ထိုင္းနယ္စပ္ကျမန္မာႏိုင္ငံသားေတြ အဝင္ပိတ္ၿပီ

 (Quarantine) ျပဳလုပ္ရန္ ေနရာထိုင္ခင္းမ်ား ထပ္မံတိုးခ်ဲ႕စီစဥ္ေဆာင္႐ြက္ေန
(Zawgyi)⤵⤵⤵

နယ္စပ္ဂိတ္ေတြက တစ္ဆင့္ ျမန္မာႏိုင္ငံကို ျပန္လည္ဝင္ေရာက္မယ့္ ျမန္မာႏိုင္ငံသားေတြကိုမိမိတို႔၏ ေနရပ္ကို တိုက္႐ိုက္ျပန္ခြင့္ ျပဳေတာ့မွာမဟုတ္ဘဲ အစိုးရက စီစဥ္ေပးထားတဲ့သတ္မွတ္ေနရာမ်ားေတြမွာ ထိန္းခ်ဳပ္ ကန႔္သတ္ ေစာင့္ၾကည့္မႈ (Quarantine) ျပဳလုပ္ျခင္းကို (၁၄) ရက္ မျဖစ္မေန ခံယူရ မယ္လို႔ မတ္ လ ၃၀ ရက္ေန႔က ထုတ္ျပန္ပါတယ္။

အသက္(၄၄) ႏွစ္အ႐ြယ္ ျမန္မာႏိုင္ငံသား အမ်ိဳးသား တစ္ဦးဟာ မတ္လ၂၃- ရက္ေန႔ က ထိုင္းႏိုင္ငံကေန ျမန္မာႏိုင္ငံ ကို ျမဝတီနယ္စပ္ဂိတ္ကတစ္ဆင့္ ဝင္ေရာက္ လာခဲ့ၿပီး မဂၤလာဒုံၿမိဳ႕နယ္မွာ ေရာက္ရွိေနထိုင္ခဲ့ရာမတ္လ ၂၉ ရက္ေန႔ ဓါတ္ခြဲနမူနာအေျဖအရ COVID-19 ေရာဂါပိုးရွိေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့ရပါတယ္။

နယ္စပ္ဂိတ္ေတြကေန အစုလိုက္အၿပဳံလိုက္ ျပန္လည္ ဝင္ေရာက္လာသူ အခ်င္းခ်င္းၾကားတြင္လည္းေကာင္း၊ ျပည္တြင္းတြင္ ေနထိုင္သူမ်ားထံသို႔လည္းေကာင္း ေရာဂါကူးစက္ျပန႔္ပြားၿပီး ကပ္ေရာဂါႀကီး ျဖစ္ပြားရန္ အလားအလာ အလြန္မ်ားျပားေနတယ္လို႔လည္းႏိုင္ငံျခားေရးဝန္ႀကီးဌာန ကထုတ္ျပန္ပါတယ္။

အစိုးရက ေနာက္ထပ္ဝင္ေရာက္လာမယ့္သူ မ်ားအတြက္ ထိန္းခ်ဳပ္ကန႔္သတ္ေစာင့္ၾကည့္မႈ (Quarantine) ျပဳလုပ္ရန္ ေနရာထိုင္ခင္းမ်ား ထပ္မံတိုးခ်ဲ႕စီစဥ္ေဆာင္႐ြက္ေန လို႔နယ္စပ္ဂိတ္မ်ားမွ ျပန္လည္ဝင္ေရာက္ ေတြအေနနဲ႔ ျမန္မာႏိုင္ငံအတြင္းကို ေနာက္ထပ္ ရက္သတၱ(၂) ပတ္ခန႔္ ေစာင့္ဆိုင္းၿပီး ဧၿပီလ ၁၅ ရက္ေန႔ ေနာက္ပိုင္းမွသာ ျပန္လည္ဝင္ေရာက္ၾကဖို႔ ထုတ္ျပန္ခ်က္ကဆိုပါတယ္။
ထိုင္းက ျပန္လာသူေတြ

လူဦးေရႏွစ္ေသာင္းသုံးေထာင္ေက်ာ္အေရအတြက္ရွိတဲ့ ျမန္မာႏိုင္ငံသားေတြ ျမဝတီနယ္စပ္ဂိတ္ကေနတဆင့္ မိမိေနရပ္ကို ထိုင္းႏိုင္ငံကေန ျပန္လာၾကတာဟာ ႏိုင္ငံအႏွံ႔ အျပားကို ျပန္လည္ပ်ံ႕ႏွံ႔ေရာက္ရွိ ေနၿပီလို႔ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရသိရပါတယ္။

မတ္လ ၂၉ရက္ေန႔ကေတာ့ အဲဒီလိုျမဝတီကေန ျပန္ဝင္လာတဲ့လူေတြထဲက တေယာက္မွာ ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါပိုးေတြ႕တယ္လို႔ အတည္ျပဳလိုက္ပါၿပီ။ ဒါ့အျပင္ မတ္လ ၃၀ ရက္ေန႔ တာခ်ီလိတ္ က ဝင္လာသူျမန္မာႏိုင္ငံသား ဟာလည္း ပိုးေတြ႕တယ္လို႔ မတ္လ ၃၀ ရက္ေန႔က ထုတ္ျပန္ခဲ့ပါတယ္။

ထိုင္းနယ္စပ္က ျပန္ဝင္လာသူေတြထဲမွာ ေရာဂါကူးစက္သူေတြ ပါလာဖို႔မ်ားၿပီးေတာ့ ကပ္ေရာဂါႀကီးလို႔ ျဖစ္ဖို႔ မ်ားတယ္လို႔က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက မတ္လ ၂၉ရက္မွာ အတိ အလင္းထပ္မံၿပီးထုတ္ျပန္ပါတယ္။

က်န္းမာေရးဝန္ႀကီးဌာနက ႏွစ္ေသာင္းသုံးေထာင္လို႔ ေျပာေပမယ့္ ျမဝတီတံတား အမွတ္ ၂မွာ ကိုယ္တိုင္ ႀကီးၾကပ္ေနရတဲ့ ကရင္ျပည္နယ္ လူမႈေရးဝန္ႀကီးရဲ႕ ေျပာျပခ်က္အရ ဆိုရင္ေတာ့ မတ္လ ၂၆ ရက္ေန႔အထိ ျပန္ဝင္လာသူ အေရအတြက္က ေလးေသာင္းေက်ာ္ရွိတယ္လို႔ ဘီဘီစီကိုတရားဝင္ေျဖၾကားထားပါတယ္။
 ျပည္ပကို ခရီးသြားခဲ့သူ မဟုတ္ဘဲကူးစက္ခံရ သူေတြ ရွိလာေန

အစိုးရ တရားဝင္ထုတ္ျပန္ခ်က္ေတြအရဆိုရင္ ျပည္ပကို ခရီးသြားခဲ့သူ မဟုတ္ဘဲကူးစက္ခံရ သူေတြ ျမန္မာႏိုင္ငံမွာ ရွိလာေနပါၿပီ။

မတ္လ ၂၉ ရက္ေန႔ က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီး ဌာန က ဓာတ္ခြဲအတည္ျပဳလိုက္တဲ့လူနာ ၁၀ ေယာက္ေျမာက္ဟာ ျပည္တြင္းက ဒုတိယ ေျမာက္ကူးစက္ခံရသူျဖစ္ပါတယ္၊

မတ္လ ၂၉ ရက္ေန႔ က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီး ဌာန က ဓာတ္ခြဲအတည္ျပဳလိုက္တဲ့လူနာ ၁၀ ေယာက္ေျမာက္ဟာ ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာေတာင္ၫြန္႔ ၿမိဳ႕နယ္မွာ ေနထိုင္တဲ့ အသက္ (၄၅) ႏွစ္ အ႐ြယ္ ျမန္မာႏိုင္ငံသား အမ်ိဳးသားတစ္ဦးျဖစ္ၿပီးသူဟာ ျပည္ပ ကို ခရီးသြားလာတဲ့ ရာဇဝင္ မရွိသူလို႔ လည္းထုတ္ျပန္ခ်က္မွာေရးပါတယ္။

လူနာ အမွတ္ ၁၀ ဟာ လူနာ အမွတ္၅ ရဲ႕ သားျဖစ္ၿပီး လူနာ အမွတ္၅က ၾသစေတးလ်နဲ႔ စင္ကာပူတို႔က ေဆးကု ျပန္လာစဥ္ကတည္းက ျပဳစုေပးေနသူျဖစ္တယ္လို႔ မဂၤလာေတာင္ၫြန္႔ ၿမိဳ႕နယ္ ဖို႔ေျမရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉးဦးေဇာ္ဝင္းထြန္းကဘီဘီစီကိုေျပာပါတယ္။

 အသက္ရႈစက္နဲ႔ အျခားေဆးဝါးပစၥည္းေတြကိုေတာ့ရရွိထားတာ ရွိေပမယ့္ တကယ္တမ္း အစုလိုက္အၿပဳံလိုက္ေတြ႕ရွိလာမယ္ဆိုရင္ေတာ့ တိုင္းနဲ႔ ျပည္နယ္တိုင္းမွာ အခက္အခဲရွိမယ့္ အေနထားမ်ိဳးျဖစ္ပါတယ္။
လူနာ အမွတ္ ၁၀ နဲ႔ လူနာ အမွတ္၅တို႔ေနထိုင္တဲ့ မဂၤလာေတာင္ၫြန္႔ ၁၀၁ လမ္းကို အျပင္ လူ အဝင္ အထြက္ ပိတ္ထားၿပီး တစ္တိုက္လုံးကိုေတာ့ lockdown လုပ္ ထားတယ္လို႔ ဦးေဇာ္ဝင္းထြန္းကကေျပာပါတယ္။

ဒါ့အျပင္ ဝင္ထြက္ သြားလာသူ က်န္ လမ္းသူ လမ္း သားေတြ လူ အဝင္ အထြက္တိုင္း ေဆးဖ်န္းတာေတြ လုပ္တယ္လို႔လည္း သူ ကရွင္းျပပါတယ္။

မဂ္လာေတာင္ၫြန႔္ၿမိဳ႕နယ္ ၁၀၁ လမ္း ဖို႔ေျမရပ္ကြက္ အတြင္းမွာCovid -19 လူနာႏွစ္ဦးက်န္းမား‌ေရးဌာနကတရား၀င္သတင္းထုတ္ျပန္လို႔ လမ္းသူ လမ္းသားေတြအေနနဲ႔ စိုးရိမ္မႈေတြရွိခဲ့ပါတယ္။

ျမန္မာဂုဏ္ရည္လမ္းက ညေနေစ်းကိုလည္းပိတ္ထားတယ္လို႔ မဂ္လာေတာင္ၫြန႔္ၿမိဳ႕နယ္ေနထိုင္သူတစ္ဦးကေျပာပါတယ္။

ဧည့္လမ္းၫႊန္ျဖစ္တဲ့ ဗဟန္းက လူနာအမွတ္ ၈ ဟာ ျပည္တြင္းမွာ စတင္ကူးစက္တဲ့ ပထမဆုံးလူနာျဖစ္ၿပီးေတာ့ မဂ္လာေတာင္ၫြန႔္ၿမိဳ႕နယ္လူနာ အမွတ္ ၁၀ ဟာ က ဒုတိယ ျဖစ္ပါတယ္။
 ေပါင္း၁၄ ဦးရွိၿပီ

ဧည့္လမ္းၫႊန္ျဖစ္တဲ့ လူနာအမွတ္ ၈ နဲ႔ အတူ ခရီးသြားခဲ့သူ ျပင္သစ္ ၃ ဦး ဟာ ကို႐ိုနာပိုးေတြ႕ရွိတယ္လို႔ က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီး ဌာန က မတ္လ ၃၀ ရက္ေန႔ ကထုတ္ျပန္ခဲ့ပါတယ္။

ခုထိ ျမန္မာကိုဗစ္၁၉ လူနာ ေတြအနက္ လူနာ နံပါတ္ ၅ ကင္ဆာေရာဂါသည္ကို အနီးကပ္ထိေတြ႕ခဲ့တဲ့ မဂ္လာေတာင္ၫြန႔္ၿမိဳ႕နယ္ ကလူနာ နံပါတ္ ၁၀ ဟာ ျပည္တြင္းမွာ ကူးစက္သူျဖစ္တယ္လို႔ ေဒါက္တာခင္ခင္ႀကီးက အတည္ျပဳပါတယ္။

ဒါ့အျပင္ လူနာနံပါတ္ ၈ ျပင္သစ္ဧည့္လမ္းၫႊန္အမ်ိဳးသမီးဟာ ျပည္တြင္းကေန ကူးစက္တာလား၊ သူ ဝန္ေဆာင္မႈေပးခဲ့တဲ့ ျပင္သစ္ႏိုင္ငံသားေတြဆီကေန ကူးစက္တာလားဆိုတာ စုံစမ္းစစ္ေဆးမႈေတြ လုပ္ေနတယ္လို႔ သူက ဆက္ေျပာပါတယ္။

လူနာ အမွတ္ ၅ နဲ႔ ၁၀ တို႔ရဲ႕မိသားစု ဝင္ေတြထဲ က လူနာ အမွတ္ ၅ ဇနီး သားအႀကီးနဲ႔ သမက္ျဖစ္သူတို႔ကိုလည္း ေဝဘာဂီေဆး႐ုံကို ပို႔ထားၿပီး

က်န္မိသားစုဝင္(၁၇)ဦးကို ၿမိဳ႕နယ္က်န္းမာေရးဦးစီးဌာနမွ က်န္းမာေရးစစ္ေဆးရာ ေစာင့္ၾကည့္မိသားစုဝင္(၁၇)ဦး ဖ်ားနာ တာ မေတြ႕ရ ဘူးလို႔လည္း မဂၤလာေတာင္ၫြန္႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးဦးေဇာ္ဝင္းထြန္းကေျပာပါတယ္။

ျမန္မာနိင္ငံမွာ ကိုဗစ္ ၁၉ လူနာရွစ္ဦးနဲ႔ ထိေတြ႕ခဲ့သူေပါင္း ၄၇၀ ရွိတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ေျပာခြင့္ရသူ ေဒါက္တာခင္ခင္ႀကီးက ေျပာခဲ့ပါတယ္။

ထပ္ေတြ႕တဲ့ လူနာ ေတြနဲ႔ ထိေတြ႕ခဲ့သူေတြကိုလည္း ဆက္လက္စုံစမ္းေနတယ္ဆိုတာေၾကာင့္ ထိေတြ႕သူအေရအတြက္က ဒီထပ္ပိုတိုးလာဖြယ္ရွိေနပါတယ္။

ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးက မတ္လ၂၉ ရက္ေန႔က ျပဳလုပ္တဲ့ ကိုဗစ္၁၉ အစည္းအေဝးမွာ လူနာရွစ္ဦးနဲ႔ ထိေတြ႕ခဲ့သူ ၄၇၀ ေက်ာ္ကို ေတြ႕ရွိထားတယ္လို႔ ေျပာၾကားထားပါတယ္။

ထိေတြ႕ခဲ့သူေတြကို သက္ဆိုင္ရာေစာင့္ၾကည့္ေရးစင္တာေတြ၊ ေဆး႐ုံေတြနဲ႔ ေနအိမ္ေတြမွာ သီးသန႔္ခြဲထားေစာင့္ၾကည့္မႈေတြ လုပ္ေနတယ္လို႔ ဆိုပါတယ္။

အစိုးရ ထုတ္ျပန္ခ်က္အရ ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုးကူးစက္ခံရသူ ၁၄ ဦးထိရွိလာေနၿပီးဗိုင္းရပ္စ္ ေၾကာင့္ ေသဆုံးသူေတာ့မရွိေသးပါဘူး

ေနာက္ဆုံးေတြ႕ရွိတဲ့ လူနာေတြထဲမွာ ျပည္တြင္းမွာတင္ ဒုတိယေျမာက္ ကူးစက္ခံရသူလည္း ပါဝင္ေနတာေၾကာင့္ ျမန္မာလူထု အၾကားစိုးရိမ္မႈေတြရွိေနၾကပါတယ္

BBC Burmese
https://www.bbc.com/burmese/burma-52092145
------------
(Unicode)⤵⤵⤵
ထိုင်းနယ်စပ်ကမြန်မာနိုင်ငံသားတွေ အဝင်ပိတ်ပြီ

ဓာတ်ပုံ မူပိုင် MPA
Image caption (Quarantine) ပြုလုပ်ရန် နေရာထိုင်ခင်းများ ထပ်မံတိုးချဲ့စီစဉ်ဆောင်ရွက်နေ

နယ်စပ်ဂိတ်တွေက တစ်ဆင့် မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်မယ့် မြန်မာနိုင်ငံသားတွေကိုမိမိတို့၏ နေရပ်ကို တိုက်ရိုက်ပြန်ခွင့် ပြုတော့မှာမဟုတ်ဘဲ အစိုးရက စီစဉ်ပေးထားတဲ့သတ်မှတ်နေရာများတွေမှာ ထိန်းချုပ် ကန့်သတ် စောင့်ကြည့်မှု (Quarantine) ပြုလုပ်ခြင်းကို (၁၄) ရက် မဖြစ်မနေ ခံယူရ မယ်လို့ မတ် လ ၃၀ ရက်နေ့က ထုတ်ပြန်ပါတယ်။

အသက်(၄၄) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသား တစ်ဦးဟာ မတ်လ၂၃- ရက်နေ့ က ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံ ကို မြဝတီနယ်စပ်ဂိတ်ကတစ်ဆင့် ဝင်ရောက် လာခဲ့ပြီး မင်္ဂလာဒုံမြို့နယ်မှာ ရောက်ရှိနေထိုင်ခဲ့ရာမတ်လ ၂၉ ရက်နေ့ ဓါတ်ခွဲနမူနာအဖြေအရ COVID-19 ရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။

နယ်စပ်ဂိတ်တွေကနေ အစုလိုက်အပြုံလိုက် ပြန်လည် ဝင်ရောက်လာသူ အချင်းချင်းကြားတွင်လည်းကောင်း၊ ပြည်တွင်းတွင် နေထိုင်သူများထံသို့လည်းကောင်း ရောဂါကူးစက်ပြန့်ပွားပြီး ကပ်ရောဂါကြီး ဖြစ်ပွားရန် အလားအလာ အလွန်များပြားနေတယ်လို့လည်းနိုင်ငံခြားရေးဝန်ကြီးဌာန ကထုတ်ပြန်ပါတယ်။

အစိုးရက နောက်ထပ်ဝင်ရောက်လာမယ့်သူ များအတွက် ထိန်းချုပ်ကန့်သတ်စောင့်ကြည့်မှု (Quarantine) ပြုလုပ်ရန် နေရာထိုင်ခင်းများ ထပ်မံတိုးချဲ့စီစဉ်ဆောင်ရွက်နေ လို့နယ်စပ်ဂိတ်များမှ ပြန်လည်ဝင်ရောက် တွေအနေနဲ့ မြန်မာနိုင်ငံအတွင်းကို နောက်ထပ် ရက်သတ္တ(၂) ပတ်ခန့် စောင့်ဆိုင်းပြီး ဧပြီလ ၁၅ ရက်နေ့ နောက်ပိုင်းမှသာ ပြန်လည်ဝင်ရောက်ကြဖို့ ထုတ်ပြန်ချက်ကဆိုပါတယ်။
ဓာတ်ပုံ မူပိုင် MPA
Image caption ထိုင်းက ပြန်လာသူတွေ

လူဦးရေနှစ်သောင်းသုံးထောင်ကျော်အရေအတွက်ရှိတဲ့ မြန်မာနိုင်ငံသားတွေ မြဝတီနယ်စပ်ဂိတ်ကနေတဆင့် မိမိနေရပ်ကို ထိုင်းနိုင်ငံကနေ ပြန်လာကြတာဟာ နိုင်ငံအနှံ့ အပြားကို ပြန်လည်ပျံ့နှံ့ရောက်ရှိ နေပြီလို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

မတ်လ ၂၉ရက်နေ့ကတော့ အဲဒီလိုမြဝတီကနေ ပြန်ဝင်လာတဲ့လူတွေထဲက တယောက်မှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးတွေ့တယ်လို့ အတည်ပြုလိုက်ပါပြီ။ ဒါ့အပြင် မတ်လ ၃၀ ရက်နေ့ တာချီလိတ် က ဝင်လာသူမြန်မာနိုင်ငံသား ဟာလည်း ပိုးတွေ့တယ်လို့ မတ်လ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

ထိုင်းနယ်စပ်က ပြန်ဝင်လာသူတွေထဲမှာ ရောဂါကူးစက်သူတွေ ပါလာဖို့များပြီးတော့ ကပ်ရောဂါကြီးလို့ ဖြစ်ဖို့ များတယ်လို့ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မတ်လ ၂၉ရက်မှာ အတိ အလင်းထပ်မံပြီးထုတ်ပြန်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက နှစ်သောင်းသုံးထောင်လို့ ပြောပေမယ့် မြဝတီတံတား အမှတ် ၂မှာ ကိုယ်တိုင် ကြီးကြပ်နေရတဲ့ ကရင်ပြည်နယ် လူမှုရေးဝန်ကြီးရဲ့ ပြောပြချက်အရ ဆိုရင်တော့ မတ်လ ၂၆ ရက်နေ့အထိ ပြန်ဝင်လာသူ အရေအတွက်က လေးသောင်းကျော်ရှိတယ်လို့ ဘီဘီစီကိုတရားဝင်ဖြေကြားထားပါတယ်။
ဓာတ်ပုံ မူပိုင် U Zaw Win Tun
Image caption ပြည်ပကို ခရီးသွားခဲ့သူ မဟုတ်ဘဲကူးစက်ခံရ သူတွေ ရှိလာနေ

အစိုးရ တရားဝင်ထုတ်ပြန်ချက်တွေအရဆိုရင် ပြည်ပကို ခရီးသွားခဲ့သူ မဟုတ်ဘဲကူးစက်ခံရ သူတွေ မြန်မာနိုင်ငံမှာ ရှိလာနေပါပြီ။

မတ်လ ၂၉ ရက်နေ့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီး ဌာန က ဓာတ်ခွဲအတည်ပြုလိုက်တဲ့လူနာ ၁၀ ယောက်မြောက်ဟာ ပြည်တွင်းက ဒုတိယ မြောက်ကူးစက်ခံရသူဖြစ်ပါတယ်၊

မတ်လ ၂၉ ရက်နေ့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီး ဌာန က ဓာတ်ခွဲအတည်ပြုလိုက်တဲ့လူနာ ၁၀ ယောက်မြောက်ဟာ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့် မြို့နယ်မှာ နေထိုင်တဲ့ အသက် (၄၅) နှစ် အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးဖြစ်ပြီးသူဟာ ပြည်ပ ကို ခရီးသွားလာတဲ့ ရာဇဝင် မရှိသူလို့ လည်းထုတ်ပြန်ချက်မှာရေးပါတယ်။

လူနာ အမှတ် ၁၀ ဟာ လူနာ အမှတ်၅ ရဲ့ သားဖြစ်ပြီး လူနာ အမှတ်၅က သြစတေးလျနဲ့ စင်ကာပူတို့က ဆေးကု ပြန်လာစဉ်ကတည်းက ပြုစုပေးနေသူဖြစ်တယ်လို့ မင်္ဂလာတောင်ညွန့် မြို့နယ် ဖို့မြေရပ်ကွက် အုပ်ချုပ်ရေးမှူးဦးဇော်ဝင်းထွန်းကဘီဘီစီကိုပြောပါတယ်။
Image caption အသက်ရှုစက်နဲ့ အခြားဆေးဝါးပစ္စည်းတွေကိုတော့ရရှိထားတာ ရှိပေမယ့် တကယ်တမ်း အစုလိုက်အပြုံလိုက်တွေ့ရှိလာမယ်ဆိုရင်တော့ တိုင်းနဲ့ ပြည်နယ်တိုင်းမှာ အခက်အခဲရှိမယ့် အနေထားမျိုးဖြစ်ပါတယ်။

လူနာ အမှတ် ၁၀ နဲ့ လူနာ အမှတ်၅တို့နေထိုင်တဲ့ မင်္ဂလာတောင်ညွန့် ၁၀၁ လမ်းကို အပြင် လူ အဝင် အထွက် ပိတ်ထားပြီး တစ်တိုက်လုံးကိုတော့ lockdown လုပ် ထားတယ်လို့ ဦးဇော်ဝင်းထွန်းကကပြောပါတယ်။

ဒါ့အပြင် ဝင်ထွက် သွားလာသူ ကျန် လမ်းသူ လမ်း သားတွေ လူ အဝင် အထွက်တိုင်း ဆေးဖျန်းတာတွေ လုပ်တယ်လို့လည်း သူ ကရှင်းပြပါတယ်။

မဂ်လာတောင်ညွန့်မြို့နယ် ၁၀၁ လမ်း ဖို့မြေရပ်ကွက် အတွင်းမှာCovid -19 လူနာနှစ်ဦးကျန်းမား‌ရေးဌာနကတရားဝင်သတင်းထုတ်ပြန်လို့ လမ်းသူ လမ်းသားတွေအနေနဲ့ စိုးရိမ်မှုတွေရှိခဲ့ပါတယ်။

မြန်မာဂုဏ်ရည်လမ်းက ညနေဈေးကိုလည်းပိတ်ထားတယ်လို့ မဂ်လာတောင်ညွန့်မြို့နယ်နေထိုင်သူတစ်ဦးကပြောပါတယ်။

ဧည့်လမ်းညွှန်ဖြစ်တဲ့ ဗဟန်းက လူနာအမှတ် ၈ ဟာ ပြည်တွင်းမှာ စတင်ကူးစက်တဲ့ ပထမဆုံးလူနာဖြစ်ပြီးတော့ မဂ်လာတောင်ညွန့်မြို့နယ်လူနာ အမှတ် ၁၀ ဟာ က ဒုတိယ ဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် MIHS
Image caption ပေါင်း၁၄ ဦးရှိပြီ

ဧည့်လမ်းညွှန်ဖြစ်တဲ့ လူနာအမှတ် ၈ နဲ့ အတူ ခရီးသွားခဲ့သူ ပြင်သစ် ၃ ဦး ဟာ ကိုရိုနာပိုးတွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီး ဌာန က မတ်လ ၃၀ ရက်နေ့ ကထုတ်ပြန်ခဲ့ပါတယ်။

ခုထိ မြန်မာကိုဗစ်၁၉ လူနာ တွေအနက် လူနာ နံပါတ် ၅ ကင်ဆာရောဂါသည်ကို အနီးကပ်ထိတွေ့ခဲ့တဲ့ မဂ်လာတောင်ညွန့်မြို့နယ် ကလူနာ နံပါတ် ၁၀ ဟာ ပြည်တွင်းမှာ ကူးစက်သူဖြစ်တယ်လို့ ဒေါက်တာခင်ခင်ကြီးက အတည်ပြုပါတယ်။

ဒါ့အပြင် လူနာနံပါတ် ၈ ပြင်သစ်ဧည့်လမ်းညွှန်အမျိုးသမီးဟာ ပြည်တွင်းကနေ ကူးစက်တာလား၊ သူ ဝန်ဆောင်မှုပေးခဲ့တဲ့ ပြင်သစ်နိုင်ငံသားတွေဆီကနေ ကူးစက်တာလားဆိုတာ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

လူနာ အမှတ် ၅ နဲ့ ၁၀ တို့ရဲ့မိသားစု ဝင်တွေထဲ က လူနာ အမှတ် ၅ ဇနီး သားအကြီးနဲ့ သမက်ဖြစ်သူတို့ကိုလည်း ဝေဘာဂီဆေးရုံကို ပို့ထားပြီး

ကျန်မိသားစုဝင်(၁၇)ဦးကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစစ်ဆေးရာ စောင့်ကြည့်မိသားစုဝင်(၁၇)ဦး ဖျားနာ တာ မတွေ့ရ ဘူးလို့လည်း မင်္ဂလာတောင်ညွန့် မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်ဝင်းထွန်းကပြောပါတယ်။

မြန်မာနိင်ငံမှာ ကိုဗစ် ၁၉ လူနာရှစ်ဦးနဲ့ ထိတွေ့ခဲ့သူပေါင်း ၄၇၀ ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရသူ ဒေါက်တာခင်ခင်ကြီးက ပြောခဲ့ပါတယ်။

ထပ်တွေ့တဲ့ လူနာ တွေနဲ့ ထိတွေ့ခဲ့သူတွေကိုလည်း ဆက်လက်စုံစမ်းနေတယ်ဆိုတာကြောင့် ထိတွေ့သူအရေအတွက်က ဒီထပ်ပိုတိုးလာဖွယ်ရှိနေပါတယ်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မတ်လ၂၉ ရက်နေ့က ပြုလုပ်တဲ့ ကိုဗစ်၁၉ အစည်းအဝေးမှာ လူနာရှစ်ဦးနဲ့ ထိတွေ့ခဲ့သူ ၄၇၀ ကျော်ကို တွေ့ရှိထားတယ်လို့ ပြောကြားထားပါတယ်။

ထိတွေ့ခဲ့သူတွေကို သက်ဆိုင်ရာစောင့်ကြည့်ရေးစင်တာတွေ၊ ဆေးရုံတွေနဲ့ နေအိမ်တွေမှာ သီးသန့်ခွဲထားစောင့်ကြည့်မှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

အစိုးရ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၁၄ ဦးထိရှိလာနေပြီးဗိုင်းရပ်စ် ကြောင့် သေဆုံးသူတော့မရှိသေးပါဘူး

နောက်ဆုံးတွေ့ရှိတဲ့ လူနာတွေထဲမှာ ပြည်တွင်းမှာတင် ဒုတိယမြောက် ကူးစက်ခံရသူလည်း ပါဝင်နေတာကြောင့် မြန်မာလူထု အကြားစိုးရိမ်မှုတွေရှိနေကြပါတယ်

BBC Burmese
https://www.bbc.com/burmese/burma-52092145
ထိုင္းနယ္စပ္ကျမန္မာႏိုင္ငံသားေတြ အဝင္ပိတ္ၿပီ ထိုင္းနယ္စပ္ကျမန္မာႏိုင္ငံသားေတြ အဝင္ပိတ္ၿပီ Reviewed by THITHTOOLWIN on 01:03 Rating: 5
Powered by Blogger.