ေငြစကၠဴေတြကေန ဗိုင္းရပ္စ္ကူးစက္ႏိုင္သလား


(Zawgyi)⤵⤵⤵

ကို႐ိုနာဗိုင္းရပ္စ္ေရာဂါပိုးဟာ လက္နဲ႔ ကိုင္တြယ္မိလိုက္တဲ့အရာေတြကေန အဓိကကူးစက္ေနတာျဖစ္တာေၾကာင့္ ျမန္မာႏိုင္ငံမွာ လူသန္းနဲ႔ခ်ီ ေန႔စဥ္ကိုင္တြယ္သုံးစြဲေနၾကတဲ့ ေငြစကၠဴပိုက္ဆံေတြကေနတဆင့္ ဒီဗိုင္းရပ္စ္ကူးစက္တတ္သလားဆိုတာက ေမးခြန္းတစ္ခုျဖစ္ေနတာပါ။

ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO ကေတာ့ ဒီလိုေငြစကၠဴေတြကေန ေရာဂါကူးစက္ႏိုင္တယ္လို႔ အတိအက်မေျပာေပမယ့္ ေငြစကၠဴေတြကို ကိုင္တြယ္အသုံးျပဳတာကို အတတ္ႏိုင္ဆုံးေရွာင္ၾကဖို႔ ေျပာထားတာပါ။

အြန္လိုင္းေငြေခ်တဲ့ ဘဏ္ကတ္စနစ္ေတြကို တြင္တြင္က်ယ္က်ယ္မသုံးစြဲတဲ့ ျမန္မာႏိုင္ငံမွာ ဒီေငြစကၠဴေတြကို မျဖစ္မေနသုံးစြဲေနၾကရေပမယ့္လည္း သတိထားသုံးစြဲၾကဖို႔ အေမရိကန္ေဆးသိပၸံပညာရွင္ ေဒါက္တာမင္းမင္းစိုးက သတိေပးပါတယ္။

ဒီဗိုင္းရပ္စ္ပိုးဟာ အရာဝတၳဳေတြေပၚမွာ ဘယ္ေလာက္ၾကာၾကာ တြယ္ကပ္ေနႏိုင္သလဲဆိုတာတဲ့အေျဖကလည္း မေသခ်ာမေရရာပါဘူး။

ေရာဂါပိုးကူးစက္ခံထားရတဲ့သူ တစ္ေထာင္နီးပါးေတြ႕ရွိတဲ့ ဂ်ပန္ႏိုင္ငံမွာ ကမ္းကပ္ထားတဲ့ Diamond Princess သေဘာ္ႀကီးကို လူနာေတြဆင္းသြားၿပီးေနာက္ CDCအဖြဲ႕က သြားေရာက္စစ္ေဆးခဲ့တဲ့အခါမွာ ဒီဗိုင္းရပ္စ္ပိုးဟာ ၁၇ ရက္ၾကာ အဲ့ဒီသေဘာေပၤၚက အရာဝတၳဳေတြမွာ စြဲကပ္က်န္ေနတာကို ေတြ႕ရွိခဲ့ပါတယ္။

အဲ့ဒီလို ေတြ႕ရွိၿပီးတဲ့ေနာက္ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားက ဘဏ္ေတြမွာ ေန႔စဥ္ဝင္ေငြေတြကို ၁၄ ရက္ၾကာ ပိုးသတ္ၿပီးမွ လူထုထဲ ျပန္ျဖန႔္တဲ့စနစ္ကို စတင္လုပ္လာတာေတြ႕ရတယ္လို႔ ေဒါက္တာမင္းမင္းစိုးကေျပာပါတယ္။

ျမန္မာႏိုင္ငံမွာလည္း အဲ့ဒီလိုႀကိဳတင္ကာကြယ္တာမ်ိဳးလုပ္ႏိုင္ရင္ အေကာင္းဆုံးျဖစ္မယ္လို႔ သူကအႀကံျပဳပါတယ္။

အေမရိကန္ဗဟိုဘဏ္ဟာဆိုရင္ ေငြစကၠဴတြင္တြင္က်ယ္က်ယ္သုံးစြဲတဲ့ အာရွႏိုင္ငံေတြဘက္ကလာတဲ့ ေငြစကၠဴေတြကို ၁၄ ရက္ ပိုးသတ္ထိန္းသိမ္းထားတာပါ။ ေရာဂါစျဖစ္ပြားတဲ့ တ႐ုတ္ႏိုင္ငံက ဘဏ္တခ်ိဳ႕မွာလည္း ေငြစကၠဴေပၚမွာ ေရာဂါေတြ႕ရွိတာေၾကာင့္ မီးရႈိ႕ဖ်က္စီးတာ ပိုးသတ္ေဆးဖ်န္းတာေတြ လုပ္ေဆာင္ေနၾကတာပါ။

ျမန္မာႏိုင္ငံမွာေတာ့ တျခားႏိုင္ငံေတြလို အြန္လိုင္းေငြေခ်တဲ့ ဘဏ္ကတ္စနစ္ကို အသုံးျပဳဖို႔အတြက္ ခက္ခဲေနေသးတယ္လို႔ ရန္ကုန္မွာေနတဲ့ မေမသူေအာင္ကေျပာပါတယ္။

မႏၲေလးၿမိဳ႕က စည္ပင္သာယာေရးေကာ္မတီဝင္ ဦးရဲျမတ္သူကေတာ့ ဘဏ္ေတြနဲ႔ခ်ိတ္ၿပီး အတိုးႏႈန္းကင္းတဲ့ Mandalay Smart Pay လို႔ေခၚတဲ့ ဘဏ္ကတ္ဝန္ေဆာင္မႈလုပ္ငန္းတစ္ခုကို မႏၲေလးအစိုးရက စတင္ေနၿပီလို႔ဆိုပါတယ္။

ေငြစကၠဴေတြကေန ဗိုင္းရပ္စ္ပိုးကူးစက္ႏိုင္တာ ရွိ၊မရွိ ဆိုတာကိုေတာ့ အခုအခ်ိန္ထိ သိပၸံနည္းက်အတည္မျပဳႏိုင္ေသးတာပါ။ တ႐ုတ္ႏိုင္ငံကစတဲ့ ကို႐ိုနာဗိုင္းရပ္စ္ဟာ ဘယ္သူက ဘယ္သူ႔ဆီ ဘယ္အခ်ိန္ကူးစက္လာမလဲဆိုတာ အတိအက်မေျပာႏိုင္ေသးတဲ့အျပင္ ကုသေဆးလည္း မရွိေသးပါဘူး။ ဒါေၾကာင့္ ႏိုင္ငံတကာမွာ ဒီဗိုင္းရပ္စ္ပိုး မကူးစက္ေအာင္ ကာကြယ္လို႔ရမယ့္ နည္းလမ္းမွန္သမွ်သုံးၿပီး ကာကြယ္ၾကဖို႔ ပညာရွင္ေတြက သတိေပးေနၾကပါတယ္။

ေစာဖိုးခြား
------------------------------------

ငွေစက္ကူတွေကနေ ဗိုင်းရပ်စ်ကူးစက်နိုင်သလား

ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးဟာ လက်နဲ့ ကိုင်တွယ်မိလိုက်တဲ့အရာတွေကနေ အဓိကကူးစက်နေတာဖြစ်တာကြောင့် မြန်မာနိုင်ငံမှာ လူသန်းနဲ့ချီ နေ့စဉ်ကိုင်တွယ်သုံးစွဲနေကြတဲ့ ငွေစက္ကူပိုက်ဆံတွေကနေတဆင့် ဒီဗိုင်းရပ်စ်ကူးစက်တတ်သလားဆိုတာက မေးခွန်းတစ်ခုဖြစ်နေတာပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကတော့ ဒီလိုငွေစက္ကူတွေကနေ ရောဂါကူးစက်နိုင်တယ်လို့ အတိအကျမပြောပေမယ့် ငွေစက္ကူတွေကို ကိုင်တွယ်အသုံးပြုတာကို အတတ်နိုင်ဆုံးရှောင်ကြဖို့ ပြောထားတာပါ။

အွန်လိုင်းငွေချေတဲ့ ဘဏ်ကတ်စနစ်တွေကို တွင်တွင်ကျယ်ကျယ်မသုံးစွဲတဲ့ မြန်မာနိုင်ငံမှာ ဒီငွေစက္ကူတွေကို မဖြစ်မနေသုံးစွဲနေကြရပေမယ့်လည်း သတိထားသုံးစွဲကြဖို့ အမေရိကန်ဆေးသိပ္ပံပညာရှင် ဒေါက်တာမင်းမင်းစိုးက သတိပေးပါတယ်။

ဒီဗိုင်းရပ်စ်ပိုးဟာ အရာဝတ္ထုတွေပေါ်မှာ ဘယ်လောက်ကြာကြာ တွယ်ကပ်နေနိုင်သလဲဆိုတာတဲ့အဖြေကလည်း မသေချာမရေရာပါဘူး။

ရောဂါပိုးကူးစက်ခံထားရတဲ့သူ တစ်ထောင်နီးပါးတွေ့ရှိတဲ့ ဂျပန်နိုင်ငံမှာ ကမ်းကပ်ထားတဲ့ Diamond Princess သဘော်ကြီးကို လူနာတွေဆင်းသွားပြီးနောက် CDCအဖွဲ့က သွားရောက်စစ်ဆေးခဲ့တဲ့အခါမှာ ဒီဗိုင်းရပ်စ်ပိုးဟာ ၁၇ ရက်ကြာ အဲ့ဒီသဘောၤပေါ်က အရာဝတ္ထုတွေမှာ စွဲကပ်ကျန်နေတာကို တွေ့ရှိခဲ့ပါတယ်။

အဲ့ဒီလို တွေ့ရှိပြီးတဲ့နောက် နိုင်ငံတော်တော်များများက ဘဏ်တွေမှာ နေ့စဉ်ဝင်ငွေတွေကို ၁၄ ရက်ကြာ ပိုးသတ်ပြီးမှ လူထုထဲ ပြန်ဖြန့်တဲ့စနစ်ကို စတင်လုပ်လာတာတွေ့ရတယ်လို့ ဒေါက်တာမင်းမင်းစိုးကပြောပါတယ်။

မြန်မာနိုင်ငံမှာလည်း အဲ့ဒီလိုကြိုတင်ကာကွယ်တာမျိုးလုပ်နိုင်ရင် အကောင်းဆုံးဖြစ်မယ်လို့ သူကအကြံပြုပါတယ်။

အမေရိကန်ဗဟိုဘဏ်ဟာဆိုရင် ငွေစက္ကူတွင်တွင်ကျယ်ကျယ်သုံးစွဲတဲ့ အာရှနိုင်ငံတွေဘက်ကလာတဲ့ ငွေစက္ကူတွေကို ၁၄ ရက် ပိုးသတ်ထိန်းသိမ်းထားတာပါ။ ရောဂါစဖြစ်ပွားတဲ့ တရုတ်နိုင်ငံက ဘဏ်တချို့မှာလည်း ငွေစက္ကူပေါ်မှာ ရောဂါတွေ့ရှိတာကြောင့် မီးရှို့ဖျက်စီးတာ ပိုးသတ်ဆေးဖျန်းတာတွေ လုပ်ဆောင်နေကြတာပါ။

မြန်မာနိုင်ငံမှာတော့ တခြားနိုင်ငံတွေလို အွန်လိုင်းငွေချေတဲ့ ဘဏ်ကတ်စနစ်ကို အသုံးပြုဖို့အတွက် ခက်ခဲနေသေးတယ်လို့ ရန်ကုန်မှာနေတဲ့ မမေသူအောင်ကပြောပါတယ်။

မန္တလေးမြို့က စည်ပင်သာယာရေးကော်မတီဝင် ဦးရဲမြတ်သူကတော့ ဘဏ်တွေနဲ့ချိတ်ပြီး အတိုးနှုန်းကင်းတဲ့ Mandalay Smart Pay လို့ခေါ်တဲ့ ဘဏ်ကတ်ဝန်ဆောင်မှုလုပ်ငန်းတစ်ခုကို မန္တလေးအစိုးရက စတင်နေပြီလို့ဆိုပါတယ်။

ငွေစက္ကူတွေကနေ ဗိုင်းရပ်စ်ပိုးကူးစက်နိုင်တာ ရှိ၊မရှိ ဆိုတာကိုတော့ အခုအချိန်ထိ သိပ္ပံနည်းကျအတည်မပြုနိုင်သေးတာပါ။ တရုတ်နိုင်ငံကစတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ဘယ်သူက ဘယ်သူ့ဆီ ဘယ်အချိန်ကူးစက်လာမလဲဆိုတာ အတိအကျမပြောနိုင်သေးတဲ့အပြင် ကုသဆေးလည်း မရှိသေးပါဘူး။ ဒါကြောင့် နိုင်ငံတကာမှာ ဒီဗိုင်းရပ်စ်ပိုး မကူးစက်အောင် ကာကွယ်လို့ရမယ့် နည်းလမ်းမှန်သမျှသုံးပြီး ကာကွယ်ကြဖို့ ပညာရှင်တွေက သတိပေးနေကြပါတယ်။

စောဖိုးခွား
RFA Burmese
https://www.rfa.org/burmese/program_2/corona-and-cash-in-myanmar-03272020192501.html
ေငြစကၠဴေတြကေန ဗိုင္းရပ္စ္ကူးစက္ႏိုင္သလား ေငြစကၠဴေတြကေန ဗိုင္းရပ္စ္ကူးစက္ႏိုင္သလား Reviewed by THITHTOOLWIN on 00:29 Rating: 5
Powered by Blogger.