တ႐ုတ္ႏိုင္ငံ ျပင္ပတြင္ COVID-19 ေရာဂါ အတည္ျပဳလူနာ ၂ ေသာင္း ေက်ာ္ ရွိဟု WHO ေျပာၾကား

အေမရိကန္ႏိုင္ငံ နယူးေယာက္ၿမိဳ႕တြင္ ႏွာေခါင္းစည္းတပ္၍ သြားလာေနသူတစ္ဦးအား ေတြ႕ရစဥ္ (ဆင္ဟြာ)
(Zawgyi)⤵⤵⤵
    ဂ်ီနီဗာ၊ မတ္ ၈ ရက္(ဆင္ဟြာ)

တ႐ုတ္ႏိုင္ငံ ျပင္ပတြင္ COVID-19 ေရာဂါ အတည္ျပဳလူနာႏွစ္ေသာင္းေက်ာ္ၿပီျဖစ္ရာ စုစုေပါင္း လူနာ၂၁,၁၁၄ ဦးအထိ ေရာက္ရွိသြားၿပီျဖစ္ေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕(WHO)၏ မတ္ ၇ ရက္တြင္ ထုတ္ျပန္သည့္ ကိန္းဂဏန္းမ်ားအရ သိရသည္။

 ကမာၻ႔က်န္းမာေရးအဖြဲ႕၏ ေရာဂါျဖစ္ပြားမႈ ေန႔စဥ္ အစီရင္ခံခ်က္မ်ားအရ မတ္ ၇ ရက္ ဗဟိုဥေရာပ စံေတာ္ခ်ိန္(CET) နံနက္ ၁၀ နာရီအထိ တ႐ုတ္ႏိုင္ငံ ျပင္ပ၌ COVID-19 ေရာဂါ အတည္ျပဳလူနာ သည္ ၿပီးခဲ့ေသာရက္ကထက္ ၃,၆၃၃ ဦး ထပ္တိုးခဲ့ရာ စုစုေပါင္းအတည္ျပဳလူနာ ၂၁,၁၁၄ ဦး ရွိၿပီျဖစ္ ေၾကာင္း ႏွင့္ထပ္ထိုးေသဆုံးသူ  ၇၈ ဦးရွိရာ စုစုေပါင္း ေသဆုံးသူ ၄၁၃ ဦး ရွိၿပီျဖစ္ေၾကာင္း သိရ သည္။

တစ္ကမာၻလုံးအတိုင္းအတာအရ COVID-19 ေရာဂါ အတည္ျပဳလူနာသည္ ၿပီးခဲ့ေသာရက္ထက္ ၃,၇၃၅ ဦး ထပ္တိုးလာရာ စုစုေပါင္း ၁၀၁,၉၂၇ ဦးရွိၿပီး ထပ္တိုးေသဆုံးသူ ၁၀၆ ဦး ၊ စုစုေပါင္း ေသဆုံးသူ ၃,၄၈၆ ဦး ရွိေၾကာင္း သိရသည္။ကိုလံဘီယာ ၊ ပီ႐ူး ၊ တိုဂို၊ ဗာတီကန္စီးတီး ႏိုင္ငံမ်ားတြင္လည္း ပထမဆုံး အတည္ျပဳလူနာ ေတြ႕ရွိေၾကာင္း ေျပာၾကားခဲ့သည္ဟု အစီရင္ခံစာအရ သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
--------------
(Unicode)⤵⤵⤵
တရုတ်နိုင်ငံ ပြင်ပတွင် COVID-19 ရောဂါ အတည်ပြုလူနာ ၂ သောင်း ကျော် ရှိဟု WHO ပြောကြား

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် နှာခေါင်းစည်းတပ်၍ သွားလာနေသူတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)
ဂျီနီဗာ၊ မတ် ၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ပြင်ပတွင် COVID-19 ရောဂါ အတည်ပြုလူနာနှစ်သောင်းကျော်ပြီဖြစ်ရာ စုစုပေါင်း လူနာ၂၁,၁၁၄ ဦးအထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ မတ် ၇ ရက်တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။

 ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရောဂါဖြစ်ပွားမှု နေ့စဉ် အစီရင်ခံချက်များအရ မတ် ၇ ရက် ဗဟိုဥရောပ စံတော်ချိန်(CET) နံနက် ၁၀ နာရီအထိ တရုတ်နိုင်ငံ ပြင်ပ၌ COVID-19 ရောဂါ အတည်ပြုလူနာ သည် ပြီးခဲ့သောရက်ကထက် ၃,၆၃၃ ဦး ထပ်တိုးခဲ့ရာ စုစုပေါင်းအတည်ပြုလူနာ ၂၁,၁၁၄ ဦး ရှိပြီဖြစ် ကြောင်း နှင့်ထပ်ထိုးသေဆုံးသူ  ၇၈ ဦးရှိရာ စုစုပေါင်း သေဆုံးသူ ၄၁၃ ဦး ရှိပြီဖြစ်ကြောင်း သိရ သည်။

တစ်ကမ္ဘာလုံးအတိုင်းအတာအရ COVID-19 ရောဂါ အတည်ပြုလူနာသည် ပြီးခဲ့သောရက်ထက် ၃,၇၃၅ ဦး ထပ်တိုးလာရာ စုစုပေါင်း ၁၀၁,၉၂၇ ဦးရှိပြီး ထပ်တိုးသေဆုံးသူ ၁၀၆ ဦး ၊ စုစုပေါင်း သေဆုံးသူ ၃,၄၈၆ ဦး ရှိကြောင်း သိရသည်။ကိုလံဘီယာ ၊ ပီရူး ၊ တိုဂို၊ ဗာတီကန်စီးတီး နိုင်ငံများတွင်လည်း ပထမဆုံး အတည်ပြုလူနာ တွေ့ရှိကြောင်း ပြောကြားခဲ့သည်ဟု အစီရင်ခံစာအရ သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
တ႐ုတ္ႏိုင္ငံ ျပင္ပတြင္ COVID-19 ေရာဂါ အတည္ျပဳလူနာ ၂ ေသာင္း ေက်ာ္ ရွိဟု WHO ေျပာၾကား တ႐ုတ္ႏိုင္ငံ ျပင္ပတြင္ COVID-19 ေရာဂါ အတည္ျပဳလူနာ ၂ ေသာင္း ေက်ာ္ ရွိဟု WHO ေျပာၾကား Reviewed by THITHTOOLWIN on 11:18 Rating: 5
Powered by Blogger.