ျမန္မာႏုိင္ငံမွာ COVID-19 အတည္ျပဳလူနာအမ်ားစု က်န္းမာေရးေကာင္းမြန္


(Zawgyi)

ျမန္မာႏုိင္ငံမွာ COVID-19 ကူးစက္ခံထားရသူ စေနေန႔အထိ ၈ ဦးရွိထားၿပီး ဒီထဲက ၇ ဦးရဲ႕ က်န္းမာေရး အေျခအေနက တိုးတက္လာတယ္လို႔ အစိုးရက သတင္းထုတ္ပါတယ္။ စေနေန႔မွာေတာ့ ေစာင့္ၾကည့္လူနာ ၅၅ ဦး ရွိပါတယ္။

ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ခံ အတည္ျပဳ လူနာေတြကေတာ့ ခ်င္းျပည္နယ္ တီးတိန္မွာ တဦး၊ ရန္ကုန္ၿမိဳ႕ ေ၀ဘာဂီ အထူးကုေဆး႐ုံမွာ ၄ ဦး၊ မႏၱေလးၿမိဳ႕ ကန္ေတာ္နဒီ ေဆး႐ုံမွာ တဦး၊ ေနျပည္ေတာ္ ျပည္သူ႔ေဆး႐ုံႀကီးမွာ တဦး စုစုေပါင္း ၇ ဦးရဲ႕ အေျခအေနက သက္သာ ေကာင္းမြန္တယ္လို႔ အစိုးရက ေျပာဆိုထားပါတယ္။

က်န္တဲ့ COVID-19 ကူးစက္ခံ အတည္ျပဳလူနာ တဦးကိုေတာ့ ေ၀ဘာဂီ အထူးကု ေဆး႐ုံႀကီးရဲ႕ အထူးၾကပ္မတ္ခန္းမွာ သီးျခားထားၿပီး ကုသေပးေနေၾကာင္းလည္း က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာန ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။

ဒီ COVID-19 ကူးစက္ခံ လူနာ ၈ ဦးနဲ႔ အနီးကပ္ ထိေတြ႔ဆက္စပ္မႈ ရွိခဲ့သူေတြကို ေဖာ္ထုတ္ၿပီးလည္း အသြားအလာ တားျမစ္ ေစာင့္ၾကည့္ေနပါတယ္။

--------------------------------------

(Unicode)

မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာအများစု ကျန်းမာရေးကောင်းမွန်

မြန်မာနိုင်ငံမှာ COVID-19 ကူးစက်ခံထားရသူ စနေနေ့အထိ ၈ ဦးရှိထားပြီး ဒီထဲက ၇ ဦးရဲ့ ကျန်းမာရေး အခြေအနေက တိုးတက်လာတယ်လို့ အစိုးရက သတင်းထုတ်ပါတယ်။ စနေနေ့မှာတော့ စောင့်ကြည့်လူနာ ၅၅ ဦး ရှိပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ အတည်ပြု လူနာတွေကတော့ ချင်းပြည်နယ် တီးတိန်မှာ တဦး၊ ရန်ကုန်မြို့ ဝေဘာဂီ အထူးကုဆေးရုံမှာ ၄ ဦး၊ မန္တလေးမြို့ ကန်တော်နဒီ ဆေးရုံမှာ တဦး၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီးမှာ တဦး စုစုပေါင်း ၇ ဦးရဲ့ အခြေအနေက သက်သာ ကောင်းမွန်တယ်လို့ အစိုးရက ပြောဆိုထားပါတယ်။

ကျန်တဲ့ COVID-19 ကူးစက်ခံ အတည်ပြုလူနာ တဦးကိုတော့ ဝေဘာဂီ အထူးကု ဆေးရုံကြီးရဲ့ အထူးကြပ်မတ်ခန်းမှာ သီးခြားထားပြီး ကုသပေးနေကြောင်းလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီ COVID-19 ကူးစက်ခံ လူနာ ၈ ဦးနဲ့ အနီးကပ် ထိတွေ့ဆက်စပ်မှု ရှိခဲ့သူတွေကို ဖော်ထုတ်ပြီးလည်း အသွားအလာ တားမြစ် စောင့်ကြည့်နေပါတယ်။

VOA Burmese News
https://burmese.voanews.com/a/covid19-myanmar/5350153.html
ျမန္မာႏုိင္ငံမွာ COVID-19 အတည္ျပဳလူနာအမ်ားစု က်န္းမာေရးေကာင္းမြန္ ျမန္မာႏုိင္ငံမွာ COVID-19 အတည္ျပဳလူနာအမ်ားစု က်န္းမာေရးေကာင္းမြန္ Reviewed by THITHTOOLWIN on 19:10 Rating: 5
Powered by Blogger.