အေမရိကန္ႏိုင္ငံ ဝါရွင္တန္ဒီစီၿမိဳ႕၌ ပထမဆုံး COVID-19 ကူးစက္ခံထားရသူေတြ႕ရွိ

အေမရိကန္ႏိုင္ငံ နယူးေယာက္ၿမိဳ႕၌ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ရန္ ႏွာေခါင္းစည္းတပ္ဆင္ထားသူမ်ားအားေတြ႕ရစဥ္(ဆင္ဟြာ)
(Zawgyi)⤵⤵⤵
    ဝါရွင္တန္ ၊ မတ္ ၈ ရက္(ဆင္ဟြာ)

အေမရိကန္ႏိုင္ငံ ဝါရွင္တန္ဒီစီၿမိဳ႕၌ ႏိုဗယ္ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံထားရေသာ ပထမဆုံးလူနာတစ္ဦးကို ေတြ႕ရွိခဲ့ရေၾကာင္း ၿမိဳ႕ေတာ္ဝန္ Muriel Bowser က မတ္ ၇ ရက္တြင္ အတည္ျပဳေျပာၾကားခဲ့သည္။

ဝါရွင္တန္ၿမိဳ႕ရွိ ျပည္သူ႔က်န္းမာေရးဓာတ္ခြဲခန္းက မတ္ ၇ ရက္ ညေနပိုင္းတြင္ျပဳလုပ္ေသာ စမ္းသပ္စစ္ေဆးခ်က္အရ COVID-19 ကူးစက္ခံထားရေသာ ပထမဆုံးလူနာကို အတည္ျပဳႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း Bowser က သတင္းစာရွင္းလင္းပြဲ၌ ေျပာၾကားခဲ့သည္။ဝါရွင္တန္ဒီစီၿမိဳ႕ခံ အသက္ ၅၀ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးသည္ ေဖေဖာ္ဝါရီလ ေႏွာင္းပိုင္းက ေရာဂါလကၡဏာစတင္ခံစားခဲ့ရၿပီး မတ္လ ၅ ရက္တြင္ ေဆး႐ုံတက္၍ ကုသမႈခံယူခဲ့ေၾကာင္း ၿမိဳ႕ေတာ္ဝန္ကဆိုသည္။ အဆိုပါအမ်ိဳးသားႀကီးသည္ ႏိုင္ငံရပ္ျခားသို႔သြားေရာက္ခဲ့သည့္ မွတ္တမ္းမရွိေၾကာင္း ႏွင့္ ၎သည္ သိရသေလာက္ မည္သည့္ COVID-19 ကူးစက္လူနာတစ္ဦးဦးႏွင့္ ထိေတြ႕ဆက္ဆံခဲ့မႈလည္းမရွိေၾကာင္း ၿမိဳ႕ေတာ္ဝန္က ဆက္လက္ေျပာၾကားခဲ့သည္။

အေမရိကန္ႏိုင္ငံ နယူးေယာက္ၿမိဳ႕၌ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ရန္ ႏွာေခါင္းစည္းတပ္ဆင္ထားသူမ်ားအားေတြ႕ရစဥ္(ဆင္ဟြာ)
အေမရိကန္ႏိုင္ငံတြင္ မတ္ ၇ ရက္ ညေနပိုင္းအထိ COVID-19 ကူးစက္ခံထားရေသာ လူနာအေရအတြက္ ၄၂၄ ဦး ႏွင့္ ေသဆုံးသူ ၁၇ ဦးထိ ေရာက္ရွိသြားၿပီျဖစ္ေၾကာင္း  ဂြၽန္ေဟာ့ကင္း သိပၸံ ႏွင့္ အင္ဂ်င္နီယာစင္တာ၏ ေျပာၾကားခ်က္ အရသိရသည္။ ထို႔ျပင္ အေမရိကန္ႏိုင္ငံ ကူးစက္ေရာဂါကာကြယ္ေရး ႏွင့္ ထိန္းခ်ဳပ္ေရး(CDC)ဌာနကလည္း မတ္ ၆ ရက္ ေဒသစံေတာ္ခ်ိန္ ညေန ၄ နာရီအထိ ေရာဂါကူးစက္ခံရသူ ၂၁၃ ဦး ႏွင့္ ေသဆုံးသူ ၁၁ ဦးရွိေၾကာင္း အတည္ျပဳထားသည္။

(Xinhua)
http://www.xinhuamyanmar.com
-------------
(Unicode)⤵⤵⤵
အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့၌ ပထမဆုံး COVID-19 ကူးစက်ခံထားရသူတွေ့ရှိ

အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရန် နှာခေါင်းစည်းတပ်ဆင်ထားသူများအားတွေ့ရစဉ်(ဆင်ဟွာ)

    ဝါရှင်တန် ၊ မတ် ၈ ရက်(ဆင်ဟွာ)

    အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့၌ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသော ပထမဆုံးလူနာတစ်ဦးကို တွေ့ရှိခဲ့ရကြောင်း မြို့တော်ဝန် Muriel Bowser က မတ် ၇ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

ဝါရှင်တန်မြို့ရှိ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲခန်းက မတ် ၇ ရက် ညနေပိုင်းတွင်ပြုလုပ်သော စမ်းသပ်စစ်ဆေးချက်အရ COVID-19 ကူးစက်ခံထားရသော ပထမဆုံးလူနာကို အတည်ပြုနိုင်ခဲ့ခြင်းဖြစ်ကြောင်း Bowser က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ဝါရှင်တန်ဒီစီမြို့ခံ အသက် ၅၀ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ဖေဖော်ဝါရီလ နှောင်းပိုင်းက ရောဂါလက္ခဏာစတင်ခံစားခဲ့ရပြီး မတ်လ ၅ ရက်တွင် ဆေးရုံတက်၍ ကုသမှုခံယူခဲ့ကြောင်း မြို့တော်ဝန်ကဆိုသည်။ အဆိုပါအမျိုးသားကြီးသည် နိုင်ငံရပ်ခြားသို့သွားရောက်ခဲ့သည့် မှတ်တမ်းမရှိကြောင်း နှင့် ၎င်းသည် သိရသလောက် မည်သည့် COVID-19 ကူးစက်လူနာတစ်ဦးဦးနှင့် ထိတွေ့ဆက်ဆံခဲ့မှုလည်းမရှိကြောင်း မြို့တော်ဝန်က ဆက်လက်ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရန် နှာခေါင်းစည်းတပ်ဆင်ထားသူများအားတွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန်နိုင်ငံတွင် မတ် ၇ ရက် ညနေပိုင်းအထိ COVID-19 ကူးစက်ခံထားရသော လူနာအရေအတွက် ၄၂၄ ဦး နှင့် သေဆုံးသူ ၁၇ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း  ဂျွန်ဟော့ကင်း သိပ္ပံ နှင့် အင်ဂျင်နီယာစင်တာ၏ ပြောကြားချက် အရသိရသည်။ ထို့ပြင် အမေရိကန်နိုင်ငံ ကူးစက်ရောဂါကာကွယ်ရေး နှင့် ထိန်းချုပ်ရေး(CDC)ဌာနကလည်း မတ် ၆ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီအထိ ရောဂါကူးစက်ခံရသူ ၂၁၃ ဦး နှင့် သေဆုံးသူ ၁၁ ဦးရှိကြောင်း အတည်ပြုထားသည်။

(Xinhua)
http://www.xinhuamyanmar.com
အေမရိကန္ႏိုင္ငံ ဝါရွင္တန္ဒီစီၿမိဳ႕၌ ပထမဆုံး COVID-19 ကူးစက္ခံထားရသူေတြ႕ရွိ အေမရိကန္ႏိုင္ငံ ဝါရွင္တန္ဒီစီၿမိဳ႕၌ ပထမဆုံး COVID-19 ကူးစက္ခံထားရသူေတြ႕ရွိ Reviewed by THITHTOOLWIN on 11:15 Rating: 5
Powered by Blogger.