ျမန္မာ က်န္းမာေရးဝန္ထမ္းေတြအတြက္ ကာကြယ္ေရးဝတ္စံုေတြ လိုအပ္ေန

ရန္ကုန္ၿမိဳ႕ ေဟာ္တယ္တခုမွာ ပိုးသတ္ေဆးျဖန္းေနတဲ့ ကာကြယ္ေရးဝတ္စံုမ်ားနဲ႔ ၀န္ထမ္းတခ်ိဳ႕ (သတင္းဓာတ္ပံု - မတ္ ၂၅၊ ၂၀၂၀)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံတြင္း ကိုရိုနာဗိုင္းရပ္ဓါတ္ခဲြစမ္းသပ္မႈေတြကို ဘယ္လိုေဆာင္ရြက္ေပးေနသလဲဆိုတာ အမ်ိဳးသားက်န္းမာေရးဓါတ္ခဲြမႈဆိုင္ရာဌာန NHL ကို ဆက္သြယ္ေမးျမန္းထားတာ တင္ဆက္ေပးပါမယ္။ VOA သတင္းေထာက္ မစုစု သတင္းေပးပို႔ထားတာပါ။

COVID-19 ေရာဂါရွိမရွိ ျမန္မာႏိုင္ငံတြင္းက ေစာင့္ၾကည့္နဲ႔ သံသယလူနာေတြကို ဓာတ္ခြဲအတည္ျပဳေပးေနတဲ့ အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲမႈဆိုင္ရာဌာန NHLက သူတို႔ရဲ႕ဓာတ္ခြဲအေျဖေတြဟာ တိက်မႈရွိတယ္လို႔ ဆိုပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ရွိ၊ မရွိ ဓာတ္ခြဲအတည္ျပဳႏိုင္ဖို႔အတြက္ လိုအပ္တဲ့ ဓာတ္ခြဲပစၥည္းေတြ လုံေလာက္မႈရွိေနေပမဲ့ ဒါေတြကိုဓာတ္ခြဲစစ္ေဆးမယ့္ က်န္းမာေရးဝန္ထမ္းအတြက္ တကိုယ္ရည္ေရာဂါကာကြယ္ေရး ဝတ္စုံ PPE ကေတာ့ လိုအပ္မႈရွိေနတယ္လို႔ NHL ရဲ႕ တာဝန္ရွိသူကေျပာပါတယ္။

အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲမႈဆိုင္ရာဌာနမွာ COVID-19 ေရာဂါ ေစာင့္ၾကည့္နဲ႔သံသယလူနာေတြရဲ႕ ဓာတ္ခြဲနမူနာေတြကို Polymerase Chain Reaction (PCR) နည္းပညာနဲ႔ ဓာတ္ခြဲစမ္းသပ္ေပးေနတယ္လို႔ ေျပာပါတယ္။ အဲဒီနည္းပညာဟာ ကမာၻနဲ႔တဝွမ္း တျခားႏိုင္ငံေတြမွာလည္း ဒီေရာဂါရွိ မရွိဆိုတာကိုစစ္ေဆးရာမွာ အသုံးျပဳေနတဲ့စနစ္လည္း ျဖစ္ပါတယ္။

ဒီေရာဂါကို ဓာတ္ခြဲစစ္ေဆးရာမွာ ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က သတ္မွတ္ထားတဲ့အတိုင္း ေဆာင္႐ြက္ေနၿပီး ရည္ၫႊန္းဓာတ္ခြဲခန္းဆီကို သတ္မွတ္ထားတဲ့ ဦးေရအတိုင္း ေပးပို႔ၿပီး အေျဖမွန္ မမွန္ကိုလည္း တိုက္ဆိုင္စစ္ေဆးမႈေတြ လုပ္ေဆာင္ေနတယ္လို႔ NHL ရဲ႕ ဒုတိယၫႊန္ၾကားေရးမႉး ေဒါက္တာဥမၼာေဆြတင္က ဗြီအိုေအကိုေျပာပါတယ္။

“ကမာၻ႔က်န္းမာေရးအဖြဲ႕ကလည္း အစကတည္းက ေျပာထားတယ္။ Negative က ၁၀ေယာက္၊ Positive က ငါး ေယာက္ေပါ့ေနာ္။ သူတို႔ရဲ႕အေျဖေတြကို ရည္ၫႊန္းဓာတ္ခြဲခန္းနဲ႔ အေျဖျပန္တိုက္ရမယ္ဆိုတာ။ Negative အေျဖထြက္ထားၿပီး ေသဆုံးသြားတဲ့ လူနာေတြရဲ႕ အေျဖကိုလည္း ရည္ၫႊန္းဓာတ္ခြဲခန္းဆီ ပိုေသခ်ာသြားေအာင္ပို႔လိုက္တယ္။ ထိုင္းဘက္ကလည္း အဲဒီလိုအေျဖျပန္လာတယ္။ သူတို႔စစ္လိုက္တာလည္း Negative ဆိုတာကို။ ျဖစ္ခ်င္ေတာ့ အဲဒီအေျဖျပန္ပို႔တဲ့ညက Positive ႏွစ္ ေယာက္စထြက္တယ္ေလ။ ေနာက္တေန႔မွာပဲ သူတို႔ရဲ႕ဓာတ္ခြဲနမူနာကို ထိုင္းကိုပို႔လိုက္တယ္။ အဲဒီမွာလည္း Positive ပဲ။ တတိယဓာတ္ခြဲအတည္ျပဳလူနာရဲ႕ အေျဖကိုလည္း ပို႔လိုက္တာ မေန႔ညကပဲ ဒီကအေျဖမွန္တဲ့အေၾကာင္း ျပန္လာၿပီးသြားၿပီ။ အဲေတာ့ အမတို႔ရဲ႕အေျဖအရည္အေသြးနဲ႔ ပတ္သက္ၿပီး အမတို႔က အာမခံႏိုင္သြားတာေပါ့။”

လူနာေတြမွာ ဒီေရာဂါပိုးရွိ မရွိဆိုတာကို မထုတ္ျပန္ခင္မွာ အႀကိမ္ႀကိမ္စစ္ေဆးမႈေတြ လုပ္ခဲ့တယ္ ဆိုတဲ့အေၾကာင္းကိုလည္း ေဒါက္တာဥမၼာေဆြတင္က ဆက္ေျပာပါတယ္။

“အေျဖေတြထြက္လာလို႔ Positive ေတြ ပါလာၿပီဆိုလို႔ရွိရင္ အမတို႔က ေနာက္ထပ္ သုံးေခါက္ ျပန္စစ္တယ္။ အဲဒီသုံးေခါက္ကေတာ့ အမတို႔ဆီမွာရွိေနတဲ့ ဂ်ပန္နဲ႔ ထိုင္းကလာတဲ့စက္ပစၥည္းေတြနဲ႔ ေနာက္ထပ္သုံးေခါက္ျပန္စစ္တယ္ ဒီ Positive Sample ကို။ Negative ထြက္တိုင္းလည္း အစ္မတို႔က လူနာကို ခ်က္ခ်င္းေပးမဆင္းဘူး။ လူနာသက္သာလား၊ မသက္သာဘူးလား အဲလိုလူနာရဲ႕အေျခအေနကို ၾကည့္ေသးတယ္။ အမတို႔က တေခါက္တည္း စစ္လိုက္တာမဟုတ္ဘူး။ အမတို႔ဘက္က တေခါက္စစ္လည္း Negative၊ ႏွစ္ေခါက္စစ္လည္း Negative ဆိုမွ လူနာကိုျပန္လႊတ္လိုက္တာ။ လႊတ္လိုက္ရင္လည္း အိမ္မွာ ၁၄ ရက္ ထပ္ၿပီးေတာ့ Home Quarantine ေနပါဆိုၿပီးမွာလိုက္တာ။”

ျမန္မာႏိုင္ငံတြင္းမွာ ကို႐ိုနာဗိုင္းရပ္စ္ ေစာင့္ၾကည့္နဲ႔ သံသယလူနာေပါင္း ၃၂၃ ဦးရွိခဲ့ၿပီး မေန႔က ညထုတ္ျပန္ခ်ိန္အထိဆို လူနာေပါင္း ၂၅၈ ဦးမွာ ဒီေရာဂါပိုး မရွိေၾကာင္းကို အတည္ျပဳခဲ့ၿပီးျဖစ္ပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံထားရသူကေတာ့ ငါးဦးရွိေနၿပီး၊ ဓာတ္ခြဲစစ္ေဆးဖို႔ ေပးပို႔ထားသူ ၆၀ ရဲ႕ ရလဒ္ကိုေတာ့ ေစာင့္ဆိုင္းေနဆဲျဖစ္ပါတယ္။

ဒီလူနာေတြရဲ႕ ဓာတ္ခြဲနမူနာေတြကို စစ္ေဆးဖို႔အတြက္ လိုအပ္တဲ့ ပစၥည္းကိရိယာအဆင္သင့္ရွိေနေပမဲ့ ဒါေတြကိုေဆာင္႐ြက္ရမယ့္ က်န္းမာေရးဝန္ထမ္းေတြအတြက္ လိုအပ္တဲ့ PPE ဝတ္စုံကိုလႉဒါန္းမယ့္ အလႉရွင္ေတြကို ႀကိဳဆိုေနေၾကာင္းလည္း ေဒါက္တာဥမၼာေဆြတင္က ေျပာပါတယ္။
Coronavirus အႏၲရာယ္ ကာကြယ္ရန္နည္းလမ္းမ်ား

“စစ္ေဆးေပးဖို ႔Reagents ေတြကေတာ့ ေလာက္ပါတယ္။ အဓိက ကေတာ့ PPE လိုမ်ိဳးကေတာ့ အလႉရွင္ေတြ ထပ္ၿပီးေတာ့ လႉႏိုင္ရင္ေတာ့ ေကာင္းတာေပါ့ေနာ္။ ဘယ္ေလာက္ပဲလႉလႉပါ။ အမတို႔က တေခါက္ပဲစစ္ရင္ေတာင္မွ တေန႔ကိုအနည္းဆုံး ၁၅ ထည္ေလာက္ ကုန္တာဆိုေတာ့ လိုအပ္ခ်က္ကေတာ့ အၿမဲတမ္းရွိေနႏိုင္တာေပါ့။ ဒါေပမဲ့ အခုေလာေလာဆယ္ကေတာ့ တတ္ႏိုင္သေလာက္ ကမာၻ႔က်န္းမာေရးအဖြဲ႕တို႔၊ ဒီျပင့္ NGO အဖြဲ႕အစည္းတို႔၊ ပုဂၢလိကလုပ္ငန္းရွင္ေတြကေတာ့ လာေတာ့ လႉေနၾကပါတယ္။ ဒါေပမယ့္လည္း ထပ္ၿပီးေတာ့ အလႉရွင္ေတြရွိေနေသးတယ္ဆိုရင္ေတာ့ အမတို႔ဘက္က ႀကိဳဆိုေနပါတယ္။”

ဒီကေန႔စာရင္းေတြအရ ႏိုင္ငံေပါင္း ၁၉၉ ႏိုင္ငံကို ကူးစက္ခဲ့ၿပီး လူေပါင္း ၅၄၀,၀၀၀ ေက်ာ္ကို ကူးစက္ခဲ့တာပါ။ စုစုေပါင္းေသဆုံးသူကေတာ့ ၂၄,၀၀၀ ေက်ာ္ရွိခဲ့ေပမဲ့ ေရာဂါသက္သာလာသူ အေရအတြက္ဟာလည္း ၁၂၀,၀၀၀ ေက်ာ္ရွိေနၿပီ ျဖစ္ပါတယ္။

ျပည္သူလူထုအေနနဲ႔ လူထူထပ္တဲ့ေနရာေတြကို မသြားဖို႔၊ လက္နဲ႔ မ်က္ႏွာ ႏွာေခါင္း ပါးစပ္တို႔ကို မထိဖို႔၊ ေခ်ာင္းဆိုးႏွာေခ်ရင္ အုပ္စိုးဖို႔အပါအဝင္၊ လက္ကိုဆပ္ျပာနဲ႔ စနစ္တက် ေသခ်ာေဆးေၾကာေပးဖို႔နဲ႔ ကိုယ္ခံအားေကာင္းေအာင္ စားေသာက္ေနထိုင္ဖို႔ကို က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက တိုက္တြန္းထားပါတယ္။

ဒါေတြအျပင္ အခုလိုအခ်ိန္မွာ ျမန္မာႏိုင္ငံတြင္းမွာ ကို႐ိုနာဗိုင္းရပ္စ္ဓာတ္ခြဲအတည္ျပဳလူနာ ငါးဦးအထိ ရွိထားၿပီး ေနရပ္ျပန္လာသူေတြကိုလည္း အသြားအလာကန႔္သတ္ထားခ်ိန္မွာ က်န္းမာေရးနဲ႔အားကစား ဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့အခ်က္ေတြအတိုင္း ျပည္သူေတြလိုက္နာၾကဖို႔ကိုလည္း သတိေပးထားပါတယ္။

[Unicode Version]

မြန်မာ ကျန်းမာရေးဝန်ထမ်းတွေအတွက် ကာကွယ်ရေးဝတ်စုံတွေ လိုအပ်နေ

မြန်မာနိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်ဓါတ်ခွဲစမ်းသပ်မှုတွေကို ဘယ်လိုဆောင်ရွက်ပေးနေသလဲဆိုတာ အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန NHL ကို ဆက်သွယ်မေးမြန်းထားတာ တင်ဆက်ပေးပါမယ်။ VOA သတင်းထောက် မစုစု သတင်းပေးပို့ထားတာပါ။

COVID-19 ရောဂါရှိမရှိ မြန်မာနိုင်ငံတွင်းက စောင့်ကြည့်နဲ့ သံသယလူနာတွေကို ဓာတ်ခွဲအတည်ပြုပေးနေတဲ့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန NHLက သူတို့ရဲ့ဓာတ်ခွဲအဖြေတွေဟာ တိကျမှုရှိတယ်လို့ ဆိုပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ရှိ၊ မရှိ ဓာတ်ခွဲအတည်ပြုနိုင်ဖို့အတွက် လိုအပ်တဲ့ ဓာတ်ခွဲပစ္စည်းတွေ လုံလောက်မှုရှိနေပေမဲ့ ဒါတွေကိုဓာတ်ခွဲစစ်ဆေးမယ့် ကျန်းမာရေးဝန်ထမ်းအတွက် တကိုယ်ရည်ရောဂါကာကွယ်ရေး ဝတ်စုံ PPE ကတော့ လိုအပ်မှုရှိနေတယ်လို့ NHL ရဲ့ တာဝန်ရှိသူကပြောပါတယ်။

အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနမှာ COVID-19 ရောဂါ စောင့်ကြည့်နဲ့သံသယလူနာတွေရဲ့ ဓာတ်ခွဲနမူနာတွေကို Polymerase Chain Reaction (PCR) နည်းပညာနဲ့ ဓာတ်ခွဲစမ်းသပ်ပေးနေတယ်လို့ ပြောပါတယ်။ အဲဒီနည်းပညာဟာ ကမ္ဘာနဲ့တဝှမ်း တခြားနိုင်ငံတွေမှာလည်း ဒီရောဂါရှိ မရှိဆိုတာကိုစစ်ဆေးရာမှာ အသုံးပြုနေတဲ့စနစ်လည်း ဖြစ်ပါတယ်။

ဒီရောဂါကို ဓာတ်ခွဲစစ်ဆေးရာမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတ်မှတ်ထားတဲ့အတိုင်း ဆောင်ရွက်နေပြီး ရည်ညွှန်းဓာတ်ခွဲခန်းဆီကို သတ်မှတ်ထားတဲ့ဦးရေအတိုင်း ပေးပို့ပြီး အဖြေမှန် မမှန်ကိုလည်း တိုက်ဆိုင်စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ NHL ရဲ့ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဥမ္မာဆွေတင်က ဗွီအိုအေကိုပြောပါတယ်။

“ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း အစကတည်းက ပြောထားတယ်။ Negativeက ၁၀ယောက်၊ Positive က ငါး ယောက်ပေါ့နော်။ သူတို့ရဲ့အဖြေတွေကို ရည်ညွှန်းဓာတ်ခွဲခန်းနဲ့ အဖြေပြန်တိုက်ရမယ်ဆိုတာ။ Negative အဖြေထွက်ထားပြီး သေဆုံးသွားတဲ့ လူနာတွေရဲ့ အဖြေကိုလည်း ရည်ညွှန်းဓာတ်ခွဲခန်းဆီ ပိုသေချာသွားအောင်ပို့လိုက်တယ်။ ထိုင်းဘက်ကလည်း အဲဒီလိုအဖြေပြန်လာတယ်။ သူတို့စစ်လိုက်တာလည်း Negative ဆိုတာကို။ ဖြစ်ချင်တော့ အဲဒီအဖြေပြန်ပို့တဲ့ညက Positive နှစ် ယောက်စထွက်တယ်လေ။ နောက်တနေ့မှာပဲ သူတို့ရဲ့ဓာတ်ခွဲနမူနာကို ထိုင်းကိုပို့လိုက်တယ်။ အဲဒီမှာလည်း Positive ပဲ။ တတိယဓာတ်ခွဲအတည်ပြုလူနာရဲ့ အဖြေကိုလည်း ပို့လိုက်တာ မနေ့ညကပဲ ဒီကအဖြေမှန်တဲ့အကြောင်း ပြန်လာပြီးသွားပြီ။ အဲတော့ အမတို့ရဲ့အဖြေအရည်အသွေးနဲ့ ပတ်သက်ပြီး အမတို့က အာမခံနိုင်သွားတာပေါ့။”

လူနာတွေမှာ ဒီရောဂါပိုးရှိ မရှိဆိုတာကို မထုတ်ပြန်ခင်မှာ အကြိမ်ကြိမ်စစ်ဆေးမှုတွေ လုပ်ခဲ့တယ် ဆိုတဲ့အကြောင်းကိုလည်း ဒေါက်တာဥမ္မာဆွေတင်က ဆက်ပြောပါတယ်။

“အဖြေတွေထွက်လာလို့ Positive တွေ ပါလာပြီဆိုလို့ရှိရင် အမတို့က နောက်ထပ် သုံးခေါက် ပြန်စစ်တယ်။ အဲဒီသုံးခေါက်ကတော့ အမတို့ဆီမှာရှိနေတဲ့ ဂျပန်နဲ့ ထိုင်းကလာတဲ့စက်ပစ္စည်းတွေနဲ့ နောက်ထပ်သုံးခေါက်ပြန်စစ်တယ် ဒီ Positive Sample ကို။ Negative ထွက်တိုင်းလည်း အစ်မတို့က လူနာကို ချက်ချင်းပေးမဆင်းဘူး။ လူနာသက်သာလား၊ မသက်သာဘူးလား အဲလိုလူနာရဲ့အခြေအနေကို ကြည့်သေးတယ်။ အမတို့က တခေါက်တည်း စစ်လိုက်တာမဟုတ်ဘူး။ အမတို့ဘက်က တခေါက်စစ်လည်း Negative၊ နှစ်ခေါက်စစ်လည်း Negative ဆိုမှ လူနာကိုပြန်လွှတ်လိုက်တာ။ လွှတ်လိုက်ရင်လည်း အိမ်မှာ ၁၄ ရက် ထပ်ပြီးတော့ Home Quarantine နေပါဆိုပြီးမှာလိုက်တာ။”

မြန်မာနိုင်ငံတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်နဲ့ သံသယလူနာပေါင်း ၃၂၃ ဦးရှိခဲ့ပြီး မနေ့က ညထုတ်ပြန်ချိန်အထိဆို လူနာပေါင်း ၂၅၈ ဦးမှာ ဒီရောဂါပိုး မရှိကြောင်းကို အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူကတော့ ငါးဦးရှိနေပြီး၊ ဓာတ်ခွဲစစ်ဆေးဖို့ ပေးပို့ထားသူ ၆၀ ရဲ့ ရလဒ်ကိုတော့ စောင့်ဆိုင်းနေဆဲဖြစ်ပါတယ်။

ဒီလူနာတွေရဲ့ ဓာတ်ခွဲနမူနာတွေကို စစ်ဆေးဖို့အတွက် လိုအပ်တဲ့ ပစ္စည်းကိရိယာအဆင်သင့်ရှိနေပေမဲ့ ဒါတွေကိုဆောင်ရွက်ရမယ့် ကျန်းမာရေးဝန်ထမ်းတွေအတွက် လိုအပ်တဲ့ PPE ဝတ်စုံကိုလှူဒါန်းမယ့် အလှူရှင်တွေကို ကြိုဆိုနေကြောင်းလည်း ဒေါက်တာဥမ္မာဆွေတင်က ပြောပါတယ်။

“စစ်ဆေးပေးဖို့Reagents တွေကတော့ လောက်ပါတယ်။ အဓိက ကတော့ PPE လိုမျိုးကတော့ အလှူရှင်တွေ ထပ်ပြီးတော့ လှူနိုင်ရင်တော့ ကောင်းတာပေါ့နော်။ ဘယ်လောက်ပဲလှူလှူပါ။ အမတို့က တခေါက်ပဲစစ်ရင်တောင်မှ တနေ့ကိုအနည်းဆုံး ၁၅ ထည်လောက် ကုန်တာဆိုတော့ လိုအပ်ချက်ကတော့ အမြဲတမ်းရှိနေနိုင်တာပေါ့။ ဒါပေမဲ့ အခုလောလောဆယ်ကတော့ တတ်နိုင်သလောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့၊ ဒီပြင့် NGO အဖွဲ့အစည်းတို့၊ ပုဂ္ဂလိကလုပ်ငန်းရှင်တွေကတော့ လာတော့ လှူနေကြပါတယ်။ ဒါပေမယ့်လည်း ထပ်ပြီးတော့ အလှူရှင်တွေရှိနေသေးတယ်ဆိုရင်တော့ အမတို့ဘက်က ကြိုဆိုနေပါတယ်။”

ဒီကနေ့စာရင်းတွေအရ နိုင်ငံပေါင်း ၁၉၉ နိုင်ငံကို ကူးစက်ခဲ့ပြီး လူပေါင်း ၅၄၀,၀၀၀ ကျော်ကို ကူးစက်ခဲ့တာပါ။ စုစုပေါင်းသေဆုံးသူကတော့ ၂၄,၀၀၀ ကျော်ရှိခဲ့ပေမဲ့ ရောဂါသက်သာလာသူ အရေအတွက်ဟာလည်း ၁၂၀,၀၀၀ ကျော်ရှိနေပြီ ဖြစ်ပါတယ်။

ပြည်သူလူထုအနေနဲ့ လူထူထပ်တဲ့နေရာတွေကို မသွားဖို့၊ လက်နဲ့ မျက်နှာ နှာခေါင်း ပါးစပ်တို့ကို မထိဖို့၊ ချောင်းဆိုးနှာချေရင် အုပ်စိုးဖို့အပါအဝင်၊ လက်ကိုဆပ်ပြာနဲ့ စနစ်တကျ သေချာဆေးကြောပေးဖို့နဲ့ ကိုယ်ခံအားကောင်းအောင် စားသောက်နေထိုင်ဖို့ကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

ဒါတွေအပြင် အခုလိုအချိန်မှာ မြန်မာနိုင်ငံတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ဓာတ်ခွဲအတည်ပြုလူနာ ငါးဦးအထိ ရှိထားပြီး နေရပ်ပြန်လာသူတွေကိုလည်း အသွားအလာကန့်သတ်ထားချိန်မှာ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့အချက်တွေအတိုင်း ပြည်သူတွေလိုက်နာကြဖို့ကိုလည်း သတိပေးထားပါတယ်။

စုစု/VOA (Burmese)
https://burmese.voanews.com
ျမန္မာ က်န္းမာေရးဝန္ထမ္းေတြအတြက္ ကာကြယ္ေရးဝတ္စံုေတြ လိုအပ္ေန ျမန္မာ က်န္းမာေရးဝန္ထမ္းေတြအတြက္ ကာကြယ္ေရးဝတ္စံုေတြ လိုအပ္ေန Reviewed by THITHTOOLWIN on 01:42 Rating: 5
Powered by Blogger.