ဘဂၤလားေဒ့ရွ္ႏိုင္ငံ၌ COVID-19 ကူးစက္မႈတြင္ ေဒသခံအစိုးရအား စစ္တပ္မွ အကူညီေပးႏိုင္ရန္ အမ်ားျပည္သူ႐ုံးပိတ္ရက္အျဖစ္ ေၾကညာ

ဘဂၤလားေဒ့ရွ္ႏိုင္ငံ ဒါကာၿမိဳ႕၌ ႏွာေခါင္းစည္းတပ္ဆင္ထားေသာ ယာဥ္ထိန္းရဲတစ္ဦးအား ေတြ႕ရစဥ္(ဆင္ဟြာ)
(Zawgyi)⤵⤵⤵
    ဒါကာ ၊ မတ္ ၂၄ ရက္(ဆင္ဟြာ)

    ႏိုင္ငံအတြင္း COVID-19 ေရာဂါ ကူးစက္မႈျမင့္တက္လာျခင္းေၾကာင့္ လိုအပ္ေသာ အစီအမံမ်ားေဆာင္႐ြက္ႏိုင္ရန္ မတ္ ၂၆ ရက္မွ ဧၿပီ၄ ရက္အထိကို အမ်ားျပည္သူ႐ုံးပိတ္ရက္အျဖစ္ ဘဂၤလားေဒ့ရွ္ႏိုင္ငံအစိုးရက ထုတ္ျပန္ေၾကညာလိုက္သည္။

ဘဂၤလားေဒ့ရွ္အစိုးရအဖြဲ႕အတြင္းေရးမႉး Khander Anwarul Islam က မတ္ ၂၃ ရက္ နံနက္ပိုင္းတြင္ ဒါကာၿမိဳ႕ေတာ္၌ ျပဳလုပ္ေသာ သတင္းစာရွင္းလင္းပြဲတစ္ခုတြင္ အထက္ပါအတိုင္း ထုတ္ျပန္ေၾကညာခဲ့ျခင္းျဖစ္သည္။ ၎က “ ေဒသခံအစိုးရအဖြဲ႕အားလုံးကို အကူအညီေပးဖို႔ စစ္တပ္က ဝင္ေရာက္ေဆာင္႐ြက္ေပးမွာပါ။ ၿပီးေတာ့ ႏိုင္ငံအတြင္းရွိ ႐ုံးေတြအားလုံးကို မတ္ ၂၆ ရက္ကေန ဧၿပီ၄ ရက္အထိ ပိတ္ထားပါမယ္ ” ဟု ဆိုသည္။

အဆိုပါ႐ုံးပိတ္ရက္အစီအစဥ္ထဲတြင္ တရားဥပေဒစိုးမိုးေရးအဖြဲ႕အစည္းမ်ား ႏွင့္ ေဆး႐ုံမ်ားကဲ့သို႔ေသာ အေရးေပၚဌာနမ်ားပါဝင္ျခင္းမရွိေၾကာင္း ၎က ဆက္လက္ေျပာၾကားခဲ့သည္။႐ုံးပိတ္ရက္အတြင္း အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရးယာဥ္မ်ားကို အကန႔္အသတ္ျဖင့္ ခြင့္ျပဳေပးမည္ျဖစ္ေၾကာင္း သို႔ေသာ္ သားငါးဟင္းသီးဟင္း႐ြက္ေဈးမ်ားကို ပုံမွန္အတိုင္း ဆက္လက္ဖြင့္လွစ္ေပးထားမည္ျဖစ္ေၾကာင္း ၎က ဆိုသည္။

ျပည္သူမ်ားအေနျဖင့္ အေရးေပၚကိစၥရပ္မ်ား ႏွင့္ ေန႔စဥ္လိုအပ္ခ်က္ကိစၥရပ္မ်ားမွအပ ေနအိမ္ျပင္ပသို႔ထြက္ခြာျခင္းမျပဳၾကရန္ Khander က သတိေပးခဲ့သည္။ထို႔ျပင္ ျပည္သူမ်ားအေနျဖင့္ တစ္ဦးႏွင့္တစ္ဦးထိေတြ႕မႈ မရွိေအာင္ ခပ္ခြာခြာ ေျပာဆိုေနထိုင္သည့္ အေလ့အက်င့္မ်ား ျပဳက်င့္ၾကရန္လည္း ၎က တိုက္တြန္းေျပာၾကားခဲ့သည္။

ဘဏ္လုပ္ငန္းမ်ားႏွင့္ပတ္သက္၍ ဝန္ေဆာင္မႈမ်ားကို အကန႔္အသတ္ျဖင့္လုပ္ေဆာင္ေပးသြားမည္ျဖစ္ေၾကာင္း ႏွင့္ ဘဂၤလားေဒ့ရွ္ဗဟိုဘဏ္အေနျဖင့္ လိုအပ္ေသာ ၫႊန္ၾကားခ်က္မ်ားကို ထုတ္ျပန္ေပးသြားမည္ျဖစ္ေၾကာင္း ၎က ဆိုသည္။အထက္ပါဆုံးျဖတ္ခ်က္မ်ားသည္ ဗိုင္းရပ္စ္ကူးစက္ပ်ံ႕ႏွံ႔မႈျဖစ္ေပၚလာၿပီးေနာက္ ေရာဂါပိုးအား ပိုမိုထိေရာက္စြာ ဟန႔္တားႏိုင္ေရးအတြက္ အစိုးရယႏၲရားအား ပံ့ပိုးကူညီႏိုင္ရန္ ရည္႐ြယ္၍ ခ်မွတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ဘဂၤလားေဒ့ရွ္ႏိုင္ငံတြင္ COVID-19 ေရာဂါကူးစက္ခံထားရသူ ၃၃ ဦးရွိၿပီး ေသဆုံးသူ ၃ ဦးရွိေၾကာင္း က်န္းမာေရးအာဏာပိုင္မ်ား၏ ထုတ္ျပန္ခ်က္အရ သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
---------------
(Unicode)⤵⤵⤵
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ COVID-19 ကူးစက်မှုတွင် ဒေသခံအစိုးရအား စစ်တပ်မှ အကူညီပေးနိုင်ရန် အများပြည်သူရုံးပိတ်ရက်အဖြစ် ကြေညာ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့၌ နှာခေါင်းစည်းတပ်ဆင်ထားသော ယာဉ်ထိန်းရဲတစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)
    ဒါကာ ၊ မတ် ၂၄ ရက်(ဆင်ဟွာ)

    နိုင်ငံအတွင်း COVID-19 ရောဂါ ကူးစက်မှုမြင့်တက်လာခြင်းကြောင့် လိုအပ်သော အစီအမံများဆောင်ရွက်နိုင်ရန် မတ် ၂၆ ရက်မှ ဧပြီ၄ ရက်အထိကို အများပြည်သူရုံးပိတ်ရက်အဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရက ထုတ်ပြန်ကြေညာလိုက်သည်။

ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့အတွင်းရေးမှူး Khander Anwarul Islam က မတ် ၂၃ ရက် နံနက်ပိုင်းတွင် ဒါကာမြို့တော်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အထက်ပါအတိုင်း ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ ၎င်းက “ ဒေသခံအစိုးရအဖွဲ့အားလုံးကို အကူအညီပေးဖို့ စစ်တပ်က ဝင်ရောက်ဆောင်ရွက်ပေးမှာပါ။ ပြီးတော့ နိုင်ငံအတွင်းရှိ ရုံးတွေအားလုံးကို မတ် ၂၆ ရက်ကနေ ဧပြီ၄ ရက်အထိ ပိတ်ထားပါမယ် ” ဟု ဆိုသည်။

အဆိုပါရုံးပိတ်ရက်အစီအစဉ်ထဲတွင် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများ နှင့် ဆေးရုံများကဲ့သို့သော အရေးပေါ်ဌာနများပါဝင်ခြင်းမရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ရုံးပိတ်ရက်အတွင်း အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်များကို အကန့်အသတ်ဖြင့် ခွင့်ပြုပေးမည်ဖြစ်ကြောင်း သို့သော် သားငါးဟင်းသီးဟင်းရွက်ဈေးများကို ပုံမှန်အတိုင်း ဆက်လက်ဖွင့်လှစ်ပေးထားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပြည်သူများအနေဖြင့် အရေးပေါ်ကိစ္စရပ်များ နှင့် နေ့စဉ်လိုအပ်ချက်ကိစ္စရပ်များမှအပ နေအိမ်ပြင်ပသို့ထွက်ခွာခြင်းမပြုကြရန် Khander က သတိပေးခဲ့သည်။ထို့ပြင် ပြည်သူများအနေဖြင့် တစ်ဦးနှင့်တစ်ဦးထိတွေ့မှု မရှိအောင် ခပ်ခွာခွာ ပြောဆိုနေထိုင်သည့် အလေ့အကျင့်များ ပြုကျင့်ကြရန်လည်း ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။

ဘဏ်လုပ်ငန်းများနှင့်ပတ်သက်၍ ဝန်ဆောင်မှုများကို အကန့်အသတ်ဖြင့်လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း နှင့် ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ်အနေဖြင့် လိုအပ်သော ညွှန်ကြားချက်များကို ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။အထက်ပါဆုံးဖြတ်ချက်များသည် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုဖြစ်ပေါ်လာပြီးနောက် ရောဂါပိုးအား ပိုမိုထိရောက်စွာ ဟန့်တားနိုင်ရေးအတွက် အစိုးရယန္တရားအား ပံ့ပိုးကူညီနိုင်ရန် ရည်ရွယ်၍ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် COVID-19 ရောဂါကူးစက်ခံထားရသူ ၃၃ ဦးရှိပြီး သေဆုံးသူ ၃ ဦးရှိကြောင်း ကျန်းမာရေးအာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ဘဂၤလားေဒ့ရွ္ႏိုင္ငံ၌ COVID-19 ကူးစက္မႈတြင္ ေဒသခံအစိုးရအား စစ္တပ္မွ အကူညီေပးႏိုင္ရန္ အမ်ားျပည္သူ႐ုံးပိတ္ရက္အျဖစ္ ေၾကညာ ဘဂၤလားေဒ့ရွ္ႏိုင္ငံ၌ COVID-19 ကူးစက္မႈတြင္ ေဒသခံအစိုးရအား စစ္တပ္မွ အကူညီေပးႏိုင္ရန္ အမ်ားျပည္သူ႐ုံးပိတ္ရက္အျဖစ္ ေၾကညာ Reviewed by THITHTOOLWIN on 23:05 Rating: 5
Powered by Blogger.