COVID-19 စမ္းသပ္ပစၥည္း ၅ ေသာင္း ျမန္မာကုိ ကုလထပ္ေပးမည္

စမ္းသပ္ပစၥည္း (TEST KITS) မ်ား

(Zawgyi/Unicode)

ကို႐ိုနာဗိုင္းရပ္စ္ ရွိ၊ မရွိ ရွာေဖြႏိုင္ငံမယ့္ ေရာဂါစမ္းသပ္ပစၥည္း ေနာက္ထပ္ အစုံ ၅၀,၀၀၀ ကို ကုလသမဂၢကေန ျမန္မာႏိုင္ငံကို ေထာက္ပံ့ကူညီသြားဖို႔ ရွိေနပါတယ္။ ျမန္မာႏိုင္ငံရဲ႕ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ ႏိုင္ငံတကာရဲ႕ ကူညီေထာက္ပံ့မႈေတြနဲ႔ ပတ္သက္လို႔ တင္ဆက္ပါမယ္။ ဗြီအိုေအ သတင္းေထာက္ မေမခ သတင္းေပးပို႔ထားတာပါ။

ကမာၻ႔က်န္းမာေရးအဖြဲ႕အစည္း WHO ကေန COVID-19 ေရာဂါ ျဖစ္ပြားေနတဲ့ ႏိုင္ငံေတြမွာ ေရာဂါပိုး ျမန္ျမန္စစ္ေဆးအတည္ျပဳႏိုင္ရင္ ကုသမႈပိုင္းကို ပိုထိေရာက္ေအာင္ ေဆာင္႐ြက္ႏိုင္တယ္လို႔ တိုက္တြန္းထားတာမို႔ ျမန္မာႏိုင္ငံမွာရွိတဲ့ ကုလသမဂၢ႐ုံးအေနနဲ႔ COVID-19 ေရာဂါ ရွိ၊ မရွိ စမ္းသပ္စစ္ေဆးႏိုင္မယ့္ စမ္းသပ္ပစၥည္း (TEST KITS) အစုံ ၅၀,၀၀၀ ကူညီသြားဖို႔ကို ေဆာင္႐ြက္တာျဖစ္တယ္လို႔ ျမန္မာႏိုင္ငံမွာ ရွိတဲ့ ကုလသမဂၢ႐ုံး ျပန္ၾကားေရးတာဝန္ခံဦးေအးဝင္းက ေျပာပါတယ္။

"အခုကေတာ့ ဒီဟာေတြကို ထပ္ၿပီး ပို႔ဖို႔လုပ္တုန္း ရွိပါေသးတယ္။ ဒါေပမဲ့ အရင္တုန္းက စစခ်င္း TEST KITS ေတြ အင္မတန္ လိုေနတဲ့ အခ်ိန္မွာ ၃,၀၀၀ ေလာက္ အရင္ဆုံး လွဴထားတာရွိပါတယ္။ အရင္ဆံုး ေပးပို႔ထားတာရွိပါတယ္။ စျဖစ္ထဲကလည္း က်န္းမာေရး၀န္ႀကီးဌာနနဲ႔ WHO ကလည္း အနီးကပ္ပူးေပါင္းေဆာင္ရြက္ခဲ့တာေတြ ရွိတယ္ေလ။"

လက္ရွိ ျမန္မာႏိုင္ငံမွာ ျဖစ္ေနတဲ့ COVID-19 ေရာဂါထိန္းခ်ဳပ္ေရးအတြက္ တျခား ႏိုင္ငံတကာဘက္က ကူညီမႈေတြ ရွိပါေသးတယ္။ အေမရိကန္ အစိုးရဘက္က ဒီေရာဂါတားဆီးဖို႔ ျမန္မာႏိုင္ငံ အတြက္ ေဒၚလာ ၁.၈ သန္း ထပ္မံကူညီေပးမယ္လို႔ မတ္လ ၁၉ ရက္မွာ သတင္းထုတ္ျပန္ထားပါတယ္။ လတ္တေလာမွာ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနကို ႏိုင္ငံတကာဘက္က ကူညီေနမႈပိုင္းနဲ႔ ပတ္သတ္လို႔ ျပည္ေထာင္စုဝန္ႀကီး႐ုံး ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာသာထြန္းေက်ာ္က အခုလို ေျပာျပလာပါတယ္။

"WHO ကေတာ့ ပထမဆုံးပါ။ ေနာက္တခုက ဒီဓါတ္ခြဲပစၥည္းေတြနဲ႔ ပတ္သတ္လို႔ က်ေနာ္တို႔ကို ေပးတာ စင္ကာပူႏိုင္ငံ ျဖစ္ပါတယ္။ တ႐ုတ္ျပည္သူ႔ သမၼတႏိုင္ငံပါ၊ ၿပီးရင္ ဂ်ပန္ႏိုင္ငံပါခင္ဗ်။ တရုတ္ျပည္သူ႔သမၼတႏိုင္ငံကေတာ့ ဓာတ္ခဲြတင္မကဘူး ဒီေန႔ဆိုရင္ တရုတ္သံရံုးမွာ Protective material ေတြ က်ေနာ္တို႔ လက္ခံပါတယ္။ ဒါေတြလည္းသူတို႔ ေထာက္ပံ့တာဆိုတဲ့အေနအထားေလးေတြ က်ေနာ္ေျပာခ်င္တာပါ။ ေနာက္တခုက Global fund ကေနၿပီးေတာ့ လက္ရွိအေနအထားမွာ ေဒၚလာ ၄,၀၀၀,၀၀၀ ျဖစ္ပါတယ္ခင္ဗ်။ ေနာက္ Gavi လို႔ေခၚတဲ့ Vaccine Alliance ကလည္း အဲ့ဒီ Gavi Alliance က ေဒၚလာ ၇,၀၀၀,၀၀၀ ျဖစ္ပါတယ္ခင္ဗ်။ ေနာက္ ADB အဖြဲ႔အစည္းက ဒါ ဘဏ္ကေပါ့ေနာ္။ ေနာက္တခ်က္ကဘာလည္းဆိုရင္ ႏိုင္ငံ ခုနစ္ႏိုင္ငံက ပါပါတယ္။ အဲ့ဒီကေန ပူးေပါင္းၿပီးေတာ့ Access to Help Fund လို႔ နာမည္ေျပာင္းၿပီးေတာ့ က်ေနာ္တို႔ကို အကူအညီေပးေနတာ ရွိပါတယ္။"

ဒီျပင္ မၾကာခင္မွာလည္း ျမန္မာႏိုင္ငံတြင္ COVID-19 ေရာဂါထိန္းခ်ဳပ္ေရးအတြက္ တ႐ုတ္ အစိုးရ ဘက္ကေန ေဆးပညာရွင္အဖြဲ႕ တခုလာေရာက္ ကူညီသြားဖို႔လည္းရွိပါတယ္။ ဒီေဆးပညာရွင္အဖြဲ႕မွ ၁၂ ဦးအထိ ပါဝင္မယ္လို႔ ေျပာပါတယ္။ ဧၿပီလဆန္းပိုင္း တြင္ေရာက္ရွိလာမယ္လို႔ ေမွ်ာ္မွန္းထားပါတယ္။ ဒီပညာရွင္ေတြဘက္က တရက္မွာ လူနာ၂၀ဝ ကို ဓာတ္ခြဲစစ္ေဆးႏိုင္မယ့္ ဓါတ္ခြဲခန္းတခုလည္း ပါဝင္လာဖို႔ ရွိတယ္လို႔ ေဒါက္တာသာထြန္းေက်ာ္ကေျပာပါတယ္။ ဒီပညာရွင္ေတြ အေနနဲ႔ ဘယ္လို ကူညီေဆာင္႐ြက္မလဲဆိုတာနဲ႔ ပတ္သတ္လို႔ ေဒါက္တာသာထြန္း ေက်ာ္က အခုလိုေျပာျပပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ႏွင့္ အျခားေရာဂါမ်ား ကြာျခားပုံ

"ဒီအဖဲြ႔က ရန္ကုန္မွာ base လုပ္ၿပီးေတာ့ ၁၄ ရက္ေနဖို႔အတြက္ က်ေနာ္တို႔ စီစဥ္ထားပါတယ္။ က်ေနာ္တို႔ တရုတ္ဓာတ္ခဲြပညာရွင္ေတြနဲ႔ အတူပါလာတဲ့ စက္ပစၥည္းေတြဟာ COVID-19 ေရာဂါ ဟုတ္၊ မဟုတ္ဆိုတာ တိုင္းတာဖို႔ တေန႔ကို လူ ၂၀၀ အထိ ကန္႔သတ္စစ္ေဆးေပးႏိုင္တဲ့ စက္ပစၥည္းေတြလည္း ပါလာမွာ ျဖစ္ပါတယ္။ ဓာတ္ခဲြပညာရွင္ေတြနဲ႔ က်ေနာ္တို႔ အေတြ႔အႀကံဳေတြ ဖလွယ္မယ္။ လိုအပ္တဲ့ Training Program ေတြ က်ေနာ္တို႔ လုပ္ၾကမယ္။"

ျမန္မာႏိုင္ငံမွာ ေရာဂါပိုးကာကြယ္ေရးထိန္းခ်ဳပ္ေရးအတြက္ မရွိမျဖစ္ အေရးတႀကီးလိုအပ္ေနတဲ့ က်န္းမာေရးဝန္ထမ္းေတြအတြက္ ေရာဂါပိုးကာကြယ္ေရးဝတ္စုံ PPE ေတြကို ႏိုင္ငံတကာပုဂၢလိက အဖြဲ႔အစည္းေတြေရာ၊ ျပည္ပေရာက္ ျမန္မာေတြကပါ စုဖြဲ႕ လွဴဒါန္းတာေတြရွိေနပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းက တ႐ုတ္အစိုးရက ျမန္မာႏိုင္ငံသို႔ စမ္းသပ္ပစၥည္း ၂,၀ဝဝ ေက်ာ္၊ PPE အစုံ ၅,၀ဝဝ၊ ေရာဂါ ကာကြယ္ေရး N95 ႏွာေခါင္းစည္း ၅,၀ဝဝ၊ ခြဲစိတ္ခန္းသုံး ႏွာေခါင္းစည္း ၂ သိန္း တို႔ကို လႉဒါန္းခဲ့ပါတယ္။ တ႐ုတ္လုပ္ငန္းရွင္တဦးျဖစ္တဲ့ Jack ma Foundation ႏွင့္ Alibaba Foundation တို႔က ေရာဂါ ကာကြယ္ေရး N95 ႏွာေခါင္းစည္း ၁ သိန္း၊ စမ္းသပ္ပစၥည္းအစုံ ၃,၀၀၀ နီးပါး လႉဒါန္းခဲ့တာ ရွိပါတယ္။ ျပည္ေထာင္စုဝန္ႀကီးဌာနအေနနဲ႔ တိုင္းနဲ႔ျပည္နယ္အလိုက္ ျပည္သူ႔က်န္းမာေရးဌာနနဲ႔ ေဆး႐ုံေတြကို ေရာဂါပိုးကာကြယ္ေရးအေျခခံပစၥည္းေတြ ျဖန႔္ခ်ီ ေဝငွေပးေနတယ္ဆိုေပမယ့္လည္း၊ ေအာက္ေျခ ေဆး႐ုံေတြ ၿမိဳ႕နယ္ေတြမွာ လိုအပ္ခ်က္ေတြကေတာ့ ရွိေနတုန္းပဲလို႔ သိရပါတယ္။

[Unicode Version]

COVID-19 စမ်းသပ်ပစ္စည်း ၅ သောင်း မြန်မာကို ကုလထပ်ပေးမည်

ကိုရိုနာဗိုင်းရပ်စ် ရှိ၊ မရှိ ရှာဖွေနိုင်ငံမယ့် ရောဂါစမ်းသပ်ပစ္စည်း နောက်ထပ် အစုံ ၅၀,၀၀၀ ကို ကုလသမဂ္ဂကနေ မြန်မာနိုင်ငံကို ထောက်ပံ့ကူညီသွားဖို့ ရှိနေပါတယ်။ မြန်မာနိုင်ငံရဲ့ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှုတွေနဲ့ ပတ်သက်လို့ တင်ဆက်ပါမယ်။ ဗွီအိုအေ သတင်းထောက် မမေခ သတင်းပေးပို့ထားတာပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ကနေ COVID-19 ရောဂါ ဖြစ်ပွားနေတဲ့ နိုင်ငံတွေမှာ ရောဂါပိုး မြန်မြန်စစ်ဆေးအတည်ပြုနိုင်ရင် ကုသမှုပိုင်းကို ပိုထိရောက်အောင် ဆောင်ရွက်နိုင်တယ်လို့ တိုက်တွန်းထားတာမို့ မြန်မာနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂရုံးအနေနဲ့ COVID-19 ရောဂါ ရှိ၊ မရှိ စမ်းသပ်စစ်ဆေးနိုင်မယ့် စမ်းသပ်ပစ္စည်း (TEST KITS) အစုံ ၅၀,၀၀၀ ကူညီသွားဖို့ကို ဆောင်ရွက်တာဖြစ်တယ်လို့ မြန်မာနိုင်ငံမှာ ရှိတဲ့ ကုလသမဂ္ဂရုံး ပြန်ကြားရေးတာဝန်ခံဦးအေးဝင်းက ပြောပါတယ်။

"အခုကတော့ ဒီဟာတွေကို ထပ်ပြီး ပို့ဖို့လုပ်တုန်း ရှိပါသေးတယ်။ ဒါပေမဲ့ အရင်တုန်းက စစချင်း TEST KITS တွေ အင်မတန် လိုနေတဲ့ အချိန်မှာ ၃,၀၀၀ လောက် အရင်ဆုံး လှူထားတာရှိပါတယ်။ အရင်ဆုံး ပေးပို့ထားတာရှိပါတယ်။ စဖြစ်ထဲကလည်း ကျန်းမာရေးဝန်ကြီးဌာနနဲ့ WHO ကလည်း အနီးကပ်ပူးပေါင်းဆောင်ရွက်ခဲ့တာတွေ ရှိတယ်လေ။"

လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ COVID-19 ရောဂါထိန်းချုပ်ရေးအတွက် တခြား နိုင်ငံတကာဘက်က ကူညီမှုတွေ ရှိပါသေးတယ်။ အမေရိကန် အစိုးရဘက်က ဒီရောဂါတားဆီးဖို့ မြန်မာနိုင်ငံ အတွက် ဒေါ်လာ ၁.၈ သန်း ထပ်မံကူညီပေးမယ်လို့ မတ်လ ၁၉ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။ လတ်တလောမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို နိုင်ငံတကာဘက်က ကူညီနေမှုပိုင်းနဲ့ ပတ်သတ်လို့ ပြည်ထောင်စုဝန်ကြီးရုံး ညွန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က အခုလို ပြောပြလာပါတယ်။

"WHO ကတော့ ပထမဆုံးပါ။ နောက်တခုက ဒီဓါတ်ခွဲပစ္စည်းတွေနဲ့ ပတ်သတ်လို့ ကျနော်တို့ကို ပေးတာ စင်ကာပူနိုင်ငံ ဖြစ်ပါတယ်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံပါ၊ ပြီးရင် ဂျပန်နိုင်ငံပါခင်ဗျ။ တရုတ်ပြည်သူ့သမ္မတနိုင်ငံကတော့ ဓာတ်ခွဲတင်မကဘူး ဒီနေ့ဆိုရင် တရုတ်သံရုံးမှာ Protective material တွေ ကျနော်တို့ လက်ခံပါတယ်။ ဒါတွေလည်းသူတို့ ထောက်ပံ့တာဆိုတဲ့အနေအထားလေးတွေ ကျနော်ပြောချင်တာပါ။ နောက်တခုက Global fund ကနေပြီးတော့ လက်ရှိအနေအထားမှာ ဒေါ်လာ ၄,၀၀၀,၀၀၀ ဖြစ်ပါတယ်ခင်ဗျ။ နောက် Gavi လို့ခေါ်တဲ့ Vaccine Alliance ကလည်း အဲ့ဒီ Gavi Alliance က ဒေါ်လာ ၇,၀၀၀,၀၀၀ ဖြစ်ပါတယ်ခင်ဗျ။ နောက် ADB အဖွဲ့အစည်းက ဒါ ဘဏ်ကပေါ့နော်။ နောက်တချက်ကဘာလည်းဆိုရင် နိုင်ငံ ခုနစ်နိုင်ငံက ပါပါတယ်။ အဲ့ဒီကနေ ပူးပေါင်းပြီးတော့ Access to Help Fund လို့ နာမည်ပြောင်းပြီးတော့ ကျနော်တို့ကို အကူအညီပေးနေတာ ရှိပါတယ်။"

ဒီပြင် မကြာခင်မှာလည်း မြန်မာနိုင်ငံတွင် COVID-19 ရောဂါထိန်းချုပ်ရေးအတွက် တရုတ် အစိုးရ ဘက်ကနေ ဆေးပညာရှင်အဖွဲ့ တခုလာရောက် ကူညီသွားဖို့လည်းရှိပါတယ်။ ဒီဆေးပညာရှင်အဖွဲ့မှ ၁၂ ဦးအထိ ပါဝင်မယ်လို့ ပြောပါတယ်။ ဧပြီလဆန်းပိုင်း တွင်ရောက်ရှိလာမယ်လို့ မျှော်မှန်းထားပါတယ်။ ဒီပညာရှင်တွေဘက်က တရက်မှာ လူနာ၂၀ဝ ကို ဓာတ်ခွဲစစ်ဆေးနိုင်မယ့် ဓါတ်ခွဲခန်းတခုလည်း ပါဝင်လာဖို့ ရှိတယ်လို့ ဒေါက်တာသာထွန်းကျော်ကပြောပါတယ်။ ဒီပညာရှင်တွေ အနေနဲ့ ဘယ်လို ကူညီဆောင်ရွက်မလဲဆိုတာနဲ့ ပတ်သတ်လို့ ဒေါက်တာသာထွန်း ကျော်က အခုလိုပြောပြပါတယ်။

"ဒီအဖွဲ့က ရန်ကုန်မှာ base လုပ်ပြီးတော့ ၁၄ ရက်နေဖို့အတွက် ကျနော်တို့ စီစဉ်ထားပါတယ်။ ကျနော်တို့ တရုတ်ဓာတ်ခွဲပညာရှင်တွေနဲ့ အတူပါလာတဲ့ စက်ပစ္စည်းတွေဟာ COVID-19 ရောဂါ ဟုတ်၊ မဟုတ်ဆိုတာ တိုင်းတာဖို့ တနေ့ကို လူ ၂၀၀ အထိ ကန့်သတ်စစ်ဆေးပေးနိုင်တဲ့ စက်ပစ္စည်းတွေလည်း ပါလာမှာ ဖြစ်ပါတယ်။ ဓာတ်ခွဲပညာရှင်တွေနဲ့ ကျနော်တို့ အတွေ့အကြုံတွေ ဖလှယ်မယ်။ လိုအပ်တဲ့ Training Program တွေ ကျနော်တို့ လုပ်ကြမယ်။"

မြန်မာနိုင်ငံမှာ ရောဂါပိုးကာကွယ်ရေးထိန်းချုပ်ရေးအတွက် မရှိမဖြစ် အရေးတကြီးလိုအပ်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် ရောဂါပိုးကာကွယ်ရေးဝတ်စုံ PPE တွေကို နိုင်ငံတကာပုဂ္ဂလိက အဖွဲ့အစည်းတွေရော၊ ပြည်ပရောက် မြန်မာတွေကပါ စုဖွဲ့ လှူဒါန်းတာတွေရှိနေပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက တရုတ်အစိုးရက မြန်မာနိုင်ငံသို့ စမ်းသပ်ပစ္စည်း ၂,ဝဝဝ ကျော်၊ PPE အစုံ ၅၀ဝဝ၊ ရောဂါ ကာကွယ်ရေး N95 နှာခေါင်းစည်း ၅,ဝဝဝ၊ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း ၂ သိန်း တို့ကို လှူဒါန်းခဲ့ပါတယ်။ တရုတ်လုပ်ငန်းရှင်တဦးဖြစ်တဲ့ Jack ma Foundation နှင့် Alibaba Foundation တို့က ရောဂါ ကာကွယ်ရေး N95 နှာခေါင်းစည်း ၁ သိန်း၊ စမ်းသပ်ပစ္စည်းအစုံ ၃,၀၀၀ နီးပါး လှူဒါန်းခဲ့တာ ရှိပါတယ်။ ပြည်ထောင်စုဝန်ကြီးဌာနအနေနဲ့ တိုင်းနဲ့ပြည်နယ်အလိုက် ပြည်သူ့ကျန်းမာရေးဌာနနဲ့ ဆေးရုံတွေကို ရောဂါပိုးကာကွယ်ရေးအခြေခံပစ္စည်းတွေ ဖြန့်ချီ ဝေငှပေးနေတယ်ဆိုပေမယ့်လည်း၊ အောက်ခြေ ဆေးရုံတွေ မြို့နယ်တွေမှာ လိုအပ်ချက်တွေကတော့ ရှိနေတုန်းပဲလို့ သိရပါတယ်။

ေမခ/VOA (Burmese)
https://burmese.voanews.com
COVID-19 စမ္းသပ္ပစၥည္း ၅ ေသာင္း ျမန္မာကုိ ကုလထပ္ေပးမည္ COVID-19 စမ္းသပ္ပစၥည္း ၅ ေသာင္း ျမန္မာကုိ ကုလထပ္ေပးမည္ Reviewed by THITHTOOLWIN on 01:07 Rating: 5
Powered by Blogger.