COVID -19 ထိန္းခ်ဳပ္ေရးအတြက္ ႏုိင္ငံျခားသား၀င္ခြင့္ တရုတ္အစုိးရက ယာယီပိတ္မည္


(Zawgyi/Unicode)

ကိုရိုနာ ဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ပြားမႈကို ထိန္းခ်ဳပ္နိုင္ေရးအတြက္ ျပည္ဝင္ခြင့္ဗီဇာရွိသူနဲ႔ အျမဲတမ္းေနထိုင္ခြင့္ရွိသူ နိုင္ငံျခားသားေတြကို မတ္လ ၂၈ ရက္ စေနေန႔ သန္းေခါင္ခ်ိန္ကစလို႔ နိုင္ငံထဲဝင္ခြင့္ ယာယီပိတ္ပင္ထားမယ္လို႔ တ႐ုတ္ႏိုင္ငံက ေၾကညာလိုက္ပါတယ္။

ေရာဂါကူးစက္ပ်ံ႕ပြားမႈ အေျခအေနနဲ႔ တျခားနိုင္ငံရဲ့ေဆာင္ရြက္ခ်က္ေတြကို ထည့္သြင္းစဥ္းစား ၿပီး အခုလို ပိတ္ပင္ရတာလို႔ တ႐ုတ္နိုင္ငံျခားေရးဝန္ႀကီးဌာနက ၾကာသပေတးေန႔က ေျပာၾကားခဲ့ပါတယ္။

သံတမန္ျပည္ဝင္ခြင့္ ဗီဇာရွိသူေတြကိုေတာ့ ယာယီျပည္ဝင္ခြင့္ပိတ္ပင္မႈကေန ျခြင္းခ်က္နဲ႔ဝင္ခြင့္ျပဳမယ္လို႔ တ႐ုတ္အစိုးရက ေျပာပါတယ္။

ႏိုင္ငံျခားသားေတြ တ႐ုတ္ႏိုင္ငံထဲဝင္ေရာက္မွာကိုယာယီတားျမစ္ထားမွာျဖစ္ေပမဲ့ တျခားနိုင္ငံေတြနဲ႔ မျပတ္ ဆက္သြယ္ေနမွာျဖစ္ၿပီး ပုဂၢိဳလ္ေရးပိုင္းဆိုင္ရာ တဦးခ်င္းစီရဲ့ အထူးအေျခအေနေပၚလိုက္ ကိုင္တြယ္သြားမွာျဖစ္တယ္လို႔လည္း ေျပာပါတယ္။

ၿပီးခဲ့တဲ့ ဇန္နဝါရီလတုန္းကေတာ့ တ႐ုတ္က ကိုရိုနာ ဗိုင္းရပ္စ္ စတင္ျဖစ္ပြားရာဝူဟန္ၿမိဳ႕ အပါအဝင္ ဟူေဘးျပည္နယ္ အဝင္အထြက္ေတြကို လုံးဝပိတ္ထားခဲ့ပါတယ္။

..................

COVID -19 ထိန်းချုပ်ရေးအတွက် နိုင်ငံခြားသားဝင်ခွင့် တရုတ်အစိုးရက ယာယီပိတ်မည်

(Unicode)

ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ပျံ့ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် ပြည်ဝင်ခွင့်ဗီဇာရှိသူနဲ့ အမြဲတမ်းနေထိုင်ခွင့်ရှိသူ နိုင်ငံခြားသားတွေကို မတ်လ ၂၈ ရက် စနေနေ့ သန်းခေါင်ချိန်ကစလို့ နိုင်ငံထဲဝင်ခွင့် ယာယီပိတ်ပင်ထားမယ်လို့ တရုတ်နိုင်ငံက ကြေညာလိုက်ပါတယ်။

ရောဂါကူးစက်ပျံ့ပွားမှု အခြေအနေနဲ့ တခြားနိုင်ငံရဲ့ဆောင်ရွက်ချက်တွေကို ထည့်သွင်းစဉ်းစား ပြီး အခုလို ပိတ်ပင်ရတာလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။

သံတမန်ပြည်ဝင်ခွင့် ဗီဇာရှိသူတွေကိုတော့ ယာယီပြည်ဝင်ခွင့်ပိတ်ပင်မှုကနေ ခြွင်းချက်နဲ့ဝင်ခွင့်ပြုမယ်လို့ တရုတ်အစိုးရက ပြောပါတယ်။

နိုင်ငံခြားသားတွေ တရုတ်နိုင်ငံထဲဝင်ရောက်မှာကိုယာယီတားမြစ်ထားမှာဖြစ်ပေမဲ့ တခြားနိုင်ငံတွေနဲ့ မပြတ် ဆက်သွယ်နေမှာဖြစ်ပြီး ပုဂ္ဂိုလ်ရေးပိုင်းဆိုင်ရာ တဦးချင်းစီရဲ့ အထူးအခြေအနေပေါ်လိုက် ကိုင်တွယ်သွားမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကတော့ တရုတ်က ကိုရိုနာ ဗိုင်းရပ်စ် စတင်ဖြစ်ပွားရာဝူဟန်မြို့ အပါအဝင် ဟူဘေးပြည်နယ် အဝင်အထွက်တွေကို လုံးဝပိတ်ထားခဲ့ပါတယ်။

VOA Burmese News
https://burmese.voanews.com/a/china-entry-foreigner-/5349571.html
COVID -19 ထိန္းခ်ဳပ္ေရးအတြက္ ႏုိင္ငံျခားသား၀င္ခြင့္ တရုတ္အစုိးရက ယာယီပိတ္မည္ COVID -19 ထိန္းခ်ဳပ္ေရးအတြက္ ႏုိင္ငံျခားသား၀င္ခြင့္ တရုတ္အစုိးရက ယာယီပိတ္မည္ Reviewed by THITHTOOLWIN on 00:24 Rating: 5
Powered by Blogger.