Covid-19 ေၾကာင့္ အေမရိကန္မွာ အလုပ္လက္မဲ့ ဦးေရတုိး

New York ျပည္နယ္အတြင္း အလုပ္လက္မဲ့ ေထာက္ပံ့ေၾကးေတာင္းသူမ်ား

(Zawgyi/Unicode)

ကိုရိုနာဗုိင္းရပ္စ္ ကပ္ေဘးေရာဂါႀကီးေၾကာင့္ စီးပြားေရး လုပ္ငန္းေတြ အထိလာနာတာနဲ႔အမွ် အေမရိကန္ ႏုိင္ငံအတြင္း ၿပီးခဲ့တဲ့ အပတ္အတြင္း အလုပ္လက္မဲ့ ေထာက္ပံ့ေၾကးေတာင္းသူ ဦးေရ တဟုန္တိုး ျမင့္တက္သြားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ အပတ္ မတိုင္ခင္ တစ္ပတ္က အလုပ္လက္မဲ့ ခံစားခြင့္ ေလွ်ာက္ထားသူ ၇ ေသာင္း ရွိရာကေန အခုအခါ ၂ သိန္း ၈ ေသာင္း ၁ ေထာင္အထိ ျမင့္တက္သြားတယ္လို႔ အေမရိကန္ အလုပ္သမား ၀န္ႀကီးဌာနက ၾကာသပေတးေန႔က ေျပာပါတယ္။

စီးပြားေရးပညာရွင္ေတြက မတ္လကုန္မွာ အေမရိကန္ လုပ္သား ၁ သန္းေက်ာ္ အလုပ္ ဆုံးရွဳံးၾကရလိမ့္မယ္လို႔ခန္႔မွန္းထားတာပါ။ ဆိုင္ေတြပိတ္ လုပ္ငန္းေတြ ရပ္ဆိုင္းရမယ့္ အေျခအေန ရွိတာေၾကာင့္ ကုန္ပေဒသာဆိုင္၊ ဟုိတယ္နဲ႔ စားေသာက္ဆိုင္လုပ္ငန္း ေတြက နာရီစား လုပ္သားေတြ အလုပ္လက္မဲ့ျဖစ္မယ့္အေျခအေနကို အမ်ားဆုံး ရင္ဆိုင္ေနၾကရတယ္လို႔လည္း ဆိုပါတယ္။

ဗိုင္းရပ္စ္ ကူးစက္မွဳ ထိန္းခ်ဳပ္ေရးအတြက္ ျပည္နယ္နဲ႔ ေဒသခံ အာဏာပိုင္ေတြကလည္း ဒီ လုပ္ငန္းေတြ ပိတ္ပစ္ဖို႔ အမိန္႔ေပးလာ ႏုိင္တဲ့ အေျခအေနကလည္း ရွိေနပါတယ္။ ျပည္နယ္ တစ္ခုခ်င္းစီမွာ အလုပ္လက္မဲ့ အာမခံ ခံစားခြင့္ ေလွ်ာက္ထားမွဳ တရွိန္ထိုး တက္ေနျပီး အဲဒီ ခံစားခြင့္ဟာလည္း အလုပ္ ဆုံးရွဳံးခ်ိန္ ယာယီ လိုအပ္ခ်က္ကို ျဖည့္ဆည္းေပးတဲ့ ေငြေၾကးပမာဏ ျဖစ္တာေၾကာင့္ ပုံမွန္ ရေနက် လစာေငြထက္ အမ်ားႀကီး ေလ်ာ့နည္းပါတယ္။

ဗာဂ်ီးနီးယား ျပည္နယ္မွာ အလုပ္လက္မဲ့ ခံစားခြင့္ ေလွ်ာက္ထားသူ အဆ ၃၃ ဆ ျမင့္တက္သြားၿပီး ပင္ဆယ္လ္ေဗးနီးယားနဲ႔ ကိုလိုရာဒို ျပည္နယ္ေတြမွာ အဆ ၂၀ ျမင့္တက္သြားခဲ့ပါတယ္။ ကိုရိုနာဗိုင္းရပ္စ္ ျပႆနာေၾကာင့္ ဗဟို၊ ျပည္နယ္နဲ႔ ေဒသဆိုင္ရာ အစိုးရေတြနဲ႔ ပုဂၢလိက လုပ္ငန္း အမ်ားအျပားကေတာ့ သူတို႔ ၀န္ထမ္းေတြကို အိမ္ကေန အလုပ္လုပ္ဖို႔ ညႊန္ၾကားထားၿပီး ျဖစ္ပါတယ္။

....................

Covid-19 ကြောင့် အမေရိကန်မှာ အလုပ်လက်မဲ့ ဦးရေတိုး

(Unicode)

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးရောဂါကြီးကြောင့် စီးပွားရေး လုပ်ငန်းတွေ အထိလာနာတာနဲ့အမျှ အမေရိကန် နိုင်ငံအတွင်း ပြီးခဲ့တဲ့ အပတ်အတွင်း အလုပ်လက်မဲ့ ထောက်ပံ့ကြေးတောင်းသူ ဦးရေ တဟုန်တိုး မြင့်တက်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ် မတိုင်ခင် တစ်ပတ်က အလုပ်လက်မဲ့ ခံစားခွင့် လျှောက်ထားသူ ၇ သောင်း ရှိရာကနေ အခုအခါ ၂ သိန်း ၈ သောင်း ၁ ထောင်အထိ မြင့်တက်သွားတယ်လို့ အမေရိကန် အလုပ်သမား ဝန်ကြီးဌာနက ကြာသပတေးနေ့က ပြောပါတယ်။

စီးပွားရေးပညာရှင်တွေက မတ်လကုန်မှာ အမေရိကန် လုပ်သား ၁ သန်းကျော် အလုပ် ဆုံးရှုံးကြရလိမ့်မယ်လို့ခန့်မှန်းထားတာပါ။ ဆိုင်တွေပိတ် လုပ်ငန်းတွေ ရပ်ဆိုင်းရမယ့် အခြေအနေ ရှိတာကြောင့် ကုန်ပဒေသာဆိုင်၊ ဟိုတယ်နဲ့ စားသောက်ဆိုင်လုပ်ငန်း တွေက နာရီစား လုပ်သားတွေ အလုပ်လက်မဲ့ဖြစ်မယ့်အခြေအနေကို အများဆုံး ရင်ဆိုင်နေကြရတယ်လို့လည်း ဆိုပါတယ်။

ဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်ရေးအတွက် ပြည်နယ်နဲ့ ဒေသခံ အာဏာပိုင်တွေကလည်း ဒီ လုပ်ငန်းတွေ ပိတ်ပစ်ဖို့ အမိန့်ပေးလာ နိုင်တဲ့ အခြေအနေကလည်း ရှိနေပါတယ်။ ပြည်နယ် တစ်ခုချင်းစီမှာ အလုပ်လက်မဲ့ အာမခံ ခံစားခွင့် လျှောက်ထားမှု တရှိန်ထိုး တက်နေပြီး အဲဒီ ခံစားခွင့်ဟာလည်း အလုပ် ဆုံးရှုံးချိန် ယာယီ လိုအပ်ချက်ကို ဖြည့်ဆည်းပေးတဲ့ ငွေကြေးပမာဏ ဖြစ်တာကြောင့် ပုံမှန် ရနေကျ လစာငွေထက် အများကြီး လျော့နည်းပါတယ်။

ဗာဂျီးနီးယား ပြည်နယ်မှာ အလုပ်လက်မဲ့ ခံစားခွင့် လျှောက်ထားသူ အဆ ၃၃ ဆ မြင့်တက်သွားပြီး ပင်ဆယ်လ်ဗေးနီးယားနဲ့ ကိုလိုရာဒို ပြည်နယ်တွေမှာ အဆ ၂၀ မြင့်တက်သွားခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ပြဿနာကြောင့် ဗဟို၊ ပြည်နယ်နဲ့ ဒေသဆိုင်ရာ အစိုးရတွေနဲ့ ပုဂ္ဂလိက လုပ်ငန်း အများအပြားကတော့ သူတို့ ဝန်ထမ်းတွေကို အိမ်ကနေ အလုပ်လုပ်ဖို့ ညွှန်ကြားထားပြီး ဖြစ်ပါတယ်။

VOA (Burmese)
https://burmese.voanews.com
Covid-19 ေၾကာင့္ အေမရိကန္မွာ အလုပ္လက္မဲ့ ဦးေရတုိး Covid-19 ေၾကာင့္ အေမရိကန္မွာ အလုပ္လက္မဲ့ ဦးေရတုိး Reviewed by THITHTOOLWIN on 23:56 Rating: 5
Powered by Blogger.