Coronavirus ေၾကာင့္ စီးပြားထိခုိက္မယ့္အေရး ကာကြယ္ဖုိ႔ သမၼတ Trump အစုိးရ ျပင္ဆင္

သမၼတ Donald Trump ရီပတ္ဘလစ္ကန္ လႊတ္ေတာ္အမတ္ေတြနဲ႔ အဂၤါေန႔က ေဆြးေႏြး

(Zawgyi/Unicode)

အေမရိကန္ ျပည္ေထာင္စုမွာ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေတြေၾကာင့္ စီးပြားေရးမွာ ထိခုိက္လာႏုိင္တာေတြကေန သက္သာရာရေစမယ့္ အစီအစဥ္ေတြအတြက္ သမၼတ Donald Trump ရီပတ္ဘလစ္ကန္ လႊတ္ေတာ္အမတ္ေတြနဲ႔ အဂၤါေန႔က ေဆြးေႏြးခဲ့ပါတယ္။

“ရီပတ္ဘလစ္ကန္ လႊတ္ေတာ္အမတ္ေတြနဲ႔ စီးပြားေရး အစီအစဥ္ေတြကုိ ေဆြးေႏြးရာမွာ အခြန္သက္သာခြင့္ကိစၥ၊ အငယ္စားနဲ႔ အလတ္စား စီးပြားေရး လုပ္ငန္းေတြက အလုပ္သမားေတြ ေနထုိင္မေကာင္းျဖစ္တဲ့အခါ လစာအျပည့္နဲ႔ ခြင့္ရရွိေရးကိစၥေတြ ပါ၀င္ေၾကာင္း” ဒုသမၼတ Mike Pence က အိမ္ျဖဴေတာ္ သတင္းစာရွင္းပဲြမွာ ေျပာသြားတာပါ။

အခြန္ေတြေလွ်ာ့ေပးေရး စဥ္းစားထားတဲ့ အေပၚမွာေတာ့ သမၼတရဲ႕ ရီပတ္ဘလစ္ကန္ ပါတီကေရာ အတုိက္အခံ ဒီမုိကရက္ပါတီကပါ လႊတ္ေတာ္အမတ္ေတြၾကားမွာပဲ ကန္႔ကြက္သူ တခ်ဳိ႕လည္း ရွိခဲ့ပါတယ္။ အထက္လႊတ္ေတာ္ လူနည္းစု ေခါင္းေဆာင္ Chuck Schumer ကေတာ့ ဗုိင္းရပ္စ္ပုိး ကူးစက္မႈရွိမရွိ စမ္းသပ္စစ္ေဆးႏုိင္စြမ္း တုိးျမွင့္ေရးကုိ ဦးစားေပးဖုိ႔ တုိက္တြန္းခဲ့တာပါ။

သမၼတ Trump ကေတာ့ စမ္းသပ္စစ္ေဆးတဲ့ လုပ္ငန္းစဥ္နဲ႔ ပတ္သက္လုိ႔ အေမရိကန္ အေနနဲ႔ အဆင္ေျပေျပ ေဆာင္ရြက္ ထားတယ္လုိ႔ ယူဆေၾကာင္း အထက္လႊတ္ေတာ္ ကုိယ္စားလွယ္ေတြနဲ႔ ေတြ႔ဆုံအၿပီးမွာပဲ သတင္းေထာက္ေတြကုိ ေျပာခဲ့ပါတယ္။

ဒုသမၼတ Mike Pence ကေတာ့ ဗုိ္င္းရပ္စ္ကူးစက္မႈ ရွိ-မရွိ စမ္းသပ္စစ္ေဆးမႈအတြက္ ကုန္က်စရိတ္ကုိ အေမရိကန္ က်န္းမာေရး အာမခံ ကုမၸဏီေတြက က်ခံမွာျဖစ္အေၾကာင္း ေျပာဆုိခဲ့တာပါ။ စစ္ေဆးတဲ့ ကုန္က်စရိတ္အျပင္ ကုသမႈအတြက္ကုိပါေပးဖုိ႔ အာမခံကုမၸဏီေတြ အားလုံးက သေဘာတူခဲ့ေၾကာင္းလည္း အိမ္ျဖဴေတာ္မွာ ကုမၸဏီအမႈေဆာင္ အရာရွိေတြနဲ႔ အဂၤါေန႔က ေတြ႔ဆုံအၿပီးမွာပဲ ဒုသမၼတက ေျပာခဲ့ပါတယ္။
လူနာေတြ အိမ္မွာေနထုိင္ရင္း ေဆးကုသခံရာမွာ ကုန္က်မယ့္စရိတ္ကုိလည္း ကုမၸဏီေတြက ေပးမယ္လုိ႔ ေျပာပါတယ္။ အေမရိကန္ ျပည္ေထာင္စုမွာ အဂၤါေန႔အထိ ဆုိရင္ေတာ့ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္သူ ၉၅၀ ေက်ာ္ ရွိေနၿပီး၊ ေသဆုံးသူ ၂၉ ေယာက္အထိ ရွိေနပါတယ္။

.................

Coronavirus ကြောင့် စီးပွားထိခိုက်မယ့်အရေး ကာကွယ်ဖို့ သမ္မတ Trump အစိုးရပြင်ဆင်

(Unicode)

အမေရိကန် ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် စီးပွားရေးမှာ ထိခိုက်လာနိုင်တာတွေကနေ သက်သာရာရစေမယ့် အစီအစဉ်တွေအတွက် သမ္မတ Donald Trump ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်တွေနဲ့ အင်္ဂါနေ့က ဆွေးနွေးခဲ့ပါတယ်။

“ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်တွေနဲ့ စီးပွားရေး အစီအစဉ်တွေကို ဆွေးနွေးရာမှာ အခွန်သက်သာခွင့်ကိစ္စ၊ အငယ်စားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေက အလုပ်သမားတွေ နေထိုင်မကောင်းဖြစ်တဲ့အခါ လစာအပြည့်နဲ့ ခွင့်ရရှိရေးကိစ္စတွေ ပါဝင်ကြောင်း” ဒုသမ္မတ Mike Pence က အိမ်ဖြူတော် သတင်းစာရှင်းပွဲမှာ ပြောသွားတာပါ။

အခွန်တွေလျှော့ပေးရေး စဉ်းစားထားတဲ့ အပေါ်မှာတော့ သမ္မတရဲ့ ရီပတ်ဘလစ်ကန် ပါတီကရော အတိုက်အခံ ဒီမိုကရက်ပါတီကပါ လွှတ်တော်အမတ်တွေကြားမှာပဲ ကန့်ကွက်သူ တချို့လည်း ရှိခဲ့ပါတယ်။ အထက်လွှတ်တော် လူနည်းစု ခေါင်းဆောင် Chuck Schumer ကတော့ ဗိုင်းရပ်စ်ပိုး ကူးစက်မှုရှိမရှိ စမ်းသပ်စစ်ဆေးနိုင်စွမ်း တိုးမြှင့်ရေးကို ဦးစားပေးဖို့ တိုက်တွန်းခဲ့တာပါ။

သမ္မတ Trump ကတော့ စမ်းသပ်စစ်ဆေးတဲ့ လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ အမေရိကန် အနေနဲ့ အဆင်ပြေပြေ ဆောင်ရွက် ထားတယ်လို့ ယူဆကြောင်း အထက်လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံအပြီးမှာပဲ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဒုသမ္မတ Mike Pence ကတော့ ဗိုင်းရပ်စ်ကူးစက်မှု ရှိ-မရှိ စမ်းသပ်စစ်ဆေးမှုအတွက် ကုန်ကျစရိတ်ကို အမေရိကန် ကျန်းမာရေး အာမခံ ကုမ္ပဏီတွေက ကျခံမှာဖြစ်အကြောင်း ပြောဆိုခဲ့တာပါ။ စစ်ဆေးတဲ့ ကုန်ကျစရိတ်အပြင် ကုသမှုအတွက်ကိုပါပေးဖို့ အာမခံကုမ္ပဏီတွေ အားလုံးက သဘောတူခဲ့ကြောင်းလည်း အိမ်ဖြူတော်မှာ ကုမ္ပဏီအမှုဆောင် အရာရှိတွေနဲ့ အင်္ဂါနေ့က တွေ့ဆုံအပြီးမှာပဲ ဒုသမ္မတက ပြောခဲ့ပါတယ်။
လူနာတွေ အိမ်မှာနေထိုင်ရင်း ဆေးကုသခံရာမှာ ကုန်ကျမယ့်စရိတ်ကိုလည်း ကုမ္ပဏီတွေက ပေးမယ်လို့ ပြောပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ အင်္ဂါနေ့အထိ ဆိုရင်တော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၉၅၀ ကျော် ရှိနေပြီး၊ သေဆုံးသူ ၂၉ ယောက်အထိ ရှိနေပါတယ်။

VOA (Burmese)
https://burmese.voanews.com
Coronavirus ေၾကာင့္ စီးပြားထိခုိက္မယ့္အေရး ကာကြယ္ဖုိ႔ သမၼတ Trump အစုိးရ ျပင္ဆင္ Coronavirus ေၾကာင့္ စီးပြားထိခုိက္မယ့္အေရး ကာကြယ္ဖုိ႔ သမၼတ Trump အစုိးရ ျပင္ဆင္ Reviewed by THITHTOOLWIN on 20:45 Rating: 5
Powered by Blogger.