ကို႐ိုနာအႏၲရာယ္ အသိပညာေပးမႈ ရခိုင္ေဒသမွာ အားနည္းေန

ရခိုင္ျပည္နယ္ အမ္းၿမိဳ႕နယ္ မဲသံႀကိဳးေက်း႐ြာက ႐ြာသားေတြ ေျမပုံၿမိဳ႕နယ္ ကမ္းေထာင္းႀကီးေက်း႐ြာကို ၂ဝ၁၉ ဇူလိုင္လ ၂၁ ရက္ေန႔က ထြက္ေျပးေရာက္ရွိလာၾကစဥ္
(Zawgyi)⤵⤵⤵
အင္တာနက္ ျဖတ္ေတာက္ခံထားရတဲ့ ရခိုင္ေဒသမွာ ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါျပန႔္ပြားမႈမရွိေအာင္ အသိပညာေပး လုပ္ငန္းေတြ ေဆာင္႐ြက္မႈ အားနည္းေနတာေၾကာင့္ ေဒသခံေတြဟာ လိုက္နာရမယ့္ နည္းလမ္းေတြကို မသိဘဲ ျဖစ္ေနပါတယ္။

ရခိုင္ေဒသဟာ တိုက္ပြဲေတြေၾကာင့္ စစ္ေဘးဒုကၡသည္စခန္းေတြ အမ်ားအျပားရွိေနသလို အလုပ္အကိုင္ ရွားပါးမႈေၾကာင့္ ထိုင္း၊ တ႐ုတ္နဲ႔ မေလးရွားႏိုင္ငံေတြကို သြားေရာက္အလုပ္ လုပ္ကိုင္ေနၾကတဲ့ လူငယ္ေတြ အမ်ားအျပားရွိေနတဲ့ ျပည္နယ္တစ္ခုပါ။

ကမာၻတစ္ဝွမ္းရင္ဆိုင္ေနရတဲ့ ကို႐ိုနာဗိုင္းရပ္စ္ အႏၲရာယ္ကို ျမန္မာျပည္က ရင္ဆိုင္လာရတဲ့ ဒီအခ်ိန္မွာ ရခိုင္ျပည္နယ္အတြက္ ရတက္မေအးစရာ အေျခအေနေတြက ရွိလာေနပါတယ္။

ဒါေတြကေတာ့ ျပည္ပမွာ သြားေရာက္အလုပ္လုပ္ကိုင္တဲ့ ႏိုင္ငံသားေတြ ဒီရက္ပိုင္းအတြင္း ရခိုင္ျပည္နယ္ထဲ အမ်ားအျပား ျပန္ေရာက္လာၿပီး ေဒသခံေတြကလည္း အင္တာနက္ ျဖတ္ခံထားရတဲ့ အေျခအေနေတြေၾကာင့္ လိုက္နာေဆာင္႐ြက္ရမယ့္ နည္းလမ္းေတြကို မသိရွိၾကဘူးလို႔ ရခိုင္အမတ္ေတြက ေျပာပါတယ္။ ေဒသခံေတြက ဘယ္လိုေနထိုင္သင့္တယ္ဆိုတဲ့ အသိပညာ မရထားေတာ့ မလိုက္နာၾကဘူးလို႔ ဆိုပါတယ္။

ျပည္ပက ျပန္လာသူေတြကို သီးသန႔္ထားရမယ္ဆိုတဲ့အခ်က္ကို မိသားစုဝင္ေတြက လက္မခံၾကတာေတြရွိတယ္လို႔ ေျမပုံၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဖသန္း ကေျပာပါတယ္။

“ဒီေရာဂါအေျခအေနကို ျပည္သူေတြက ဂဃနဏ မသိဘူး။ အဓိက အင္တာနက္လိုင္း ပိတ္ထားတာ ပါတာေပါ့။ အစိုးရကလည္း ဒီကိစၥအေပၚမွာ ေငြေၾကးေထာက္ပံ့မႈ ဘာမွမရွိဘူး။ တခ်ိဳ႕ကလည္း ထိုင္းကျပန္၊ မေလးကျပန္၊ တ႐ုတ္ကျပန္လာၿပီး ႐ြာေတြကို ေရာက္သြားတယ္။ သူတို႔ကို သီးသန႔္ထားဖို႔ ႐ြာလူႀကီးေတြ ကေတာ့ အက်ိဳးအေၾကာင္းေလး ေျပာျပေပမယ့္ ႏွစ္ေပါင္းမ်ားစြာ ခြဲခြာရတဲ့ သားသမီးေတြကို သီးသန႔္ခြဲ ထားရမယ္ဆိုတာကို လက္မခံႏိုင္တဲ့သူေတြလည္းရွိတယ္။ ကာယကံရွင္ကလည္း ငါတို႔မွာ ေရာဂါပိုးရွိတယ္လို႔ ဘယ္သူေျပာလည္း အဲဒီလိုအေျခအေနမ်ိဳးလည္း ရွိတာေပါ့”

ဒါ့အျပင္ သီးသန႔္ထားသူေတြကို ဘယ္လိုဆက္ဆံရမယ္ဆိုတဲ့ အသိပညာေတြလည္း မရွိၾကဘူးလို႔ ဆိုပါတယ္။ ရေသ့ေတာင္ၿမိဳ႕နယ္မွာဆိုရင္ ျပည္ပက ျပန္လာသူ ၁၀၀ ေက်ာ္ရွိေနတယ္လို႔ ဆိုပါတယ္။

ေရာဂါပိုးေတြပါလာၿပီး ဒုကၡသည္စခန္းေတြထဲ ေရာက္ရွိသြားၿပီး ကူးစက္မႈႏႈန္းကို ထိန္းခ်ဳပ္ဖို႔ ခက္ခဲသြားမွာ ကိုလည္း ကိုယ္စားလွယ္ေတြက စိုးရိမ္ေနၾကပါတယ္။

ဒုကၡသည္စခန္းေတြမွာဆိုရင္ ေရရွားပါးေနလို႔ လက္မၾကာခဏေဆးဖို႔ေတာင္ ခက္ခဲေနတာေၾကာင့္ ေရာဂါပိုး ကူးစက္ျပန႔္ပြားမွာကို စိုးရိမ္ေနရတယ္လို႔ ရေသ့ေတာင္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚခင္ေစာေဝ က ေျပာပါတယ္။

“စစ္ေဘးေရွာင္ အရမ္းမ်ားတယ္။ ေရရွားပါးမႈေတြလည္း လက္ေတြ႕မွာ အရမ္းႀကဳံေနရၿပီေလ။ အဲဒီအတြက္ေၾကာင့္ လက္ေဆးဖို႔ေတာင္ အခက္အခဲရွိတယ္။ တကယ္လို႔မ်ား မဆိုေကာင္း ေရာဂါေတြ ဝင္လာလို႔ရွိရင္ အခက္အခဲေတြ အမ်ားႀကီးႀကဳံလာရလိမ့္မယ္”

ရေသ့ေတာင္မွာဆိုရင္ အငူေမာ္ေက်း႐ြာမွာ ျပည္ပကျပန္လာသူေတြ မ်ားတဲ့အတြက္ အသိပညာေပး လုပ္ငန္းေတြလုပ္ဖို႔ ကိုယ္စားလွယ္ေတြက အုပ္ခ်ဳပ္ေရးအဖြဲ႕ေတြနဲ႔ ညႇိႏႈိင္းေဆာင္႐ြက္ေနၾကပါတယ္။

ေက်ာက္ေတာ္ၿမိဳ႕နယ္မွာ စစ္ေဘးဒုကၡသည္စခန္း ငါးခုေလာက္ရွိၿပီး စခန္းမွာ ေနထိုင္ေနၾကသူ  ၅၀၀၀ ေက်ာ္ရွိပါတယ္။ ေက်ာက္ေတာ္ၿမိဳ႕နယ္မွာ အသိပညာေပးလုပ္ငန္း အားနည္းေနတယ္လို႔ ေက်ာက္ေတာ္ၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးျမင့္ႏိုင္ ကေျပာပါတယ္။

“ဒုကၡသည္စခန္းမွာလည္း ကြၽန္ေတာ္တို႔ ၿမိဳ႕နယ္မွာတင္ ေထာင္ခ်ီရွိေနတာေပါ့။ အဲဒါမွာလည္း အသိပညာ ေပးထားတာ ဘာမွမရွိဘူး။ ႏိုင္ငံျခားက ျပန္လာတာလည္း အမ်ားႀကီးရွိေနတယ္။ ၿမိဳ႕ေပၚမွာေလာက္ပဲ ေလာေလာဆယ္ ေၾကညာၿပီးေအာ္တယ္။ ၿမိဳ႕နယ္ ဆရာဝန္ေမးလိုက္ေတာ့လည္း သူ႔မွာ အင္အားမရွိတဲ့ အခါက်ေတာ့ ဘာမွမလုပ္ႏိုင္ဘူးတဲ့ PPE ဝတ္စုံကလည္း တစ္စုံမွ မရွိဘူး။ ၿမိဳ႕နယ္မွာ ျဖစ္ေနတာ”

ေဒသခံေတြက က်န္းမာေရးဆိုင္ရာ လမ္းၫြန္ခ်က္ေတြကို သိရွိမႈအားနည္းေနတာဟာ အင္တာနက္ ျဖတ္ေတာက္ခံထားရတာေၾကာင့္လို႔လည္း ကိုယ္စားလွယ္ေတြက သုံးသပ္ပါတယ္။

လက္ရွိအခ်ိန္အထိ ရခိုင္ျပည္နယ္အတြင္းမွာ လူစုလူေဝးေတြနဲ႔ မဂၤလာေဆာင္ေတြ၊ အလႉေတြက ရွိေနဆဲပါပဲ။

ေျမပုံၿမိဳ႕နယ္မွာ လူစုလူေဝး မရွိေအာင္ အလႉေတြ၊ ပြဲလမ္းသဘင္ေတြ၊ အခမ္းအနားေတြ မလုပ္ဖို႔ တားျမစ္ထားတာကို လိုက္နာမႈ အားနည္းေနတယ္လို႔ ေျမပုံၿမိဳ႕ခံ ဦးခင္ေမာင္ဦးက ေျပာပါတယ္။

“မေန႔ကလည္း ရွင္ျပဳပြဲတစ္ပြဲ၊ ဒီေန႔လည္း ရွင္ျပဳပြဲတစ္ပြဲ၊ အဲဒီလို ေတာက္ေလွ်ာက္ကို ရွိေနတယ္။ ပြဲေတြ ဘာေတြက အုပ္ခ်ဳပ္ေရးမႉး ကိုယ္တိုင္ကလည္း ကြၽန္ေတာ္နဲ႔ ရင္းႏွီးတာပဲ။ သူတို႔ကိုယ္တိုင္က ဘာမွကို မသိဘူး။ အခုႏိုင္ငံျခားက ေရာက္တယ္။ အဖ်ားေရာဂါ တက္တယ္။ ကြၽန္ေတာ္ အုပ္ခ်ဳပ္ေရးမႉးကို ဖုန္းဆက္ၿပီး ေျပာတယ္။ ရခိုင္မွာက ဥပေဒ အာဏာေပ်ာ့တယ္။ သူတို႔လာမယ္ဆိုရင္ စစ္ေဘးေရွာင္ကအစ ေသမွာပဲ။ ရခိုင္ျပည္မွာ ဘာမွမရွိဘူး”

က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ အခုလ ၂၃ ရက္ေန႔ကေန မတ္လ ၂၉ ရက္ေန႔အထိ တစ္ပတ္အတြင္းမွာ ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါပိုးေတြ႕ရွိသူ ခ်င္းျပည္နယ္မွာ တစ္ဦး၊ ရန္ကုန္မွာ ခုႏွစ္ဦး၊ ေနျပည္ေတာ္မွာ တစ္ဦး၊ မႏၲေလးမွာ တစ္ဦး စုစုေပါင္း ၁၀ ဦး ရွိေနပါတယ္။

RFA Burmese
https://www.rfa.org/burmese/news/novel-coronavirus-in-rakhine-state-03302020061123.html
--------------
(Unicode)⤵⤵⤵
ကိုရိုနာအန္တရာယ် အသိပညာပေးမှု ရခိုင်ဒေသမှာ အားနည်းနေ

ရခိုင်ပြည်နယ် အမ်းမြို့နယ် မဲသံကြိုးကျေးရွာက ရွာသားတွေ မြေပုံမြို့နယ် ကမ်းထောင်းကြီးကျေးရွာကို ၂ဝ၁၉ ဇူလိုင်လ ၂၁ ရက်နေ့က ထွက်ပြေးရောက်ရှိလာကြစဉ်
Photo: RFA

အင်တာနက် ဖြတ်တောက်ခံထားရတဲ့ ရခိုင်ဒေသမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပြန့်ပွားမှုမရှိအောင် အသိပညာပေး လုပ်ငန်းတွေ ဆောင်ရွက်မှု အားနည်းနေတာကြောင့် ဒေသခံတွေဟာ လိုက်နာရမယ့် နည်းလမ်းတွေကို မသိဘဲ ဖြစ်နေပါတယ်။

ရခိုင်ဒေသဟာ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည်စခန်းတွေ အများအပြားရှိနေသလို အလုပ်အကိုင် ရှားပါးမှုကြောင့် ထိုင်း၊ တရုတ်နဲ့ မလေးရှားနိုင်ငံတွေကို သွားရောက်အလုပ် လုပ်ကိုင်နေကြတဲ့ လူငယ်တွေ အများအပြားရှိနေတဲ့ ပြည်နယ်တစ်ခုပါ။

ကမ္ဘာတစ်ဝှမ်းရင်ဆိုင်နေရတဲ့ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကို မြန်မာပြည်က ရင်ဆိုင်လာရတဲ့ ဒီအချိန်မှာ ရခိုင်ပြည်နယ်အတွက် ရတက်မအေးစရာ အခြေအနေတွေက ရှိလာနေပါတယ်။

ဒါတွေကတော့ ပြည်ပမှာ သွားရောက်အလုပ်လုပ်ကိုင်တဲ့ နိုင်ငံသားတွေ ဒီရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်ထဲ အများအပြား ပြန်ရောက်လာပြီး ဒေသခံတွေကလည်း အင်တာနက် ဖြတ်ခံထားရတဲ့ အခြေအနေတွေကြောင့် လိုက်နာဆောင်ရွက်ရမယ့် နည်းလမ်းတွေကို မသိရှိကြဘူးလို့ ရခိုင်အမတ်တွေက ပြောပါတယ်။ ဒေသခံတွေက ဘယ်လိုနေထိုင်သင့်တယ်ဆိုတဲ့ အသိပညာ မရထားတော့ မလိုက်နာကြဘူးလို့ ဆိုပါတယ်။

ပြည်ပက ပြန်လာသူတွေကို သီးသန့်ထားရမယ်ဆိုတဲ့အချက်ကို မိသားစုဝင်တွေက လက်မခံကြတာတွေရှိတယ်လို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း ကပြောပါတယ်။

“ဒီရောဂါအခြေအနေကို ပြည်သူတွေက ဂဃနဏ မသိဘူး။ အဓိက အင်တာနက်လိုင်း ပိတ်ထားတာ ပါတာပေါ့။ အစိုးရကလည်း ဒီကိစ္စအပေါ်မှာ ငွေကြေးထောက်ပံ့မှု ဘာမှမရှိဘူး။ တချို့ကလည်း ထိုင်းကပြန်၊ မလေးကပြန်၊ တရုတ်ကပြန်လာပြီး ရွာတွေကို ရောက်သွားတယ်။ သူတို့ကို သီးသန့်ထားဖို့ ရွာလူကြီးတွေ ကတော့ အကျိုးအကြောင်းလေး ပြောပြပေမယ့် နှစ်ပေါင်းများစွာ ခွဲခွာရတဲ့ သားသမီးတွေကို သီးသန့်ခွဲ ထားရမယ်ဆိုတာကို လက်မခံနိုင်တဲ့သူတွေလည်းရှိတယ်။ ကာယကံရှင်ကလည်း ငါတို့မှာ ရောဂါပိုးရှိတယ်လို့ ဘယ်သူပြောလည်း အဲဒီလိုအခြေအနေမျိုးလည်း ရှိတာပေါ့”

ဒါ့အပြင် သီးသန့်ထားသူတွေကို ဘယ်လိုဆက်ဆံရမယ်ဆိုတဲ့ အသိပညာတွေလည်း မရှိကြဘူးလို့ ဆိုပါတယ်။ ရသေ့တောင်မြို့နယ်မှာဆိုရင် ပြည်ပက ပြန်လာသူ ၁၀၀ ကျော်ရှိနေတယ်လို့ ဆိုပါတယ်။

ရောဂါပိုးတွေပါလာပြီး ဒုက္ခသည်စခန်းတွေထဲ ရောက်ရှိသွားပြီး ကူးစက်မှုနှုန်းကို ထိန်းချုပ်ဖို့ ခက်ခဲသွားမှာ ကိုလည်း ကိုယ်စားလှယ်တွေက စိုးရိမ်နေကြပါတယ်။

ဒုက္ခသည်စခန်းတွေမှာဆိုရင် ရေရှားပါးနေလို့ လက်မကြာခဏဆေးဖို့တောင် ခက်ခဲနေတာကြောင့် ရောဂါပိုး ကူးစက်ပြန့်ပွားမှာကို စိုးရိမ်နေရတယ်လို့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ က ပြောပါတယ်။

“စစ်ဘေးရှောင် အရမ်းများတယ်။ ရေရှားပါးမှုတွေလည်း လက်တွေ့မှာ အရမ်းကြုံနေရပြီလေ။ အဲဒီအတွက်ကြောင့် လက်ဆေးဖို့တောင် အခက်အခဲရှိတယ်။ တကယ်လို့များ မဆိုကောင်း ရောဂါတွေ ဝင်လာလို့ရှိရင် အခက်အခဲတွေ အများကြီးကြုံလာရလိမ့်မယ်”

ရသေ့တောင်မှာဆိုရင် အငူမော်ကျေးရွာမှာ ပြည်ပကပြန်လာသူတွေ များတဲ့အတွက် အသိပညာပေး လုပ်ငန်းတွေလုပ်ဖို့ ကိုယ်စားလှယ်တွေက အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်နေကြပါတယ်။

ကျောက်တော်မြို့နယ်မှာ စစ်ဘေးဒုက္ခသည်စခန်း ငါးခုလောက်ရှိပြီး စခန်းမှာ နေထိုင်နေကြသူ  ၅၀၀၀ ကျော်ရှိပါတယ်။ ကျောက်တော်မြို့နယ်မှာ အသိပညာပေးလုပ်ငန်း အားနည်းနေတယ်လို့ ကျောက်တော်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်နိုင် ကပြောပါတယ်။

“ဒုက္ခသည်စခန်းမှာလည်း ကျွန်တော်တို့ မြို့နယ်မှာတင် ထောင်ချီရှိနေတာပေါ့။ အဲဒါမှာလည်း အသိပညာ ပေးထားတာ ဘာမှမရှိဘူး။ နိုင်ငံခြားက ပြန်လာတာလည်း အများကြီးရှိနေတယ်။ မြို့ပေါ်မှာလောက်ပဲ လောလောဆယ် ကြေညာပြီးအော်တယ်။ မြို့နယ် ဆရာဝန်မေးလိုက်တော့လည်း သူ့မှာ အင်အားမရှိတဲ့ အခါကျတော့ ဘာမှမလုပ်နိုင်ဘူးတဲ့ PPE ဝတ်စုံကလည်း တစ်စုံမှ မရှိဘူး။ မြို့နယ်မှာ ဖြစ်နေတာ”

ဒေသခံတွေက ကျန်းမာရေးဆိုင်ရာ လမ်းညွန်ချက်တွေကို သိရှိမှုအားနည်းနေတာဟာ အင်တာနက် ဖြတ်တောက်ခံထားရတာကြောင့်လို့လည်း ကိုယ်စားလှယ်တွေက သုံးသပ်ပါတယ်။

လက်ရှိအချိန်အထိ ရခိုင်ပြည်နယ်အတွင်းမှာ လူစုလူဝေးတွေနဲ့ မင်္ဂလာဆောင်တွေ၊ အလှူတွေက ရှိနေဆဲပါပဲ။

မြေပုံမြို့နယ်မှာ လူစုလူဝေး မရှိအောင် အလှူတွေ၊ ပွဲလမ်းသဘင်တွေ၊ အခမ်းအနားတွေ မလုပ်ဖို့ တားမြစ်ထားတာကို လိုက်နာမှု အားနည်းနေတယ်လို့ မြေပုံမြို့ခံ ဦးခင်မောင်ဦးက ပြောပါတယ်။

“မနေ့ကလည်း ရှင်ပြုပွဲတစ်ပွဲ၊ ဒီနေ့လည်း ရှင်ပြုပွဲတစ်ပွဲ၊ အဲဒီလို တောက်လျှောက်ကို ရှိနေတယ်။ ပွဲတွေ ဘာတွေက အုပ်ချုပ်ရေးမှူး ကိုယ်တိုင်ကလည်း ကျွန်တော်နဲ့ ရင်းနှီးတာပဲ။ သူတို့ကိုယ်တိုင်က ဘာမှကို မသိဘူး။ အခုနိုင်ငံခြားက ရောက်တယ်။ အဖျားရောဂါ တက်တယ်။ ကျွန်တော် အုပ်ချုပ်ရေးမှူးကို ဖုန်းဆက်ပြီး ပြောတယ်။ ရခိုင်မှာက ဥပဒေ အာဏာပျော့တယ်။ သူတို့လာမယ်ဆိုရင် စစ်ဘေးရှောင်ကအစ သေမှာပဲ။ ရခိုင်ပြည်မှာ ဘာမှမရှိဘူး”

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အခုလ ၂၃ ရက်နေ့ကနေ မတ်လ ၂၉ ရက်နေ့အထိ တစ်ပတ်အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးတွေ့ရှိသူ ချင်းပြည်နယ်မှာ တစ်ဦး၊ ရန်ကုန်မှာ ခုနှစ်ဦး၊ နေပြည်တော်မှာ တစ်ဦး၊ မန္တလေးမှာ တစ်ဦး စုစုပေါင်း ၁၀ ဦး ရှိနေပါတယ်။

RFA Burmese
https://www.rfa.org/burmese/news/novel-coronavirus-in-rakhine-state-03302020061123.html
ကို႐ိုနာအႏၲရာယ္ အသိပညာေပးမႈ ရခိုင္ေဒသမွာ အားနည္းေန ကို႐ိုနာအႏၲရာယ္ အသိပညာေပးမႈ ရခိုင္ေဒသမွာ အားနည္းေန Reviewed by THITHTOOLWIN on 01:19 Rating: 5
Powered by Blogger.