ကို႐ိုနာဗိုင္းရပ္စ္-အေမရိကန္မွာ ကိုဗစ္ကူးစက္သူ တစ္ရက္တည္း တစ္ေထာင္ေက်ာ္ရွိ

ႏိုင္ငံတြင္းကူးစက္ျဖစ္ပြားမႈႏႈန္းမ်ားလာတဲ့အတြက္ ဗိုင္းရပ္စ္ေနာက္ထပ္ဗဟိုခ်က္မတစ္ခုျဖစ္လာႏိုင္တယ္
(Zawgyi)⤵⤵⤵

ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္း ကိုဗစ္၁၉ ေရာဂါကူးစက္သူစုစုေပါင္းရဲ႕ သုံးပုံတစ္ပုံဟာ ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO ကေျပာပါတယ္။

WHO ရဲ႕ ေျပာခြင့္ရ မစၥမာဂရက္ဟားရစ္စ္က အေမရိကန္မွာ ႏိုင္ငံအတြင္း ဗိုင္းရပ္စ္ကူးစက္မႈႏႈန္းမ်ားလာတဲ့အတြက္ ကပ္ေရာဂါရဲ႕ ေနာက္ထပ္ ဗဟိုခ်က္မျဖစ္လာႏိုင္တယ္လို႔ သတင္းေထာက္ေတြကိုေျပာခဲ့တာပါ။

အေမရိကန္ျပည္ေထာင္စုမွာ မတ္လ ၂၅ ရက္တစ္ရက္တည္းမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးက္သူ တစ္ေထာင္ေက်ာ္ ရွိခဲ့ပါတယ္။

အခုဆို အေမရိကန္ဟာ ကူးစက္သူေပါင္း ၆၆,၀၀၀ ေက်ာ္ရွိၿပီး ေသဆုံးသူက တစ္ေထာင္ေက်ာ္သြားပါၿပီ။

ဗိုင္းရပ္စ္ စျပန္ခဲ့တဲ့ တ႐ုတ္ႏိုင္ငံ၊ ဟူေပျပည္နယ္မွာေတာ့ ကိုဗစ္ကူးစက္သူအသစ္ ထပ္မရွိေတာ့တာ ေတြ႕ရပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကိုဗစ္၁၉ ဟာ တ႐ုတ္ႏိုင္ငံ၊ ဟူေပျပည္နယ္၊ ဝူဟန္ၿမိဳ႕မွာ ၿပီးခဲ့တဲ့ႏွစ္ကုန္ပိုင္းကေန စတင္ျဖစ္ပြားခဲ့တာျဖစ္ၿပီး ဗိုင္းရပ္စ္ရဲ႕ ဗဟိုခ်က္မ ျဖစ္ခဲ့ပါတယ္။

အဲဒီေနာက္ ေလးလခန႔္အၾကာမွာ ေသဆုံးကူးစက္မႈႏႈန္းေလ်ာ့က်ခဲ့သလို အခုဆို ဟူေပျပည္နယ္မွာ လမ္းပန္းဆက္သြယ္ေရးနဲ႔ သယ္ယူပို႔ေဆာင္ေရး လုပ္ငန္းေတြျပန္လည္ပတ္ေနပါၿပီ။

အဲဒီေနာက္ ဗိုင္းရပ္စ္ ဗဟိုခ်က္မအျဖစ္ ဥေရာပက အီတလီႏိုင္ငံျဖစ္လာခဲ့ၿပီး ေသဆုံးႏႈန္းက တ႐ုတ္ကို ေက်ာ္လြန္သြားခဲ့ပါတယ္။ အခုဆို ဒီဗိုင္းရပ္စ္နဲ႔ ေသဆုံးမႈအမ်ားဆုံးျဖစ္ၿပီး သူ႔ေနာက္မွာ စပိန္ႏိုင္ငံ ရွိေနပါတယ္။

အေမရိကန္မွာလည္း ႏိုင္ငံတြင္းကူးစက္ျဖစ္ပြားမႈႏႈန္းမ်ားလာတဲ့အတြက္ ဗိုင္းရပ္စ္ေနာက္ထပ္ဗဟိုခ်က္မတစ္ခုျဖစ္လာႏိုင္တယ္လို႔ WHO က သတိေပးေနတာျဖစ္ပါတယ္။

 ဗိုင္းရပ္စ္မျဖန႔္ဖို႔ သတိေပးဆိုင္းဘုတ္ေတြလည္း အေမရိကန္တစ္လႊား ျမင္ေတြ႕ေနရပါၿပီ။

အဲဒီလိုသတိေပးမႈမတိုင္ခင္မွာလည္း နယူးေယာက္မွာ ဒီဗိုင္းရပ္စ္ ကာကြယ္ေရးအတြက္ ေဆးနဲ႔ေဆးပစၥည္းေတြ ကိရိယာေတြ မလုံေလာက္ေတာ့ဘူးလို႔ အာဏာပိုင္ေတြက ေျပာခဲ့ပါတယ္။

ၿဗိတိန္မွာေတာ့ ဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၄၆၃ ဦး ရွိသြားပါၿပီ။

အေမရိကန္ျပည္ေထာင္စု ဂြၽန္စ္ေဟာ့ပ္စ္ကင္းတကၠသိုလ္ရဲ႕ သုေတသနျပဳခ်က္အရ

ကိုဗစ္၁၉ ဗိုင္းရပ္စ္ဒဏ္ အဆိုးဆုံးခံေနရတဲ့ ႏိုင္ငံေတြရဲ႕ ေသဆုံးကူးစက္မႈႏႈန္းကို ေအာက္ပါအတိုင္းေတြ႕ရပါတယ္။

တ႐ုတ္က ကူးစက်သူေပါင္း ၈၁,၀၀၀ ေက်ာ္၊ ေသသူ ၃,၂၀၀ ေက်ာ္နဲ႔ ျပန္ေကာင္းလာသူက ၇၃,၀၀၀ ေက်ာ္ျဖစ္ပါတယ္။

အီတလီက ကူးစက္သူေပါင္း ၇၄,၀၀၀ ေက်ာ္၊ ေသဆုံးသူ ၇,၅၀၀ ေက်ာ္နဲ႔ ျပန္ေနေကာင္းလာသူက ၉,၃၆၂ ဦးပါ။

အေမရိကန္ကေတာ့ ကူးစက္သူေပါင္း ၆၆,၀၀၀ ေက်ာ္၊ ေသဆုံးသူ ၁,၀၀၀ ေက်ာ္နဲ႔ ျပန္ေနေကာင္းလာသူ ၆၀၀ ေက်ာ္ရွိေနပါတယ္။

တစ္ေယာက္နဲ႔တစ္ေယာက္ သုံးေပခြာ တန္းစီၿပီး ေဈးဝယ္ဖို႔ ေစာင့္ဆိုင္းေနၾကတာပါ
စပိန္က ကူးစက္သူေပါင္း ငါးေသာင္းနီးပါး၊ ေသဆုံးသူ ၃,၆၀၀ ေက်ာ္နဲ႔ ျပန္ေနေကာင္းလာသူ ၅,၃၀၀ ေက်ာ္ရွိပါတယ္။

ဂ်ာမနီမွာ ကူးစက္သူေပါင္း ၃၇,၀၀၀ ေက်ာ္၊ ေသဆုံးသူ ၂၀၀ ေက်ာ္နဲ႔ ျပန္ေနေကာင္းလာသူက ၃,၅၀၀ ေက်ာ္ရွိေနပါတယ္။

အီရန္မွာေတာ့ ကူးစက္သူေပါင္း ၂၇,၀၀၀ ေက်ာ္၊ ေသဆုံးသူ ၂,၀၀၀ ေက်ာ္နဲ႔ ျပန္ေနေကာင္းလာသူ တစ္ေသာင္းနီးပါးရွိေနပါတယ္။

ျပင္သစ္မွာ ကူးစက္သူေပါင္း ၂၅,၀၀၀ ေက်ာ္၊ ေသဆုံးသူ ၁,၃၀၀ ေက်ာ္နဲ႔ ျပန္ေနေကာင္းလာသူက ေလးေထာင္နီးပါးျဖစ္ပါတယ္။

ဆြစ္ဇာလန္ကေတာ့ ကူးစက္သူေပါင္း ၁၀,၀၀၀ ေက်ာ္၊ ေသဆုံးသူ ၁၅၀ ေက်ာ္နဲ႔ ျပန္ေနေကာင္းလာသူက ၁၃၁ ဦးပါ။

ၿဗိတိန္မွာေတာ့ ကူးစက္သူေပါင္း ၉,၆၀၀ ေက်ာ္၊ ေသဆုံးသူ ၄၀၀ ေက်ာ္နဲ႔ ျပန္ေကာင္းလာသူ ၁၀၀ ေက်ာ္ရွိေနပါတယ္။

အဲဒီအထက္ပါႏိုင္ငံေတြအပါအဝင္ ကမာၻ႔ႏိုင္ငံအားလုံးက လာသူေတြအားလုံးကို ျမန္မာက မတ္လ ၂၅ ရက္ကစလို႔ ျပည္ဝင္ခြင့္ကန႔္သတ္လိုက္ပါတယ္။ ခရီးသြားအားလုံး ျမန္မာမွာ ၂ပတ္ၾကာ သီးသန႔္ေစာင့္ၾကည့္မႈခံယူရမွာျဖစ္ၿပီး ႏိုင္ငံျခားသားေတြဟာ ၿပီးဲ့တဲ့ ၇၂ နာရီအတြင္း ကိုဗစ္ကင္းရွင္းေၾကာင္း က်န္းမာေရးေထာက္ခံစာကိုပါ ျပဖို႔လိုအပ္ပါတယ္။

ျမန္မာမွာ ကိုဗစ္၁၉ ကူးစက္ခံရသူ မတ္လ ၂၆ ရက္မနက္ပိုင္းထိ သုံးဦးရွိထားၿပီး သုံးဦးလုံးရဲ႕က်န္းမာေရးအေျခအေန ေကာင္းမြန္တယ္လို႔ အစိုးရက ေျပာၾကားထားပါတယ္။

BBC Burmese
https://www.bbc.com
---------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ်-အမေရိကန်မှာ ကိုဗစ်ကူးစက်သူ တစ်ရက်တည်း တစ်ထောင်ကျော်ရှိ

ဓာတ်ပုံ မူပိုင် Newsday LLC
Image caption နိုင်ငံတွင်းကူးစက်ဖြစ်ပွားမှုနှုန်းများလာတဲ့အတွက် ဗိုင်းရပ်စ်နောက်ထပ်ဗဟိုချက်မတစ်ခုဖြစ်လာနိုင်တယ်

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကိုဗစ်၁၉ ရောဂါကူးစက်သူစုစုပေါင်းရဲ့ သုံးပုံတစ်ပုံဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကပြောပါတယ်။

WHO ရဲ့ ပြောခွင့်ရ မစ္စမာဂရက်ဟားရစ်စ်က အမေရိကန်မှာ နိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်မှုနှုန်းများလာတဲ့အတွက် ကပ်ရောဂါရဲ့ နောက်ထပ် ဗဟိုချက်မဖြစ်လာနိုင်တယ်လို့ သတင်းထောက်တွေကိုပြောခဲ့တာပါ။

အမေရိကန်ပြည်ထောင်စုမှာ မတ်လ ၂၅ ရက်တစ်ရက်တည်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးက်သူ တစ်ထောင်ကျော် ရှိခဲ့ပါတယ်။

အခုဆို အမေရိကန်ဟာ ကူးစက်သူပေါင်း ၆၆,၀၀၀ ကျော်ရှိပြီး သေဆုံးသူက တစ်ထောင်ကျော်သွားပါပြီ။

ဗိုင်းရပ်စ် စပြန်ခဲ့တဲ့ တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်မှာတော့ ကိုဗစ်ကူးစက်သူအသစ် ထပ်မရှိတော့တာ တွေ့ရပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်၁၉ ဟာ တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့မှာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကနေ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ဗိုင်းရပ်စ်ရဲ့ ဗဟိုချက်မ ဖြစ်ခဲ့ပါတယ်။

အဲဒီနောက် လေးလခန့်အကြာမှာ သေဆုံးကူးစက်မှုနှုန်းလျော့ကျခဲ့သလို အခုဆို ဟူပေပြည်နယ်မှာ လမ်းပန်းဆက်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေပြန်လည်ပတ်နေပါပြီ။

အဲဒီနောက် ဗိုင်းရပ်စ် ဗဟိုချက်မအဖြစ် ဥရောပက အီတလီနိုင်ငံဖြစ်လာခဲ့ပြီး သေဆုံးနှုန်းက တရုတ်ကို ကျော်လွန်သွားခဲ့ပါတယ်။ အခုဆို ဒီဗိုင်းရပ်စ်နဲ့ သေဆုံးမှုအများဆုံးဖြစ်ပြီး သူ့နောက်မှာ စပိန်နိုင်ငံ ရှိနေပါတယ်။

အမေရိကန်မှာလည်း နိုင်ငံတွင်းကူးစက်ဖြစ်ပွားမှုနှုန်းများလာတဲ့အတွက် ဗိုင်းရပ်စ်နောက်ထပ်ဗဟိုချက်မတစ်ခုဖြစ်လာနိုင်တယ်လို့ WHO က သတိပေးနေတာဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် Joe Raedle
Image caption ဗိုင်းရပ်စ်မဖြန့်ဖို့ သတိပေးဆိုင်းဘုတ်တွေလည်း အမေရိကန်တစ်လွှား မြင်တွေ့နေရပါပြီ။

အဲဒီလိုသတိပေးမှုမတိုင်ခင်မှာလည်း နယူးယောက်မှာ ဒီဗိုင်းရပ်စ် ကာကွယ်ရေးအတွက် ဆေးနဲ့ဆေးပစ္စည်းတွေ ကိရိယာတွေ မလုံလောက်တော့ဘူးလို့ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။

ဗြိတိန်မှာတော့ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄၆၃ ဦး ရှိသွားပါပြီ။

အမေရိကန်ပြည်ထောင်စု ဂျွန်စ်ဟော့ပ်စ်ကင်းတက္ကသိုလ်ရဲ့ သုတေသနပြုချက်အရ

ကိုဗစ်၁၉ ဗိုင်းရပ်စ်ဒဏ် အဆိုးဆုံးခံနေရတဲ့ နိုင်ငံတွေရဲ့ သေဆုံးကူးစက်မှုနှုန်းကို အောက်ပါအတိုင်းတွေ့ရပါတယ်။

တရုတ်က ကူးစကျသူပေါင်း ၈၁,၀၀၀ ကျော်၊ သေသူ ၃,၂၀၀ ကျော်နဲ့ ပြန်ကောင်းလာသူက ၇၃,၀၀၀ ကျော်ဖြစ်ပါတယ်။

အီတလီက ကူးစက်သူပေါင်း ၇၄,၀၀၀ ကျော်၊ သေဆုံးသူ ၇,၅၀၀ ကျော်နဲ့ ပြန်နေကောင်းလာသူက ၉,၃၆၂ ဦးပါ။

အမေရိကန်ကတော့ ကူးစက်သူပေါင်း ၆၆,၀၀၀ ကျော်၊ သေဆုံးသူ ၁,၀၀၀ ကျော်နဲ့ ပြန်နေကောင်းလာသူ ၆၀၀ ကျော်ရှိနေပါတယ်။
ဓာတ်ပုံ မူပိုင် Mario Tama
Image caption တစ်ယောက်နဲ့တစ်ယောက် သုံးပေခွာ တန်းစီပြီး ဈေးဝယ်ဖို့ စောင့်ဆိုင်းနေကြတာပါ

စပိန်က ကူးစက်သူပေါင်း ငါးသောင်းနီးပါး၊ သေဆုံးသူ ၃,၆၀၀ ကျော်နဲ့ ပြန်နေကောင်းလာသူ ၅,၃၀၀ ကျော်ရှိပါတယ်။

ဂျာမနီမှာ ကူးစက်သူပေါင်း ၃၇,၀၀၀ ကျော်၊ သေဆုံးသူ ၂၀၀ ကျော်နဲ့ ပြန်နေကောင်းလာသူက ၃,၅၀၀ ကျော်ရှိနေပါတယ်။

အီရန်မှာတော့ ကူးစက်သူပေါင်း ၂၇,၀၀၀ ကျော်၊ သေဆုံးသူ ၂,၀၀၀ ကျော်နဲ့ ပြန်နေကောင်းလာသူ တစ်သောင်းနီးပါးရှိနေပါတယ်။

ပြင်သစ်မှာ ကူးစက်သူပေါင်း ၂၅,၀၀၀ ကျော်၊ သေဆုံးသူ ၁,၃၀၀ ကျော်နဲ့ ပြန်နေကောင်းလာသူက လေးထောင်နီးပါးဖြစ်ပါတယ်။

ဆွစ်ဇာလန်ကတော့ ကူးစက်သူပေါင်း ၁၀,၀၀၀ ကျော်၊ သေဆုံးသူ ၁၅၀ ကျော်နဲ့ ပြန်နေကောင်းလာသူက ၁၃၁ ဦးပါ။

ဗြိတိန်မှာတော့ ကူးစက်သူပေါင်း ၉,၆၀၀ ကျော်၊ သေဆုံးသူ ၄၀၀ ကျော်နဲ့ ပြန်ကောင်းလာသူ ၁၀၀ ကျော်ရှိနေပါတယ်။

အဲဒီအထက်ပါနိုင်ငံတွေအပါအဝင် ကမ္ဘာ့နိုင်ငံအားလုံးက လာသူတွေအားလုံးကို မြန်မာက မတ်လ ၂၅ ရက်ကစလို့ ပြည်ဝင်ခွင့်ကန့်သတ်လိုက်ပါတယ်။ ခရီးသွားအားလုံး မြန်မာမှာ ၂ပတ်ကြာ သီးသန့်စောင့်ကြည့်မှုခံယူရမှာဖြစ်ပြီး နိုင်ငံခြားသားတွေဟာ ပြီးဲ့တဲ့ ၇၂ နာရီအတွင်း ကိုဗစ်ကင်းရှင်းကြောင်း ကျန်းမာရေးထောက်ခံစာကိုပါ ပြဖို့လိုအပ်ပါတယ်။

မြန်မာမှာ ကိုဗစ်၁၉ ကူးစက်ခံရသူ မတ်လ ၂၆ ရက်မနက်ပိုင်းထိ သုံးဦးရှိထားပြီး သုံးဦးလုံးရဲ့ကျန်းမာရေးအခြေအနေ ကောင်းမွန်တယ်လို့ အစိုးရက ပြောကြားထားပါတယ်။

BBC Burmese
https://www.bbc.com
ကို႐ိုနာဗိုင္းရပ္စ္-အေမရိကန္မွာ ကိုဗစ္ကူးစက္သူ တစ္ရက္တည္း တစ္ေထာင္ေက်ာ္ရွိ ကို႐ိုနာဗိုင္းရပ္စ္-အေမရိကန္မွာ ကိုဗစ္ကူးစက္သူ တစ္ရက္တည္း တစ္ေထာင္ေက်ာ္ရွိ Reviewed by THITHTOOLWIN on 23:56 Rating: 5
Powered by Blogger.