ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ သုံးေသာင္းတစ္ေထာင္နီးပါးရွိလာ


(Zawgyi)⤵⤵⤵
ကမာၻတဝွမ္းမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရၿပီး ဒီေန႔ မတ္ ၂၉ ရက္ မနက္ ၁၁ နာရီအထိ ေသဆုံးသူ သုံးေသာင္းတစ္ေထာင္နီးပါး ရွိသြားၿပီလို႔ အေမရိကန္ျပည္ေထာင္စု Johns Hopkins တကၠသိုလ္ရဲ႕ ေလ့လာခ်က္မွာ ေဖာ္ျပထားပါတယ္။

ေသဆုံးသူ အမ်ားဆုံးဟာ အီတလီကျဖစ္ၿပီး လူေပါင္း တစ္ေသာင္းေက်ာ္ ေသဆုံးသြားၿပီလို႔ ဆိုပါတယ္။ ဒုတိယ အမ်ားဆုံးက စပိန္ျဖစ္ၿပီး လူေပါင္းေျခာက္ေထာင္နီးပါးရွိေနပါၿပီ။

ကမာၻတဝွမ္း ေရာဂါပိုး ကူးစက္ခံရသူေတြကလည္း ေျခာက္သိန္း ေျခာက္ေသာင္းေက်ာ္ ရွိသြားၿပီျဖစ္ပါတယ္။ ကူးစက္ခံရသူ အမ်ားဆုံးက အေမရိကန္ ျပည္ေထာင္စုကျဖစ္ၿပီး လူေပါင္း တစ္သိန္းႏွစ္ေသာင္းခြဲနီးပါး ရွိေနပါတယ္။ ဒုတိယအမ်ားဆုံးက အီတလီႏိုင္ငံျဖစ္ၿပီး ကူးစက္ခံရသူ ကိုးေသာင္းႏွစ္ေထာင္ေက်ာ္ ရွိပါတယ္။

ေရာဂါပိုးစတင္ပ်ံ႕ႏွံ႔ခဲ့တဲ့ တ႐ုတ္ႏိုင္ငံကေတာ့ ဗိုင္းရပ္စ္ကူးစက္ခံရသူ မရွိသေလာက္နည္းပါးသြားၿပီး ေရာဂါပိုးကူးစက္ခံထားရသူ ရွစ္ေသာင္းႏွစ္ေထာင္ေက်ာ္ထဲက ေသဆုံးသူ သုံးေထာင့္တစ္ရာေက်ာ္ ရွိပါတယ္။ ေရာဂါေပ်ာက္ကင္းသြားသူ ခုနစ္ေသာင္းခြဲေက်ာ္ ရွိသြားၿပီျဖစ္တာေၾကာင့္ လက္ရွိ ေရာဂါပိုး ကူးစက္ခံထားရသူ ေလးေထာင္ေလာက္သာ ရွိေတာ့ပါတယ္။

RFA Burmese
-------------------------------------------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ သုံးသောင်းတစ်ထောင်နီးပါးရှိလာ

 ကမ္ဘာတဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး ဒီနေ့ မတ် ၂၉ ရက် မနက် ၁၁ နာရီအထိ သေဆုံးသူ သုံးသောင်းတစ်ထောင်နီးပါး ရှိသွားပြီလို့ အမေရိကန်ပြည်ထောင်စု Johns Hopkins တက္ကသိုလ်ရဲ့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။

သေဆုံးသူ အများဆုံးဟာ အီတလီကဖြစ်ပြီး လူပေါင်း တစ်သောင်းကျော် သေဆုံးသွားပြီလို့ ဆိုပါတယ်။ ဒုတိယ အများဆုံးက စပိန်ဖြစ်ပြီး လူပေါင်းခြောက်ထောင်နီးပါးရှိနေပါပြီ။

ကမ္ဘာတဝှမ်း ရောဂါပိုး ကူးစက်ခံရသူတွေကလည်း ခြောက်သိန်း ခြောက်သောင်းကျော် ရှိသွားပြီဖြစ်ပါတယ်။ ကူးစက်ခံရသူ အများဆုံးက အမေရိကန် ပြည်ထောင်စုကဖြစ်ပြီး လူပေါင်း တစ်သိန်းနှစ်သောင်းခွဲနီးပါး ရှိနေပါတယ်။ ဒုတိယအများဆုံးက အီတလီနိုင်ငံဖြစ်ပြီး ကူးစက်ခံရသူ ကိုးသောင်းနှစ်ထောင်ကျော် ရှိပါတယ်။

ရောဂါပိုးစတင်ပျံ့နှံ့ခဲ့တဲ့ တရုတ်နိုင်ငံကတော့ ဗိုင်းရပ်စ်ကူးစက်ခံရသူ မရှိသလောက်နည်းပါးသွားပြီး ရောဂါပိုးကူးစက်ခံထားရသူ ရှစ်သောင်းနှစ်ထောင်ကျော်ထဲက သေဆုံးသူ သုံးထောင့်တစ်ရာကျော် ရှိပါတယ်။ ရောဂါပျောက်ကင်းသွားသူ ခုနစ်သောင်းခွဲကျော် ရှိသွားပြီဖြစ်တာကြောင့် လက်ရှိ ရောဂါပိုး ကူးစက်ခံထားရသူ လေးထောင်လောက်သာ ရှိတော့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ သုံးေသာင္းတစ္ေထာင္နီးပါးရွိလာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ သုံးေသာင္းတစ္ေထာင္နီးပါးရွိလာ Reviewed by THITHTOOLWIN on 19:18 Rating: 5
Powered by Blogger.