COVID-19 ေၾကာင့္ စီးပြားအထိနာသူေတြ ကူညီမယ့္ အေရးေပၚအစီအစဥ္ ကန္ လႊတ္ေတာ္ အတည္ျပဳ


(Zawgyi/Unicode)

အေမရိကန္ ျပည္ေထာင္စုမွာ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေၾကာင့္ စီးပြားေရး အထိနာေနတာကုိ က်ားကန္ႏုိင္မယ့္ အေရးေပၚ အကူအညီေပးေရး အစီအစဥ္ကုိ အထက္လႊတ္ေတာ္က အတည္ျပဳလုိက္ပါတယ္။

“အေမရိကန္ ႏုိင္ငံသားေတြ၊ အငယ္စားနဲ႔ အႀကီးစား စီးပြားေရး လုပ္ငန္းေတြကုိ ကယ္တင္မယ့္ ေဒၚလာ ၂ ထီလီယံ အေရးေပၚ အကူအညီေပးေရး ဥပေဒၾကမ္းကုိ အထက္လႊတ္ေတာ္အမတ္ေတြ ကန္႔ကြက္သူမရွိ အတည္ျပဳလုိက္ေၾကာင္း” အထက္လႊတ္ေတာ္ လူမ်ားစု ရီပတ္ဘလစ္ကန္ေခါင္းေဆာင္ Mitch McConnell ေျပာဆုိသြားတာပါ။

ဥပေဒၾကမ္းကုိေတာ့ ေအာက္လႊတ္ေတာ္က အတည္ျပဳေပးရမွာျဖစ္ၿပီး ဥပေဒအျဖစ္ အတည္ျပဳဖုိ႔ သမၼတ Donald Trump လက္မွတ္ေရးထုိးရမွာ ျဖစ္ပါတယ္။ ဥပေဒၾကမ္းကုိေတာ့ ေအာက္လႊတ္ေတာ္ ေခါင္းေဆာင္ေတြ ေသာၾကာေန႔မွာ အသံနဲ႔ မဲခဲြဖုိ႔ စီစဥ္ထားေၾကာင္း ေျပာပါတယ္။ ေဒၚလာ ၂ ထီလီယံ အေရးေပၚ အကူအညီဟာ အေမရိကန္ ႏုိင္ငံသားေတြအတြက္ တုိက္႐ုိက္အက်ဳိးေက်းဇူး ခံစားရမွာ ျဖစ္ေၾကာင္းလည္း အထက္လႊတ္ေတာ္ လူနည္းစု ဒီမုိကရက္ေခါင္းေဆာင္ Chuck Schumer ကေျပာပါတယ္။

စက္႐ုံေတြ၊ စီးပြားေရး လုပ္ငန္းေတြ၊ စားေသာက္ဆုိင္ေတြ၊ ေက်ာင္းေတြ ပိတ္ထားရတဲ့အတြက္ လုပ္ငန္းကုိင္ငန္းေတြ ထိခုိက္ေနသလုိ၊ အလုပ္သမားေတြ အလုပ္လက္မဲ့ျဖစ္မယ့္ အေျခအေနနဲ႔ ရင္ဆုိင္ေနရသလုိ အလုပ္ခ်ိန္ေတြလည္း ေလွ်ာ့ခ်ေနရတဲ့အတြက္ အခက္အခဲေတြနဲ႔ ရင္ဆုိင္ေနၾကရတာ ျဖစ္ပါတယ္။

...................

COVID-19 ကြောင့် စီးပွားအထိနာသူတွေ ကူညီမယ့် အရေးပေါ်အစီအစဉ် ကန် လွှတ်တော် အတည်ပြု

(Unicode)

အမေရိကန် ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် စီးပွားရေး အထိနာနေတာကို ကျားကန်နိုင်မယ့် အရေးပေါ် အကူအညီပေးရေး အစီအစဉ်ကို အထက်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

“အမေရိကန် နိုင်ငံသားတွေ၊ အငယ်စားနဲ့ အကြီးစား စီးပွားရေး လုပ်ငန်းတွေကို ကယ်တင်မယ့် ဒေါ်လာ ၂ ထီလီယံ အရေးပေါ် အကူအညီပေးရေး ဥပဒေကြမ်းကို အထက်လွှတ်တော်အမတ်တွေ ကန့်ကွက်သူမရှိ အတည်ပြုလိုက်ကြောင်း” အထက်လွှတ်တော် လူများစု ရီပတ်ဘလစ်ကန်ခေါင်းဆောင် Mitch McConnell ပြောဆိုသွားတာပါ။

ဥပဒေကြမ်းကိုတော့ အောက်လွှတ်တော်က အတည်ပြုပေးရမှာဖြစ်ပြီး ဥပဒေအဖြစ် အတည်ပြုဖို့ သမ္မတ Donald Trump လက်မှတ်ရေးထိုးရမှာ ဖြစ်ပါတယ်။ ဥပဒေကြမ်းကိုတော့ အောက်လွှတ်တော် ခေါင်းဆောင်တွေ သောကြာနေ့မှာ အသံနဲ့ မဲခွဲဖို့ စီစဉ်ထားကြောင်း ပြောပါတယ်။ ဒေါ်လာ ၂ ထီလီယံ အရေးပေါ် အကူအညီဟာ အမေရိကန် နိုင်ငံသားတွေအတွက် တိုက်ရိုက်အကျိုးကျေးဇူး ခံစားရမှာ ဖြစ်ကြောင်းလည်း အထက်လွှတ်တော် လူနည်းစု ဒီမိုကရက်ခေါင်းဆောင် Chuck Schumer ကပြောပါတယ်။ စက်ရုံတွေ၊ စီးပွားရေး လုပ်ငန်းတွေ၊ စားသောက်ဆိုင်တွေ၊ ကျောင်းတွေ ပိတ်ထားရတဲ့အတွက် လုပ်ငန်းကိုင်ငန်းတွေ ထိခိုက်နေသလို၊ အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရသလို အလုပ်ချိန်တွေလည်း လျှော့ချနေရတဲ့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။

VOA (Burmese)
https://burmese.voanews.com
COVID-19 ေၾကာင့္ စီးပြားအထိနာသူေတြ ကူညီမယ့္ အေရးေပၚအစီအစဥ္ ကန္ လႊတ္ေတာ္ အတည္ျပဳ COVID-19 ေၾကာင့္ စီးပြားအထိနာသူေတြ ကူညီမယ့္ အေရးေပၚအစီအစဥ္ ကန္ လႊတ္ေတာ္ အတည္ျပဳ Reviewed by THITHTOOLWIN on 01:44 Rating: 5
Powered by Blogger.