ႏုိင္ငံတကာ ပူးေပါင္းေဆာင္ရြက္မႈမရွိရင္ Covid-19 ေၾကာင့္ လူသန္းခ်ီ ေသဆုံးႏုိင္


(Zawgyi/Unicode)

ႏုိ္င္ငံေတြအၾကား ညွိႏွိဳင္းေဆာင္ရြက္မွဳေတြမရွိဘူးဆိုရင္ကိုရိုနာ ဗိုင္းရပ္စ္ေၾကာင့္ ကမၻာသူ ကမၻာသားေတြသန္းနဲ႕ခ်ီ အသက္ ဆုံးရွဳံး ရႏုိင္တယ္္လို႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres က ၾကာသပေတးေန႔က သတိေပးလိုက္ပါတယ္။

“ ခုခံစြမ္းရည္ နည္းပါးတဲ့ေဒသေတြမွာ ကိုရိုနာ ဗိုင္းရပ္စ္ ေတာမီးလို ပ်ံ႕ႏွ႔ံသြားတာကို ခြင့္ေပးလိုက္မယ္ဆိုရင္ လူေတြ သန္းနဲ႔ခ်ီ အသက္ ဆုံးရွဳံးၾကရပါလိမ့္မယ္။ ဗိုင္းရပ္စ္ကို မပ်ံ႕ေအာင္ ထိန္းလို႔ရတယ္ဆိုရင္ ကြ်န္ေတာ္တို႔ ထိန္းကို ထိန္းရပါမယ္” လို႔ အတြင္း ေရးမွဴး ခ်ဳပ္ Guterres က သတိေပး ေျပာၾကားသြားတာပါ။

ဒီ အခ်ိန္ဟာ ကမၻာ့လူသားေတြရဲ႕ အက်ပ္အတည္းၾကီးတစ္ခုျဖစ္ျပီး စည္းစည္းလုံးလုံး ရွိၾကဖို႔ လိုအပ္ေနတယ္လို႔လည္း ဆိုပါတယ္။ အခုၾကံဳေတြ႔ေနရတဲ့က်န္းမာေရး ကပ္ေဘးႀကီးဟာ တစ္ေနရာက က်န္းမာေရး စနစ္တစ္ခု စည္းေပါက္သြားတာနဲ႔ စနစ္ႀကီး တစ္ခု လုံးကို ပ်က္စီးသြားေစႏုိင္တဲ့ ကပ္ေဘးတစ္ခုပါတယ္လို႔လည္း သူကသတိေပးလိုက္ပါတယ္။

ေရာဂါတုိက္ဖ်က္ေရး ခ်ဥ္းကပ္ရာမွာ အဆင့္ ၃ဆင့္နဲ႔ လုပ္ေဆာင္ဖို႔ တိုက္တြန္းခဲ့ပါတယ္။ အခု ၾကဳံေတြ႔ေနရတဲ့ ကမၻာ့ က်န္းမာေရး အေရးေပၚ အေျခအေနကို ပထမဆုံး ေျဖရွင္းဖို႔၊ အဲဒီ ေနာက္ လူမွဳ အဖြဲ႕အစည္းေတြ အေပၚ သက္ေရာက္တဲ့ဒဏ္ကို ကုစားဖို႔ ႔နဲ႔ စီးပြားေရး ျပန္လည္ နာလန္ထေရး လုပ္ေဆာင္ဖို႔တို႔ကို တိုက္တြန္းခဲ့ပါတယ္။

ဒါအျပင္ ကိုရိုနာဗိုင္းရပ္စ္ေရာဂါ တားဆီးေရး လုပ္ေဆာင္ေနတဲ့တိုင္းျပည္ေတြကို ကမၻာ့က်န္မာေရးအဖြဲ႔ၾကီးကတဆင့္ အကူအညီေပးၾကဖို႔ကိုလည္း ကမၻာ့ႏုိင္ငံ ေတြကို တိုက္တြန္းလိုက္ပါတယ္။ လာမယ့္ ၃ လအတြင္း သုံးစြဲဖို႔ ကိုရိုနာ ကူးစက္ေရာဂါ တိုက္ဖ်က္ေရး ရန္ပုံေငြ အေမရိကန္ ေဒၚလာ ၆၇၅ သန္း လက္ခံ ရရွိထားေပမယ့္ ေရာဂါ ကူးစက္ခံရတဲ့ ႏုိင္ငံေတြ မ်ားလာတာေၾကာင့္ ဒီေငြ ပမာဏဟာ လုံေလာက္မွဳ မရွိ ေသးဘူးလို႔ ကမၻာ့ က်န္းမာေရးအဖြဲ႕ WHO က ၾကာသပေတးေန႔က ေၾကညာခဲ့ပါတယ္။

......................

နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုမရှိရင် Covid-19 ကြောင့် လူသန်းချီသေဆုံးနိုင်

(Unicode)

နိုင်ငံတွေအကြား ညှိနှိုင်းဆောင်ရွက်မှုတွေမရှိဘူးဆိုရင်ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ကမ္ဘာသူ ကမ္ဘာသားတွေသန်းနဲ့ချီ အသက် ဆုံးရှုံး ရနိုင်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ကြာသပတေးနေ့က သတိပေးလိုက်ပါတယ်။

“ ခုခံစွမ်းရည် နည်းပါးတဲ့ဒေသတွေမှာ ကိုရိုနာ ဗိုင်းရပ်စ် တောမီးလို ပျံ့နှံ့သွားတာကို ခွင့်ပေးလိုက်မယ်ဆိုရင် လူတွေ သန်းနဲ့ချီ အသက် ဆုံးရှုံးကြရပါလိမ့်မယ်။ ဗိုင်းရပ်စ်ကို မပျံ့အောင် ထိန်းလို့ရတယ်ဆိုရင် ကျွန်တော်တို့ ထိန်းကို ထိန်းရပါမယ်” လို့ အတွင်း ရေးမှူး ချုပ် Guterres က သတိပေး ပြောကြားသွားတာပါ။

ဒီ အချိန်ဟာ ကမ္ဘာ့လူသားတွေရဲ့ အကျပ်အတည်းကြီးတစ်ခုဖြစ်ပြီး စည်းစည်းလုံးလုံး ရှိကြဖို့ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။ အခုကြုံတွေ့နေရတဲ့ကျန်းမာရေး ကပ်ဘေးကြီးဟာ တစ်နေရာက ကျန်းမာရေး စနစ်တစ်ခု စည်းပေါက်သွားတာနဲ့ စနစ်ကြီး တစ်ခု လုံးကို ပျက်စီးသွားစေနိုင်တဲ့ ကပ်ဘေးတစ်ခုပါတယ်လို့လည်း သူကသတိပေးလိုက်ပါတယ်။

ရောဂါတိုက်ဖျက်ရေး ချဉ်းကပ်ရာမှာ အဆင့် ၃ဆင့်နဲ့ လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။ အခု ကြုံတွေ့နေရတဲ့ ကမ္ဘာ့ ကျန်းမာရေး အရေးပေါ် အခြေအနေကို ပထမဆုံး ဖြေရှင်းဖို့၊ အဲဒီ နောက် လူမှု အဖွဲ့အစည်းတွေ အပေါ် သက်ရောက်တဲ့ဒဏ်ကို ကုစားဖို့နဲ့ စီးပွားရေး ပြန်လည် နာလန်ထရေး လုပ်ဆောင်ဖို့တို့ကို တိုက်တွန်းခဲ့ပါတယ်။

ဒါအပြင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ တားဆီးရေး လုပ်ဆောင်နေတဲ့တိုင်းပြည်တွေကို ကမ္ဘာ့ကျန်မာရေးအဖွဲ့ကြီးကတဆင့် အကူအညီပေးကြဖို့ကိုလည်း ကမ္ဘာ့နိုင်ငံ တွေကို တိုက်တွန်းလိုက်ပါတယ်။ လာမယ့် ၃ လအတွင်း သုံးစွဲဖို့ ကိုရိုနာ ကူးစက်ရောဂါ တိုက်ဖျက်ရေး ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၆၇၅ သန်း လက်ခံ ရရှိထားပေမယ့် ရောဂါ ကူးစက်ခံရတဲ့ နိုင်ငံတွေ များလာတာကြောင့် ဒီငွေ ပမာဏဟာ လုံလောက်မှု မရှိ သေးဘူးလို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO က ကြာသပတေးနေ့က ကြေညာခဲ့ပါတယ်။

VOA (Burmese)
https://burmese.voanews.com

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အခ်ိန္နဲ ့တေျပးညီ သတင္းမ်ား ဖတ္ရႈႏိုင္ဖုိ ့ facebook "like" ကုိ ႏွိပ္ပါ။ thithtoolwin9@gmail.com ကုိ လည္း သတင္းမ်ား ဆက္သြယ္ေပးပုိ ့ႏိုင္ပါသည္။
ေနာက္ဆုံးရ သတင္းမ်ားကုိ ေအာက္ပါ Tweets မွာ ေဖာ္ျပထားပါတယ္။ Tweets ရဲ ့ေဘးေဘာင္တန္းကုိ ဆဲြခ်ျပီ မိမိတုိ ့စိတ္၀င္စားတဲ့ သတင္းေခါင္းစဥ္ ေအာက္က Link ကုိ ႏွိပ္ျပီ အျပည့္အစုံဖတ္ရႈႏိုင္ပါတယ္။
 

Advertisement

 

အသစ္ တင္သမွ် သတင္းမ်ား အလို အေလွ်ာက္ပုိ ့ ေပးပါမည္

က်န္းမာေရးႏွင့္ ေဖ်ာ္ေျဖေရး

တစ္ပတ္အတြင္း စိတ္ဝင္စားဖြယ္ရာ သတင္းမ်ား