COVID-19 အတြက္ လိုအပ္တဲ့ပစၥည္းကိရိယာ လံုေလာက္ေၾကာင္း က်န္းမာေရးတာဝန္ရွိသူေျပာ

အပူခ်ိန္တိုင္းတာျခင္းခံယူေနသည့္ အမ်ိဳးသမီးတဦး (သတင္းဓာတ္ပံု - မတ္ ၂၅၊ ၂၀၂၀)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံတြင္း COVID-19 ေရာဂါကုသရာမွာ ကမာၻ႔က်န္းမာေရးအဖြဲ႔ရဲ႕ လမ္းၫႊန္ခ်က္ေတြအတိုင္း ေဆာင္႐ြက္ေနတယ္လို႔ တာ၀န္ရိွသူေတြက ေျပာပါတယ္္။ ျမန္မာႏိုင္ငံမွာျဖစ္ေနတဲ့အတိုင္းအတာနဲ႔ဆိုရင္ ဒီေရာဂါကုသေရးအတြက္ လိုအပ္တဲ့ပစၥည္း ကိရိယာေတြလည္း ျမန္မာႏိုင္ငံမွာ အလုံအေလာက္ရွိတယ္လို႔ က်န္းမာေရးဌာနတာဝန္ရွိသူက ေျပာပါတယ္။ အျပည့္အစုံကို ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္စုစုက ေျပာျပသြားမွာပါ။

☛COVID-19 အေရး လိုအပ္တဲ့ဝတ္စံုနဲ႔ ကိရိယာေတြ လူထု ပါဝင္လွဴဒါန္းတဲ့ အေၾကာင္းလဲ ဖတ္ႏို္င္ပါၿပီ။

ကို႐ိုနာဗိုင္းရပ္စ္ ဓာတ္ခြဲအတည္ျပဳလူနာ သုံးဦးျဖစ္တဲ့ ခ်င္းျပည္နယ္၊ တီးတိန္ျပည္သူ႔ ေဆး႐ုံက အသက္ ၃၆ႏွစ္အ႐ြယ္ အမ်ိဳးသားနဲ႔ ရန္ကုန္ၿမိဳ႕၊ ေဝဘာဂီအထူးကုေဆး႐ုံက အသက္ ၂၆ႏွစ္အ႐ြယ္ အမ်ိဳးသားႏွစ္ဦးရဲ႕ က်န္းမာေရးအေျခအေနဟာ ေကာင္းမြန္လ်က္ရွိတယ္လို႔ က်န္းမာေရးဌာန တာဝန္ရွိသူက ေျပာပါတယ္။

ဒီလူနာေတြကို ကုသရာမွာ WHO က ခ်မွတ္ထားတဲ့အတိုင္း ေဆာင္႐ြက္လ်က္ရွိၿပီး ကုသေရးအတြက္ လိုအပ္တဲ့ စက္ပစၥည္းကိရိယာ အစုံအလင္ရွိတယ္လို႔ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနက ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက ဗြီအိုေအကိုေျပာပါတယ္။

“Positive ျဖစ္တဲ့သူေတြကို မကုသခင္မွာ Treatment Counselling ယူပါတယ္။ သူတို႔ေတြမွာ ဒီလိုမ်ိဳး Positive ေတြ႕တယ္။ ဒါေၾကာင့္ကုသမႈေတြ ေပးမယ္။ ဒါနဲ႔ပတ္သက္ၿပီး ရွင္းျပတာေပါ့ေနာ္။ လက္ရွိကုသမႈေတြမွာလည္း WHO ရဲ႕ Guideline အတိုင္း ကုသေပးေနပါတယ္။ က်မတို႔တိုင္းျပည္မွာ လက္ရွိအခ်ိန္မွာဆိုရင္ အတည္ျပဳလူနာ သုံးဦးပဲ ရွိတယ္။ ဒီလူနာသုံးဦးကိုလည္း ကုသရာမွာ ေကာင္းေကာင္းလုပ္ႏိုင္တယ္။ လိုအပ္တဲ့ ပစၥည္းကိရိယာေတြရွိၿပီးသား။ အဲဒီေတာ့ က်မတို႔အတြက္ကေတာ့ ထိုက္သင့္သေလာက္ကေတာ့ ျပင္ဆင္ၿပီးသားျဖစ္ပါတယ္။”

ေလာေလာဆယ္မွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံထားရသူ သုံးဦးရွိေနေပမဲ့ ဒီအေျခအေနကေန ေနာက္ထပ္ျဖစ္ပြားသူ ရွိမလာႏိုင္ဖို႔အတြက္ ေရာဂါထိန္းခ်ဳပ္ကာကြယ္ေရးေတြကို အစိုးရဌာနခ်င္းေပါင္းစပ္ၿပီး ေဆာင္႐ြက္ေနတယ္လို႔လည္း သိရပါတယ္။ ေရာဂါပိုးရိွသူ သံုးဦးနဲ႔ ထိစပ္ခဲ့သူေတြကို ရွာေဖြေဖာ္ထုတ္ၿပီး သီးျခားခဲြေစာင့္ၾကည့္တာေတြ လုပ္ေနပါတယ္။

ဒီေရာဂါကာကြယ္ေရးအတြက္ ဖြဲ႕စည္းထားတဲ့ေကာ္မတီမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ကိုယ္တိုင္ ဦးေဆာင္ေနၿပီး အလႉရွင္ေတြဆီက လႉဒါန္းမႈေတြကိုလည္း လက္ခံၿပီး လိုအပ္တဲ့ေနရာေတြမွာ ခ်က္ခ်င္း ခ်မွတ္ေဆာင္႐ြက္ေပးေနတယ္လို႔လည္း ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ လက္ရိွအေျခအေနမွာ လံုေလာက္မႈရိွတယ္လို႔လည္း ဆိုပါတယ္။

“အခုဆိုရင္ ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ကိုယ္တိုင္ကလည္း အမ်ိဳးသားအဆင့္ ကာကြယ္ထိန္းခ်ဳပ္ကုသေရး ဗဟိုေကာ္မတီမွာ ကိုယ္တိုင္ႀကီးၾကပ္ၿပီးေတာ့ ပါဝင္ေဆာင္႐ြက္ေနတယ္။ လိုအပ္ရင္ လိုအပ္သေလာက္ ႏိုင္ငံေတာ္ရဲ႕ဘတ္ဂ်က္ကေန သုံးစြဲဖို႔အတြက္ ခ်မွတ္ထားတဲ့နည္းလမ္းေတြအတိုင္း သုံးစြဲလို႔ရပါတယ္။ လိုအပ္တာေတြ ပံ့ပိုးလ်က္ရွိပါတယ္။ အခုေလာေလာဆယ္ေတာ့ က်မတို႔ဆီမွာ အလႉရွင္ေတြက လႉတာေတြလည္း ရွိပါတယ္။ ထပ္သုံးဖို႔လိုအပ္ရင္ေတာ့ ႏိုင္ငံေတာ္ဘတ္ဂ်က္ကေန က်မတို႔ေတာင္းခံမွာ ျဖစ္ပါတယ္။”

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံထားရသူ သုံးဦးရဲ႕ ဓာတ္ခြဲနမူနာေတြကို ကမာၻ႔က်န္းမာေရးအဖြဲ႕ရဲ႕ရည္ၫႊန္းဓာတ္ခြဲခန္းဆီ ေပးပို႔ၿပီး ထပ္မံအတည္ျပဳခ်က္ရယူသြားဖို႔အတြက္ ေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။

အခုလို အဘက္ဘက္ကေန အရွိန္ျမႇင့္လုပ္ေဆာင္ေနခ်ိန္မွာ သတင္းအမွားေတြကို မယုံဖို႔နဲ႔ ဒီေရာဂါတိုက္ဖ်က္ရာမွာလည္း ျပည္သူေတြ ပူးေပါင္းပါဝင္ေပးဖို႔ကို ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

“အခုခ်ိန္မွာ သတင္းေတြက အမ်ိဳးစုံပါပဲ။ သတင္းေတြက ဘယ္ဟာက အမွန္လဲမသိႏိုင္ေလာက္ေအာင္ကို မ်ားလာတဲ့အခါမ်ိဳးမွာ ယုံၾကည္စိတ္ခ်ရတဲ့ ခိုင္မာတဲ့သတင္းရင္းျမစ္ကိုပဲယုံၾကည္ပါ။ သတင္းအမွားေတြကို မယုံပါနဲ႔၊ သတင္းအမွားေတြကို မရွဲလ္ပါနဲ႔။ ဒါေၾကာင့္ျပည္သူေတြအေနနဲ႔ ကိုယ့္ႏိုင္ငံေတာ္အစိုးရကို ယုံၾကည္ပါ။ အစိုးရကလုပ္ေဆာင္ေပးေနတဲ့ ကိစၥရပ္ေတြကို အျပည့္အဝပူးေပါင္း ပါဝင္ေဆာင္႐ြက္ၾကပါ။ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ COVID-19 ေရာဂါ ျဖစ္ပြားကူးစက္မႈေတြ နည္းႏိုင္သမွ်နည္းေအာင္ ကူညီပါဝင္ျခင္းအားျဖင့္ ကာကြယ္ႏိုင္တယ္ဆိုတာ ေျပာခ်င္ပါတယ္။”

ဒီကေန႔စာရင္းေတြအရ ႏိုင္ငံေပါင္း ၁၉၈ ႏိုင္ငံကို ကူးစက္ခဲ့ၿပီး လူေပါင္း ၄၈၀,၀၀၀ ေက်ာ္ကို ကူးစက္ခဲ့တာပါ။ စုစုေပါင္း ေသဆုံးသူကေတာ့ ၂၂,၀၀၀ ေက်ာ္ရွိခဲ့ေပမယ့္ ေရာဂါသက္သာလာသူ အေရအတြက္ဟာလည္း ၁၁၀,၀၀၀ ေက်ာ္ရွိေနၿပီ ျဖစ္ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ႀကိဳတင္ကာကြယ္တားဆီးေရးအတြက္ အစိုးရဝန္ထမ္းေတြအားလုံး ဒီကေန႔ကစၿပီး ေနအိမ္နဲ႔ ႐ုံးတလွည့္စီ ခြဲၿပီး အလုပ္လုပ္ၾကဖို႔အတြက္ ႏိုင္ငံေတာ္သမၼတ႐ုံးကလည္း ၫႊန္ၾကားထားပါတယ္။ ဝန္ထမ္းအင္အား ၅၀ ရာခိုင္ႏႈန္းကို ႐ုံးမွာတာဝန္ထမ္းေဆာင္ေစၿပီး၊ က်န္တဲ့ ၅၀ ရာခိုင္ႏႈန္းကေတာ့ ေနအိမ္ကေနတဆင့္ တာဝန္ထမ္းေဆာင္ေစဖို႔ကို ၫႊန္ၾကားထားတာပါ။


[Unicode Version]

COVID-19 အတွက် လိုအပ်တဲ့ပစ္စည်းကိရိယာ လုံလောက်ကြောင်း ကျန်းမာရေးတာဝန်ရှိသူပြော

မြန်မာနိုင်ငံတွင်း COVID-19 ရောဂါကုသရာမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ လမ်းညွှန်ချက်တွေအတိုင်း ဆောင်ရွက်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ မြန်မာနိုင်ငံမှာဖြစ်နေတဲ့အတိုင်းအတာနဲ့ဆိုရင် ဒီရောဂါကုသရေးအတွက် လိုအပ်တဲ့ပစ္စည်း ကိရိယာတွေလည်း မြန်မာနိုင်ငံမှာ အလုံအလောက်ရှိတယ်လို့ ကျန်းမာရေးဌာနတာဝန်ရှိသူက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက ပြောပြသွားမှာပါ။

☛COVID-19 အရေး လိုအပ်တဲ့ဝတ်စုံနဲ့ ကိရိယာတွေ လူထု ပါဝင်လှူဒါန်းတဲ့ အကြောင်းလဲ ဖတ်နိုင်ပါပြီ။

ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲအတည်ပြုလူနာ သုံးဦးဖြစ်တဲ့ ချင်းပြည်နယ်၊ တီးတိန်ပြည်သူ့ ဆေးရုံက အသက် ၃၆နှစ်အရွယ် အမျိုးသားနဲ့ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံက အသက် ၂၆နှစ်အရွယ် အမျိုးသားနှစ်ဦးရဲ့ ကျန်းမာရေးအခြေအနေဟာ ကောင်းမွန်လျက်ရှိတယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူက ပြောပါတယ်။

ဒီလူနာတွေကို ကုသရာမှာ WHO က ချမှတ်ထားတဲ့အတိုင်း ဆောင်ရွက်လျက်ရှိပြီး ကုသရေးအတွက် လိုအပ်တဲ့ စက်ပစ္စည်းကိရိယာ အစုံအလင်ရှိတယ်လို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဗွီအိုအေကိုပြောပါတယ်။

“Positive ဖြစ်တဲ့သူတွေကို မကုသခင်မှာ Treatment Counselling ယူပါတယ်။ သူတို့တွေမှာ ဒီလိုမျိုး Positive တွေ့တယ်။ ဒါကြောင့်ကုသမှုတွေ ပေးမယ်။ ဒါနဲ့ပတ်သက်ပြီး ရှင်းပြတာပေါ့နော်။ လက်ရှိကုသမှုတွေမှာလည်း WHO ရဲ့ Guideline အတိုင်း ကုသပေးနေပါတယ်။ ကျမတို့တိုင်းပြည်မှာ လက်ရှိအချိန်မှာဆိုရင် အတည်ပြုလူနာ သုံးဦးပဲ ရှိတယ်။ ဒီလူနာသုံးဦးကိုလည်း ကုသရာမှာ ကောင်းကောင်းလုပ်နိုင်တယ်။ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေရှိပြီးသား။ အဲဒီတော့ ကျမတို့အတွက်ကတော့ ထိုက်သင့်သလောက်ကတော့ ပြင်ဆင်ပြီးသားဖြစ်ပါတယ်။”

လောလောဆယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ သုံးဦးရှိနေပေမဲ့ ဒီအခြေအနေကနေ နောက်ထပ်ဖြစ်ပွားသူ ရှိမလာနိုင်ဖို့အတွက် ရောဂါထိန်းချုပ်ကာကွယ်ရေးတွေကို အစိုးရဌာနချင်းပေါင်းစပ်ပြီး ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။ ရောဂါပိုးရှိသူ သုံးဦးနဲ့ ထိစပ်ခဲ့သူတွေကို ရှာဖွေဖော်ထုတ်ပြီး သီးခြားခွဲစောင့်ကြည့်တာတွေ လုပ်နေပါတယ်။

ဒီရောဂါကာကွယ်ရေးအတွက် ဖွဲ့စည်းထားတဲ့ကော်မတီမှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင် ဦးဆောင်နေပြီး အလှူရှင်တွေဆီက လှူဒါန်းမှုတွေကိုလည်း လက်ခံပြီး လိုအပ်တဲ့နေရာတွေမှာ ချက်ချင်း ချမှတ်ဆောင်ရွက်ပေးနေတယ်လို့လည်း ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် လက်ရှိအခြေအနေမှာ လုံလောက်မှုရှိတယ်လို့လည်း ဆိုပါတယ်။

“အခုဆိုရင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင်ကလည်း အမျိုးသားအဆင့် ကာကွယ်ထိန်းချုပ်ကုသရေး ဗဟိုကော်မတီမှာ ကိုယ်တိုင်ကြီးကြပ်ပြီးတော့ ပါဝင်ဆောင်ရွက်နေတယ်။ လိုအပ်ရင် လိုအပ်သလောက် နိုင်ငံတော်ရဲ့ဘတ်ဂျက်ကနေ သုံးစွဲဖို့အတွက် ချမှတ်ထားတဲ့နည်းလမ်းတွေအတိုင်း သုံးစွဲလို့ရပါတယ်။ လိုအပ်တာတွေ ပံ့ပိုးလျက်ရှိပါတယ်။ အခုလောလောဆယ်တော့ ကျမတို့ဆီမှာ အလှူရှင်တွေက လှူတာတွေလည်း ရှိပါတယ်။ ထပ်သုံးဖို့လိုအပ်ရင်တော့ နိုင်ငံတော်ဘတ်ဂျက်ကနေ ကျမတို့တောင်းခံမှာ ဖြစ်ပါတယ်။”

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ သုံးဦးရဲ့ ဓာတ်ခွဲနမူနာတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ရည်ညွှန်းဓာတ်ခွဲခန်းဆီ ပေးပို့ပြီး ထပ်မံအတည်ပြုချက်ရယူသွားဖို့အတွက် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

အခုလို အဘက်ဘက်ကနေ အရှိန်မြှင့်လုပ်ဆောင်နေချိန်မှာ သတင်းအမှားတွေကို မယုံဖို့နဲ့ ဒီရောဂါတိုက်ဖျက်ရာမှာလည်း ပြည်သူတွေပူးပေါင်းပါဝင်ပေးဖို့ကို ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

“အခုချိန်မှာ သတင်းတွေက အမျိုးစုံပါပဲ။ သတင်းတွေက ဘယ်ဟာက အမှန်လဲမသိနိုင်လောက်အောင်ကို များလာတဲ့အခါမျိုးမှာ ယုံကြည်စိတ်ချရတဲ့ ခိုင်မာတဲ့သတင်းရင်းမြစ်ကိုပဲယုံကြည်ပါ။ သတင်းအမှားတွေကို မယုံပါနဲ့၊ သတင်းအမှားတွေကို မရှဲလ်ပါနဲ့။ ဒါကြောင့်ပြည်သူတွေအနေနဲ့ ကိုယ့်နိုင်ငံတော်အစိုးရကို ယုံကြည်ပါ။ အစိုးရကလုပ်ဆောင်ပေးနေတဲ့ ကိစ္စရပ်တွေကို အပြည့်အဝပူးပေါင်း ပါဝင်ဆောင်ရွက်ကြပါ။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ COVID-19 ရောဂါ ဖြစ်ပွားကူးစက်မှုတွေ နည်းနိုင်သမျှနည်းအောင် ကူညီပါဝင်ခြင်းအားဖြင့် ကာကွယ်နိုင်တယ်ဆိုတာ ပြောချင်ပါတယ်။”

ဒီကနေ့စာရင်းတွေအရ နိုင်ငံပေါင်း ၁၉၈ နိုင်ငံကို ကူးစက်ခဲ့ပြီး၊ လူပေါင်း ၄၈၀,၀၀၀ ကျော်ကို ကူးစက်ခဲ့တာပါ။ စုစုပေါင်း သေဆုံးသူကတော့ ၂၂,၀၀၀ ကျော်ရှိခဲ့ပေမယ့် ရောဂါသက်သာလာသူ အရေအတွက်ဟာလည်း ၁၁၀,၀၀၀ ကျော်ရှိနေပြီ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်တားဆီးရေးအတွက် အစိုးရဝန်ထမ်းတွေအားလုံး ဒီကနေ့ကစပြီး နေအိမ်နဲ့ ရုံးတလှည့်စီ ခွဲပြီး အလုပ်လုပ်ကြဖို့အတွက် နိုင်ငံတော်သမ္မတရုံးကလည်း ညွှန်ကြားထားပါတယ်။ ဝန်ထမ်းအင်အား ၅၀ ရာခိုင်နှုန်းကို ရုံးမှာတာဝန်ထမ်းဆောင်စေပြီး၊ ကျန်တဲ့ ၅၀ ရာခိုင်နှုန်းကတော့ နေအိမ်ကနေတဆင့် တာဝန်ထမ်းဆောင်စေဖို့ကို ညွှန်ကြားထားတာပါ။

စုစု/VOA (Burmese)
https://burmese.voanews.com
COVID-19 အတြက္ လိုအပ္တဲ့ပစၥည္းကိရိယာ လံုေလာက္ေၾကာင္း က်န္းမာေရးတာဝန္ရွိသူေျပာ COVID-19 အတြက္ လိုအပ္တဲ့ပစၥည္းကိရိယာ လံုေလာက္ေၾကာင္း က်န္းမာေရးတာဝန္ရွိသူေျပာ Reviewed by THITHTOOLWIN on 23:38 Rating: 5
Powered by Blogger.