အီတလီမွာ COVID-19 ဘယ္ကေန စျပန္႔သြားတာလဲ


(Zawgyi/Unicode)

အီတလီလူမ်ိဳးတို႔ အသဲစြဲ ေဘာလုံးပြဲ တစ္ပြဲနဲ႕ ကနဦး ကိုရုိနာ ဗိုင္းရပ္စ္ ကူးစက္မွဳျဖစ္ႏုိင္ေခ်ရွိတဲ့ ႏ်ဴမိုးနီးယားေရာဂါသည္ လူနာတစ္ေယာက္ကို ေျခရာ မခံ လိုက္ ႏုိင္လိုက္တာေၾကာင့္ အီတလီႏုိင္ငံ အထိနာေစတဲ့ ကူးစက္ေရာဂါကပ္ေဘးၾကီးကို က် ေရာက္သြားရတာလို႕ ေဒသခံ အီတလီ တာ၀န္ရွိသူ တစ္ေယာက္က ေျပာပါတယ္။ ဗီြအိုေအတြက္ Sabina Castelfranco ေရာမျမိဳ႕က သတင္းေပးပို႔ထား တာကို ကိုရဲမင္းထြန္းက ေျပာျပပါမယ္။

အီတလီေျမာက္ပိုင္းက Bergamo ျမိဳ႕ရဲ႕ အုပ္ခ်ဳပ္ေရးမွဴး Giorgio Gori က သူ႔ရဲ႕ ျပည္နယ္ ဟာ ကိုရိုနာ ဗိုင္းရပ္စ္ကူးစက္ ပ်ံ႕ႏွံ႕လာတာကို ကာကြယ္ဖို႔ အဆင္သင့္ ျပင္ဆင္မထားႏုိင္ခဲ့ဘူးလို႔ ေျပာပါတယ္။ Lombardy ေဒသတြင္းက တစ္ျခား ျမိဳ႕၁၀ ျမိဳ႕လိုပဲ Bergamo ျမိဳ႕ဟာလည္း ဗုိင္းရပ္စ္ စကူးခ်ိန္မွာ အ၀င္အထြက္ ပိတ္ပင္တာ မရွိခဲ့ပါဘူး။

ေဖေဖာ္၀ါရီလေႏွာင္းပိုင္းတုန္းက Bergamo ျပည္နယ္ ေဆးရုံတစ္ရုံက ႏ်ဴမိုးနီးယား လူနာတစ္ေယာက္ကို ကိုရုိနာ ဗိုင္းရပ္စ္ကူးစက္ေနသူလို႔ ဘယ္သူကမွ အဲဒီအခ်ိန္က မသိလိုက္ၾကပါဘူး။ အဲဒီ လူနာကေန တစ္ျခား လူေတာ္ေတာ္မ်ားမ်ားကို ေရာဂါ ကူးစက္သြားတာလို႔ Giorgio Gori က ထင္ပါတယ္။ ဆရာ၀န္ေတြနဲ႔ သူနာျပဳေတြလည္း ကူးစက္ခံလိုက္ရတာပါ။

ေနာက္ အျဖစ္အပ်က္ တစ္ခုကလည္း ဒီ ေရာဂါဆိုးၾကီးကို ျပန္႔ပြားေစခဲ့တာလို႔ Gori က ဆိုပါတယ္။ ေဖေဖာ္၀ါရီ ၁၉ ရက္ေန႔က ကစားတဲ့ ဥေရာပ ခ်န္ပီယံကလပ္သင္း ၿပိဳင္ပြြဲတစ္ပြဲပဲ ျဖစ္ပါတယ္တဲ့။

“Bergamo ဧရိယာက လူ ၄ ေသာင္းေလာက္ San Siro ကြင္းမွာ ကစားတဲ့ Atlanta နဲ႔ Valencia ပြဲကို သြားၾကည့္ခဲ့တယ္” လို႔ Gori က ေျပာတာပါ။

လူ ေတာ္ေတာ္မ်ားမ်ားကလည္း အိမ္မွ လူစုျပီး ဒီပြဲကို ၾကည့္ခဲ့ၾကတာပါ။ အဲဒီလို လူစုလူေ၀းနဲ႔ေနၾကလို႔ လူ ၇၀၀၀ နီးပါး ေရာဂါ ကူးသြားတယ္ ဆိုတာ သံသယ ရွိ စရာ မလိုဘူးလို႔ Gori က ေျပာပါတယ္။

အဲဒီအခ်ိန္ကစျပီး Bergamo က ေဆးရုံေတြမွာ လူနာေတြျပည့္ျပီး မႏုိင္မနင္း ျဖစ္လာခဲ့တာပါ။ ေသတဲ့သူအေရအတြက္ေတြကလည္း က် မသြားဘဲ တိုးျမဲတိုးေနလို႔ အေလာင္းေတြ ထားစရာေနရာ မရွိျဖစ္သြားတယ္ာလို႔ Gori က ေျပာပါတယ္။

“တျခား ျပည္နယ္ေတြက အသုဘ ၀န္ေဆာင္မွဳလုပ္ငန္းေတြကို ဒီေဒသကို ကူညီဖို႔ အစုိးရ အမိန္႔နဲ႔ ေခၚယူရသလို အေလာင္းေတြ တျခားျမိဳ႕က မီးသၿဂိဳလ္စက္ဆီကို ပို႔ဖို႔ကိုလည္း စစ္တပ္က ကူရတယ္ဆိုျပီး သူ႔ၿမိဳ႕ရဲ႕ အေျခအေနဆိုးကို Gori ေျပာသြားခဲ့တာပါ။

ၿပီးခဲ့တဲ့ ၃ ရက္အတြင္းမွာေတာ့ အီတလီႏုိင္ငံထဲ ေရာဂါ ကူးစက္ႏွဳန္း က်ဆင္းခဲ့ပါတယ္။ ဒီလိုပဲ ဆက္တိုက္ က်ဆင္းမလားဆိုတာကိုေတာ့ သတိထားျပီး ေစာင့္ၾကည့္ရဖို႔ လိုမွာပါ။ အီတလီ အစိုးရရဲ႕ ကိုရုိနာဗုိင္းရပ္စ္ ကယ္ဆယ္ေရးလုပ္ငန္း အၾကီးအကဲ Domenico Arcuri ကေတာ့ ေလာေလာဆယ္ ခ်မွတ္ထားတဲ့ တင္းက်ပ္တဲ့ ကန္႔သတ္ခ်က္စည္းကမ္းေတြကို ဆက္ လုိက္နာဖို႔ လိုတယ္လို႔ ေျပာပါတယ္။ ဒီ ကန္႔သတ္ခ်က္ေတြကသာ အက်ပ္အတည္းကေန လြတ္ေျမာက္ေစမွာပါလို႔ သူက ေျပာပါတယ္။

“မျမင္လည္း မျမင္ရ၊ ဘာမွန္းလည္း မသိရဘဲ သိပ္ ျပင္းထန္တဲ့ ရန္သူက အခ်ိန္တိုအတြင္းမွာ ရက္ရက္စက္စက္ တိုက္ခိုက္တာကို ကြ်န္ေတာ္ တို႔ ခံခဲ့ရတာပါ။ ဒုကၡေပါင္းစံုၾကားက ကြ်န္ေတာ္တို႔ ဒီလို ျမန္ျမန္ဆန္ဆန္ တံု႔ျပန္ခဲ့ရတာပါ” လို႔ ေကာ္မရွင္နာ မင္းၾကီး Domenico Arcuri က ေျပာသြားတာပါ။

အီတလီႏုိင္ငံဟာ တစ္ခါမွ မၾကဳံဖူးတဲ့ အေရးေပၚ အေျခအေနကို ရင္ဆိုင္ေနရတာျဖစ္ျပီး ဒီ အေရးေပၚ အေျခအေနက တျခားေဒသေတြကို မပ်ံ႕သြားဖို႔အတြက္ လူတိုင္းမွာ တာ၀န္ရွိတယ္လို႔လည္း ေကာ္မရွင္နာမင္းၾကီး Arcuri က သတိေပးထားပါတယ္။

ရဲမင္းထြန္း/ ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/italy-covid-19-/5349171.html
...........................................

အီတလီမှာ COVID-19 ဘယ်ကနေ စပြန့်သွားတာလဲ

(Unicode)⤵⤵⤵

အီတလီလူမျိုးတို့ အသဲစွဲ ဘောလုံးပွဲ တစ်ပွဲနဲ့ ကနဦး ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုဖြစ်နိုင်ချေရှိတဲ့ နျူမိုးနီးယားရောဂါသည် လူနာတစ်ယောက်ကို ခြေရာ မခံ လိုက် နိုင်လိုက်တာကြောင့် အီတလီနိုင်ငံ အထိနာစေတဲ့ ကူးစက်ရောဂါကပ်ဘေးကြီးကို ကျ ရောက်သွားရတာလို့ ဒေသခံ အီတလီ တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။ ဗွီအိုအေတွက် Sabina Castelfranco ရောမမြို့က သတင်းပေးပို့ထား တာကို ကိုရဲမင်းထွန်းက ပြောပြပါမယ်။

အီတလီမြောက်ပိုင်းက Bergamo မြို့ရဲ့ အုပ်ချုပ်ရေးမှူး Giorgio Gori က သူ့ရဲ့ ပြည်နယ် ဟာ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက် ပျံ့နှံ့လာတာကို ကာကွယ်ဖို့ အဆင်သင့် ပြင်ဆင်မထားနိုင်ခဲ့ဘူးလို့ ပြောပါတယ်။ Lombardy ဒေသတွင်းက တစ်ခြား မြို့၁၀ မြို့လိုပဲ Bergamo မြို့ဟာလည်း ဗိုင်းရပ်စ် စကူးချိန်မှာ အဝင်အထွက် ပိတ်ပင်တာ မရှိခဲ့ပါဘူး။

ဖေဖော်ဝါရီလနှောင်းပိုင်းတုန်းက Bergamo ပြည်နယ် ဆေးရုံတစ်ရုံက နျူမိုးနီးယား လူနာတစ်ယောက်ကို ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်နေသူလို့ ဘယ်သူကမှ အဲဒီအချိန်က မသိလိုက်ကြပါဘူး။ အဲဒီ လူနာကနေ တစ်ခြား လူတော်တော်များများကို ရောဂါ ကူးစက်သွားတာလို့ Giorgio Gori က ထင်ပါတယ်။ ဆရာဝန်တွေနဲ့ သူနာပြုတွေလည်း ကူးစက်ခံလိုက်ရတာပါ။

နောက် အဖြစ်အပျက် တစ်ခုကလည်း ဒီ ရောဂါဆိုးကြီးကို ပြန့်ပွားစေခဲ့တာလို့ Gori က ဆိုပါတယ်။ ဖေဖော်ဝါရီ ၁၉ ရက်နေ့က ကစားတဲ့ ဥရောပ ချန်ပီယံကလပ်သင်း ပြိုင်ပွဲတစ်ပွဲပဲ ဖြစ်ပါတယ်တဲ့။

“Bergamo ဧရိယာက လူ ၄ သောင်းလောက် San Siro ကွင်းမှာ ကစားတဲ့ Atlanta နဲ့ Valencia ပွဲကို သွားကြည့်ခဲ့တယ်” လို့ Gori က ပြောတာပါ။

လူ တော်တော်များများကလည်း အိမ်မှ လူစုပြီး ဒီပွဲကို ကြည့်ခဲ့ကြတာပါ။ အဲဒီလို လူစုလူဝေးနဲ့နေကြလို့ လူ ၇၀၀၀ နီးပါး ရောဂါ ကူးသွားတယ် ဆိုတာ သံသယ ရှိ စရာ မလိုဘူးလို့ Gori က ပြောပါတယ်။

အဲဒီအချိန်ကစပြီး Bergamo က ဆေးရုံတွေမှာ လူနာတွေပြည့်ပြီး မနိုင်မနင်း ဖြစ်လာခဲ့တာပါ။ သေတဲ့သူအရေအတွက်တွေကလည်း ကျ မသွားဘဲ တိုးမြဲတိုးနေလို့ အလောင်းတွေ ထားစရာနေရာ မရှိဖြစ်သွားတယ်ာလို့ Gori က ပြောပါတယ်။

“တခြား ပြည်နယ်တွေက အသုဘ ဝန်ဆောင်မှုလုပ်ငန်းတွေကို ဒီဒေသကို ကူညီဖို့ အစိုးရ အမိန့်နဲ့ ခေါ်ယူရသလို အလောင်းတွေ တခြားမြို့က မီးသဂြိုလ်စက်ဆီကို ပို့ဖို့ကိုလည်း စစ်တပ်က ကူရတယ်ဆိုပြီး သူ့မြို့ရဲ့ အခြေအနေဆိုးကို Gori ပြောသွားခဲ့တာပါ။

ပြီးခဲ့တဲ့ ၃ ရက်အတွင်းမှာတော့ အီတလီနိုင်ငံထဲ ရောဂါ ကူးစက်နှုန်း ကျဆင်းခဲ့ပါတယ်။ ဒီလိုပဲ ဆက်တိုက် ကျဆင်းမလားဆိုတာကိုတော့ သတိထားပြီး စောင့်ကြည့်ရဖို့ လိုမှာပါ။ အီတလီ အစိုးရရဲ့ ကိုရိုနာဗိုင်းရပ်စ် ကယ်ဆယ်ရေးလုပ်ငန်း အကြီးအကဲ Domenico Arcuri ကတော့ လောလောဆယ် ချမှတ်ထားတဲ့ တင်းကျပ်တဲ့ ကန့်သတ်ချက်စည်းကမ်းတွေကို ဆက် လိုက်နာဖို့ လိုတယ်လို့ ပြောပါတယ်။ ဒီ ကန့်သတ်ချက်တွေကသာ အကျပ်အတည်းကနေ လွတ်မြောက်စေမှာပါလို့ သူက ပြောပါတယ်။

“မမြင်လည်း မမြင်ရ၊ ဘာမှန်းလည်း မသိရဘဲ သိပ် ပြင်းထန်တဲ့ ရန်သူက အချိန်တိုအတွင်းမှာ ရက်ရက်စက်စက် တိုက်ခိုက်တာကို ကျွန်တော် တို့ ခံခဲ့ရတာပါ။ ဒုက္ခပေါင်းစုံကြားက ကျွန်တော်တို့ ဒီလို မြန်မြန်ဆန်ဆန် တုံ့ပြန်ခဲ့ရတာပါ” လို့ ကော်မရှင်နာ မင်းကြီး Domenico Arcuri က ပြောသွားတာပါ။

အီတလီနိုင်ငံဟာ တစ်ခါမှ မကြုံဖူးတဲ့ အရေးပေါ် အခြေအနေကို ရင်ဆိုင်နေရတာဖြစ်ပြီး ဒီ အရေးပေါ် အခြေအနေက တခြားဒေသတွေကို မပျံ့သွားဖို့အတွက် လူတိုင်းမှာ တာဝန်ရှိတယ်လို့လည်း ကော်မရှင်နာမင်းကြီး Arcuri က သတိပေးထားပါတယ်။

ရဲမင္းထြန္း/ ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/italy-covid-19-/5349171.html
အီတလီမွာ COVID-19 ဘယ္ကေန စျပန္႔သြားတာလဲ အီတလီမွာ COVID-19 ဘယ္ကေန စျပန္႔သြားတာလဲ Reviewed by THITHTOOLWIN on 04:27 Rating: 5
Powered by Blogger.