COVID-19 အေရး လိုအပ္တဲ့ဝတ္စံုနဲ႔ ကိရိယာေတြ လူထု ပါဝင္လွဴဒါန္း

ရန္ကုန္ၿမိဳ႕မွာ Hand Sanitizers မ်ား လွဴဒါန္းေနတဲ့ ျပည္သူမ်ား (သတင္းဓာတ္ပံု - မတ္ ၂၅၊ ၂၀၂၀)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံၿမိဳ႕နယ္ တခ်ိဳ႕က ျပည္သူေတြဟာ COVID-19 ကုသေရးအတြက္ ေဆးရုံေတြမွာ လိုအပ္ေနတဲ့ ကူးစက္ေရာဂါကာကြယ္ေရး၀တ္စံုနဲ႔ အပူခ်ိန္တိုင္းကိရိယာေတြကို စုေပါင္းၿပီး လွဴဒါန္းေနၾကပါတယ္။ တခ်ိန္တည္းမွာပဲ တခ်ိဳ႕ ၿမိဳ႕နယ္ေတြမွာေတာ့ က်န္းမာေရးဌာန၊ အုပ္ခ်ဳပ္ေရးဌာနေတြနဲ႔ ပူးေပါင္းၿပီး COVID-19 ေရာဂါကာကြယ္ကုသေရးအတြက္ ေဆာင္ရြက္ေနတဲ့အေၾကာင္းကို တင္ျပသြားပါမယ္။ VOA သတင္းေထာက္ကိုမိုးေဇာ္ ရန္ကုန္ကေန သတင္းေပးပို႔ထားတာပါ။

စစ္ကိုင္းတိုင္းေဒသၾကီးခႏီၱးၿမိဳ႕က ၿမိဳ႕နယ္ျပည္သူ႔ေဆးရံုၾကီးမွာ အစိုးရက ကူးစက္ေရာဂါကာကြယ္ေရး PPE ၀တ္စံု ၁၅ စံုေလာက္သာ ရိွထားတဲ့အေျခအေနမွာ ေရာဂါျဖစ္ပြားလာရင္ လံုေလာက္မႈ မရိွ ႏိုင္တာေၾကာင့္ ေဒသခံေတြက စုေပါင္းၿပီး လႈဒါန္းခဲ့ၾကပါတယ္။ လက္ရိွ ျပည္သူေတြ စုေပါင္းလႈဒါန္းၾကတာကို ခႏၱီးၿမိဳ႕ခံတဦးျဖစ္တဲ့ ကိုေအာင္ဆန္းျမင့္က အခုလုိ ေျပာပါတယ္။

“အဓိကကေတာ့ ဆရာ၀န္သံုးေပါ့။ PPE ၀တ္စံုနဲ႔ သာမုိမီတာ အဖ်ားတိုင္းတဲ့ ဥစၥာေပါ့။ က်ေနာ္တုိ႔ PPE ၀တ္စံုက ၁၀၀ နီးပါးေတာ့ ရိွမယ္ဗ်။ သာမိုမီတာက အဖ်ားတိုင္းစက္ကေတာ့ ဒီကိုယ္ပူခ်ိန္တိုင္းတဲ့ဥစၥာက ၁၀လက္ ေလာက္ေတာ့ ရိွမယ္ဗ်။ အဲဒါေတြက အဓိက လိုအပ္တာေပါ့။ သူတုိ႔ကိုယ္တုိင္ ကာကြယ္ၿပီးမွ က်ေနာ္တုိ႔ ျပည္သူေတြကို က်န္းမာေရး ေစာင့္ေရွာက္ေပးမွာဆုိေတာ့ သူတုိ႔က အဓိက အခရာက်တယ္။ ဒါေတြကို လိုအပ္တယ္ဆုိတဲ့ ပံုစံမ်ိဳးနဲ႔ က်ေနာ္တို႔ လွဴရျခင္း ျဖစ္ပါတယ္ဗ်။”

စစ္ကိုင္းတိုင္းေဒသၾကီး ေကာလင္းၿမိဳ႕မွာလည္း အလားတူ စုေပါင္းလွဴဒါန္းတာေတြရိွေၾကာင္းနဲ႔ ပစၥည္း၀ယ္ယူရာမွာ အခက္အခဲေတြရိွေနေၾကာင္း ၿမိဳ႕ခံတဦးျဖစ္တဲ့ ဦးျပာေလာင္ က ေျပာပါတယ္။

“စုစုေပါင္း ပစၥည္းေရာက္ၿပီးသားက PPE ၁၀ ထည္နဲ႔ အနီေအာက္ေရာင္ျခည္သံုးတဲ႔ သာမိုမီတာက ၃လံုးပဲ ရိွမယ္။ က်န္တဲ့ ဥစၥာေတြက လွဴမယ္လို႔ စာရင္းေပးထားၾကေပမဲ့လည္း ပစၥည္းမွာရတာက လံုး၀အဆင္မေျပဘူးဆိုေတာ့ ပစၥည္းေရာက္ရိွမႈအေျခအေနက မရိွေသးဘူး။ အပူခ်ိန္တိုင္းတဲ့ဥစၥာ ေကာလင္းမွာတင္၀ယ္တာ အစတံုးက ၄၅,၀၀၀ ရေပမဲ့ အခု ၉၅,၀၀၀ လို႔ ေျပာေနတယ္။ ဒါေပမဲ့ ေစ်းသာရိွတာ ပစၥည္းရိွလားဆုိေတာ့ ပစၥည္းကလည္း မရိွဘူး။ ရန္ကုန္ေရာ၊ မႏၱေလးေရာ စံုေနေအာင္မွာတာပဲ။ ရမယ္ေျပာၿပီး မွာလုိက္ေပမဲ့လည္း မနက္ျဖန္ေရာက္ပါမယ္တုိ႔၊ ဗုဒၶဟူးေန႔ ေရာက္ပါမယ္တုိ႔ အဲလို ခ်ိန္းဆုိတာေတြနဲ႔ပဲ ေတြ႔ေတြ႔ေနရတယ္။”

ေကာလင္းၿမိဳ႕နယ္ ျပည္သူ႔ေဆးရံုနဲ႔ တိုက္နယ္ေဆးရံုေတြအတြက္ အဖ်ားတိုင္းသာမိုမီတာ၊ ေအာက္စီဂ်င္သံုး အသက္ရႈကိရိယာေတြ၊ မ်က္ႏွာဖံုးနဲ႔ လက္အိတ္က အစလိုအပ္မႈေတြရိွေနတာပါ။

ရွမ္းျပည္နယ္ေျမာက္ပိုင္းက သီေပါၿမိဳ႕မွာလည္း Quarantine သီးသန္႔ခဲြျခားထားသူေတြအတြက္ ေထာက္ပံ့တာေတြကို ျပည္သူေတြရဲ့ အလႈေငြနဲ႔ သံုးစဲြေနတယ္လို႔ သီေပါၿမိဳ႕နယ္ေဆးရံုအုပ္ၾကီး ေဒါက္တာနႏၵ၀င္းက ေျပာပါတယ္။

“သီးသန္႔လာလွဴထားတဲ့ အလွဴရွင္ေတြရဲ့ အလွဴငြနဲ႔ ဆရာတုိ႔က အခုဆုိရင္ Quarantine ပိတ္ခံထားရတဲ့အိမ္ေတြကို တအိမ္ကို ၄,၅၀၀၀ ဖိုးေပါ့ေနာ္။ ဆန္၊ဆီ၊ဆား၊ ျငဳပ္၊ ၾကက္သြန္၊ အာလူး၊ ၾကက္ဥ၊ ေခါက္ဆဲြေျခာက္ေပါ့ အဲဒါဆုိရင္ အဲဒီ ၁၄ ရက္စာ ၄၅,၀၀ က်တယ္။ဒီေန႔ဆုိရင္လည္း ကြယ္လြန္သြားတဲ့ ဆရာ့အကိုလုိေနတဲ့ အုတ္တြင္းက ၿမိဳ႕နယ္ဆရာ၀န္ေဒါက္တာၾကည္ဆန္းထက္ကို ရည္စူးၿပီး သူ႔ညီမေတြက အဲလိုအိမ္ေတြအတြက္ကို ၁၁အိမ္စာလွဴတယ္ေပါ့ ၅၀၀,၀၀၀ ေပါ့။”

သီေပါၿမိဳ႕မွာ တရုတ္နဲ႔ ထုိင္းက ျပန္လာသူ ၁၀၀ ေလာက္ကို သီးျခားေနထုိင္ဖုိ႔ အတြက္လည္း Shelter Housing အေဆာက္အဦး ေလးလံုးျပင္ဆင္ထားသလို ေရာဂါကူးစက္မႈျပင္းထန္လာရင္ အသက္အရြယ္ၾကီးရင္သူ၊ နာမက်န္းသူနဲ႔ ကိုယ္ခံအားနည္းသူ ၁၀၀ေက်ာ္ကို သီးျခားေနထိုင္ေစဖုိ႔အတြက္လည္း ေဒသခံအလႈရွင္၊ က်န္းမာေရးဌာနနဲ႔ အုပ္ခ်ဳပ္ေရးအဖဲြ႔ေတြ ပူးေပါင္းစီစဥ္ထားေၾကာင္း ေျပာပါတယ္။

ႏိုင္ငံေတာ္အတုိင္ပင္ခံ ပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က COVID-19 ကူးစက္လူနာေတြ႔ရိွၿပီးေနာက္ ေျပာၾကားတဲ့ မိန္႔ခြန္းမွာ ေရာဂါကာကြယ္၊ ကုသ၊ ထိန္းခ်ဳပ္ေရးအတြက္ ရန္ပံုေငြ တရပ္ထူေထာင္သြားမွာျဖစ္ေၾကာင္းနဲ႔ ျပည္သူေတြအေနနဲ႔ ပါ၀င္လွဴဒါန္းၾကဖို႔ကို တုိက္တြန္းထားပါတယ္။

[Unicode Version]

COVID-19 အရေး လိုအပ်တဲ့ဝတ်စုံနဲ့ ကိရိယာတွေ လူထု ပါဝင်လှူဒါန်း

မြန်မာနိုင်ငံမြို့နယ် တချို့က ပြည်သူတွေဟာ COVID-19 ကုသရေးအတွက် ဆေးရုံတွေမှာ လိုအပ်နေတဲ့ ကူးစက်ရောဂါကာကွယ်ရေးဝတ်စုံနဲ့ အပူချိန်တိုင်းကိရိယာတွေကို စုပေါင်းပြီး လှူဒါန်းနေကြပါတယ်။ တချိန်တည်းမှာပဲ တချို့ မြို့နယ်တွေမှာတော့ ကျန်းမာရေးဌာန၊ အုပ်ချုပ်ရေးဌာနတွေနဲ့ ပူးပေါင်းပြီး COVID-19 ရောဂါကာကွယ်ကုသရေးအတွက် ဆောင်ရွက်နေတဲ့အကြောင်းကို တင်ပြသွားပါမယ်။ VOA သတင်းထောက်ကိုမိုးဇော် ရန်ကုန်ကနေ သတင်းပေးပို့ထားတာပါ။

စစ်ကိုင်းတိုင်းဒေသကြီးခန္တီးမြို့က မြို့နယ်ပြည်သူ့ဆေးရုံကြီးမှာ အစိုးရက ကူးစက်ရောဂါကာကွယ်ရေး PPE ဝတ်စုံ ၁၅ စုံလောက်သာ ရှိထားတဲ့အခြေအနေမှာ ရောဂါဖြစ်ပွားလာရင် လုံလောက်မှု မရှိ နိုင်တာကြောင့် ဒေသခံတွေက စုပေါင်းပြီး လှုဒါန်းခဲ့ကြပါတယ်။ လက်ရှိ ပြည်သူတွေ စုပေါင်းလှုဒါန်းကြတာကို ခန္တီးမြို့ခံတဦးဖြစ်တဲ့ ကိုအောင်ဆန်းမြင့်က အခုလို ပြောပါတယ်။

“အဓိကကတော့ ဆရာဝန်သုံးပေါ့။ PPE ဝတ်စုံနဲ့ သာမိုမီတာ အဖျားတိုင်းတဲ့ ဥစ္စာပေါ့။ ကျနော်တို့ PPE ဝတ်စုံက ၁၀၀ နီးပါးတော့ ရှိမယ်ဗျ။ သာမိုမီတာက အဖျားတိုင်းစက်ကတော့ ဒီကိုယ်ပူချိန်တိုင်းတဲ့ဥစ္စာက ၁၀လက် လောက်တော့ ရှိမယ်ဗျ။ အဲဒါတွေက အဓိက လိုအပ်တာပေါ့။ သူတို့ကိုယ်တိုင် ကာကွယ်ပြီးမှ ကျနော်တို့ ပြည်သူတွေကို ကျန်းမာရေး စောင့်ရှောက်ပေးမှာဆိုတော့ သူတို့က အဓိက အခရာကျတယ်။ ဒါတွေကို လိုအပ်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ကျနော်တို့ လှူရခြင်း ဖြစ်ပါတယ်ဗျ။”

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့မှာလည်း အလားတူ စုပေါင်းလှူဒါန်းတာတွေရှိကြောင်းနဲ့ ပစ္စည်းဝယ်ယူရာမှာ အခက်အခဲတွေရှိနေကြောင်း မြို့ခံတဦးဖြစ်တဲ့ ဦးပြာလောင် က ပြောပါတယ်။

“စုစုပေါင်း ပစ္စည်းရောက်ပြီးသားက PPE ၁၀ ထည်နဲ့ အနီအောက်ရောင်ခြည်သုံးတဲ့ သာမိုမီတာက ၃လုံးပဲ ရှိမယ်။ ကျန်တဲ့ ဥစ္စာတွေက လှူမယ်လို့ စာရင်းပေးထားကြပေမဲ့လည်း ပစ္စည်းမှာရတာက လုံးဝအဆင်မပြေဘူးဆိုတော့ ပစ္စည်းရောက်ရှိမှုအခြေအနေက မရှိသေးဘူး။ အပူချိန်တိုင်းတဲ့ဥစ္စာ ကောလင်းမှာတင်ဝယ်တာ အစတုံးက ၄၅,၀၀၀ ရပေမဲ့ အခု ၉၅,၀၀၀ လို့ ပြောနေတယ်။ ဒါပေမဲ့ ဈေးသာရှိတာ ပစ္စည်းရှိလားဆိုတော့ ပစ္စည်းကလည်း မရှိဘူး။ ရန်ကုန်ရော၊ မန္တလေးရော စုံနေအောင်မှာတာပဲ။ ရမယ်ပြောပြီး မှာလိုက်ပေမဲ့လည်း မနက်ဖြန်ရောက်ပါမယ်တို့၊ ဗုဒ္ဓဟူးနေ့ ရောက်ပါမယ်တို့ အဲလို ချိန်းဆိုတာတွေနဲ့ပဲ တွေ့တွေ့နေရတယ်။”

ကောလင်းမြို့နယ် ပြည်သူ့ဆေးရုံနဲ့ တိုက်နယ်ဆေးရုံတွေအတွက် အဖျားတိုင်းသာမိုမီတာ၊ အောက်စီဂျင်သုံး အသက်ရှုကိရိယာတွေ၊ မျက်နှာဖုံးနဲ့ လက်အိတ်က အစလိုအပ်မှုတွေရှိနေတာပါ။

ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါမြို့မှာလည်း Quarantine သီးသန့်ခွဲခြားထားသူတွေအတွက် ထောက်ပံ့တာတွေကို ပြည်သူတွေရဲ့ အလှုငွေနဲ့ သုံးစွဲနေတယ်လို့ သီပေါမြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာနန္ဒဝင်းက ပြောပါတယ်။

“သီးသန့်လာလှူထားတဲ့ အလှူရှင်တွေရဲ့ အလှုငွေနဲ့ ဆရာတို့က အခုဆိုရင် Quarantine ပိတ်ခံထားရတဲ့အိမ်တွေကို တအိမ်ကို ၄,၅၀၀၀ ဖိုးပေါ့နော်။ ဆန်၊ဆီ၊ဆား၊ ငြုပ်၊ ကြက်သွန်၊ အာလူး၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်ပေါ့ အဲဒါဆိုရင် အဲဒီ ၁၄ ရက်စာ ၄၅,၀၀ ကျတယ်။ဒီနေ့ဆိုရင်လည်း ကွယ်လွန်သွားတဲ့ ဆရာ့အကိုလိုနေတဲ့ အုတ်တွင်းက မြို့နယ်ဆရာဝန်ဒေါက်တာကြည်ဆန်းထက်ကို ရည်စူးပြီး သူ့ညီမတွေက အဲလိုအိမ်တွေအတွက်ကို ၁၁အိမ်စာလှူတယ်ပေါ့ ၅၀၀,၀၀၀ ပေါ့။”

သီပေါမြို့မှာ တရုတ်နဲ့ ထိုင်းက ပြန်လာသူ ၁၀၀ လောက်ကို သီးခြားနေထိုင်ဖို့ အတွက်လည်း Shelter Housing အဆောက်အဦး လေးလုံးပြင်ဆင်ထားသလို ရောဂါကူးစက်မှုပြင်းထန်လာရင် အသက်အရွယ်ကြီးရင်သူ၊ နာမကျန်းသူနဲ့ ကိုယ်ခံအားနည်းသူ ၁၀၀ကျော်ကို သီးခြားနေထိုင်စေဖို့အတွက်လည်း ဒေသခံအလှုရှင်၊ ကျန်းမာရေးဌာနနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ ပူးပေါင်းစီစဉ်ထားကြောင်း ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က COVID-19 ကူးစက်လူနာတွေ့ရှိပြီးနောက် ပြောကြားတဲ့ မိန့်ခွန်းမှာ ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးအတွက် ရန်ပုံငွေ တရပ်ထူထောင်သွားမှာဖြစ်ကြောင်းနဲ့ ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းကြဖို့ကို တိုက်တွန်းထားပါတယ်။

 မုိးေဇာ္/VOA (Burmese)
https://burmese.voanews.com
COVID-19 အေရး လိုအပ္တဲ့ဝတ္စံုနဲ႔ ကိရိယာေတြ လူထု ပါဝင္လွဴဒါန္း COVID-19 အေရး လိုအပ္တဲ့ဝတ္စံုနဲ႔ ကိရိယာေတြ လူထု ပါဝင္လွဴဒါန္း Reviewed by THITHTOOLWIN on 23:36 Rating: 5
Powered by Blogger.