ကို႐ိုနာဗိုင္းရပ္စ္ - ၿပိဳက်ခဲ့တဲ့ အဲဒီဟိုတယ္မွာ လူေတြကို သီးသန္႔ခြဲ ထားရွိ

 ၿပိဳက်ခဲ့တဲ့ ဟိုတယ္ရဲ႕ အပ်က္အစီးပုံေတြေအာက္မွာ အသက္ရွင္ က်န္ရစ္ဖြယ္ သူေတြကို ကယ္ဆယ္ေရး ဝန္ထမ္းေတြ လိုက္လံရွာေဖြေန
(Zawgyi)⤵⤵⤵
တ႐ုတ္ႏိုင္ငံ ဂြမ္ဂ်ိဳးျပည္နယ္မွာ ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါ တားဆီးဖို႔ လူေတြကို သီးသန္႔ခြဲထားရာမွာ အသုံးျပဳတဲ့ ဟိုတယ္တစ္ခု ႐ုတ္တရက္ ၿပိဳက်သြားခဲ့အၿပီး လူ ၇၀ ေလာက္ ပိတ္မိေနပါတယ္။

အထပ္ ငါးထပ္ ရွိတဲ့ အဲဒီ ရွင္ဂ်ီယာ ဟိုတယ္ရဲ႕ အပ်က္အစီးပုံေတြ ေအာက္ထဲကေန လူ ၃၅ ေယာက္ေလာက္ကို ကယ္ထုတ္ႏိုင္ခဲ့တယ္လို႔ အစိုးရ တာဝန္ရွိသူေတြက ေျပာပါတယ္။

ႏိုင္ငံေတာင္ပိုင္း ဖူဂ်န္းျပည္နယ္မွာ ရွိတဲ့ အဲဒီ ဟိုတယ္ရဲ႕ အပ်က္အစီးပုံေတြေအာက္မွာ အသက္ရွင္ က်န္ႏိုင္မယ့္ သူေတြကို ကယ္ဆယ္ေရး ဝန္ထမ္းေတြက ရွာေဖြေနပုံ ဗီဒီယိုေတြကို လူမႈကြန္ရက္ အြန္လိုင္းေပၚမွာ ေတြ႕ရပါတယ္။

အဲဒီဟိုတယ္ ဘာ့ေၾကာင့္ ၿပိဳက်ခဲ့တာလဲ၊ ေသဆုံးသူ ရွိသလား ဆိုတာကိုေတာ့ အေသအခ်ာ မသိရေသးပါဘူး။
အသက္ရွင္က်န္ရစ္ႏိုင္မယ့္ သူေတြကို အပ်က္အစီးပုံေတြေအာက္မွာ လိေမၼာ္ေရာင္ ဝတ္စုံနဲ႔ ကယ္ဆယ္ေရး ဝန္ထမ္းေတြ ေမႊေႏွာက္ရွာေဖြေန

အဲဒီဟိုတယ္မွာ အခန္း ၈၀ ရွိတယ္လို႔ ဆို

ေဒသစံေတာ္ခ်ိန္ ည ၇ နာရီခြဲေလာက္မွာ ဟိုတယ္ ႐ုတ္တရက္ ၿပိဳက်ခဲ့တာပါ။

ကို႐ိုနာဗိုင္းရပ္စ္ေရာဂါသည္ေတြနဲ႔ နီးနီးကပ္ကပ္ ထိေတြ႕ခဲ့သူေတြကို သီးသန္႔ခြဲထားၿပီး ေစာင့္ၾကည့္စစ္ေဆးတဲ့ ေနရာအျဖစ္ အဲဒီဟိုတယ္ကို အသုံးျပဳေနတယ္လို႔ တ႐ုတ္ အစိုးရ သတင္းမီဒီယာမွာ ေဖာ္ျပထားပါတယ္။

အဲဒီ ဟိုတယ္ကို ၂၀၁၈ ခုႏွစ္မွာ ဖြင့္လွစ္ခဲ့ၿပီး အခန္းေပါင္း ၈၀ ရွိတယ္လို႔ သိရပါတယ္။
ဒဏ္ရာရထားတဲ့ လူတစ္ဦးကို အပ်က္အစီးပုံေတြေအာက္ကေန ဆြဲထုတ္ ကယ္တင္ခဲ့
အမ်ိဳးသမီးတစ္ဦးက သူ႔ညီမ အပါအဝင္ ေဆြမ်ိဳးေတြ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါေၾကာင့္ အဲဒီဟိုတယ္မွာ သီးျခား ေစာင့္ၾကည့္ စစ္ေဆးခံေနရတယ္လို႔ ေဘဂ်င္းသတင္း ဝက္ဆိုက္ ကို ေျပာျပပါတယ္။

"သူတို႔ကို ဆက္သြယ္လို႔ မရဘူး။ ဖုန္းလည္း မေျဖၾကဘူး" လို႔ အဲဒီအမ်ိဳးသမီးက ေျပာပါတယ္။

"ကြၽန္မကိုလည္း ေနာက္ဟိုတယ္တစ္ခုမွာ သီးျခား ခြဲထားတာပါ။ ဘာလုပ္ရမွန္း မသိေတာ့ဘူး။ အရမ္း စိတ္ပူေနပါတယ္။ သူတို႔က က်န္းမာပါတယ္။ သူတို႔ကို ေန႔တိုင္း အပူခ်ိန္တိုင္းတာ ပုံမွန္ပဲ ေတြ႕ရတာပါ"

ေသာၾကာေန႔အထိ ဖူဂ်န္းျပည္နယ္မွာ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ ျဖစ္ပြားသူေပါင္း ၂၉၆ ဦး ရွိခဲ့ပါတယ္။ ေရာဂါ ျဖစ္ေနသူေတြနဲ႔ နီးနီးကပ္ကပ္ ေနခဲ့လို႔ သီးသန္႔ခြဲထားၿပီး ေစာင့္ၾကည့္ စစ္ေဆးေနသူေတြကေတာ့ ၁၀၈၁၉ ဦး ရွိပါတယ္။

အခုအခါ ကမာၻတဝန္းမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခံထားရသူေပါင္း တစ္သိန္း တစ္ေထာင္ေက်ာ္ ရွိေနၿပီလို႔ WHO ကမာၻ႔က်န္းမာေရး အဖြဲ႕ႀကီးက ေျပာပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ လူ သုံးေထာင္ေက်ာ္ ေသဆုံးခဲ့ၿပီး ျဖစ္ၿပီး အမ်ားစုဟာ ေရာဂါ စျဖစ္ခဲ့တဲ့ တ႐ုတ္ႏိုင္ငံ ဟူေဘးျပည္နယ္က ျဖစ္ပါတယ္။
 မတ္လ ၆ ရက္ေန႔က တ႐ုတ္ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ျပန္႔ပြားမႈ အေျခအေန 

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ် - ပြိုကျခဲ့တဲ့ အဲဒီဟိုတယ်မှာ လူတွေကို သီးသန့်ခွဲ ထားရှိ

 
Image caption ပြိုကျခဲ့တဲ့ ဟိုတယ်ရဲ့ အပျက်အစီးပုံတွေအောက်မှာ အသက်ရှင် ကျန်ရစ်ဖွယ် သူတွေကို ကယ်ဆယ်ရေး ဝန်ထမ်းတွေ လိုက်လံရှာဖွေနေ

တရုတ်နိုင်ငံ ဂွမ်ဂျိုးပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါ တားဆီးဖို့ လူတွေကို သီးသန့်ခွဲထားရာမှာ အသုံးပြုတဲ့ ဟိုတယ်တစ်ခု ရုတ်တရက် ပြိုကျသွားခဲ့အပြီး လူ ၇၀ လောက် ပိတ်မိနေပါတယ်။

အထပ် ငါးထပ် ရှိတဲ့ အဲဒီ ရှင်ဂျီယာ ဟိုတယ်ရဲ့ အပျက်အစီးပုံတွေ အောက်ထဲကနေ လူ ၃၅ ယောက်လောက်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

နိုင်ငံတောင်ပိုင်း ဖူဂျန်းပြည်နယ်မှာ ရှိတဲ့ အဲဒီ ဟိုတယ်ရဲ့ အပျက်အစီးပုံတွေအောက်မှာ အသက်ရှင် ကျန်နိုင်မယ့် သူတွေကို ကယ်ဆယ်ရေး ဝန်ထမ်းတွေက ရှာဖွေနေပုံ ဗီဒီယိုတွေကို လူမှုကွန်ရက် အွန်လိုင်းပေါ်မှာ တွေ့ရပါတယ်။

အဲဒီဟိုတယ် ဘာ့ကြောင့် ပြိုကျခဲ့တာလဲ၊ သေဆုံးသူ ရှိသလား ဆိုတာကိုတော့ အသေအချာ မသိရသေးပါဘူး။
ဓာတ်ပုံ မူပိုင် EPA
Image caption အသက်ရှင်ကျန်ရစ်နိုင်မယ့် သူတွေကို အပျက်အစီးပုံတွေအောက်မှာ လိမ္မော်ရောင် ဝတ်စုံနဲ့ ကယ်ဆယ်ရေး ဝန်ထမ်းတွေ မွှေနှောက်ရှာဖွေနေ
ဓာတ်ပုံ မူပိုင် EPA
Image caption အဲဒီဟိုတယ်မှာ အခန်း ၈၀ ရှိတယ်လို့ ဆို

ဒေသစံတော်ချိန် ည ၇ နာရီခွဲလောက်မှာ ဟိုတယ် ရုတ်တရက် ပြိုကျခဲ့တာပါ။

ကိုရိုနာဗိုင်းရပ်စ်ရောဂါသည်တွေနဲ့ နီးနီးကပ်ကပ် ထိတွေ့ခဲ့သူတွေကို သီးသန့်ခွဲထားပြီး စောင့်ကြည့်စစ်ဆေးတဲ့ နေရာအဖြစ် အဲဒီဟိုတယ်ကို အသုံးပြုနေတယ်လို့ တရုတ် အစိုးရ သတင်းမီဒီယာမှာ ဖော်ပြထားပါတယ်။

အဲဒီ ဟိုတယ်ကို ၂၀၁၈ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပြီး အခန်းပေါင်း ၈၀ ရှိတယ်လို့ သိရပါတယ်။
ဓာတ်ပုံ မူပိုင် EPA
Image caption ဒဏ်ရာရထားတဲ့ လူတစ်ဦးကို အပျက်အစီးပုံတွေအောက်ကနေ ဆွဲထုတ် ကယ်တင်ခဲ့

အမျိုးသမီးတစ်ဦးက သူ့ညီမ အပါအဝင် ဆွေမျိုးတွေ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် အဲဒီဟိုတယ်မှာ သီးခြား စောင့်ကြည့် စစ်ဆေးခံနေရတယ်လို့ ဘေဂျင်းသတင်း ဝက်ဆိုက် ကို ပြောပြပါတယ်။

"သူတို့ကို ဆက်သွယ်လို့ မရဘူး။ ဖုန်းလည်း မဖြေကြဘူး" လို့ အဲဒီအမျိုးသမီးက ပြောပါတယ်။

"ကျွန်မကိုလည်း နောက်ဟိုတယ်တစ်ခုမှာ သီးခြား ခွဲထားတာပါ။ ဘာလုပ်ရမှန်း မသိတော့ဘူး။ အရမ်း စိတ်ပူနေပါတယ်။ သူတို့က ကျန်းမာပါတယ်။ သူတို့ကို နေ့တိုင်း အပူချိန်တိုင်းတာ ပုံမှန်ပဲ တွေ့ရတာပါ"

သောကြာနေ့အထိ ဖူဂျန်းပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားသူပေါင်း ၂၉၆ ဦး ရှိခဲ့ပါတယ်။ ရောဂါ ဖြစ်နေသူတွေနဲ့ နီးနီးကပ်ကပ် နေခဲ့လို့ သီးသန့်ခွဲထားပြီး စောင့်ကြည့် စစ်ဆေးနေသူတွေကတော့ ၁၀၈၁၉ ဦး ရှိပါတယ်။

အခုအခါ ကမ္ဘာတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူပေါင်း တစ်သိန်း တစ်ထောင်ကျော် ရှိနေပြီလို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ သုံးထောင်ကျော် သေဆုံးခဲ့ပြီး ဖြစ်ပြီး အများစုဟာ ရောဂါ စဖြစ်ခဲ့တဲ့ တရုတ်နိုင်ငံ ဟူဘေးပြည်နယ်က ဖြစ်ပါတယ်။
Image caption မတ်လ ၆ ရက်နေ့က တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှု အခြေအနေ

BBC Burmese
https://www.bbc.com
ကို႐ိုနာဗိုင္းရပ္စ္ - ၿပိဳက်ခဲ့တဲ့ အဲဒီဟိုတယ္မွာ လူေတြကို သီးသန္႔ခြဲ ထားရွိ ကို႐ိုနာဗိုင္းရပ္စ္ - ၿပိဳက်ခဲ့တဲ့ အဲဒီဟိုတယ္မွာ လူေတြကို သီးသန္႔ခြဲ ထားရွိ Reviewed by THITHTOOLWIN on 11:22 Rating: 5
Powered by Blogger.