ကိုဗစ္ ၁၉- အေမရိကန္၊ ၿဗိတိန္အပါအဝင္ ႏိုင္ငံတခ်ိဳ႕ကို ျပည္ဝင္ခြင့္ ျမန္မာ ထပ္မံကန႔္သတ္

ကိုဗစ္ေရာဂါလကၡဏာေတြမရွိေၾကာင္း က်န္းမာေရးေထာက္ခံစာ ျပဖို႔လို
(Zawgyi)⤵⤵⤵
ကိုဗစ္-၁၉ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျပန႔္ပြားမႈကို ကာကြယ္ဖို႔ ျမန္မာကိုလာေရာက္မယ့္ ခရီးသြားေတြအေပၚ ထပ္တိုးကန႔္သတ္ခ်က္ေတြကို ျမန္မာအစိုးရက ဒီကေန႔ မတ္လ ၂၀ ရက္ ညပိုင္းမွာ ေၾကညာလိုက္ပါတယ္။

ျပည္ဝင္ခြင့္ ထပ္ကန႔္သတ္ခဲ့တဲ့ ႏိုင္ငံေတြကေတာ့ အေမရိကန္ျပည္ေထာင္စု၊ ဆြစ္ဇာလန္၊ ၿဗိတိန္၊ နယ္သာလန္၊ ၾသစတီးယား၊ ဘယ္လ္ဂ်ီယံ၊ ေနာ္ေဝ၊ ဆြီဒင္နဲ႔ ဒိန္းမတ္တို႔ ျဖစ္ပါတယ္။

အခု ထပ္တိုးကန႔္သတ္လိုက္တဲ့ ကိုးႏိုင္ငံဟာ ကိုဗစ္-၁၉ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ေသဆုံးမႈေတြရွိေနၿပီး သက္ဆိုင္ရာႏိုင္ငံအသီးသီးမွာ အဝင္အထြက္ ကန႔္သတ္ပိတ္ပင္မႈေတြ လုပ္ထားရတဲ့ႏိုင္ငံေတြျဖစ္ပါတယ္။

အဲဒီႏိုင္ငံေတြမွာ ၿပီးခဲ့တဲ့ ၁၄ ရက္အတြင္း ေနထိုင္ခဲ့သူေတြနဲ႔ အဲဒီကို သြားထားတဲ့ ျမန္မာႏိုင္ငံသားေတြအပါအဝင္ ခရီးသြားေတြအားလုံး ျမန္မာကို ေရာက္ခ်ိန္မွာ ၁၄ ရက္ၾကာ သီးသန႔္သတ္မွတ္ေနရာမွာ ထားရွိေစာင့္ၾကည့္မွာ ျဖစ္တယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ထုတ္ျပန္ခ်က္က ဆိုပါတယ္။

အခု ထုတ္ျပန္ခ်က္အရ ယာယီကန႔္သတ္ခ်က္ဟာ မတ္လ ၂၁ ရက္ေန႔မွာ စတင္ အက်ဳံးဝင္တာ ျဖစ္တယ္လို႔လည္း ပါရွိပါတယ္။

သံတမန္ေတြ၊ ကုလသမဂၢဝန္ထမ္းေတြကေတာ့ ျမန္မာကို ေရာက္လာရင္ သူတို႔ရဲ႕ သက္ဆိုင္ရာ ေနအိမ္ေတြကေန အျပင္မထြက္ဘဲ ၁၄ ရက္ၾကာ သီးသန႔္ေနထိုင္ရမယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ အဲဒီႏိုင္ငံေတြက လာသူအားလုံးအေနနဲ႔ ျမန္မာကို လာတဲ့ေလယာဥ္ေတြေပၚမတက္ခင္မွာ အပူခ်ိန္ျမင့္မားတာ၊ ေခ်ာင္းဆိုးတာနဲ႔ အသက္ရႉမဝတဲ့ လကၡဏာေတြမရွိဘူးဆိုတဲ့ က်န္းမာေရးေဆးေထာက္ခံစာကိုလည္း ျပသရမယ္လို႔ ပါရွိပါတယ္။

 ျမန္မာအစိုးရအေနနဲ႔ ႏိုင္ငံအားလုံးအတြက္ ဆိုက္ေရာက္ဗီဇာနဲ႔ အီလက္ထေရာနစ္ဗီဇာ ေတြကိုလည္း ဧၿပီလကုန္ထိ ယာယီရပ္ဆိုင္း
ဒီကေန႔ ညပိုင္းကမွ ထုတ္ျပန္တဲ့အဲဒီထုတ္ျပန္ခ်က္မွာ ျမန္မာအစိုးရအေနနဲ႔ ႏိုင္ငံအားလုံးအတြက္ ဆိုက္ေရာက္ဗီဇာနဲ႔ အီလက္ထေရာနစ္ဗီဇာ ေတြကိုလည္း ဧၿပီလကုန္အထိ ယာယီရပ္ဆိုင္းထားတယ္လို႔ ပါရွိပါတယ္။

ျမန္မာအစိုးရက မတ္လ ၁၅ ရက္ကစလို႔ ကိုရီးယား၊ တ႐ုတ္၊ အီတလီ၊ အီရန္၊ ျပင္သစ္၊ စပိန္နဲ႔ ဂ်ာမနီ စတဲ့ ခုနစ္ႏိုင္ငံက လာသူေတြကို ျပည္ဝင္ခြင့္ကန႔္သတ္ခ်က္ေတြ ထုတ္ျပန္ခဲ့ၿပီးျဖစ္ပါတယ္။ အဲဒီမွာ တ႐ုတ္ႏိုင္ငံ၊ ဟူေပျပည္နယ္နဲ႔ ကိုရီးယားႏိုင္ငံ ဒယ္ဂူးနဲ႔ ေဂ်ာင္ဘြတ္ျပည္နယ္က လာသူေတြကို ျပည္ဝင္ခြင့္မေပးဘဲ အဲဒီႏွစ္ႏိုင္ငံက တျခားေဒသကလာသူေတြကိုေတာ့ ျမန္မာအပါအဝင္ ခရီးသြားအားလုံးကို ၁၄ ရက္ သီးသန႔္ ေစာင့္ၾကည့္မႈေတြ စတင္ခဲ့တာ ျဖစ္ပါတယ္။

ကိုဗစ္-၁၉ ေၾကာင့္ မတ္လ ၂၀ ရက္အထိေသဆုံးသူ တစ္ေသာင္းေက်ာ္၊ ကူးစက္သူ ႏွစ္သိန္းေက်ာ္ရွိၿပီး ကူးစက္သူအမ်ားဆုံးက တ႐ုတ္က ျဖစ္ၿပီး ေသဆုံးသူကေတာ့ သုံးေထာင္ေက်ာ္နဲ႔ အီတလီက အမ်ားဆုံး ျဖစ္ေနပါတယ္။

ေရာဂါစတင္ျဖစ္ပြားေနတဲ့ တ႐ုတ္မွာေတာ့ မတ္လ ၁၉ ရက္မွာ ျပည္တြင္းမွာ ကူးစက္သူအသစ္ မရွိေတာ့ဘူးလို႔ တ႐ုတ္အမ်ိဳးသားက်န္းမာေရး ေကာ္မရွင္က ေၾကညာထားပါတယ္။

ေလာေလာဆယ္မွာ ကိုဗစ္-၁၉ ကို ကုသေပ်ာက္ကင္းတဲ့ ေဆးမရွိေသးဘဲ တ႐ုတ္နဲ႔ အေမရိကန္ သိပၸံပညာရွင္ေတြကေတာ့ ၿပီးခဲ့တဲ့သတင္းပတ္စလို႔ ကာကြယ္ေဆးသစ္နဲ႔ လူနဲ႔ စတင္စမ္းသပ္ခဲ့ၾကပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
ကိုဗစ် ၁၉- အမေရိကန်၊ ဗြိတိန်အပါအဝင် နိုင်ငံတချို့ကို ပြည်ဝင်ခွင့် မြန်မာ ထပ်မံကန့်သတ်

ဓာတ်ပုံ မူပိုင် SAM YEH
Image caption ကိုဗစ်ရောဂါလက္ခဏာတွေမရှိကြောင်း ကျန်းမာရေးထောက်ခံစာ ပြဖို့လို

ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ကာကွယ်ဖို့ မြန်မာကိုလာရောက်မယ့် ခရီးသွားတွေအပေါ် ထပ်တိုးကန့်သတ်ချက်တွေကို မြန်မာအစိုးရက ဒီကနေ့ မတ်လ ၂၀ ရက် ညပိုင်းမှာ ကြေညာလိုက်ပါတယ်။

ပြည်ဝင်ခွင့် ထပ်ကန့်သတ်ခဲ့တဲ့ နိုင်ငံတွေကတော့ အမေရိကန်ပြည်ထောင်စု၊ ဆွစ်ဇာလန်၊ ဗြိတိန်၊ နယ်သာလန်၊ သြစတီးယား၊ ဘယ်လ်ဂျီယံ၊ နော်ဝေ၊ ဆွီဒင်နဲ့ ဒိန်းမတ်တို့ ဖြစ်ပါတယ်။

အခု ထပ်တိုးကန့်သတ်လိုက်တဲ့ ကိုးနိုင်ငံဟာ ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သေဆုံးမှုတွေရှိနေပြီး သက်ဆိုင်ရာနိုင်ငံအသီးသီးမှာ အဝင်အထွက် ကန့်သတ်ပိတ်ပင်မှုတွေ လုပ်ထားရတဲ့နိုင်ငံတွေဖြစ်ပါတယ်။

အဲဒီနိုင်ငံတွေမှာ ပြီးခဲ့တဲ့ ၁၄ ရက်အတွင်း နေထိုင်ခဲ့သူတွေနဲ့ အဲဒီကို သွားထားတဲ့ မြန်မာနိုင်ငံသားတွေအပါအဝင် ခရီးသွားတွေအားလုံး မြန်မာကို ရောက်ချိန်မှာ ၁၄ ရက်ကြာ သီးသန့်သတ်မှတ်နေရာမှာ ထားရှိစောင့်ကြည့်မှာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်က ဆိုပါတယ်။

အခု ထုတ်ပြန်ချက်အရ ယာယီကန့်သတ်ချက်ဟာ မတ်လ ၂၁ ရက်နေ့မှာ စတင် အကျုံးဝင်တာ ဖြစ်တယ်လို့လည်း ပါရှိပါတယ်။

သံတမန်တွေ၊ ကုလသမဂ္ဂဝန်ထမ်းတွေကတော့ မြန်မာကို ရောက်လာရင် သူတို့ရဲ့ သက်ဆိုင်ရာ နေအိမ်တွေကနေ အပြင်မထွက်ဘဲ ၁၄ ရက်ကြာ သီးသန့်နေထိုင်ရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီနိုင်ငံတွေက လာသူအားလုံးအနေနဲ့ မြန်မာကို လာတဲ့လေယာဉ်တွေပေါ်မတက်ခင်မှာ အပူချိန်မြင့်မားတာ၊ ချောင်းဆိုးတာနဲ့ အသက်ရှူမဝတဲ့ လက္ခဏာတွေမရှိဘူးဆိုတဲ့ ကျန်းမာရေးဆေးထောက်ခံစာကိုလည်း ပြသရမယ်လို့ ပါရှိပါတယ်။

ဓာတ်ပုံ မူပိုင် YE AUNG THU
Image caption မြန်မာအစိုးရအနေနဲ့ နိုင်ငံအားလုံးအတွက် ဆိုက်ရောက်ဗီဇာနဲ့ အီလက်ထရောနစ်ဗီဇာ တွေကိုလည်း ဧပြီလကုန်ထိ ယာယီရပ်ဆိုင်း

ဒီကနေ့ ညပိုင်းကမှ ထုတ်ပြန်တဲ့အဲဒီထုတ်ပြန်ချက်မှာ မြန်မာအစိုးရအနေနဲ့ နိုင်ငံအားလုံးအတွက် ဆိုက်ရောက်ဗီဇာနဲ့ အီလက်ထရောနစ်ဗီဇာ တွေကိုလည်း ဧပြီလကုန်အထိ ယာယီရပ်ဆိုင်းထားတယ်လို့ ပါရှိပါတယ်။

မြန်မာအစိုးရက မတ်လ ၁၅ ရက်ကစလို့ ကိုရီးယား၊ တရုတ်၊ အီတလီ၊ အီရန်၊ ပြင်သစ်၊ စပိန်နဲ့ ဂျာမနီ စတဲ့ ခုနစ်နိုင်ငံက လာသူတွေကို ပြည်ဝင်ခွင့်ကန့်သတ်ချက်တွေ ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ အဲဒီမှာ တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်နဲ့ ကိုရီးယားနိုင်ငံ ဒယ်ဂူးနဲ့ ဂျောင်ဘွတ်ပြည်နယ်က လာသူတွေကို ပြည်ဝင်ခွင့်မပေးဘဲ အဲဒီနှစ်နိုင်ငံက တခြားဒေသကလာသူတွေကိုတော့ မြန်မာအပါအဝင် ခရီးသွားအားလုံးကို ၁၄ ရက် သီးသန့် စောင့်ကြည့်မှုတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကြောင့် မတ်လ ၂၀ ရက်အထိသေဆုံးသူ တစ်သောင်းကျော်၊ ကူးစက်သူ နှစ်သိန်းကျော်ရှိပြီး ကူးစက်သူအများဆုံးက တရုတ်က ဖြစ်ပြီး သေဆုံးသူကတော့ သုံးထောင်ကျော်နဲ့ အီတလီက အများဆုံး ဖြစ်နေပါတယ်။

ရောဂါစတင်ဖြစ်ပွားနေတဲ့ တရုတ်မှာတော့ မတ်လ ၁၉ ရက်မှာ ပြည်တွင်းမှာ ကူးစက်သူအသစ် မရှိတော့ဘူးလို့ တရုတ်အမျိုးသားကျန်းမာရေး ကော်မရှင်က ကြေညာထားပါတယ်။

လောလောဆယ်မှာ ကိုဗစ်-၁၉ ကို ကုသပျောက်ကင်းတဲ့ ဆေးမရှိသေးဘဲ တရုတ်နဲ့ အမေရိကန် သိပ္ပံပညာရှင်တွေကတော့ ပြီးခဲ့တဲ့သတင်းပတ်စလို့ ကာကွယ်ဆေးသစ်နဲ့ လူနဲ့ စတင်စမ်းသပ်ခဲ့ကြပါတယ်။

BBC Burmese
https://www.bbc.com
ကိုဗစ္ ၁၉- အေမရိကန္၊ ၿဗိတိန္အပါအဝင္ ႏိုင္ငံတခ်ိဳ႕ကို ျပည္ဝင္ခြင့္ ျမန္မာ ထပ္မံကန႔္သတ္ ကိုဗစ္ ၁၉- အေမရိကန္၊ ၿဗိတိန္အပါအဝင္ ႏိုင္ငံတခ်ိဳ႕ကို ျပည္ဝင္ခြင့္ ျမန္မာ ထပ္မံကန႔္သတ္ Reviewed by THITHTOOLWIN on 23:54 Rating: 5
Powered by Blogger.