ကောက်၊ မတ် ၁၉ ရက်(ဆင်ဟွာ)

    ထိုင်းနိုင်ငံ၏ COVID-19 ရောဂါတိုက်ဖျက်ရေးတွင် တရုတ်နိုင်ငံက တက်ကြွစွာ ကူညီဆောင်ရွက်သွားလိုကြောင်းကို ထိုင်းနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံး ယာယီတာဝန်ခံ ရန်ရှန်း(Yang Xin)သည် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ (Prayut Chan-o-cha)နှင့် မတ် ၁၇ ရက်က ဖုန်းဖြင့်ဆက်သွယ်စဉ် ပြောကြားခဲ့ကြောင်း သိရသည်။ သက်ဆိုင်ရာ လုပ်ငန်းစဉ်များကိုဆောင်ရွက်ရန်လည်း ရန်ရှန်း(Yang Xin)က  မတ် ၁၈ ရက်တွင် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ပြည်သူ့ ကျန်းမာရေး ဝန်ကြီး Anutin Charnvirakulနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

COVID-19ရောဂါကို ရင်ဆိုင်ဖြေရှင်းရာ၌ တရုတ်-ထိုင်း နှစ်နိုင်ငံသည် လက်ရှိအခက်အခဲများကို ကျော်လွှားကာ အပြန်အလှန်ရိုင်းပင်းကူညီခဲ့ကြသည်မှာ အကြပ်အတည်းအခက်အခဲများတွင် တစ်လှေတည်းစီးတစ်ခရီးတည်းသွား အပြန်အလှန် ကူညီဖေးမကြသည့် အစဉ်အလာ ချစ်ကြည်ရေးကို ပေါ်လွင်ထင်ရှားစေခဲ့ကြောင်း၊ ယခုကာလများတွင် ထိုင်းနိုင်ငံ၏ ကပ်ရောဂါအခြေအနေ ဆိုးဝါးလာရာ တရုတ်နိုင်ငံ ပြည်သူများအနေဖြင့် ထပ်တူ စာနာမိကြောင်း ၊မိမိတို့ကိုယ်တိုင် ကြုံတွေ့နေရသည့် အခက်အခဲကြီးများကို  ရင်ဆိုင်ဖြေရှင်းနေသည့် တစ်ချိန်တည်းတွင်ပင် ထိုင်းနိုင်ငံအား တတ်နိုင်သ၍ အစွမ်းကုန် ကူညီဆောင်ရွက်ပေးလိုကြောင်း ရန်ရှန်း(Yang Xin)က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အစိုးရက  ထိုင်းနိုင်ငံသို့ ရောဂါစမ်းသပ်ရေးပစ္စည်းနှင့် ရောဂါကာကွယ်ရေးဝတ်စုံစသည့် ထောက်ပံ့ရေးပစ္စည်းများ ကူညီထောက်ပံ့သွားမည်ဖြစ်ပြီး သက်ဆိုင်ရာ ဆေးဝါးပစ္စည်းများ ထိုင်းနိုင်ငံသို့ တင်ပို့နိုင်ရန်လည်း ကုမ္ပဏီလုပ်ငန်းများကို ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ၊ ထိုင်းနိုင်ငံရှိ တရုတ်ကုမ္ပဏီလုပ်ငန်းများနှင့် ချစ်ကြည်ရေးအသင်းများကလည်း ဆေးကုသရေး ထောက်ပံ့ပစ္စည်းများကို လှူဒါန်းနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာကလည်း  ထိုင်းနိုင်ငံနှင့်ပြည်သူလူထုကိုယ်စား တရုတ်နိုင်ငံ၏ကူညီထောက်ပံ့အားပေးမှုများကို ကျေးဇူးတင်ရှိကြောင်း ၊ ၎င်းမှာ တရုတ်နိုင်ငံအစိုးရက ထိုင်း-တရုတ်နှစ်နိုင်ငံ ဆက်ဆံရေးကို အထူးအလေးထားသည့်ပုံရိပ်ကို အပြည့်အဝ ထင်ဟပ်စေကြောင်း ၊ နှစ်နိုင်ငံ လက်တွဲကာ ကပ်ရောဂါကို အောင်နိုင်အောင် တိုက်ဖျက်နိုင်မည်ဟု ယုံကြည်သလို နှစ်နိုင်ငံ ဆက်ဆံရေးသည် ထိုမှတစ်ဆင့် ပို၍ နက်ရှိုင်းလာစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့ ကျန်းမာရေး ဝန်ကြီး Anutin Charnvirakulကလည်း မိမိတို့နိုင်ငံ အခက်အခဲဆုံးအချိန်တွင် နွေးထွေးသည့် လက်ကမ်းဖေးမမှုကို တန်ဖိုးထား ချီးကျူးပါကြောင်း ၊ ၎င်းမှာ ထိုင်း-တရုတ် မိသားစုသဖွယ် ရင်းနှီးသည့် ချစ်ကြည်ကို ထပ်လောင်း ဖော်ပြခြင်းဖြစ်ကြောင်း ၊ ကပ်ရောဂါအတူတိုက်ဖျက်မှုမှတစ်ဆင့် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုရင်းနှီးခိုင်မာလာမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
တ႐ုတ္ႏိုင္ငံက ထိုင္းႏိုင္ငံ၏COVID-19 ေရာဂါတိုက္ဖ်က္ေရး အခက္အခဲမ်ားကို အစြမ္းကုန္ ကူညီေဆာင္႐ြက္သြားလို တ႐ုတ္ႏိုင္ငံက ထိုင္းႏိုင္ငံ၏COVID-19 ေရာဂါတိုက္ဖ်က္ေရး အခက္အခဲမ်ားကို အစြမ္းကုန္ ကူညီေဆာင္႐ြက္သြားလို Reviewed by THITHTOOLWIN on 20:24 Rating: 5
Powered by Blogger.