ရခိုင္အမတ္အျပင္ ႐ိုက္တာသတင္းဌာနကိုပါ အမႈဖြင့္ထားေၾကာင္း ရဲအတည္ျပဳ

(Zawgyi)⤵⤵⤵
ဘူးသီးေတာင္ၿမိဳ႕နယ္၊ ကင္းေတာင္ေက်း႐ြာမွာ လက္နက္ႀကီးက်ည္ က်ေရာက္ခဲ့တဲ့ အေျခအေနကို ႐ိုက္တာ သတင္းဌာနနဲ႔ အေမးအေျဖလုပ္ခဲ့တာနဲ႔ ပတ္သက္ၿပီး တပ္မေတာ္က  အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ေက်ာ္ဇံကို ၿပီးခဲ့တဲ့ ၾကာသာပေတးေန႔က အမႈဖြင့္ထားပါတယ္။

ဒီအမႈမွာ ဦးေမာင္ေက်ာ္ဇံအျပင္ ႐ိုက္တာသတင္းဌာနကိုပါ တရားစြဲထားတယ္လို႔ ဘူးသီးေတာင္ၿမိဳ႕နယ္၊ ရဲစခန္းမႉး ရဲအုပ္ေက်ာ္သူ က RFA ကို အတည္ျပဳပါတယ္။

“ဒီမွာေတာ့ ၆၆ ဃနဲ႔ အမႈဖြင့္ထားတာရွိတယ္။ ဦးေမာင္ေက်ာ္ဇံ ေျပာသလိုဘဲ ဦးေမာင္ေက်ာ္ဇံနဲ႔ ႐ိုက္တာ သတင္းဌာန ႏွစ္ခုကို အမႈဖြင့္ထားတယ္။ စုံစုံလင္လင္သိခ်င္ရင္ေတာ့ နယ္ေျမခံသတင္းေထာက္ေတြကို လႊတ္လိုက္ပါ။”

ဦးေမာင္ေက်ာ္ဇံကို အမႈဖြင့္ထားတာ ဟုတ္မွန္တယ္လို႔ တပ္မေတာ္ဘက္က ေျပာေပမယ့္ အမႈဖြင့္တဲ့အထဲမွာ ႐ိုက္တာ သတင္းဌာနပါဝင္တယ္၊ မပါဝင္ဘူးဆိုတာ ယတိျပတ္ မေျပာပါဘူး။

တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ဒုဥကၠ႒ ဗိုလ္ခ်ဳပ္ ထြန္းထြန္းညီက  ဦးေမာင္ေက်ာ္ဇံကို အမႈဖြင့္ ထားတာကိုပဲ သိထားတယ္လို႔ RFA ကို ဒီေန႔ ေျပာပါတယ္။ 

“တရားဥပေဒအေၾကာင္းျဖစ္တယ္ဆိုရင္ သူဥပေဒအေၾကာင္းအတိုင္းပဲ သြားရမွာ။ အဲဒီအတြက္ေတာ့ ကြၽန္ေတာ္တို႔ ဘာမွေျပာစရာအေၾကာင္းမရွိပါဘူး။ ႐ိုက္တာပါမပါ ေလာေလာဆယ္ေတာ့မသိရေသးဘူး။ ဦးေမာင္ေက်ာ္ဇံ တစ္ေယာက္ပဲ သိရေသးတယ္။”

ဘူးသီးေတာင္ရဲစခန္းမွာ တပ္မေတာ္က တရားလို ဒုဗိုလ္မႉးႀကီး ျပည္စုံေအာင္က အခုလ ၅ ရက္ေန႔မွာ အမႈဖြင့္ထားတာပါ။

ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၁ ရက္ေန႔မွာ ႐ိုက္တာသတင္းဌာနကို ေျပာၾကားခဲ့တဲ့ သတင္းနဲ႔ ပတ္သက္ၿပီး အမႈဖြင့္ ခံရတာလို႔ ဦးေမာင္ေက်ာ္ဇံက ေျပာပါတယ္။

“၂၅ ၊ ၁၊ ၂၀၂၀ ရက္ေန႔ ဘူးသီးေတာင္ၿမိဳ႕နယ္၊ ကင္းေတာင္ေက်း႐ြာမွာ လက္နက္ႀကီးက်ည္က်ေရာက္ၿပီး ဘဂၤါလီ အမ်ိဳးသမီးႏွစ္ေယာက္ ေသဆုံးကာ ခုႏွစ္ေယာက္ ေဆး႐ုံတက္ရတဲ့ ကိစၥနဲ႔ ပတ္သက္ၿပီး ႐ိုက္တာ သတင္းဌာနမွာ အေမးအေျဖလုပ္ထားတဲ့ ကိစၥနဲ႔ ပတ္သက္ၿပီး တရားစြဲဆိုထားတာ။”

ဇန္နဝါရီလ ၂၅ ရက္ေန႔က ႐ိုက္တာသတင္းဌာနရဲ႕ သတင္းေဖာ္ျပခ်က္မွာေတာ့ ကင္းေတာင္႐ြာ လက္နက္ႀကီး ပစ္ခတ္ခံရမႈမွာ တာဝန္ရွိတာက တပ္မေတာ္လက္ခ်က္ျဖစ္တယ္လို႔ လႊတ္ေတာ္အမတ္ ဦးေမာင္ေက်ာ္ဇံအပါဝင္ ႐ြာသားတစ္ဦးနဲ႔ ရကၡိဳင့္တပ္ေတာ္ AA တို႔က စြပ္စြဲထားတာကို တပ္မေတာ္က ျငင္းတယ္လို႔ ေရးသားထားပါတယ္။

“ကင္းေတာင္႐ြာ အနီးမွာရွိတဲ့ တပ္မေတာ္ တပ္ရင္းက ညပိုင္းမွာ လက္နက္ႀကီးေတြနဲ႔ ပစ္လိုက္တာ” “ တိုက္ပြဲမရွိေနဘဲ အဲဒီ႐ြာထဲကို လက္နက္ႀကီးနဲ႔ ပစ္ခတ္တာ” လို႔ ဦးေမာင္ေက်ာ္ဇံက ႐ိုက္တာကို တယ္လီဖုန္းနဲ႔ ေျပာခဲ့ေၾကာင္း ႐ိုက္တာက သတင္းေဖာ္ျပထားပါတယ္။

ဘူးသီးေတာင္ၿမိဳ႕နယ္ရဲစခန္းက စခန္းမႉးကေတာ့ အမႈဖြင့္ထားတဲ့ အေၾကာင္းအရာ အေသးစိတ္ကို ထုတ္မေျပာပါဘူး။

ဦးေမာင္ေက်ာ္ဇံက ရဲစခန္းရဲ႕မွတ္တမ္းထဲမွာ ႐ိုက္တာသတင္းဌာနက ဘယ္သူကို အမႈဖြင့္ထားတယ္ဆိုတာကို ထည့္ေရးထားတာမေတြ႕ရဘူးလို႔ ေျပာပါတယ္။

သူကိုေတာ့ လႊတ္ေတာ္ကိုယ္စားလွယ္ျဖစ္ေနတာမို႔ လႊတ္ေတာ္ဥကၠ႒ဆီကို ခြင့္ျပဳစာတင္ဖို႔ ရဲတပ္ ဖြဲ႕က လုပ္ေဆာင္ေနတယ္လို႔ ဆိုပါတယ္။

ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၂၅ ရက္ေန႔ မနက္ ၁ နာရီခြဲေလာက္မွာ ဘူးသီးေတာင္ၿမိဳ႕နယ္ ကင္းေတာင္ မြတ္ဆလင္ ေက်း႐ြာက ေနအိမ္တစ္လုံးေပၚ  လက္နက္ႀကီးက်ည္တစ္လုံး က်ေရာက္ေပါက္ကြဲခဲ့လို႔ ကိုယ္ဝန္ေဆာင္တစ္ဦးနဲ႔ ၁၈ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦး ေသဆုံးခဲ့ပါတယ္။

အဲဒီျဖစ္စဥ္နဲ႔ ပတ္သက္လို႔ ေရးသားတဲ့စာကို ေဖ့ဘြတ္စာမ်က္ႏွာမွာ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ေက်ာ္ဇံက တင္ခဲ့ပါတယ္။

ဒီလိုေရးသားတင္ခဲ့တဲ့အတြက္ ဦးေမာင္ေက်ာ္ဇံကို ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆ (ဃ) နဲ႔ အမႈဖြင့္တာလို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္း က RFA ကို အခုလ ၇ ရက္ေန႔က ေျပာထားပါတယ္။

“ကြၽန္ေတာ္တို႔ အမႈဖြင့္ထားတာ၊ အဓိကကေတာ့ သူရဲ႕ လူမႈကြန္ယက္ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ သူရဲ႕ အေကာင့္ကေနၿပီး ျမန္မာ့တပ္မေတာ္က လက္နက္ႀကီးမ်ားနဲ႔ ပစ္ခတ္လို႔ အရပ္သားမ်ားေသဆုံးဆိုၿပီး တင္ထားတဲ့ဟာ ရွိပါတယ္။ အဲအတြက္ ၆၆ (ဃ) နဲ႔ အမႈဖြင့္တာပါ။ အမွန္တကယ္ ျပန္ၾကည့္လိုက္ေတာ့ တပ္မေတာ္က ပစ္ခတ္တဲ့ က်ည္ေၾကာင့္လည္း မဟုတ္ဘူး”

အဲဒီေန႔က ႐ြာထဲကိုက်တဲ့ လက္နက္ႀကီးဟာ ရကၡိဳင့္တပ္ေတာ္ AA ပစ္တဲ့လက္နက္ႀကီးလို႔ တပ္မေတာ္ဘက္ က RFA ကိုေျပာထားပါတယ္။

အမႈဖြင့္ခံထားရမႈနဲ႔ ပတ္သက္ၿပီး ႐ိုက္တာသတင္းဌာနကို RFA က ဆက္သြယ္ခဲ့ေပမယ့္ တုံ႔ျပန္ခ်က္ မေပးေသးပါဘူး။

RFA Burmese
https://www.rfa.org
---------------
(Unicode)⤵⤵⤵
ရခိုင်အမတ်အပြင် ရိုက်တာသတင်းဌာနကိုပါ အမှုဖွင့်ထားကြောင်း ရဲအတည်ပြု

ဘူးသီးတောင်မြို့နယ်၊ ကင်းတောင်ကျေးရွာမှာ လက်နက်ကြီးကျည် ကျရောက်ခဲ့တဲ့ အခြေအနေကို ရိုက်တာ သတင်းဌာနနဲ့ အမေးအဖြေလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး တပ်မတော်က  အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံကို ပြီးခဲ့တဲ့ ကြာသာပတေးနေ့က အမှုဖွင့်ထားပါတယ်။

ဒီအမှုမှာ ဦးမောင်ကျော်ဇံအပြင် ရိုက်တာသတင်းဌာနကိုပါ တရားစွဲထားတယ်လို့ ဘူးသီးတောင်မြို့နယ်၊ ရဲစခန်းမှူး ရဲအုပ်ကျော်သူ က RFA ကို အတည်ပြုပါတယ်။

“ဒီမှာတော့ ၆၆ ဃနဲ့ အမှုဖွင့်ထားတာရှိတယ်။ ဦးမောင်ကျော်ဇံ ပြောသလိုဘဲ ဦးမောင်ကျော်ဇံနဲ့ ရိုက်တာ သတင်းဌာန နှစ်ခုကို အမှုဖွင့်ထားတယ်။ စုံစုံလင်လင်သိချင်ရင်တော့ နယ်မြေခံသတင်းထောက်တွေကို လွှတ်လိုက်ပါ။”

ဦးမောင်ကျော်ဇံကို အမှုဖွင့်ထားတာ ဟုတ်မှန်တယ်လို့ တပ်မတော်ဘက်က ပြောပေမယ့် အမှုဖွင့်တဲ့အထဲမှာ ရိုက်တာ သတင်းဌာနပါဝင်တယ်၊ မပါဝင်ဘူးဆိုတာ ယတိပြတ် မပြောပါဘူး။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီက  ဦးမောင်ကျော်ဇံကို အမှုဖွင့် ထားတာကိုပဲ သိထားတယ်လို့ RFA ကို ဒီနေ့ ပြောပါတယ်။ 

“တရားဥပဒေအကြောင်းဖြစ်တယ်ဆိုရင် သူဥပဒေအကြောင်းအတိုင်းပဲ သွားရမှာ။ အဲဒီအတွက်တော့ ကျွန်တော်တို့ ဘာမှပြောစရာအကြောင်းမရှိပါဘူး။ ရိုက်တာပါမပါ လောလောဆယ်တော့မသိရသေးဘူး။ ဦးမောင်ကျော်ဇံ တစ်ယောက်ပဲ သိရသေးတယ်။”

ဘူးသီးတောင်ရဲစခန်းမှာ တပ်မတော်က တရားလို ဒုဗိုလ်မှူးကြီး ပြည်စုံအောင်က အခုလ ၅ ရက်နေ့မှာ အမှုဖွင့်ထားတာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့မှာ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့တဲ့ သတင်းနဲ့ ပတ်သက်ပြီး အမှုဖွင့် ခံရတာလို့ ဦးမောင်ကျော်ဇံက ပြောပါတယ်။

“၂၅ ၊ ၁၊ ၂၀၂၀ ရက်နေ့ ဘူးသီးတောင်မြို့နယ်၊ ကင်းတောင်ကျေးရွာမှာ လက်နက်ကြီးကျည်ကျရောက်ပြီး ဘင်္ဂါလီ အမျိုးသမီးနှစ်ယောက် သေဆုံးကာ ခုနှစ်ယောက် ဆေးရုံတက်ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရိုက်တာ သတင်းဌာနမှာ အမေးအဖြေလုပ်ထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တရားစွဲဆိုထားတာ။”

ဇန်နဝါရီလ ၂၅ ရက်နေ့က ရိုက်တာသတင်းဌာနရဲ့ သတင်းဖော်ပြချက်မှာတော့ ကင်းတောင်ရွာ လက်နက်ကြီး ပစ်ခတ်ခံရမှုမှာ တာဝန်ရှိတာက တပ်မတော်လက်ချက်ဖြစ်တယ်လို့ လွှတ်တော်အမတ် ဦးမောင်ကျော်ဇံအပါဝင် ရွာသားတစ်ဦးနဲ့ ရက္ခိုင့်တပ်တော် AA တို့က စွပ်စွဲထားတာကို တပ်မတော်က ငြင်းတယ်လို့ ရေးသားထားပါတယ်။

“ကင်းတောင်ရွာ အနီးမှာရှိတဲ့ တပ်မတော် တပ်ရင်းက ညပိုင်းမှာ လက်နက်ကြီးတွေနဲ့ ပစ်လိုက်တာ” “ တိုက်ပွဲမရှိနေဘဲ အဲဒီရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ” လို့ ဦးမောင်ကျော်ဇံက ရိုက်တာကို တယ်လီဖုန်းနဲ့ ပြောခဲ့ကြောင်း ရိုက်တာက သတင်းဖော်ပြထားပါတယ်။

ဘူးသီးတောင်မြို့နယ်ရဲစခန်းက စခန်းမှူးကတော့ အမှုဖွင့်ထားတဲ့ အကြောင်းအရာ အသေးစိတ်ကို ထုတ်မပြောပါဘူး။

ဦးမောင်ကျော်ဇံက ရဲစခန်းရဲ့မှတ်တမ်းထဲမှာ ရိုက်တာသတင်းဌာနက ဘယ်သူကို အမှုဖွင့်ထားတယ်ဆိုတာကို ထည့်ရေးထားတာမတွေ့ရဘူးလို့ ပြောပါတယ်။

သူကိုတော့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်နေတာမို့ လွှတ်တော်ဥက္ကဋ္ဌဆီကို ခွင့်ပြုစာတင်ဖို့ ရဲတပ် ဖွဲ့က လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့ မနက် ၁ နာရီခွဲလောက်မှာ ဘူးသီးတောင်မြို့နယ် ကင်းတောင် မွတ်ဆလင် ကျေးရွာက နေအိမ်တစ်လုံးပေါ်  လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့လို့ ကိုယ်ဝန်ဆောင်တစ်ဦးနဲ့ ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။

အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ရေးသားတဲ့စာကို ဖေ့ဘွတ်စာမျက်နှာမှာ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက တင်ခဲ့ပါတယ်။

ဒီလိုရေးသားတင်ခဲ့တဲ့အတွက် ဦးမောင်ကျော်ဇံကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်တာလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က RFA ကို အခုလ ၇ ရက်နေ့က ပြောထားပါတယ်။

“ကျွန်တော်တို့ အမှုဖွင့်ထားတာ၊ အဓိကကတော့ သူရဲ့ လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာမှာ သူရဲ့ အကောင့်ကနေပြီး မြန်မာ့တပ်မတော်က လက်နက်ကြီးများနဲ့ ပစ်ခတ်လို့ အရပ်သားများသေဆုံးဆိုပြီး တင်ထားတဲ့ဟာ ရှိပါတယ်။ အဲအတွက် ၆၆ (ဃ) နဲ့ အမှုဖွင့်တာပါ။ အမှန်တကယ် ပြန်ကြည့်လိုက်တော့ တပ်မတော်က ပစ်ခတ်တဲ့ ကျည်ကြောင့်လည်း မဟုတ်ဘူး”

အဲဒီနေ့က ရွာထဲကိုကျတဲ့ လက်နက်ကြီးဟာ ရက္ခိုင့်တပ်တော် AA ပစ်တဲ့လက်နက်ကြီးလို့ တပ်မတော်ဘက် က RFA ကိုပြောထားပါတယ်။

အမှုဖွင့်ခံထားရမှုနဲ့ ပတ်သက်ပြီး ရိုက်တာသတင်းဌာနကို RFA က ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်ချက် မပေးသေးပါဘူး။

RFA Burmese
https://www.rfa.org
ရခိုင္အမတ္အျပင္ ႐ိုက္တာသတင္းဌာနကိုပါ အမႈဖြင့္ထားေၾကာင္း ရဲအတည္ျပဳ ရခိုင္အမတ္အျပင္ ႐ိုက္တာသတင္းဌာနကိုပါ အမႈဖြင့္ထားေၾကာင္း ရဲအတည္ျပဳ Reviewed by THITHTOOLWIN on 00:29 Rating: 5
Powered by Blogger.