ဝလူမ်ဳိး ၁၇၄ ေယာက္ ခရစ္ယာန္ဘာသာကုိ ကူးေျပာင္း ၀င္ေရာက္


(Zawgyi/Unicode)

ဝ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေျမာက္ပိုင္း နယ္ေျမက တိုင္းရင္းသား ၁၇၄ ေယာက္ ခရစ္ယာန္ဘာသာကို ကူးေျပာင္း၀င္ေရာက္တဲ့ ႏွစ္ျခင္းမဂၤလာပြဲ ဆင္ႏႊဲခဲ့ေၾကာင္း Free Burma Rangers အဖြဲ႕က ေျပာပါတယ္။

ျမန္မာႏိုင္ငံက ဝ တိုင္းရင္းသား အမ်ားစုဟာ နတ္ကိုးကြယ္သူေတြ ျဖစ္ၿပီး ခရစ္ယာန္ ဘာသာကို ဖိႏွိပ္ ခ်ဳပ္ခ်ယ္တာေတြ ရွိေနေပမဲ့လည္း ဝ တိုင္းရင္းသား အေတာ္မ်ားမ်ားက ခရစ္ယာန္ ဘာသာကို ကူးေျပာင္း ၾကဖို႔ ဆုံးျဖတ္ေနၾကတယ္လို႔လည္း ဆိုပါတယ္။

ခရစ္ယာန္ ေက်းရြာေတြမွာ သန္႔ရွင္းမႈ ပိုရွိတာကို ျမင္ရသလို သူတို႔ကို မေကာင္းတဲ့ နတ္ဆိုးေတြ ေႏွာက္ယွက္တာကိုလည္း မေတြ႕ရ ေၾကာင္း၊ အခုလို ဘာသာေျပာင္းၿပီးေနာက္ပိုင္း သူတို႔ အေပၚမွာလည္း နတ္ဆိုးေတြ ေႏွာက္ယွက္တာ မရွိေတာ့ေၾကာင္းလည္း ခရစ္ယာန္ ဘာသာ ကူးေျပာင္းသူ ဝ တိုင္းရင္းသားေတြက ေျပာတယ္လို႔ ဆိုပါတယ္။

ဝ တိုင္းရင္းသား ခရစ္ယာန္ သင္းအုပ္ဆရာ John Sanae ဟာ အဲဒီ ေဒသမွာ တာ၀န္ထမ္းေဆာင္ေနတာ ၃၇ ႏွစ္ရွိၿပီး ဇန္နဝါရီ လအတြင္း ဝ တိုင္းရင္းသား ၁၆၉ ေယာက္ကို ခရစ္ယာန္ဘာသာ သြတ္သြင္းေပးနိုင္ခဲ့တယ္လို႔ ဆိုပါတယ္။ လြန္ခဲ့တဲ့ ႏွစ္ ၂၅ ႏွစ္အတြင္း ဝ နယ္ေျမထဲ ခရစ္ယာန္ ဘုရားေက်ာင္းသစ္ ၇၇ ေက်ာင္းကို ထူေထာင္နိုင္ခဲ့တယ္လို႔လည္း Free Burma Rangers အဖြဲ႕က ေျပာပါတယ္။

....................

၀လူမျိုး ၁၇၄ ယောက် ခရစ်ယာန်ဘာသာကို ကူးပြောင်း ဝင်ရောက်

(Unicode)

ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မြောက်ပိုင်း နယ်မြေက တိုင်းရင်းသား ၁၇၄ ယောက် ခရစ်ယာန်ဘာသာကို ကူးပြောင်းဝင်ရောက်တဲ့ နှစ်ခြင်းမင်္ဂလာပွဲ ဆင်နွှဲခဲ့ကြောင်း Free Burma Rangers အဖွဲ့က ပြောပါတယ်။

မြန်မာနိုင်ငံက ဝ တိုင်းရင်းသား အများစုဟာ နတ်ကိုးကွယ်သူတွေ ဖြစ်ပြီး ခရစ်ယာန် ဘာသာကို ဖိနှိပ် ချုပ်ချယ်တာတွေ ရှိနေပေမဲ့လည်း ဝ တိုင်းရင်းသား အတော်များများက ခရစ်ယာန် ဘာသာကို ကူးပြောင်း ကြဖို့ ဆုံးဖြတ်နေကြတယ်လို့လည်း ဆိုပါတယ်။

ခရစ်ယာန် ကျေးရွာတွေမှာ သန့်ရှင်းမှု ပိုရှိတာကို မြင်ရသလို သူတို့ကို မကောင်းတဲ့ နတ်ဆိုးတွေ နှောက်ယှက်တာကိုလည်း မတွေ့ရ ကြောင်း၊ အခုလို ဘာသာပြောင်းပြီးနောက်ပိုင်း သူတို့ အပေါ်မှာလည်း နတ်ဆိုးတွေ နှောက်ယှက်တာ မရှိတော့ကြောင်းလည်း ခရစ်ယာန် ဘာသာ ကူးပြောင်းသူ ဝ တိုင်းရင်းသားတွေက ပြောတယ်လို့ ဆိုပါတယ်။

ဝ တိုင်းရင်းသား ခရစ်ယာန် သင်းအုပ်ဆရာ John Sanae ဟာ အဲဒီ ဒေသမှာ တာဝန်ထမ်းဆောင်နေတာ ၃၇ နှစ်ရှိပြီး ဇန်နဝါရီ လအတွင်း ဝ တိုင်းရင်းသား ၁၆၉ ယောက်ကို ခရစ်ယာန်ဘာသာ သွတ်သွင်းပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၅ နှစ်အတွင်း ဝ နယ်မြေထဲ ခရစ်ယာန် ဘုရားကျောင်းသစ် ၇၇ ကျောင်းကို ထူထောင်နိုင်ခဲ့တယ်လို့လည်း Free Burma Rangers အဖွဲ့က ပြောပါတယ်။

VOA Burmese News
https://burmese.voanews.com/a/wa-ethnic-174-people-converted-to-christian-/5349279.html
ဝလူမ်ဳိး ၁၇၄ ေယာက္ ခရစ္ယာန္ဘာသာကုိ ကူးေျပာင္း ၀င္ေရာက္ ဝလူမ်ဳိး ၁၇၄ ေယာက္ ခရစ္ယာန္ဘာသာကုိ ကူးေျပာင္း ၀င္ေရာက္ Reviewed by THITHTOOLWIN on 00:24 Rating: 5
Powered by Blogger.