ထပ္ေတြ႔လာႏိုင္တဲ့ COVID-19 လူနာ အတြက္ ျမန္မာျပင္ဆင္

မႏၱေလး ေဆးရံု (မွတ္တမ္းဓာတ္ပံု - ေဖေဖာ္၀ါရီ ၀၂၊ ၂၀၂၀)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ COVID-19 ကူးစက္ခံရသူႏွစ္ဦး စတင္ေတြ႕ရွိရၿပီးတဲ့ေနာက္ ေရာဂါပိုးရွိသူ ေနာက္ထပ္ေတြ႕ရွိလာႏိုင္တဲ့အတြက္ က်န္းမာေရးဝန္ႀကီးဌာနအေနနဲ႔ အဆင္သင့္ႀကိဳတင္ျပင္ဆင္ထားတယ္လို႔ဆိုပါတယ္။ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ၫြန္ၾကားခ်က္ေတြကို လူထုအေနနဲ႔ တေသြမတိမ္း လိုက္နာေဆာင္႐ြက္ၾကဖို႔ ဗဟိုကူးစက္ေရာဂါတိုက္ဖ်က္ေရးဌာနက တိုက္တြန္းေနပါတယ္။ သတင္းအျပည့္အစုံကို ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္ အိမ့္သႏၲာထြန္းက ေျပာျပေပးပါမယ္။

ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါပိုးေတြ႕ရွိသူ ႏွစ္ဦး ထြက္ေပၚလာတဲ့အေၾကာင္း တနလၤာေန႔ ည ၁၁ နာရီ ၄၅ မိနစ္မွာ ျမန္မာႏိုင္ငံက်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက သတင္းထုတ္ျပန္ခဲ့ပါတယ္။ ေနာက္ထပ္ေရာဂါပိုးေတြ႕ရွိသူေတြ ထပ္ရွိလာႏိုင္တာေၾကာင့္ ျမန္မာတႏိုင္ငံလုံးမွာရွိတဲ ေဆး႐ုံေတြမွာ ကုသမႈ အဆင္ေျပႏိုင္ေအာင္ လုပ္ေဆာင္ထားတဲ့ အေၾကာင္းကို ဗဟိုကူးစက္ေရာဂါတိုက္ဖ်က္ေရးဌာနက ၫႊန္ၾကားေရးမွဴး ေဒါက္တာခင္ခင္ႀကီးက အခုလို ေျပာျပထားပါတယ္။

“ခုကေတာ့ ႏွစ္ေယာက္ေပါ့။ ဒီေန႔ညေန အေျဖထပ္ထြက္တဲ့အခါမွာ ေနာက္ထပ္လည္း ထပ္ေတြ႕ခ်င္ေတြ႕ရႏိုင္တာေပါ့။ ဒါေပမဲ့ က်မတို႔ အေနနဲ႔ကေတာ့ မေတြ႕ခင္ကတည္းက ေတြ႕ေနၿပီလို႔ သေဘာထားၿပီးေတာ့ ႀကိဳတင္ေဆာင္႐ြက္မႈေတြ လုပ္ေဆာင္ေနသလိုပဲ ေရာဂါ ခုႏွစ္ေယာက္ေတြ႔ျပီ ေနာင္ဒီထက္ေတြ႔လာလို႔ ရွိရင္လည္း ေဆး႐ုံေတြမွာလည္း လိုအပ္သလို ျပင္ဆင္ထားရွိၿပီးျဖစ္ပါတယ္။ ျပင္ဆင္ထားတယ္ဆိုတဲ့ အထဲမွာ လိုအပ္တဲ့ Facalityေတြေရာ Team ေတြေရာ အကုန္ျပင္ဆင္ထားၿပီး ျဖစ္ပါတယ္။ က်မတို႔အေနနဲ႔ ဆိုလို႔ရွိရင္ေတာ့ ျဖစ္ေပၚလာတဲ့ေရာဂါေတြကို ကိုယ့္ႏိုင္ငံမွာ ျဖစ္ပြားကူးစက္မႈ အနည္းဆုံးျဖစ္ေအာင္ ျဖစ္ပြားကူးစက္မႈကေန ေသဆုံးမႈ နည္းႏိုင္သမွ် အနည္းဆုံးျဖစ္ေအာင္ ေဆာင္႐ြက္ေနပါတယ္။”


အခု လက္ရွိအေျခအေန ျဖစ္တဲ့ တီးတိန္မွာလည္း ေစာင့္ၾကည့္လူနာေတြကို တီးတိန္ျပည္သူ႔ေဆး႐ုံႀကီးမွာ အဆင္ေျပေအာင္ ေဆာင္႐ြက္ေပးထားၿပီး အေျခအေနမဆိုးတဲ့ လူနာေတြကို ေနရာေျပာင္းေ႐ႊ႕တာမ်ိဳး မလုပ္ဘဲ ေတြ႕ရွိရတဲ့ တိုင္းႏွင့္ျပည္နယ္မွာပဲ ကုသေပးႏိုင္ဖို႔ ေဆာင္႐ြက္ထားတယ္လို႔လည္း ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

COVID-19 ေရာဂါပ်ံ႕ႏွံမႈက ခန႔္မွန္းလို႔ မရႏိုင္တာေၾကာင့္ ကိုယ္ကိုယ္တိုင္က ေရာဂါကူးစက္မခံရေစဖို႔အတြက္ ႀကိဳတင္ကာကြယ္တာေတြနဲ႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ လိုက္နာေဆာင္႐ြက္ရမယ့္ အခ်က္ေတြကို အတိအက် လိုက္နာေပးၾကဖို႔ လိုအပ္တယ္လို႔ ေဒၚခင္ခင္ႀကီးက ဆက္ေျပာပါတယ္။

''ဘယ္အရာမွ ခန႔္မွန္းလို႔ မရဘူး၊ ခန႔္မွန္းလို႔မရတဲ့ အတြက္ေၾကာင့္မို႔လို႔ လုပ္ႏိုင္တာက ဘာလုပ္ႏိုင္လဲဆို ကိုယ္ႏိုင္ငံကို ဝင္ေရာက္ကူးစက္လာလို႔ရွိရင္ ကူးစက္မလာဖို႔အတြက္ ျပင္ဆင္ထားဖို႔ပဲ တတ္ႏိုင္တယ္။ ျပင္ဆင္ထားဖို႔ဆိုတာက ပစၥည္းေတြနဲ႔ ေဆး႐ုံေတြပဲ ျပင္ဆင္ဖို႔မဟုတ္ဘူး လူေတြရဲ႕စိတ္ဓာတ္ကိုပါ ျပင္ဆင္ထားဖို႔ လိုတယ္။ လူေတြအေနနဲ တေယာက္စီ တေယာက္စီတိုင္းက ဆိုရင္ Quarantine လုပ္တယ္ဆိုရင္လည္း မိမိတို႔ အိမ္မွာလုပ္လုပ္ ေဆး႐ုံမွာလုပ္လုပ္ ဒါ ငါတို႔အတြက္ အက်ိဳးရွိဖို႔ လုပ္ေပးတာပဲ ငါတို႔အတြက္လိုအပ္လို႔ လုပ္ေပးတယ္ဆိုတာ သိဖို႔ လိုပါတယ္။''

ကမာၻ႔ႏိုင္ငံအသီးသီးကေန ျမန္မာႏိုင္ငံကို ျပန္လာၾကမယ့္သူေတြကို မတ္လ ၂၅ ရက္ ဗုဒၶဟူးေန႔ကေနစၿပီး ျမန္မာႏိုင္ငံသို႔ စတင္ေရာက္ရွိခ်ိန္ကေန ၁၄ ရက္သီးသန႔္ သတ္မွတ္ထားတဲ့ေနရာေတြမွာ (Facility Quarantine)ေစာင့္ၾကည့္သြားမွာျဖစ္တယ္လို႔ ျမန္မာႏိုင္ငံ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ထုတ္ျပန္ခ်က္မွာ ေရးသားေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္ငံသို႔ လာေရာက္ၾကမယ့္ ႏိုင္ငံျခားသား ခရီးသည္ေတြအေနနဲ႔လည္း ေလယာဥ္ေပၚမတက္ေရာက္ခင္ လြန္ခဲ့တဲ့ ၇၂ နာရီ မတိုင္မီက ရရွိထားတဲ့ COVID-19 ကင္းရွင္းေၾကာင္း ဓာတ္ခြဲခန္း ေဆးစစ္ခ်က္ အေထာက္အထားျပသဖို႔နဲ႔ စတင္ေရာက္ရွိခ်ိန္ကေန ၁၄ ရက္ သီးသန႔္သတ္မွတ္ထားတဲ့ ေနရာေတြမွာ ေစာင့္ၾကည့္မႈေတြ ျပဳလုပ္သြားမယ္လို႔လည္း ထုတ္ျပန္ခ်က္မွာ ေရးသားထားပါတယ္။

ႏိုင္ငံရပ္ျခားကေန ဝင္လာမယ့္ မည္သူ႔ကိုမဆို ေလယာဥ္ေပၚမတက္ေရာက္ခင္ လြန္ခဲ့တဲ့ ၇၂ နာရီ မတိုင္မီက ရရွိထားတဲ့ COVID-19 ကင္းရွင္းေၾကာင္း ဓာတ္ခြဲခန္း ေဆးစစ္ခ်က္ အေထာက္အထား ျပသဖို႔နဲ႔ စတင္ေရာက္ရွိခ်ိန္ကေန ၁၄ ရက္ သီးသန႔္သတ္မွတ္ထားတဲ့ ေနရာေတြမွာ ေစာင့္ၾကည့္မႈေတြျပဳလုပ္သြားမွာျဖစ္ပါတယ္။

COVID-19 ေရာဂါထိမ္းခ်ဳပ္ေရးအတြက္ ေရာဂါျဖစ္ပြားမႈေနာက္ဆုံးအေျခအေနနဲ႔ လူထုအေနနဲ႔ သတိထားသင့္တာေတြ ထိမ္းသိမ္းေဆာင္႐ြက္သင့္တာေတြအျပင္ သတင္းမွားေတြကို သတိထားဖို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂိၢဳလ္ ေဒၚေအာင္ဆန္းစုၾကည္က အခုည ၆ နာရီမွာ ႏိုင္ငံတဝွမ္းကို ႐ုပ္ျမင္သံၾကားကတဆင့္ တိုက္တြန္းေျပာဆိုခဲ့ပါတယ္။

[Unicode Version]

ထပ်တွေ့လာနိုင်တဲ့ COVID-19 လူနာ အတွက် မြန်မာပြင်ဆင်

မြန်မာနိုင်ငံမှာ COVID-19 ကူးစက်ခံရသူနှစ်ဦး စတင်တွေ့ရှိရပြီးတဲ့နောက် ရောဂါပိုးရှိသူ နောက်ထပ်တွေ့ရှိလာနိုင်တဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ အဆင်သင့်ကြိုတင်ပြင်ဆင်ထားတယ်လို့ဆိုပါတယ်။ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွန်ကြားချက်တွေကို လူထုအနေနဲ့ တသွေမတိမ်း လိုက်နာဆောင်ရွက်ကြဖို့ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနက တိုက်တွန်းနေပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် အိမ့်သန္တာထွန်းက ပြောပြပေးပါမယ်။

မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးတွေ့ရှိသူ နှစ်ဦး ထွက်ပေါ်လာတဲ့အကြောင်း တနင်္လာနေ့ ည ၁၁ နာရီ ၄၅ မိနစ်မှာ မြန်မာနိုင်ငံကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။ နောက်ထပ်ရောဂါပိုးတွေ့ရှိသူတွေ ထပ်ရှိလာနိုင်တာကြောင့် မြန်မာတနိုင်ငံလုံးမှာရှိတဲ ဆေးရုံတွေမှာ ကုသမှု အဆင်ပြေနိုင်အောင် လုပ်ဆောင်ထားတဲ့ အကြောင်းကို ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက အခုလို ပြောပြထားပါတယ်။

“ခုကတော့ နှစ်ယောက်ပေါ့။ ဒီနေ့ညနေ အဖြေထပ်ထွက်တဲ့အခါမှာ နောက်ထပ်လည်း ထပ်တွေ့ချင်တွေ့ရနိုင်တာပေါ့။ ဒါပေမဲ့ ကျမတို့ အနေနဲ့ကတော့ မတွေ့ခင်ကတည်းက တွေ့နေပြီလို့ သဘောထားပြီးတော့ ကြိုတင်ဆောင်ရွက်မှုတွေ လုပ်ဆောင်နေသလိုပဲ ရောဂါ ခုနှစ်ယောက်တွေ့ပြီ နောင်ဒီထက်တွေ့လာလို့ ရှိရင်လည်း ဆေးရုံတွေမှာလည်း လိုအပ်သလို ပြင်ဆင်ထားရှိပြီးဖြစ်ပါတယ်။ ပြင်ဆင်ထားတယ်ဆိုတဲ့ အထဲမှာ လိုအပ်တဲ့ Facalityတွေရော Team တွေရော အကုန်ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။ ကျမတို့အနေနဲ့ ဆိုလို့ရှိရင်တော့ ဖြစ်ပေါ်လာတဲ့ရောဂါတွေကို ကိုယ့်နိုင်ငံမှာ ဖြစ်ပွားကူးစက်မှု အနည်းဆုံးဖြစ်အောင် ဖြစ်ပွားကူးစက်မှုကနေ သေဆုံးမှု နည်းနိုင်သမျှ အနည်းဆုံးဖြစ်အောင် ဆောင်ရွက်နေပါတယ်။”

အခု လက်ရှိအခြေအနေ ဖြစ်တဲ့ တီးတိန်မှာလည်း စောင့်ကြည့်လူနာတွေကို တီးတိန်ပြည်သူ့ဆေးရုံကြီးမှာ အဆင်ပြေအောင် ဆောင်ရွက်ပေးထားပြီး အခြေအနေမဆိုးတဲ့ လူနာတွေကို နေရာပြောင်းရွှေ့တာမျိုး မလုပ်ဘဲ တွေ့ရှိရတဲ့ တိုင်းနှင့်ပြည်နယ်မှာပဲ ကုသပေးနိုင်ဖို့ ဆောင်ရွက်ထားတယ်လို့လည်း ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

COVID-19 ရောဂါပျံ့နှံမှုက ခန့်မှန်းလို့ မရနိုင်တာကြောင့် ကိုယ်ကိုယ်တိုင်က ရောဂါကူးစက်မခံရစေဖို့အတွက် ကြိုတင်ကာကွယ်တာတွေနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လိုက်နာဆောင်ရွက်ရမယ့် အချက်တွေကို အတိအကျ လိုက်နာပေးကြဖို့ လိုအပ်တယ်လို့ ဒေါ်ခင်ခင်ကြီးက ဆက်ပြောပါတယ်။

''ဘယ်အရာမှ ခန့်မှန်းလို့ မရဘူး၊ ခန့်မှန်းလို့မရတဲ့ အတွက်ကြောင့်မို့လို့ လုပ်နိုင်တာက ဘာလုပ်နိုင်လဲဆို ကိုယ်နိုင်ငံကို ဝင်ရောက်ကူးစက်လာလို့ရှိရင် ကူးစက်မလာဖို့အတွက် ပြင်ဆင်ထားဖို့ပဲ တတ်နိုင်တယ်။ ပြင်ဆင်ထားဖို့ဆိုတာက ပစ္စည်းတွေနဲ့ ဆေးရုံတွေပဲ ပြင်ဆင်ဖို့မဟုတ်ဘူး လူတွေရဲ့စိတ်ဓာတ်ကိုပါ ပြင်ဆင်ထားဖို့ လိုတယ်။ လူတွေအနေနဲ တယောက်စီ တယောက်စီတိုင်းက ဆိုရင် Quarantine လုပ်တယ်ဆိုရင်လည်း မိမိတို့ အိမ်မှာလုပ်လုပ် ဆေးရုံမှာလုပ်လုပ် ဒါ ငါတို့အတွက် အကျိုးရှိဖို့ လုပ်ပေးတာပဲ ငါတို့အတွက်လိုအပ်လို့ လုပ်ပေးတယ်ဆိုတာ သိဖို့ လိုပါတယ်။''

ကမ္ဘာ့နိုင်ငံအသီးသီးကနေ မြန်မာနိုင်ငံကို ပြန်လာကြမယ့်သူတွေကို မတ်လ ၂၅ ရက် ဗုဒ္ဓဟူးနေ့ကနေစပြီး မြန်မာနိုင်ငံသို့ စတင်ရောက်ရှိချိန်ကနေ ၁၄ ရက်သီးသန့် သတ်မှတ်ထားတဲ့နေရာတွေမှာ (Facility Quarantine)စောင့်ကြည့်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။

မြန်မာနိုင်ငံသို့ လာရောက်ကြမယ့် နိုင်ငံခြားသား ခရီးသည်တွေအနေနဲ့လည်း လေယာဉ်ပေါ်မတက်ရောက်ခင် လွန်ခဲ့တဲ့ ၇၂ နာရီ မတိုင်မီက ရရှိထားတဲ့ COVID-19 ကင်းရှင်းကြောင်း ဓာတ်ခွဲခန်း ဆေးစစ်ချက် အထောက်အထားပြသဖို့နဲ့ စတင်ရောက်ရှိချိန်ကနေ ၁၄ ရက် သီးသန့်သတ်မှတ်ထားတဲ့ နေရာတွေမှာ စောင့်ကြည့်မှုတွေ ပြုလုပ်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

နိုင်ငံရပ်ခြားကနေ ဝင်လာမယ့် မည်သူ့ကိုမဆို လေယာဉ်ပေါ်မတက်ရောက်ခင် လွန်ခဲ့တဲ့ ၇၂ နာရီ မတိုင်မီက ရရှိထားတဲ့ COVID-19 ကင်းရှင်းကြောင်း ဓာတ်ခွဲခန်း ဆေးစစ်ချက် အထောက်အထား ပြသဖို့နဲ့ စတင်ရောက်ရှိချိန်ကနေ ၁၄ ရက် သီးသန့်သတ်မှတ်ထားတဲ့ နေရာတွေမှာ စောင့်ကြည့်မှုတွေပြုလုပ်သွားမှာဖြစ်ပါတယ်။

COVID-19 ရောဂါထိမ်းချုပ်ရေးအတွက် ရောဂါဖြစ်ပွားမှုနောက်ဆုံးအခြေအနေနဲ့ လူထုအနေနဲ့ သတိထားသင့်တာတွေ ထိမ်းသိမ်းဆောင်ရွက်သင့်တာတွေအပြင် သတင်းမှားတွေကို သတိထားဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခုည ၆ နာရီမှာ နိုင်ငံတဝှမ်းကို ရုပ်မြင်သံကြားကတဆင့် တိုက်တွန်းပြောဆိုခဲ့ပါတယ်။

အိမ့္သႏၲာထြန္း/VOA (Burmese)
https://burmese.voanews.com
ထပ္ေတြ႔လာႏိုင္တဲ့ COVID-19 လူနာ အတြက္ ျမန္မာျပင္ဆင္ ထပ္ေတြ႔လာႏိုင္တဲ့ COVID-19 လူနာ အတြက္ ျမန္မာျပင္ဆင္ Reviewed by THITHTOOLWIN on 22:56 Rating: 5
Powered by Blogger.