COVID-19 ေရာဂါပိုး ေတြ႕ရွိခဲ့သူ လူနာစီးနင္းခဲ့သည့္ ကေလး-တီးတိန္ ယာဥ္လိုင္းေပၚပါလူမ်ား အား Home Quarantine လုပ္ထားဟုဆို

ရန္ကုန္ အျပည္ျပည္ဆိုင္ရာ ေလဆိပ္၌ ႏွာေခါင္းစည္း တပ္ဆင္ထားေသာ ခရီးသည္မ်ားအား ေတြ႕ရစဥ္(ဆင္ဟြာ)
(Zawgyi)⤵⤵⤵
    ရန္ကုန္၊ မတ္ ၂၄ ရက္ (ဆင္ဟြာ)

    COVID-19 ေရာဂါပိုး ေတြ႕ရွိခဲ့သူ လူနာ မတ္ ၁၇ ရက္ က စီးနင္းလိုက္ပါခဲ့သည့္ ကေလး-တီးတိန္ ယာဥ္လိုင္းတြင္ Positive လူနာႏွင့္ ယာဥ္ေပၚအတူ လိုက္ပါလာခဲ့ေသာ လူ ၁၀ဦးေက်ာ္ကို Home Quarantine လုပ္ထားေၾကာင္း ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံး ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေဇာ္ေဌး ထံမွ သိရသည္။

“ေရာဂါပိုးေတြ႕ရွိခဲ့သူ စီးနင္းခဲ့တဲ့ ကေလး-တီးတိန္ Shalom ယာဥ္လိုင္း ေပၚပါခရီးသည္ ၁၃ဦး၊ တီးတိန္ၿမိဳ႕မွာ တည္းခိုခဲ့တဲ့ ေနအိမ္က မိသားစုဝင္ စုစုေပါင္း ၆ ဦး ရွိပါတယ္။ အားလုံးကို Home Quarantine လုပ္ထားပါတယ္။ကပ္တဲလ္ေက်း႐ြာမွာ တည္းခိုခဲ့တဲ့ ေနအိမ္က မိသားစုဝင္ စုစုေပါင္း ၆ ဦး ရွိပါတယ္။ အားလုံးကို Home Quarantine လုပ္ထားပါတယ္။သူ႔မိခင္ျဖစ္သူကို သီးျခားေနအိမ္အလြတ္မွာ Home Quarantine လုပ္ထားပါတယ္။အားလုံးက နားလည္မႈ အျပည့္နဲ႔ ပူးေပါင္းပါဝင္ၾကပါတယ္။ လက္ရွိအခ်ိန္မွာ ျပည္နယ္အစိုးရ၊ အေထြေထြအုပ္ခ်ဳပ္ေရးနဲ႔ က်န္းမာေရးဝန္ထမ္းေတြက အေလးထား ေဆာင္႐ြက္ေပးေနပါၿပီ။’’ ဟု ဦးေဇာ္ေဌး က ၎၏ လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေရးသားထားသည္။

ခ်င္းျပည္နယ္၊ တီးတိန္ၿမိဳ႕နယ္မွ COVID-19 ဓာတ္ခြဲအတည္ျပဳလူနာ အသက္ (၃၆) ႏွစ္ အ႐ြယ္ အမ်ိဳးသား၏ မိသားစုဝင္မ်ား၊ ၎ႏွင့္ အနီးကပ္ထိေတြ႕သူမ်ားအား ေနအိမ္တြင္ အသြားအလာ ကန႔္သတ္ခဲ့ၿပီး ကပ္တဲလ္ေက်း႐ြာရွိ ျပည္သူလူထုအား တတ္ႏိုင္သမွ် ေနအိမ္တြင္သာ ေနထိုင္ရန္ႏွင့္ ေက်း႐ြာ ျပင္ပသို႔ ဝင္/ထြက္ သြားလာျခင္းမ်ားမျပဳရန္ တိုက္တြန္းႏႈိးေဆာ္ထားေၾကာင္း၊ ၎အား အနီးကပ္ ေဆးကုသမႈေပးခဲ့သူ PSI မွ ဆရာဝန္ျဖစ္သူအား ေဆး႐ုံတြင္ အသြားအလာကန႔္သတ္ျခင္း (Hospital Quarantine) ျပဳလုပ္၍ ဓာတ္ခြဲနမူနာရယူစစ္ေဆးႏိုင္ရန္ ေဆာင္႐ြက္ထားရွိေၾကာင္း က်န္းမာေရး ႏွင့္ အားကစားဝန္ႀကီးဌာန က မတ္ ၂၄ ရက္  ည ၈ နာရီ သတင္းထုတ္ျပန္ခ်က္တြင္ ထုတ္ျပန္ခဲ့သည္။

အဆိုပါလူနာ ျမန္မာႏိုင္ငံသို႔ ျပန္လည္ေရာက္ရွိခ်ိန္မွစတင္၍ သြားေရာက္ခဲ့ေသာ ခရီးသြား ရာဇဝင္မ်ားအရ ၎ႏွင့္ ထိေတြ႕ခဲ့သူျပည္သူမ်ား အေနျဖင့္ မိမိတို႔ႏွင့္နီးစပ္ရာ က်န္းမာေရးဌာန မ်ားသို႔ အျမန္ဆုံး (အျမန္ဆုံး) အေၾကာင္းၾကားေပးၾကပါရန္ တိုက္တြန္းအပ္ေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ၏ ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

အဆိုပါလူနာသည္ ၎၏မိခင္ႏွင့္အတူ အေမရိကန္ႏိုင္ငံ၊ ဝါရွင္တန္ၿမိဳ႕မွ (၁၃-၃-၂၀၂၀) ရက္ေန႔မွ စတင္ထြက္ခြာခဲ့ၿပီး၊ ကာတာႏိုင္ငံ ဒိုဟာၿမိဳ႕မွတဆင့္ (၁၅-၃-၂၀၂၀) ရက္ နံနက္ပိုင္းတြင္ British airline ျဖင့္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ ေရာက္ရွိခဲ့ေၾကာင္း၊ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္မွ စစ္ကိုင္းတိုင္းေဒသႀကီး၊ ကေလးၿမိဳ႕ေလဆိပ္သို႔ ျမန္မာ အမ်ိဴးသားေလေၾကာင္းလိုင္း (UB – 503) ျဖင့္ ထြက္ခြာလာခဲ့ရာ (၁၅-၃-၂၀၂၀) ရက္၊ ေန႔လယ္ (၂:၃၀) နာရီအခ်ိန္တြင္ ေရာက္ရွိခဲ့ေၾကာင္း၊ ကေလးၿမိဳ႕တြင္ (၁၅-၃-၂၀၂၀) ရက္မွ (၁၇-၃-၂၀၂၀) ရက္ေန႔ထိ တပ္ဦးသီတာ၊ ရတနာ ပုံလမ္း၌ တည္းခိုေနထိုင္ခဲ့ၿပီး (၁၅-၃-၂၀၂၀) ရက္ ညေနပိုင္းတြင္ လမ္းဆုံရွိ ေ႐ႊဆိုင္သို႔ သြားေရာက္ခဲ့ေၾကာင္းႏွင့္ (၁၆-၃-၂၀၂၀) ရက္တြင္ Cherry Photo Studio တြင္ Pre-wedding photo ႐ိုက္ကူးခဲ့ေၾကာင္း က်န္းမာေရး ႏွင့္ အားကစားဝန္ႀကီးဌာန ၏ ထုတ္ျပန္ခ်က္ထဲတြင္ ပါရွိသည္။

(၁၇-၃-၂၀၂၀) ရက္တြင္ ကေလးၿမိဳ႕မွ တီးတိန္ၿမိဳ႕သို႔ ျပည္ခ်စ္သားလိုင္းကားျဖင့္ ထြက္ခြာ လာခဲ့ေၾကာင္းႏွင့္ ကားေပၚတြင္ လူ ၁၀ ဦးေက်ာ္ပါရွိေၾကာင္း၊တီးတိန္ၿမိဳ႕တြင္ လြယ္ဘြားရပ္ကြက္တြင္ တစ္ညအိပ္ တည္းခိုေနထိုင္ခဲ့ၿပီး (၁၈-၃-၂၀၂၀) ရက္ေန႔တြင္ ကပ္တဲလ္ေက်း႐ြာသို႔ AG အသင္းေတာ္ကားျဖင့္ ထြက္ခြာခဲ့ေၾကာင္းသိရသည္။

(၁၉-၃-၂၀၂၀) ရက္တြင္ နံနက္ပိုင္းတြင္ ဖ်ားျခင္းစတင္ခံစားခဲ့ရသျဖင့္ ကပ္တဲလ္ ေက်း႐ြာရွိ PSI ေဆးခန္းသို႔ နံနက္ (၈:၀၀) နာရီတြင္ သြားေရာက္ျပသခဲ့ေၾကာင္း သိရသည္။

 PSI ေဆးခန္းမွ ဆရာဝန္ျဖစ္သူအား တီးတိန္ၿမိဳ႕နယ္၊ ျပည္သူ႔ေဆး႐ုံမွ တာဝန္ရွိသူမ်ားႏွင့္ ဆက္သြယ္တိုင္ပင္၍ ျပည္သူေဆး႐ုံဝင္းအတြင္းရွိ (၈) ခန္းတြဲ၊ (၂) ထပ္ ေဆာင္သစ္၊ အေပၚ ထပ္တြင္ အသြားအလာကန႔္သတ္ျခင္း (Quarantine) ျပဳလုပ္ခဲ့ေၾကာင္း၊ အဆိုပါလူနာသြားေရာက္ခဲ့သည့္ ခရီးစဥ္တေလွ်ာက္တြင္ ထိေတြ႕ခဲ့သည့္ ျပည္သူ လူထုအေန ျဖင့္ နီးစပ္ရာက်န္းမာေရးဌာနသို႔ ဆက္သြယ္အေၾကာင္းၾကားေစလိုေၾကာင္း တိုက္တြန္း အပ္ေၾကာင္း က်န္းမာေရး ႏွင့္ အားကစားဝန္ႀကီးဌာန ၏ ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

ယခုအခါ COVID-19 ေရာဂါေစာင့္ၾကပ္ၾကည့္ရႈျခင္းလုပ္ငန္းမ်ားကို အရွိန္အဟုန္ျမႇင့္၍ ေဆာင္႐ြက္လ်က္ရွိၿပီး ကမာၻ႔ႏိုင္ငံ (၁၈၉) ႏိုင္ငံတြင္ COVID-19 ေရာဂါ ကူးစက္ ျဖစ္ပြားလ်က္ရွိ သျဖင့္ ျပည္သူလူထုအေနျဖင့္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ ထုတ္ျပန္ထားေသာေရာဂါ ကာကြယ္ေရးဆိုင္ရာ က်န္းမာေရးအသိပညာေပးအခ်က္အလက္မ်ားအား တိက်စြာလိုက္နာေဆာင္႐ြက္ ရန္ ႏႈိးေဆာ္အပ္ေၾကာင္း က်န္းမာေရး ႏွင့္ အားကစားဝန္ႀကီးဌာန က သတင္းထုတ္ျပန္ခဲ့သည္။

(Xinhua)
http://www.xinhuamyanmar.com
-------------
(Unicode)⤵⤵⤵
COVID-19 ရောဂါပိုး တွေ့ရှိခဲ့သူ လူနာစီးနင်းခဲ့သည့် ကလေး-တီးတိန် ယာဉ်လိုင်းပေါ်ပါလူများ အား Home Quarantine လုပ်ထားဟုဆို

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ နှာခေါင်းစည်း တပ်ဆင်ထားသော ခရီးသည်များအား တွေ့ရစဉ်(ဆင်ဟွာ)

    ရန်ကုန်၊ မတ် ၂၄ ရက် (ဆင်ဟွာ)

    COVID-19 ရောဂါပိုး တွေ့ရှိခဲ့သူ လူနာ မတ် ၁၇ ရက် က စီးနင်းလိုက်ပါခဲ့သည့် ကလေး-တီးတိန် ယာဉ်လိုင်းတွင် Positive လူနာနှင့် ယာဉ်ပေါ်အတူ လိုက်ပါလာခဲ့သော လူ ၁၀ဦးကျော်ကို Home Quarantine လုပ်ထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ထံမှ သိရသည်။

“ရောဂါပိုးတွေ့ရှိခဲ့သူ စီးနင်းခဲ့တဲ့ ကလေး-တီးတိန် Shalom ယာဉ်လိုင်း ပေါ်ပါခရီးသည် ၁၃ဦး၊ တီးတိန်မြို့မှာ တည်းခိုခဲ့တဲ့ နေအိမ်က မိသားစုဝင် စုစုပေါင်း ၆ ဦး ရှိပါတယ်။ အားလုံးကို Home Quarantine လုပ်ထားပါတယ်။ကပ်တဲလ်ကျေးရွာမှာ တည်းခိုခဲ့တဲ့ နေအိမ်က မိသားစုဝင် စုစုပေါင်း ၆ ဦး ရှိပါတယ်။ အားလုံးကို Home Quarantine လုပ်ထားပါတယ်။သူ့မိခင်ဖြစ်သူကို သီးခြားနေအိမ်အလွတ်မှာ Home Quarantine လုပ်ထားပါတယ်။အားလုံးက နားလည်မှု အပြည့်နဲ့ ပူးပေါင်းပါဝင်ကြပါတယ်။ လက်ရှိအချိန်မှာ ပြည်နယ်အစိုးရ၊ အထွေထွေအုပ်ချုပ်ရေးနဲ့ ကျန်းမာရေးဝန်ထမ်းတွေက အလေးထား ဆောင်ရွက်ပေးနေပါပြီ။’’ ဟု ဦးဇော်ဌေး က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ အသက် (၃၆) နှစ် အရွယ် အမျိုးသား၏ မိသားစုဝင်များ၊ ၎င်းနှင့် အနီးကပ်ထိတွေ့သူများအား နေအိမ်တွင် အသွားအလာ ကန့်သတ်ခဲ့ပြီး ကပ်တဲလ်ကျေးရွာရှိ ပြည်သူလူထုအား တတ်နိုင်သမျှ နေအိမ်တွင်သာ နေထိုင်ရန်နှင့် ကျေးရွာ ပြင်ပသို့ ဝင်/ထွက် သွားလာခြင်းများမပြုရန် တိုက်တွန်းနှိုးဆော်ထားကြောင်း၊ ၎င်းအား အနီးကပ် ဆေးကုသမှုပေးခဲ့သူ PSI မှ ဆရာဝန်ဖြစ်သူအား ဆေးရုံတွင် အသွားအလာကန့်သတ်ခြင်း (Hospital Quarantine) ပြုလုပ်၍ ဓာတ်ခွဲနမူနာရယူစစ်ဆေးနိုင်ရန် ဆောင်ရွက်ထားရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန က မတ် ၂၄ ရက်  ည ၈ နာရီ သတင်းထုတ်ပြန်ချက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါလူနာ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိချိန်မှစတင်၍ သွားရောက်ခဲ့သော ခရီးသွား ရာဇဝင်များအရ ၎င်းနှင့် ထိတွေ့ခဲ့သူပြည်သူများ အနေဖြင့် မိမိတို့နှင့်နီးစပ်ရာ ကျန်းမာရေးဌာန များသို့ အမြန်ဆုံး (အမြန်ဆုံး) အကြောင်းကြားပေးကြပါရန် တိုက်တွန်းအပ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါလူနာသည် ၎င်း၏မိခင်နှင့်အတူ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့မှ (၁၃-၃-၂၀၂၀) ရက်နေ့မှ စတင်ထွက်ခွာခဲ့ပြီး၊ ကာတာနိုင်ငံ ဒိုဟာမြို့မှတဆင့် (၁၅-၃-၂၀၂၀) ရက် နံနက်ပိုင်းတွင် British airline ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့လေဆိပ်သို့ မြန်မာ အမျိူးသားလေကြောင်းလိုင်း (UB – 503) ဖြင့် ထွက်ခွာလာခဲ့ရာ (၁၅-၃-၂၀၂၀) ရက်၊ နေ့လယ် (၂:၃၀) နာရီအချိန်တွင် ရောက်ရှိခဲ့ကြောင်း၊ ကလေးမြို့တွင် (၁၅-၃-၂၀၂၀) ရက်မှ (၁၇-၃-၂၀၂၀) ရက်နေ့ထိ တပ်ဦးသီတာ၊ ရတနာ ပုံလမ်း၌ တည်းခိုနေထိုင်ခဲ့ပြီး (၁၅-၃-၂၀၂၀) ရက် ညနေပိုင်းတွင် လမ်းဆုံရှိ ရွှေဆိုင်သို့ သွားရောက်ခဲ့ကြောင်းနှင့် (၁၆-၃-၂၀၂၀) ရက်တွင် Cherry Photo Studio တွင် Pre-wedding photo ရိုက်ကူးခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

(၁၇-၃-၂၀၂၀) ရက်တွင် ကလေးမြို့မှ တီးတိန်မြို့သို့ ပြည်ချစ်သားလိုင်းကားဖြင့် ထွက်ခွာ လာခဲ့ကြောင်းနှင့် ကားပေါ်တွင် လူ ၁၀ ဦးကျော်ပါရှိကြောင်း၊တီးတိန်မြို့တွင် လွယ်ဘွားရပ်ကွက်တွင် တစ်ညအိပ် တည်းခိုနေထိုင်ခဲ့ပြီး (၁၈-၃-၂၀၂၀) ရက်နေ့တွင် ကပ်တဲလ်ကျေးရွာသို့ AG အသင်းတော်ကားဖြင့် ထွက်ခွာခဲ့ကြောင်းသိရသည်။

(၁၉-၃-၂၀၂၀) ရက်တွင် နံနက်ပိုင်းတွင် ဖျားခြင်းစတင်ခံစားခဲ့ရသဖြင့် ကပ်တဲလ် ကျေးရွာရှိ PSI ဆေးခန်းသို့ နံနက် (၈:၀၀) နာရီတွင် သွားရောက်ပြသခဲ့ကြောင်း သိရသည်။

 PSI ဆေးခန်းမှ ဆရာဝန်ဖြစ်သူအား တီးတိန်မြို့နယ်၊ ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူများနှင့် ဆက်သွယ်တိုင်ပင်၍ ပြည်သူဆေးရုံဝင်းအတွင်းရှိ (၈) ခန်းတွဲ၊ (၂) ထပ် ဆောင်သစ်၊ အပေါ် ထပ်တွင် အသွားအလာကန့်သတ်ခြင်း (Quarantine) ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါလူနာသွားရောက်ခဲ့သည့် ခရီးစဉ်တလျှောက်တွင် ထိတွေ့ခဲ့သည့် ပြည်သူ လူထုအနေ ဖြင့် နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်အကြောင်းကြားစေလိုကြောင်း တိုက်တွန်း အပ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယခုအခါ COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်လျက်ရှိပြီး ကမ္ဘာ့နိုင်ငံ (၁၈၉) နိုင်ငံတွင် COVID-19 ရောဂါ ကူးစက် ဖြစ်ပွားလျက်ရှိ သဖြင့် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောရောဂါ ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာပေးအချက်အလက်များအား တိကျစွာလိုက်နာဆောင်ရွက် ရန် နှိုးဆော်အပ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန က သတင်းထုတ်ပြန်ခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
COVID-19 ေရာဂါပိုး ေတြ႕ရွိခဲ့သူ လူနာစီးနင္းခဲ့သည့္ ကေလး-တီးတိန္ ယာဥ္လိုင္းေပၚပါလူမ်ား အား Home Quarantine လုပ္ထားဟုဆို COVID-19 ေရာဂါပိုး ေတြ႕ရွိခဲ့သူ လူနာစီးနင္းခဲ့သည့္ ကေလး-တီးတိန္ ယာဥ္လိုင္းေပၚပါလူမ်ား အား Home Quarantine လုပ္ထားဟုဆို Reviewed by THITHTOOLWIN on 23:02 Rating: 5
Powered by Blogger.