ကုလအရာရွိအပါအ၀င္ ျမန္မာမွာ COVID-19 ကူးစက္သူ ၃ ဦးတုိး


ျမန္မာႏုိင္ငံမွာ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္ခံရသူေတြထဲမွာ ကုလသမဂၢရဲ႕ ႏုိင္ငံတကာ ၀န္ထမ္းတဦးလည္း ပါ၀င္ေၾကာင္း ရန္ကုန္ၿမိဳ႕မွာရွိတဲ့ ကုလသမဂၢ ျပန္ၾကားေရး႐ုံးက အတည္ျပဳလုိက္ပါတယ္။ ဆြစ္ဇာလန္ႏုိင္ငံက ျပန္လာခ်ိန္ကစၿပီး ကုလသမဂၢ ၀န္ထမ္းဟာ သီးသန္႔ခဲြ ေနထုိင္ေနေၾကာင္းလည္း စေနေန႔ရက္စဲြနဲ႔ ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားတာပါ။

ျမန္မာႏုိင္ငံ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနကေတာ့ အသက္ ၅၈ ႏွစ္အရြယ္ အမ်ဳိးသမီးဟာ ဒီလလယ္မွာတုန္းက ဆြစ္ဇာလန္ႏုိင္ငံကုိ ေရာက္ရွိေနစဥ္ COVID-19 ေရာဂါရွိေၾကာင္း အတည္ျပဳထားတဲ့ ဖခင္ျဖစ္သူနဲ႔ ၂ နာရီၾကာ အနီးကပ္ ထိေတြ႔ခဲ့ေၾကာင္း ေျပာဆုိထားပါတယ္။ က်န္းမာေရး ၀န္ႀကီးဌာနရဲ႕ စေနေန႔ထုတ္ျပန္ခ်က္အရ ဆြစ္ဇာလန္ႏုိင္ငံသူ အမ်ဳိးသမီးအျပင္ ေနာက္ထပ္ ၂ ဦးကုိလည္း ဗုိင္းရပ္စ္ပုိး စစ္ေဆးေတြ႔ရွိေၾကာင္း သတင္းထုတ္ျပန္ခဲ့တဲ့အတြက္ အခုဆုိရင္ ျမန္မာႏုိင္ငံမွာ COVID-19 ေရာဂါ ကူးစက္သူအျဖစ္ အတည္ျပဳထားသူ ၈ ဦးအထိ ရွိသြားပါၿပီ။

အခုေနာက္ဆုံး အတည္ျပဳခဲ့သူ ၂ ဦးအနက္ တဦးကေတာ့ ရန္ကုန္တုိင္း အင္းစိန္ၿမိဳ႕နယ္က အသက္ ၂၉ ႏွစ္အရြယ္ အမ်ဳိးသမီးျဖစ္ၿပီး၊ တတိယေျမာက္ အတည္ျပဳထားသူ လူနာနဲ႔အတူ ျပည္ပခရီးသြားခဲ့သူ ျဖစ္ေၾကာင္းလည္း သတင္းထုတ္ျပန္ထားပါတယ္။ ေနာက္တဦးကေတာ့ ရန္ကုန္တုိင္း ဗဟန္းၿမိဳ႕နယ္က အသက္ ၆၀ အရြယ္ ဧည့္လမ္းညႊန္ အမ်ဳိးသမီးျဖစ္ၿပီး၊ လြန္ခဲ့တဲ့ သီတင္း ၂ ပတ္အတြင္း ျပည္ပကုိ ခရီးသြားခဲ့ဘူးသူ မဟုတ္ေၾကာင္းလည္း ေျပာပါတယ္။

ေရာဂါကူးစက္ေၾကာင္း အတည္ျပဳထားသူ ၃ ဦး စလုံးရဲ႕ က်န္းမာေရး အေျခအေနဟာ ေကာင္းမြန္ေနၿပီး၊ အခုအခါ သက္ဆုိင္ရာ ေဆး႐ုံေတြမွာ သီးသန္႔ထားၿပီး ေစာင့္ၾကည့္စစ္ေဆး ကုသမႈေပးထားေၾကာင္းလည္း က်န္းမာေရး၀န္ႀကီးဌာနရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ဗီြအိုေအ (ျမန္မာဌာန)
https://burmese.voanews.com/a/myanmar-covid-8-confirm-case-/5349087.html
..................

ကုလအရာရှိအပါအဝင် မြန်မာမှာ COVID-19 ကူးစက်သူ ၃ ဦးတိုး

(Unicode)

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေထဲမှာ ကုလသမဂ္ဂရဲ့ နိုင်ငံတကာ ဝန်ထမ်းတဦးလည်း ပါဝင်ကြောင်း ရန်ကုန်မြို့မှာရှိတဲ့ ကုလသမဂ္ဂ ပြန်ကြားရေးရုံးက အတည်ပြုလိုက်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံက ပြန်လာချိန်ကစပြီး ကုလသမဂ္ဂ ဝန်ထမ်းဟာ သီးသန့်ခွဲ နေထိုင်နေကြောင်းလည်း စနေနေ့ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားတာပါ။

မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကတော့ အသက် ၅၈ နှစ်အရွယ် အမျိုးသမီးဟာ ဒီလလယ်မှာတုန်းက ဆွစ်ဇာလန်နိုင်ငံကို ရောက်ရှိနေစဉ် COVID-19 ရောဂါရှိကြောင်း အတည်ပြုထားတဲ့ ဖခင်ဖြစ်သူနဲ့ ၂ နာရီကြာ အနီးကပ် ထိတွေ့ခဲ့ကြောင်း ပြောဆိုထားပါတယ်။ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ စနေနေ့ထုတ်ပြန်ချက်အရ ဆွစ်ဇာလန်နိုင်ငံသူ အမျိုးသမီးအပြင် နောက်ထပ် ၂ ဦးကိုလည်း ဗိုင်းရပ်စ်ပိုး စစ်ဆေးတွေ့ရှိကြောင်း သတင်းထုတ်ပြန်ခဲ့တဲ့အတွက် အခုဆိုရင် မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်သူအဖြစ် အတည်ပြုထားသူ ၈ ဦးအထိ ရှိသွားပါပြီ။

အခုနောက်ဆုံး အတည်ပြုခဲ့သူ ၂ ဦးအနက် တဦးကတော့ ရန်ကုန်တိုင်း အင်းစိန်မြို့နယ်က အသက် ၂၉ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး၊ တတိယမြောက် အတည်ပြုထားသူ လူနာနဲ့အတူ ပြည်ပခရီးသွားခဲ့သူ ဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ထားပါတယ်။ နောက်တဦးကတော့ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်က အသက် ၆၀ အရွယ် ဧည့်လမ်းညွှန် အမျိုးသမီးဖြစ်ပြီး၊ လွန်ခဲ့တဲ့ သီတင်း ၂ ပတ်အတွင်း ပြည်ပကို ခရီးသွားခဲ့ဘူးသူ မဟုတ်ကြောင်းလည်း ပြောပါတယ်။

ရောဂါကူးစက်ကြောင်း အတည်ပြုထားသူ ၃ ဦး စလုံးရဲ့ ကျန်းမာရေး အခြေအနေဟာ ကောင်းမွန်နေပြီး၊ အခုအခါ သက်ဆိုင်ရာ ဆေးရုံတွေမှာ သီးသန့်ထားပြီး စောင့်ကြည့်စစ်ဆေး ကုသမှုပေးထားကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဗီြအိုေအ (ျမန္မာဌာန)
https://burmese.voanews.com/a/myanmar-covid-8-confirm-case-/5349087.html

ကုလအရာရွိအပါအ၀င္ ျမန္မာမွာ COVID-19 ကူးစက္သူ ၃ ဦးတုိး ကုလအရာရွိအပါအ၀င္ ျမန္မာမွာ COVID-19 ကူးစက္သူ ၃ ဦးတုိး Reviewed by THITHTOOLWIN on 04:34 Rating: 5
Powered by Blogger.