ဂ်ပန္ႏိုင္ငံ၌ COVID-19 ေရာဂါကူးစက္ခံရသူ ၄၈၀ ဦး အထိ ျမင့္တက္လာ ၊ ေသဆုံးသူ ၁၄ ဦးရွိၿပီျဖစ္

ဂ်ပန္ႏိုင္ငံ တိုက်ိဳၿမိဳ႕၌ ႏွာေခါင္းစည္းမ်ား တပ္ဆင္၍ သြားလာသူမ်ားအား ေတြ႕ရစဥ္(ဆင္ဟြာ)
(Zawgyi)⤵⤵⤵
    တိုက်ိဳ ၊ မတ္ ၉ ရက္(ဆင္ဟြာ)

    ဂ်ပန္ႏိုင္ငံ၌ ေနာက္ထပ္ လူေပါင္း ၃၃ ဦး COVID-19 ေရာဂါ ထပ္မံကူးစက္ခံရသျဖင့္  ယေန႔ မတ္ ၉ ရက္ ေဒသစံေတာ္ခ်ိန္ နံနက္ ၁၀ နာရီခြဲအထိ ႏိုင္ငံတစ္ဝန္းတြင္ ေရာဂါကူးစက္ခံရသူေပါင္း  ၄၄၀ ဦး ထိ ေရာက္ရွိသြားၿပီျဖစ္ေၾကာင္း ဂ်ပန္အစိုးရက ထုတ္ေဖာ္ေျပာၾကားလိုက္သည္။

အဆိုပါ ေရာဂါအတည္ျပဳ လူနာ ၄၈၀ ဦးတြင္ ယိုကိုဟာမား၌ ေစာင့္ၾကပ္ၾကည့္ရႈမႈေအာက္တြင္ ထားရွိေသာ Diamond Princess သေဘၤာမွ လူမ်ား ပါဝင္ျခင္း မရွိဘဲ အမ်ားစုမွာ ဂ်ပန္ႏိုင္ငံ ေျမာက္ဘက္ရွိ ဟိုကိုင္ဒို စီရင္စုမွ ျဖစ္ေၾကာင္း ၊ ေရာဂါ ျဖစ္ပြားသူ ၁၀၁ ဦး ရွိလာခ်ိန္တြင္ အေရးေပၚအေျခအေန ေၾကညာခဲ့ေၾကာင္း သိရသည္။

က်န္းမာေရး ဝန္ႀကီးဌာန ႏွင့္ ေဒသ အာဏာပိုင္မ်ားထံမွ ေနာက္ဆုံး ရရွိေသာ စာရင္းအခ်က္အလက္မ်ား အရ Aichi စီရင္စုတြင္ ေရာဂါ ျဖစ္ပြားသူ ၈၀ ဦး ရွိၿပီး တိုက်ိဳၿမိဳ႕၌ ၆၄ ဦး ႏွင့္ အိုဆာကာၿမိဳ႕၌ ၅၅ ဦး ရွိေၾကာင္း သိရသည္။ လတ္တေလာတြင္ ေရာဂါအျပင္းအထန္ ေဝဒနာ ခံစားေနရသည့္ လူနာ ၃၁ ဦး ရွိၿပီး ၎တို႔အား ေအာက္ဆီဂ်င္ ေထာက္ပံ့ေပးသည့္ အသက္ရႈကိရိယာ အကူအညီ သို႔မဟုတ္ ေဆးကုသေရးဆိုင္ရာ အထူးၾကပ္မတ္ေဆာင္(ICU)၌ ထားရွိ ကုသေပးလ်က္ ရွိေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက ဆိုသည္။လက္ရွိတြင္ ဗိုင္းရပ္စ္ေရာဂါေၾကာင့္ ဂ်ပန္ႏိုင္ငံ၌ ေသဆုံးသူ အေရအတြက္မွာ ၁၄ ဦးရွိေၾကာင္း က်န္းမာေရး ဝန္ႀကီးဌာနမွ သိရသည္။ ဂ်ပန္ႏိုင္ငံ၌ COVID-19 လူနာ ၃၁၁ ဦးမွာ ေရာဂါလကၡဏာမ်ား သက္သာလာခဲ့ၿပီးေနာက္ ေဆး႐ုံမွ ဆင္းသြားခဲ့ၿပီ ျဖစ္ေၾကာင္းလည္း ဝန္ႀကီးဌာနထံမွ သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
--------------
(Unicode)⤵⤵⤵
ဂျပန်နိုင်ငံ၌ COVID-19 ရောဂါကူးစက်ခံရသူ ၄၈၀ ဦး အထိ မြင့်တက်လာ ၊ သေဆုံးသူ ၁၄ ဦးရှိပြီဖြစ်

ဂျပန်နိုင်ငံ တိုကျိုမြို့၌ နှာခေါင်းစည်းများ တပ်ဆင်၍ သွားလာသူများအား တွေ့ရစဉ်(ဆင်ဟွာ)

    တိုကျို ၊ မတ် ၉ ရက်(ဆင်ဟွာ)

    ဂျပန်နိုင်ငံ၌ နောက်ထပ် လူပေါင်း ၃၃ ဦး COVID-19 ရောဂါ ထပ်မံကူးစက်ခံရသဖြင့်  ယနေ့ မတ် ၉ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီခွဲအထိ နိုင်ငံတစ်ဝန်းတွင် ရောဂါကူးစက်ခံရသူပေါင်း  ၄၄၀ ဦး ထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ဂျပန်အစိုးရက ထုတ်ဖော်ပြောကြားလိုက်သည်။

အဆိုပါ ရောဂါအတည်ပြု လူနာ ၄၈၀ ဦးတွင် ယိုကိုဟာမား၌ စောင့်ကြပ်ကြည့်ရှုမှုအောက်တွင် ထားရှိသော Diamond Princess သင်္ဘောမှ လူများ ပါဝင်ခြင်း မရှိဘဲ အများစုမှာ ဂျပန်နိုင်ငံ မြောက်ဘက်ရှိ ဟိုကိုင်ဒို စီရင်စုမှ ဖြစ်ကြောင်း ၊ ရောဂါ ဖြစ်ပွားသူ ၁၀၁ ဦး ရှိလာချိန်တွင် အရေးပေါ်အခြေအနေ ကြေညာခဲ့ကြောင်း သိရသည်။

ကျန်းမာရေး ဝန်ကြီးဌာန နှင့် ဒေသ အာဏာပိုင်များထံမှ နောက်ဆုံး ရရှိသော စာရင်းအချက်အလက်များ အရ Aichi စီရင်စုတွင် ရောဂါ ဖြစ်ပွားသူ ၈၀ ဦး ရှိပြီး တိုကျိုမြို့၌ ၆၄ ဦး နှင့် အိုဆာကာမြို့၌ ၅၅ ဦး ရှိကြောင်း သိရသည်။ လတ်တလောတွင် ရောဂါအပြင်းအထန် ဝေဒနာ ခံစားနေရသည့် လူနာ ၃၁ ဦး ရှိပြီး ၎င်းတို့အား အောက်ဆီဂျင် ထောက်ပံ့ပေးသည့် အသက်ရှုကိရိယာ အကူအညီ သို့မဟုတ် ဆေးကုသရေးဆိုင်ရာ အထူးကြပ်မတ်ဆောင်(ICU)၌ ထားရှိ ကုသပေးလျက် ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။လက်ရှိတွင် ဗိုင်းရပ်စ်ရောဂါကြောင့် ဂျပန်နိုင်ငံ၌ သေဆုံးသူ အရေအတွက်မှာ ၁၄ ဦးရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ သိရသည်။ ဂျပန်နိုင်ငံ၌ COVID-19 လူနာ ၃၁၁ ဦးမှာ ရောဂါလက္ခဏာများ သက်သာလာခဲ့ပြီးနောက် ဆေးရုံမှ ဆင်းသွားခဲ့ပြီ ဖြစ်ကြောင်းလည်း ဝန်ကြီးဌာနထံမှ သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ဂ်ပန္ႏိုင္ငံ၌ COVID-19 ေရာဂါကူးစက္ခံရသူ ၄၈၀ ဦး အထိ ျမင့္တက္လာ ၊ ေသဆုံးသူ ၁၄ ဦးရွိၿပီျဖစ္ ဂ်ပန္ႏိုင္ငံ၌ COVID-19 ေရာဂါကူးစက္ခံရသူ ၄၈၀ ဦး အထိ ျမင့္တက္လာ ၊ ေသဆုံးသူ ၁၄ ဦးရွိၿပီျဖစ္ Reviewed by THITHTOOLWIN on 00:25 Rating: 5
Powered by Blogger.