RCSS/SSA ႏွင့္ အစိုးရတပ္ၾကား ျဖစ္ပြားေသာစစ္ေရးပဋိပကၡေၾကာင့္ ေက်းလက္႐ြာသားအဖမ္းခံရ


သွ်မ္းျပည္အေရွ႕ပိုင္း မိုင္းတုံၿမိဳ႕နယ္အတြင္း ျမန္မာ့တပ္မေတာ္ႏွင့္ သွ်မ္းျပည္တပ္မေတာ္ RCSS/SSA တို႔ အျပန္အလွန္ ပစ္ခတ္မႈ ျဖစ္ပြားၿပီးေနာက္ပိုင္း ယေန႔ အထိ စစ္ေရးတင္းမာမႈ ျဖစ္ပြားေနၿပီး ျဖစ္ပြားေန ေသာ စစ္ေရးပဋိပကၡ ေၾကာင့္ ေက်းလက္ေဒသခံလည္း ဖမ္းဆီးခံရသည္ဟုသိရသည္။

သွ်မ္းျပည္အေရွ႕ပိုင္း မိုင္းဆတ္ အေျခစိုက္ စစ္ဆင္ေရးကြပ္ကဲမႈစစ္ဌာနခ်ဳပ္ စကခ အမွတ္ ၁၄ လက္ ေအာက္ခံ တပ္ရင္းသုံးရင္း ပူးေပါင္းက မိုင္းတုံၿမိဳ႕နယ္ အတြင္းရွိ သွ်မ္းျပည္တပ္မေတာ္ RCSS/SSA တပ္စခန္းအား မတ္လ ၂၅ ရက္ေန႔ နံနက္ပိုင္းက ထိုးစစ္ဆင္တိုက္ခိုက္သည့္ေနာက္ပိုင္း မိုင္းအစ္ ေက်း႐ြာ ဉကၠဌႏွင့္ ၎၏သား ျဖစ္သူအား အစိုးရတပ္မေတာ္မွ ဖမ္းဆီးေခၚေဆာင္သြားျခင္းျဖစ္သည္။

သွ်မ္းျပည္တပ္မေတာ္ ေျပာခြင့္ရပုဂၢိဳလ္ ဒုတိယ ဗိုလ္မႉးႀကီး အုမ္ေခးက – ” မိုင္းတုံဘက္မွာ က်ေနာ္တို႔ တပ္စခန္းကို လာေရာက္တိုက္ခိုက္ၿပီးေနာက္မွာ တပ္မေတာ္က မိုင္းအစ္ေက်း႐ြာ ဥကၠ႒ နဲ႔ သူ႔သားကို လမ္းျပအျဖစ္ ဖမ္းသြားတယ္။ ရက္အနည္းငယ္ၾကာေတာ့ သူ႔သားကိုျပန္လႊတ္ေပးခဲ့ေပမယ့္ အေဖျဖစ္ သူကိုေတာ့ ခုခ်ိန္ထိ ျပန္လႊတ္မလႊတ္ေပးေသးဘူး ။ တိုက္ပြဲရယ္လို႔ ျဖစ္လာၿပီဆိုတာနဲ႔ ျပည္သူလူထုကို အရင္ဆုံးထိခိုက္တာ အမွန္ပါပဲ။ ဒါေၾကာင့္ RCSS ပဲျဖစ္ျဖစ္ တပ္မေတာ္ကပဲျဖစ္ျဖစ္ ဘယ္တပ္ဖြဲ႕မဆို ျပည္သူလူထုကို မတရား ဖမ္းဆီးႏွိပ္စက္ခဲ့သည္ရွိလွ်င္ သက္ေသအခိုင္အလုံနဲ႔ ေျပာရဲဆိုရဲရွိရမယ္ “ – ဟုေျပာသည္။

လက္ရွိအေျခအေနမွာ မိုင္းတုံၿမိဳ႕နယ္အတြင္း အစိုးရတပ္မေတာ္ ႏွင့္ RCSS/SSA ၾကား စစ္ေရးၿငိမ္ သက္ေနေသာ္လည္း သွ်မ္းျပည္ေတာင္ပိုင္း ေက်းသီးၿမိဳ႕နယ္အတြင္း တပ္မေတာ္ဘက္ စစ္ေရးလႈပ္ရွားမႈ ရွိေနသည့္အတြက္ တိုက္ပြဲ အခ်ိန္ မေ႐ြးျဖစ္ႏိုင္သည့္အေနအထားရွိေနသည္။

ဒုတိယ ဗိုလ္မႉးႀကီး အုမ္ေခး က ” လြယ္ေတာင္းေတာင္ဘက္လဲ တပ္မေတာ္က စစ္ေရးလႈပ္ရွားမႈ ေတြရွိေနတယ္။ လြိဳင္ဟြန္းေတာင္ဘက္ဆိုလည္း မၿငိမ္းခ်မ္းေသးတဲ့သေဘာ။ ဘယ္ေန႔ဘယ္ခ်ိန္မွာ တိုက္ပြဲထပ္ျဖစ္မလဲဆိုတာကိုလဲ ခန႔္မွန္းလို႔မရႏိုင္ေသးပါဘူး” – ဟု ေျပာပါသည္။

ေဖေဖာ္ဝါရီ ၂၇ မွ မတ္ခ်္ လ ၃ ရက္အေန႔အထိ အစိုးရ တပ္မေတာ္မွ စစ္အင္အား အလုံးအရင္းျဖင့္ သွ်မ္းျပည္ေတာင္ပိုင္း လြိဳင္လင္ခ႐ိုင္မိုင္းကိုင္ၿမိဳ႕နယ္ ဟမ္းငိုင္း႐ြာမ ေျမာက္ဘက္ သွ်မ္းျပည္ျပန္လည္ ထူေထာင္ေရး ေကာင္စီ၊ သွ်မ္းျပည္ တပ္မေတာ္ RCSS/SSA ၏ လြိဳင္ေတာင္းေတာင္တပ္စခန္းအား အျပင္းအထန္ထိုးစစ္ဆင္တိုက္ခိုက္သည့္အတြက္ RCSS/SSA ဘက္ တပ္စခန္းမွ ဆုတ္ခြာေပးလိုက္ရ သည္။

သွ်မ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ သွ်မ္းျပည္တပ္မေတာ္ RCSS/SSA သည္ တႏိုင္ငံလုံးဆိုင္ရာ အပစ္အခတ္ရပ္ဆဲေရးစာခ်ဳပ္ NCA လက္မွတ္ေရးထိုးထားသည့္ လက္နက္ကိုင္တပ္ တခုျဖစ္ေသာ ေၾကာင့္ အစိုးရတပ္မေတာ္ႏွင့္ေတြ႕ဆုံေဆြးေႏြးရန္ ဆႏၵရွိေသာ္လည္း ကမာၻ႔ကပ္ေရာဂါ COVID 19 ကူးစက္ပ်ံ႕ႏွံ႔ေနေသာေၾကာင့္  ေတြ႕ဆုံရန္ မျဖစ္ႏိုင္ေသးသည့္ အေနအထားျဖစ္ေနေၾကာင္း ဒုတိယ ဗိုလ္မႉးႀကီး အုမ္ေခး ကေျပာသည္။

(ယိင္းယိင္း ေရးသားေပးပို႔သည္)
By SHAN
https://burmese.shannews.org/archives/15876?fbclid=IwAR3qlJTDpmNjbbbJmmquZP9mdSyjQiDwjQH4W3z6BXFmdThhknp7FCpk4fc
-----------------------------

RCSS/SSA နှင့် အစိုးရတပ်ကြား ဖြစ်ပွားသောစစ်ရေးပဋိပက္ခကြောင့် ကျေးလက်ရွာသားအဖမ်းခံရ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်အတွင်း မြန်မာ့တပ်မတော်နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA တို့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက်ပိုင်း ယနေ့ အထိ စစ်ရေးတင်းမာမှု ဖြစ်ပွားနေပြီး ဖြစ်ပွားနေ သော စစ်ရေးပဋိပက္ခ ကြောင့် ကျေးလက်ဒေသခံလည်း ဖမ်းဆီးခံရသည်ဟုသိရသည်။

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ် အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုစစ်ဌာနချုပ် စကခ အမှတ် ၁၄ လက် အောက်ခံ တပ်ရင်းသုံးရင်း ပူးပေါင်းက မိုင်းတုံမြို့နယ် အတွင်းရှိ သျှမ်းပြည်တပ်မတော် RCSS/SSA တပ်စခန်းအား မတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းက ထိုးစစ်ဆင်တိုက်ခိုက်သည့်နောက်ပိုင်း မိုင်းအစ် ကျေးရွာ ဉက္ကဌနှင့် ၎င်း၏သား ဖြစ်သူအား အစိုးရတပ်မတော်မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

သျှမ်းပြည်တပ်မတော် ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယ ဗိုလ်မှူးကြီး အုမ်ခေးက – ” မိုင်းတုံဘက်မှာ ကျနော်တို့ တပ်စခန်းကို လာရောက်တိုက်ခိုက်ပြီးနောက်မှာ တပ်မတော်က မိုင်းအစ်ကျေးရွာ ဥက္ကဋ္ဌ နဲ့ သူ့သားကို လမ်းပြအဖြစ် ဖမ်းသွားတယ်။ ရက်အနည်းငယ်ကြာတော့ သူ့သားကိုပြန်လွှတ်ပေးခဲ့ပေမယ့် အဖေဖြစ် သူကိုတော့ ခုချိန်ထိ ပြန်လွှတ်မလွှတ်ပေးသေးဘူး ။ တိုက်ပွဲရယ်လို့ ဖြစ်လာပြီဆိုတာနဲ့ ပြည်သူလူထုကို အရင်ဆုံးထိခိုက်တာ အမှန်ပါပဲ။ ဒါကြောင့် RCSS ပဲဖြစ်ဖြစ် တပ်မတော်ကပဲဖြစ်ဖြစ် ဘယ်တပ်ဖွဲ့မဆို ပြည်သူလူထုကို မတရား ဖမ်းဆီးနှိပ်စက်ခဲ့သည်ရှိလျှင် သက်သေအခိုင်အလုံနဲ့ ပြောရဲဆိုရဲရှိရမယ် “ – ဟုပြောသည်။

လက်ရှိအခြေအနေမှာ မိုင်းတုံမြို့နယ်အတွင်း အစိုးရတပ်မတော် နှင့် RCSS/SSA ကြား စစ်ရေးငြိမ် သက်နေသော်လည်း သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း တပ်မတော်ဘက် စစ်ရေးလှုပ်ရှားမှု ရှိနေသည့်အတွက် တိုက်ပွဲ အချိန် မရွေးဖြစ်နိုင်သည့်အနေအထားရှိနေသည်။

ဒုတိယ ဗိုလ်မှူးကြီး အုမ်ခေး က ” လွယ်တောင်းတောင်ဘက်လဲ တပ်မတော်က စစ်ရေးလှုပ်ရှားမှု တွေရှိနေတယ်။ လွိုင်ဟွန်းတောင်ဘက်ဆိုလည်း မငြိမ်းချမ်းသေးတဲ့သဘော။ ဘယ်နေ့ဘယ်ချိန်မှာ တိုက်ပွဲထပ်ဖြစ်မလဲဆိုတာကိုလဲ ခန့်မှန်းလို့မရနိုင်သေးပါဘူး” – ဟု ပြောပါသည်။

ဖေဖော်ဝါရီ ၂၇ မှ မတ်ချ် လ ၃ ရက်အနေ့အထိ အစိုးရ တပ်မတော်မှ စစ်အင်အား အလုံးအရင်းဖြင့် သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းရွာမ မြောက်ဘက် သျှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် RCSS/SSA ၏ လွိုင်တောင်းတောင်တပ်စခန်းအား အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်သည့်အတွက် RCSS/SSA ဘက် တပ်စခန်းမှ ဆုတ်ခွာပေးလိုက်ရ သည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA သည် တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်ဆဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်တပ် တခုဖြစ်သော ကြောင့် အစိုးရတပ်မတော်နှင့်တွေ့ဆုံဆွေးနွေးရန် ဆန္ဒရှိသော်လည်း ကမ္ဘာ့ကပ်ရောဂါ COVID 19 ကူးစက်ပျံ့နှံ့နေသောကြောင့်  တွေ့ဆုံရန် မဖြစ်နိုင်သေးသည့် အနေအထားဖြစ်နေကြောင်း ဒုတိယ ဗိုလ်မှူးကြီး အုမ်ခေး ကပြောသည်။

(ယိင်းယိင်း ရေးသားပေးပို့သည်)
https://burmese.shannews.org/archives/15876?fbclid=IwAR3qlJTDpmNjbbbJmmquZP9mdSyjQiDwjQH4W3z6BXFmdThhknp7FCpk4fc
RCSS/SSA ႏွင့္ အစိုးရတပ္ၾကား ျဖစ္ပြားေသာစစ္ေရးပဋိပကၡေၾကာင့္ ေက်းလက္႐ြာသားအဖမ္းခံရ RCSS/SSA ႏွင့္ အစိုးရတပ္ၾကား ျဖစ္ပြားေသာစစ္ေရးပဋိပကၡေၾကာင့္ ေက်းလက္႐ြာသားအဖမ္းခံရ Reviewed by THITHTOOLWIN on 00:23 Rating: 5
Powered by Blogger.