
(Zawgyi)⤵⤵⤵



(Xinhua)
--------------
(Unicode)⤵⤵⤵
ကချင်ပြည်နယ် မံစီမြို့နယ်၌ ၁၂ ဘီးယာဉ် တိမ်းမှောက်မှု ဖြစ်ပွား ၊ လူနှစ်ဦး သေဆုံး


ချောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့သည့် ၁၂ ဘီးယာဉ်အား တွေ့ရစဉ်(ဓာတ်ပုံ - Ministry of Home Affairs, Myanmar)

    ရန်ကုန် ၊ မတ် ၉ ရက်(ဆင်ဟွာ)

    ကချင်ပြည်နယ် ၊ မံစီမြို့နယ်၌ ၁၂ ဘီးယာဉ်တစ်စီး မတ် ၈ ရက်တွင် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ လူနှစ်ဦး သေဆုံးခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနထံမှ သိရသည်။

မံစီမြို့နယ်၊ ဗျင်ဝိုင်ကျေးရွာ အနီး မိုးမောက်-လွယ်ဂျယ်တောင်ပေါ်ကားလမ်းမိုင်တိုင်(၃၂/၃၃)ကြား၌ ၁၂ ဘီးယာဉ် တစ်စီးသည် အရှိန်မထိန်း နိုင်ဘဲ လမ်းယာဘက်ရှိ ချောင်းအတွင်းသို့ ထိုးကျတိမ်းမှောက် နစ်မြုပ်ခဲ့ကြောင်း သိရသည်။ယင်းဖြစ်စဉ်ကြောင့် ယာဉ်မောင်းနှင်သူမှာ ယာဉ်ခေါင်းပိုင်းအတွင်း နှင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူသည် ယာဉ်အနီးတို့တွင် ပြင်ပဒဏ်ရာမရှိဘဲ ရေနစ်သေဆုံးခဲ့၍ လွယ်ဂျယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း နှင့် လွယ်ဂျယ်နယ်မြေရဲစခန်းက အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ကချင်ပြည်နယ် မံစီမြို့နယ်၌ ၁၂ ဘီးယာဉ် တိမ်းမှောက်မှု ဖြစ်ပွား ၊ လူနှစ်ဦး သေဆုံး ကချင်ပြည်နယ် မံစီမြို့နယ်၌ ၁၂ ဘီးယာဉ် တိမ်းမှောက်မှု ဖြစ်ပွား ၊ လူနှစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 00:22 Rating: 5
Powered by Blogger.