COVID-19 အကူအညီေပးေရး အစီအစဥ္ အေမရိကန္ေရာက္ ျမန္မာေတြ ႀကိဳဆုိ

ေဒၚလာ ၂ ထရီလီယံေက်ာ္ အေရးေပၚအကူအညီေပးေရး အစီအစဥ္ လက္မွတ္ေရးထုိးေနသည့္ သမၼတ Trump. (မတ္ ၂၇၊၂၀၂၀)
(Zawgyi / Unicode)

COVID-19 ကမာၻ႔ကပ္ေရာဂါေၾကာင့္ အေမရိကန္ႏုိင္ငံမွာ စီးပြားေရး ထိခုိက္ေနတာေတြကုိ က်ားကန္ေပးဖုိ႔ ေဒၚလာ ၂ ထရီလီယံေက်ာ္ အေရးေပၚ အကူအညီေပးေရး အစီအစဥ္ကုိ အတည္ျပဳလုိက္တဲ့အတြက္ အေမရိကန္ေရာက္ ျမန္မာေတြလည္း ၀မ္းသာေနၾကပါတယ္။ ေငြသားအကူအညီပါ ရရွိမယ့္ အေထာက္အပံ့ေတြေၾကာင့္ အခက္အခဲေတြၾကား သက္သာရာ ရလိမ့္မယ္လုိ႔လည္း ေမွ်ာ္လင့္ေနၾကပါတယ္။ အျပည့္အစုံကုိ မဆုမြန္က ဆက္သြယ္ေမးျမန္းၿပီး တင္ျပေပးထားပါတယ္။

ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္သူ ၁ သိန္း ၂ ေသာင္းေက်ာ္နဲ႔ ေသဆံုးသူ ၂ ေထာင္ေက်ာ္အထိ ရွိေနတဲ့ အေမရိကန္ျပည္ေထာင္စုမွာ အေရးေပၚ အကူအညီအျဖစ္ ေဒၚလာ ၂.၂ ထရီလီယံကုိ လႊတ္ေတာ္က အတည္ျပဳလုိက္ၿပီး ခ်က္ခ်င္းဆုိသလုိ သမၼတ Donald Trump ကလည္း လက္မွတ္ေရးထုိး အတည္ျပဳထားတာပါ။ ဗုိင္းရပ္စ္ကူးစက္မႈေၾကာင့္ သန္းနဲ႔ခ်ီ အလုပ္လက္မဲ့ ျဖစ္ေနရသလုိ ေနာက္ထပ္ တုိးလာႏုိင္တယ္လုိ႔ ခန္႔မွန္းထားၿပီး လုပ္ငန္းေတြ အမ်ားအျပား ပိတ္ထားရတဲ့အတြက္လည္း စီးပြားေရးမွာ သိသိသာသာ အထိနာေနခ်ိန္မွာ က်ားကန္ဖုိ႔ လႊတ္ေတာ္နဲ႔ အစုိးရက ႀကိဳးပမ္းခဲ့တာလည္း ျဖစ္ပါတယ္။

ေငြသားအကူအညီပါ ပါ၀င္မယ့္ အစီအစဥ္နဲ႔ ပတ္သက္လုိ႔ အေမရိကန္ ဘ႑ာေရး ၀န္ႀကီးဌာနမွာ အမႈထမ္းေနသူလည္းျဖစ္၊ အေမရိကန္ေရာက္ ျမန္မာႏုိင္ငံသားေတြ ႏွစ္စဥ္ ၀င္ေငြခြန္ေပးေဆာင္ရာမွာ ၀န္ေဆာင္မႈေပးေနသူလည္းျဖစ္တဲ့ ကိုမိုက္ကယ္လ္က အခုလုိ ရွင္းျပပါတယ္။

“လူေတြက ခ်က္ကို ဘယ္လိုရမလဲေပါ့ ေမးၾကတယ္။ အစိုးရက ဘယ္လိုေပးမလဲ၊ ဘယ္သူေတြကို ေပးမလဲဆိုရင္ ဒီအေမရိကန္မွာရွိတဲ့ Social Security ရွိတဲ့သူေတြေပါ့၊ အထူးသျဖင့္ Tax File အခြန္ေဆာင္ထားတဲ့သူေတြေပါ့။ အထူးသျဖင့္ ၂၀၁၈ နဲ႔ ၂၀၁၉ မွာ အခြန္ေဆာင္ထားတဲ့သူေတြေပါ့။ အဲဒီမွာ အခြန္ေဆာင္ထားတယ္ဆိုရင္ သူ႔ရဲ႕မွတ္တမ္းကေန ၾကည့္မွာေပါ့။ တကယ္လို႔ ၂၀၁၉ အတြက္ အခြန္မေဆာင္ရေသးဘူးဆိုရင္လည္း ၂၀၁၈ အခြန္တြက္ထားတာကို ၾကည့္မယ္။ အဲ့ဒီ့မွာ ဝင္ေငြကိုၾကည့္မယ္။ တဦးတည္းဆိုရင္ ၇၅၀၀၀ အဲ့ေလာက္ဝင္ေငြဆိုရင္ အစိုးရကေျပာတယ္ ၁၂၀၀ ေပးမယ္ေပါ့။ လက္ထပ္ထားတယ္ဆိုရင္ တသိန္းငါးေသာင္းဆိုရင္ တေယာက္ကို ၁၂၀၀ ေပးမယ္။ ၿပီးေတာ့ ဝင္ေငြကို ဘယ္လိုၾကည့္မလဲဆိုရင္ ၂၀၁၈ အခြန္တြက္ထားတုန္းကဆို Tax Return ရဲ႕ နံပါတ္ ၇ ကို ၾကည့္ပါ။ Adjusted Gross Income ဆိုတာရွိတယ္။ အဲဒါကို အစိုးရက ၾကည့္လိမ့္မယ္။ ၂၀၁၉ ဆိုရင္ေတာ့ နံပါတ္ ၈ ေပါ့။ အဲ့မွာလည္း ေအ ဘီ ခြဲထားၿပီး Adjusted Gross Income ဆိုတာရွိတယ္။ အဲဒီမွာျပတဲ့ ဝင္ေငြေပၚမွာ မူတည္ပါတယ္။ အဲဒါေတြကို ဘယ္လိုေပးမလဲဆိုတာက အဲဒီ အခြန္ေဆာင္ထားတာကိုၾကည့္မယ္ေပါ့။ အဲဒီမွာ ဘဏ္အေကာင့္ကေန ေပးထားတယ္ဆိုရင္ တိုက္႐ုိက္ ေငြထည့္ေပးလိုက္မယ္။ ဘဏ္အေကာင့္မရွိဘူးဆိုရင္ အဲဒီ အခြန္ေဆာင္ထားတဲ့ လိပ္စာအတုိင္း စာတုိက္ကေန ခ်က္လက္မွတ္ေပးလိမ့္မယ္။ ဘယ္ေတာ့ေပးမလဲဆိုရင္ သီတင္းပတ္သံုးပတ္အတြင္းလို႔ ေျပာပါတယ္။”

ကုိ႐ုိနာဗုိင္းရပ္စ္ အႏၱရာယ္ေၾကာင့္ ႐ုံးမသြားရေတာ့ဘဲ ေနအိမ္ကေနပဲ အလုပ္လုပ္ေနရတဲ့ အစိုးရဝန္ထမ္းတဦးျဖစ္တဲ့ ဗာဂ်ီးနီးယားျပည္နယ္က ေဒၚဝါဝါႏုကလည္း အေမရိကန္မွာ အခက္အခဲ ႀကံဳရတဲ့အခ်ိန္ အကူအညီေပးဖုိ႔ ႀကိဳးပမ္းတဲ့ အစီအစဥ္ကုိ ႀကိဳဆုိေၾကာင္း ေျပာပါတယ္။

“အန္တီကလည္း ရႏိုင္တဲ့အေျခအေန ရွိတာေပါ့ေလ။ သူက တႏွစ္ဝင္ေငြ ၇၅၀၀၀ ရွိတဲ့သူေတြကို ေပးမယ္လို႔ သေဘာတူထားတာေပါ့ သမၼတႀကီး Trump က။ အခုဆို အန္တီတို႔ေတြက တယ္လီေဝါ့ကင္းေပါ့၊ အိမ္ကေန အလုပ္လုပ္ေနၾကရတယ္။ အခုက လူတိုင္းက အခက္အခဲေတြ ျဖစ္ေနၾကတယ္မဟုတ္လား။ အန္တီတို႔ကေတာ့ ထားလိုက္ေတာ့ လစာအျပည့္နဲ႔ လုပ္ေနၾကရတာကိုး။ အခု ကုမၸဏီေတြ ေတာ္ေတာ္မ်ားမ်ား ရပ္ကုန္ေတာ့ အလုပ္ေတြရပ္ၿပီး ပိုက္ဆံေတြ မေပးႏိုင္ေတာ့ဘူး။ ျမန္မာေတြ ေတာ္ေတာ္မ်ားမ်ား ပါကုန္တယ္။ လက္ေဆာင္ေရာင္းတဲ့ ဆိုင္ေတြမွာဆိုလည္း ျမန္မာေတြရွိတယ္။ အမ်ားႀကီး ထိခိုက္တယ္။ သူတို႔လည္း အခြန္ေဆာင္ထားတဲ့သူေတြဆိုေတာ့ Stimulus Check ဝင္ႏုိင္တာေပါ့။ သူတို႔လည္း ၁၂၀၀ ေလာက္ဆီ ရႏိုင္တယ္။ ဧၿပီလကုန္ ရႏုိင္တယ္။ အန္တီကေတာ့ သေဘာက်တယ္။ ဝင္ေငြမရွိေတာ့မယ့္ သူေတြအတြက္ အမ်ားႀကီး အေထာက္အကူရေစတယ္။”

ေျမာက္ကယ္႐ုိလိုင္းနားျပည္နယ္ ခ်န္ပါေဟးလ္ၿမိဳ႕က ကိုေအာင္သန္းကလည္း အခုလို အေမရိကန္အစိုးရအေနနဲ႔ သူ႔ႏိုင္ငံသားေတြအေပၚ အေရးေပၚလိုအပ္လာခ်ိန္ ႏုိင္ငံသားေတြရဲ႕ အခြင့္အေရးနဲ႔အညီ ကူညီေဆာင္ရြက္ေပးတဲ့ အစီအစဥ္ေပၚ ႀကိဳဆိုၿပီး မိသားစုမ်ားတဲ့သူေတြ အေရးေပၚ ေပးေဆာင္ရမယ့္ ေငြေၾကးေတြက ေျပလည္ႏိုင္မယ့္အေရး ဝမ္းသာမိတယ္လို႔ ေျပာပါတယ္။

“အတည္ျပဳလိုက္တယ္ဆိုတဲ့ အဲဒီသတင္းကို ၾကားလိုက္ေတာ့ ကိုယ့္ရဲ႕ အခက္အခဲေတြကို ဒီလိုရရွိလာမယ့္ ေထာက္ပံ့မႈကို အင္မတန္ႀကိဳဆိုပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ လူေတြမွာ ဒီေရာဂါကပ္ဆိုးႀကီးေၾကာင့္ အလုပ္ေတြလည္း မသြားႏုိင္ဘူး။ အဲဒီအတြက္ လစဥ္ က်ေနာ္တို႔ေပးရမယ့္ အိမ္ဖိုး ကားဖိုး မီးဖိုး ေရဖိုး စသျဖင့္ ေဘလ္ေတြေပးဖို႔ရွိေတာ့ ဒီလိုရလာမယ့္အေပၚ နံပါတ္တစ္ ေက်းဇူးလည္းတင္ပါတယ္။ ဝမ္းလည္းဝမ္းသာတယ္။ လက္ရွိ အေမရိကန္ရဲ႕ အစိုးရေကာင္း တရပ္ကိုလည္း အင္မတန္ ေက်းဇူးလည္းတင္ပါတယ္။ ေအာက္ေျခလူတန္းစားေတြအတြက္ ဝင္ေငြရမွသာ ဒီေပးမန္႔ေတြကို ေျဖရွင္းႏိုင္မွာေလ။”

အခုအခါ COVID-19 ေရာဂါ ကူးစက္သူေတြ ေတြ႔ရွိထားေၾကာင္း အတည္ျပဳထားတဲ့ ျမန္မာႏုိင္ငံမွာလည္း အလားတူ ျပည္သူလူထုအတြက္ အေထာက္အကူ ျဖစ္ေစမယ့္ အစီအစဥ္မ်ဳိးေတြကုိ အစုိးရက အေကာင္အထည္ ေဖာ္ေစခ်င္တယ္လုိ႔လည္း ေျပာပါတယ္။

“အဓိကကေတာ့ က်ေနာ္က ျမန္မာႏုိင္ငံသားျဖစ္ဖူးေတာ့ အခုလက္ရွိ ျပည္သူတင္ေျမႇာက္ထားတဲ့ အစိုးရကို အႀကံျပဳခ်င္တယ္ေပါ့ေနာ္။ ျပည္သူေတြရဲ႕ အခက္အခဲကို တတ္ႏုိင္သေလာက္ ေထာက္ပံ့မႈေတြ ေပးေစခ်င္တယ္။ သူဘာလိုလဲ၊ အစားအေသာက္လား၊ ေငြေၾကးအေထာက္အပံ့လား၊ ကူညီေစခ်င္တယ္။ က်ေနာ္ဆိုရင္ အေမရိကန္ႏုိင္ငံသားျဖစ္တယ္။ အေမရိကန္ႏုိင္ငံက သူ႔ႏိုင္ငံသားအေပၚမွာ အစိုးရေကာင္းတရပ္အေနနဲ႔ တာဝန္ေက်တယ္ေပါ့ေနာ္။ ျမန္မာျပည္မွာလည္း ေဒသႏၱရအမိန္႔ေတြ ထုတ္ျပန္ၿပီး ရွိထားတဲ့ ဘတ္ဂ်က္ေတြထုတ္ၿပီး လိုအပ္တဲ့ ဥပေဒေဘာင္အတြင္းကေန ကူညီေပးေစခ်င္ပါတယ္။”

ကမာၻတ၀ွမ္း ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္သူ ၆ သိန္း ၇ ေသာင္းေလာက္ ရွိေနခ်ိန္မွာ အေမရိကန္ျပည္ေထာင္စုမွာလည္း ကူးစက္သူ ၁ သိန္း ၂ ေသာင္းေက်ာ္နဲ႔ ေသဆုံးသူ ၂,၁၀၀ ေက်ာ္အထိ ရွိေနေၾကာင္း John Hopkins တကၠသုိလ္ရဲ႕ တနဂၤေႏြေန႔ အေစာပုိင္းအထိ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားတာပါ။ နယူးေယာက္ျပည္နယ္ တခုတည္းမွာပဲ ကူးစက္ခံရသူ ၅ ေသာင္းေက်ာ္နဲ႔ ေသဆုံးသူ ၇၀၀ ေက်ာ္ထက္မနည္း ရွိေနတာေၾကာင့္ အေမရိကန္မွာ အဆုိးဆံုံး ေဒသတခုလည္း ျဖစ္လာေနပါတယ္။

--------------------------------------

(Unicode)

COVID-19 အကူအညီပေးရေး အစီအစဉ် အမေရိကန်ရောက် မြန်မာတွေ ကြိုဆို

COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် အမေရိကန်နိုင်ငံမှာ စီးပွားရေး ထိခိုက်နေတာတွေကို ကျားကန်ပေးဖို့ ဒေါ်လာ ၂ ထရီလီယံကျော် အရေးပေါ် အကူအညီပေးရေး အစီအစဉ်ကို အတည်ပြုလိုက်တဲ့အတွက် အမေရိကန်ရောက် မြန်မာတွေလည်း ဝမ်းသာနေကြပါတယ်။ ငွေသားအကူအညီပါ ရရှိမယ့် အထောက်အပံ့တွေကြောင့် အခက်အခဲတွေကြား သက်သာရာ ရလိမ့်မယ်လို့လည်း မျှော်လင့်နေကြပါတယ်။ အပြည့်အစုံကို မဆုမွန်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၁ သိန်း ၂ သောင်းကျော်နဲ့ သေဆုံးသူ ၂ ထောင်ကျော်အထိ ရှိနေတဲ့ အမေရိကန်ပြည်ထောင်စုမှာ အရေးပေါ် အကူအညီအဖြစ် ဒေါ်လာ ၂.၂ ထရီလီယံကို လွှတ်တော်က အတည်ပြုလိုက်ပြီး ချက်ချင်းဆိုသလို သမ္မတ Donald Trump ကလည်း လက်မှတ်ရေးထိုး အတည်ပြုထားတာပါ။ ဗိုင်းရပ်စ်ကူးစက်မှုကြောင့် သန်းနဲ့ချီ အလုပ်လက်မဲ့ ဖြစ်နေရသလို နောက်ထပ် တိုးလာနိုင်တယ်လို့ ခန့်မှန်းထားပြီး လုပ်ငန်းတွေ အများအပြား ပိတ်ထားရတဲ့အတွက်လည်း စီးပွားရေးမှာ သိသိသာသာ အထိနာနေချိန်မှာ ကျားကန်ဖို့ လွှတ်တော်နဲ့ အစိုးရက ကြိုးပမ်းခဲ့တာလည်း ဖြစ်ပါတယ်။

ငွေသားအကူအညီပါ ပါဝင်မယ့် အစီအစဉ်နဲ့ ပတ်သက်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနမှာ အမှုထမ်းနေသူလည်းဖြစ်၊ အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေ နှစ်စဉ် ဝင်ငွေခွန်ပေးဆောင်ရာမှာ ဝန်ဆောင်မှုပေးနေသူလည်းဖြစ်တဲ့ ကိုမိုက်ကယ်လ်က အခုလို ရှင်းပြပါတယ်။

“လူတွေက ချက်ကို ဘယ်လိုရမလဲပေါ့ မေးကြတယ်။ အစိုးရက ဘယ်လိုပေးမလဲ၊ ဘယ်သူတွေကို ပေးမလဲဆိုရင် ဒီအမေရိကန်မှာရှိတဲ့ Social Security ရှိတဲ့သူတွေပေါ့၊ အထူးသဖြင့် Tax File အခွန်ဆောင်ထားတဲ့သူတွေပေါ့။ အထူးသဖြင့် ၂၀၁၈ နဲ့ ၂၀၁၉ မှာ အခွန်ဆောင်ထားတဲ့သူတွေပေါ့။ အဲဒီမှာ အခွန်ဆောင်ထားတယ်ဆိုရင် သူ့ရဲ့မှတ်တမ်းကနေ ကြည့်မှာပေါ့။ တကယ်လို့ ၂၀၁၉ အတွက် အခွန်မဆောင်ရသေးဘူးဆိုရင်လည်း ၂၀၁၈ အခွန်တွက်ထားတာကို ကြည့်မယ်။ အဲ့ဒီ့မှာ ဝင်ငွေကိုကြည့်မယ်။ တဦးတည်းဆိုရင်၇၅၀၀၀ အဲ့လောက်ဝင်ငွေဆိုရင် အစိုးရကပြောတယ် ၁၂၀၀ ပေးမယ်ပေါ့။ လက်ထပ်ထားတယ်ဆိုရင် တသိန်းငါးသောင်းဆိုရင် တယောက်ကို ၁၂၀၀ ပေးမယ်။ ပြီးတော့ ဝင်ငွေကို ဘယ်လိုကြည့်မလဲဆိုရင် ၂၀၁၈ အခွန်တွက်ထားတုန်းကဆို Tax Return ရဲ့ နံပါတ် ၇ ကို ကြည့်ပါ။ Adjusted Gross Income ဆိုတာရှိတယ်။ အဲဒါကို အစိုးရက ကြည့်လိမ့်မယ်။ ၂၀၁၉ ဆိုရင်တော့ နံပါတ် ၈ ပေါ့။ အဲ့မှာလည်း အေ ဘီ ခွဲထားပြီး Adjusted Gross Income ဆိုတာရှိတယ်။ အဲဒီမှာပြတဲ့ ဝင်ငွေပေါ်မှာ မူတည်ပါတယ်။ အဲဒါတွေကို ဘယ်လိုပေးမလဲဆိုတာက အဲဒီ အခွန်ဆောင်ထားတာကိုကြည့်မယ်ပေါ့။ အဲဒီမှာ ဘဏ်အကောင့်ကနေ ပေးထားတယ်ဆိုရင် တိုက်ရိုက် ငွေထည့်ပေးလိုက်မယ်။ ဘဏ်အကောင့်မရှိဘူးဆိုရင် အဲဒီ အခွန်ဆောင်ထားတဲ့ လိပ်စာအတိုင်း စာတိုက်ကနေ ချက်လက်မှတ်ပေးလိမ့်မယ်။ ဘယ်တော့ပေးမလဲဆိုရင် သီတင်းပတ်သုံးပတ်အတွင်းလို့ ပြောပါတယ်။”

ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် ရုံးမသွားရတော့ဘဲ နေအိမ်ကနေပဲ အလုပ်လုပ်နေရတဲ့ အစိုးရဝန်ထမ်းတဦးဖြစ်တဲ့ ဗာဂျီးနီးယားပြည်နယ်က ဒေါ်ဝါဝါနုကလည်း အမေရိကန်မှာ အခက်အခဲ ကြုံရတဲ့အချိန် အကူအညီပေးဖို့ ကြိုးပမ်းတဲ့ အစီအစဉ်ကို ကြိုဆိုကြောင်း ပြောပါတယ်။

“အန်တီကလည်း ရနိုင်တဲ့အခြေအနေ ရှိတာပေါ့လေ။ သူက တနှစ်ဝင်ငွေ ၇၅၀၀၀ ရှိတဲ့သူတွေကို ပေးမယ်လို့ သဘောတူထားတာပေါ့ သမ္မတကြီး Trump က။ အခုဆို အန်တီတို့တွေက တယ်လီဝေါ့ကင်းပေါ့၊ အိမ်ကနေ အလုပ်လုပ်နေကြရတယ်။ အခုက လူတိုင်းက အခက်အခဲတွေ ဖြစ်နေကြတယ်မဟုတ်လား။ အန်တီတို့ကတော့ ထားလိုက်တော့ လစာအပြည့်နဲ့ လုပ်နေကြရတာကိုး။ အခု ကုမ္ပဏီတွေ တော်တော်များများ ရပ်ကုန်တော့ အလုပ်တွေရပ်ပြီး ပိုက်ဆံတွေ မပေးနိုင်တော့ဘူး။ မြန်မာတွေ တော်တော်များများ ပါကုန်တယ်။ လက်ဆောင်ရောင်းတဲ့ ဆိုင်တွေမှာဆိုလည်း မြန်မာတွေရှိတယ်။ အများကြီး ထိခိုက်တယ်။ သူတို့လည်း အခွန်ဆောင်ထားတဲ့သူတွေဆိုတော့Stimulus Check ဝင်နိုင်တာပေါ့။ သူတို့လည်း ၁၂၀၀ လောက်ဆီ ရနိုင်တယ်။ ဧပြီလကုန် ရနိုင်တယ်။ အန်တီကတော့ သဘောကျတယ်။ ဝင်ငွေမရှိတော့မယ့် သူတွေအတွက် အများကြီး အထောက်အကူရစေတယ်။”

မြောက်ကယ်ရိုလိုင်းနားပြည်နယ် ချန်ပါဟေးလ်မြို့က ကိုအောင်သန်းကလည်း အခုလို အမေရိကန်အစိုးရအနေနဲ့ သူ့နိုင်ငံသားတွေအပေါ် အရေးပေါ်လိုအပ်လာချိန် နိုင်ငံသားတွေရဲ့ အခွင့်အရေးနဲ့အညီ ကူညီဆောင်ရွက်ပေးတဲ့ အစီအစဉ်ပေါ် ကြိုဆိုပြီး မိသားစုများတဲ့သူတွေ အရေးပေါ် ပေးဆောင်ရမယ့် ငွေကြေးတွေက ပြေလည်နိုင်မယ့်အရေး ဝမ်းသာမိတယ်လို့ ပြောပါတယ်။

“အတည်ပြုလိုက်တယ်ဆိုတဲ့ အဲဒီသတင်းကို ကြားလိုက်တော့ ကိုယ့်ရဲ့ အခက်အခဲတွေကို ဒီလိုရရှိလာမယ့် ထောက်ပံ့မှုကို အင်မတန်ကြိုဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတွေမှာ ဒီရောဂါကပ်ဆိုးကြီးကြောင့် အလုပ်တွေလည်း မသွားနိုင်ဘူး။ အဲဒီအတွက် လစဉ် ကျနော်တို့ပေးရမယ့် အိမ်ဖိုး ကားဖိုး မီးဖိုး ရေဖိုး စသဖြင့် ဘေလ်တွေပေးဖို့ရှိတော့ ဒီလိုရလာမယ့်အပေါ် နံပါတ်တစ် ကျေးဇူးလည်းတင်ပါတယ်။ ဝမ်းလည်းဝမ်းသာတယ်။ လက်ရှိ အမေရိကန်ရဲ့ အစိုးရကောင်း တရပ်ကိုလည်း အင်မတန် ကျေးဇူးလည်းတင်ပါတယ်။အောက်ခြေလူတန်းစားတွေအတွက် ဝင်ငွေရမှသာ ဒီပေးမန့်တွေကို ဖြေရှင်းနိုင်မှာလေ။”

အခုအခါ COVID-19 ရောဂါ ကူးစက်သူတွေ တွေ့ရှိထားကြောင်း အတည်ပြုထားတဲ့ မြန်မာနိုင်ငံမှာလည်း အလားတူ ပြည်သူလူထုအတွက် အထောက်အကူ ဖြစ်စေမယ့် အစီအစဉ်မျိုးတွေကို အစိုးရက အကောင်အထည် ဖော်စေချင်တယ်လို့လည်း ပြောပါတယ်။

“အဓိကကတော့ ကျနော်က မြန်မာနိုင်ငံသားဖြစ်ဖူးတော့ အခုလက်ရှိ ပြည်သူတင်မြှောက်ထားတဲ့ အစိုးရကို အကြံပြုချင်တယ်ပေါ့နော်။ ပြည်သူတွေရဲ့ အခက်အခဲကို တတ်နိုင်သလောက် ထောက်ပံ့မှုတွေ ပေးစေချင်တယ်။သူဘာလိုလဲ၊ အစားအသောက်လား၊ ငွေကြေးအထောက်အပံ့လား၊ ကူညီစေချင်တယ်။ ကျနော်ဆိုရင် အမေရိကန်နိုင်ငံသားဖြစ်တယ်။ အမေရိကန်နိုင်ငံက သူ့နိုင်ငံသားအပေါ်မှာ အစိုးရကောင်းတရပ်အနေနဲ့ တာဝန်ကျေတယ်ပေါ့နော်။ မြန်မာပြည်မှာလည်း ဒေသန္တရအမိန့်တွေ ထုတ်ပြန်ပြီး ရှိထားတဲ့ ဘတ်ဂျက်တွေထုတ်ပြီး လိုအပ်တဲ့ ဥပဒေဘောင်အတွင်းကနေကူညီပေးစေချင်ပါတယ်။”

ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၆ သိန်း ၇ သောင်းလောက် ရှိနေချိန်မှာ အမေရိကန်ပြည်ထောင်စုမှာလည်း ကူးစက်သူ ၁ သိန်း ၂ သောင်းကျော်နဲ့ သေဆုံးသူ ၂,၁၀၀ ကျော်အထိ ရှိနေကြောင်း John Hopkins တက္ကသိုလ်ရဲ့ တနင်္ဂနွေနေ့ အစောပိုင်းအထိ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။ နယူးယောက်ပြည်နယ် တခုတည်းမှာပဲ ကူးစက်ခံရသူ ၅ သောင်းကျော်နဲ့ သေဆုံးသူ ၇၀၀ ကျော်ထက်မနည်း ရှိနေတာကြောင့် အမေရိကန်မှာ အဆိုးဆုံံး ဒေသတခုလည်း ဖြစ်လာနေပါတယ်။

မဆုမြန္ / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/react-us-bill-covid-19/5350586.html
COVID-19 အကူအညီေပးေရး အစီအစဥ္ အေမရိကန္ေရာက္ ျမန္မာေတြ ႀကိဳဆုိ COVID-19 အကူအညီေပးေရး အစီအစဥ္ အေမရိကန္ေရာက္ ျမန္မာေတြ ႀကိဳဆုိ Reviewed by THITHTOOLWIN on 19:18 Rating: 5
Powered by Blogger.