ကင္းဘရစ္ အက်ဥ္းေထာင္က ၈၄ႏွစ္အ႐ြယ္ အမ်ိဳးသား ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ကြယ္လြန္

Falfield အရပ္မွာ ရွိတဲ့ Eastwood Park
(Zawgyi)⤵⤵⤵
ကင္းဘရစ္ ၿမိဳ႕မွာ ရွိတဲ့ Littlehey အက်ဥ္းေထာင္မွာ ျပစ္ဒဏ္က် အမ်ိဳးသား တေယာက္ဟာ ၿပီးခဲ့တဲ့ တနဂၤႏြေန႔က ေဆး႐ုံမွာ ကြယ္လြန္သြားပါတယ္။

အသက္ ၈၄ႏွစ္ အ႐ြယ္ အဲဒီအမ်ိဳးသားဟာ ယူေကမွာ ကို႐ိုနာ ဗိုင္းရပ္ ကူးစက္ခံရၿပီးေနာက္ အက်ဥ္းေထာင္ထဲ ပထမဆုံး ေသဆုံးသူ ျဖစ္လာပါတယ္။

သူ႔ဟာ က်န္းမာေရး မေကာင္းတဲ့ အခံ ရွိသူ တေယာက္ ျဖစ္တယ္လို႔ အက်ဥ္းေထာင္မ်ား စီမံခန္႔ခြဲေရး ဌာနက ထုတ္ျပန္ ထားပါတယ္။

ဒီလို အခ်ိန္မ်ိဳးမွာ ကို႐ိုနာ ဗိုင္းရပ္စ္ေၾကာင့္ ကြယ္လြန္သြားတဲ့ အတြက္ သူ႔မိသားစုနဲ႔ အတူ စိတ္မေကာင္း ျဖစ္မိပါတယ္လို႔ အက်ဥ္းဦး စီးဌာန ေျပာခြင့္ရသူက ဆိုပါတယ္။

အခုလို အက်ဥ္းသား ေသဆုံးသြားတာနဲ႔ ပတ္သက္လို႔ လုပ္႐ိုးလုပ္စဥ္ အတိုင္း သီးျခား လြတ္လပ္တဲ့ စုံစမ္း စစ္ေဆးမႈေတြ လုပ္ေဆာင္သြားမွာ ျဖစ္တယ္လို႔ အဲဒီ ေျပာခြင့္ရ ပုဂၢိဳလ္က ရွင္းျပခဲ့ပါတယ္။
ယူေက အက်ဥ္းေထာင္ေတြမွာ အက်ဥ္းသားေတြ ထားသင့္တာထက္ ပိုမ်ားတာက ျပႆနာ တခု ျဖစ္လာေန

မတ္လ ၂၅ရက္ေန႔က ယူေကမွာ ရွိတဲ့ အက်ဥ္းေထာင္ေတြထဲက ၁၀ ခုမွာ ကို႐ိုနာ ဗိုင္းရပ္စ္ပိုး ကူးစက္ခံထားရမႈ ရွိမရွိ စစ္ေဆးၾကည့္တဲ့အခါ အက်ဥ္းသား ၁၉ ေယာက္နဲ႔ ေနာက္ထပ္ အက်ဥ္းေထာင္ ေလးခုမွာ ထပ္စစ္ၾကည့္တဲ့ အခါ အက်ဥ္းေထာင္ ၀န္ထမ္း ၄ ေယာက္တို႔မွာ Covid-19 ရွိေနၿပီ ျဖစ္ေၾကာင့္ ေတြ႕ရပါတယ္။

ဒါ့အျပင္ ေထာင္သားမ်ား ဆိုင္ရာ လုံၿခဳံေရး ဌာနစိတ္နဲ႔ အက်ဥ္းဦး စီးဌာန ထိန္းသိမ္းေစာင့္ေရွာက္ ဆိုင္ရာ ဌာနခြဲတို႔က ၀န္ထမ္း ၃ ေယာက္မွာလည္း Covid-19 ေတြ႕ရွိခဲ့ပါတယ္။

ယူေက က အက်ဥ္းေထာင္ေတြမွာ ခိုင္မာတဲ့ အရံအတား အစီအမံေတြ ခ်မွတ္ထားၿပီး လူထု က်န္းမာေရး ဆိုင္ရာ ဌာန ၊ က်န္းမာေရးနဲ႔ လူမႈဖူလုံေရး ဌာန စတဲ့ အဖြဲ႕အစည္းေတြနဲ႔ ေဆြးေႏြး အႀကံေပးမႈ ရယူလ်က္ ရွိတယ္လို႔ အက်ဥ္းဦး စီးဌာန က ေျပာပါတယ္။

Covid-19 သံသယ ရွိသူ ဒါမွမဟုတ္ တျခား ကူးစက္ေရာဂါ တခုခု ရွိသူေတြ႕တာနဲ႔ လိုအင္ရင္ သီးသန္႔စီ ခြဲျခားေနခိုင္းတာ အပါအဝင္ ခ်က္ခ်င္း အေရးယူ ေဆာင္႐ြက္မႈေတြ လုပ္ႏိုင္ဖို႔ ေကာင္းေကာင္း အက်ဥ္းေထာင္ေတြမွာ ျပင္ဆင္ထားပါတယ္လို႔ အက်ဥ္းဦး စီးဌာန က ထုတ္ျပန္ ေျပာဆိုပါတယ္။

BBC Burmese
https://www.bbc.com/burmese/world-52043915
-------------
(Unicode)⤵⤵⤵
ကင်းဘရစ် အကျဉ်းထောင်က ၈၄နှစ်အရွယ် အမျိုးသား ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကွယ်လွန်

Image caption Falfield အရပ်မှာ ရှိတဲ့ Eastwood Park

ကင်းဘရစ် မြို့မှာ ရှိတဲ့ Littlehey အကျဉ်းထောင်မှာ ပြစ်ဒဏ်ကျ အမျိုးသား တယောက်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွနေ့က ဆေးရုံမှာ ကွယ်လွန်သွားပါတယ်။

အသက် ၈၄နှစ် အရွယ် အဲဒီအမျိုးသားဟာ ယူကေမှာ ကိုရိုနာ ဗိုင်းရပ် ကူးစက်ခံရပြီးနောက် အကျဉ်းထောင်ထဲ ပထမဆုံး သေဆုံးသူ ဖြစ်လာပါတယ်။

သူ့ဟာ ကျန်းမာရေး မကောင်းတဲ့ အခံ ရှိသူ တယောက် ဖြစ်တယ်လို့ အကျဉ်းထောင်များ စီမံခန့်ခွဲရေး ဌာနက ထုတ်ပြန် ထားပါတယ်။

ဒီလို အချိန်မျိုးမှာ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ကွယ်လွန်သွားတဲ့ အတွက် သူ့မိသားစုနဲ့ အတူ စိတ်မကောင်း ဖြစ်မိပါတယ်လို့ အကျဉ်းဦး စီးဌာန ပြောခွင့်ရသူက ဆိုပါတယ်။

အခုလို အကျဉ်းသား သေဆုံးသွားတာနဲ့ ပတ်သက်လို့ လုပ်ရိုးလုပ်စဉ် အတိုင်း သီးခြား လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ အဲဒီ ပြောခွင့်ရ ပုဂ္ဂိုလ်က ရှင်းပြခဲ့ပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption ယူကေ အကျဉ်းထောင်တွေမှာ အကျဉ်းသားတွေ ထားသင့်တာထက် ပိုများတာက ပြဿနာ တခု ဖြစ်လာနေ

မတ်လ ၂၅ရက်နေ့က ယူကေမှာ ရှိတဲ့ အကျဉ်းထောင်တွေထဲက ၁၀ ခုမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရမှု ရှိမရှိ စစ်ဆေးကြည့်တဲ့အခါ အကျဉ်းသား ၁၉ ယောက်နဲ့ နောက်ထပ် အကျဉ်းထောင် လေးခုမှာ ထပ်စစ်ကြည့်တဲ့ အခါ အကျဉ်းထောင် ဝန်ထမ်း ၄ ယောက်တို့မှာ Covid-19 ရှိနေပြီ ဖြစ်ကြောင့် တွေ့ရပါတယ်။

ဒါ့အပြင် ထောင်သားများ ဆိုင်ရာ လုံခြုံရေး ဌာနစိတ်နဲ့ အကျဉ်းဦး စီးဌာန ထိန်းသိမ်းစောင့်ရှောက် ဆိုင်ရာ ဌာနခွဲတို့က ဝန်ထမ်း ၃ ယောက်မှာလည်း Covid-19 တွေ့ရှိခဲ့ပါတယ်။

ယူကေ က အကျဉ်းထောင်တွေမှာ ခိုင်မာတဲ့ အရံအတား အစီအမံတွေ ချမှတ်ထားပြီး လူထု ကျန်းမာရေး ဆိုင်ရာ ဌာန ၊ ကျန်းမာရေးနဲ့ လူမှုဖူလုံရေး ဌာန စတဲ့ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေး အကြံပေးမှု ရယူလျက် ရှိတယ်လို့ အကျဉ်းဦး စီးဌာန က ပြောပါတယ်။

Covid-19 သံသယ ရှိသူ ဒါမှမဟုတ် တခြား ကူးစက်ရောဂါ တခုခု ရှိသူတွေ့တာနဲ့ လိုအင်ရင် သီးသန့်စီ ခွဲခြားနေခိုင်းတာ အပါအဝင် ချက်ချင်း အရေးယူ ဆောင်ရွက်မှုတွေ လုပ်နိုင်ဖို့ ကောင်းကောင်း အကျဉ်းထောင်တွေမှာ ပြင်ဆင်ထားပါတယ်လို့ အကျဉ်းဦး စီးဌာန က ထုတ်ပြန် ပြောဆိုပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-52043915
ကင္းဘရစ္ အက်ဥ္းေထာင္က ၈၄ႏွစ္အ႐ြယ္ အမ်ိဳးသား ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ကြယ္လြန္ ကင္းဘရစ္ အက်ဥ္းေထာင္က ၈၄ႏွစ္အ႐ြယ္ အမ်ိဳးသား ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ကြယ္လြန္ Reviewed by THITHTOOLWIN on 01:49 Rating: 5
Powered by Blogger.